Golden City Promotion
×

အသက္ ၅၄ ႏွစ္အရြယ္ လူမည္းအမ်ိဳးသမီးက ကင္ဆာေဆးေတြကုိ ႏွစ္ခ်ီေသာက္သံုးခဲ့ရာမွာ အေရ ျပားအေရာင္ အျဖဴေရာင္ သုိ႔ေျပာင္းလဲကာ သူမရဲ႕မူလရုပ္ရည္သြင္ျပင္ေျပာင္းလဲမႈေတြ ႀကံဳလာရ တယ္လုိ႔ သိရပါတယ္။ ေက်ာက္ကပ္ကင္ဆာေရာဂါန႔ဲ အသက္ရွင္ဖုိ႔ အတြက္ ၁၂ လကေန ၁၈ လပဲ က်န္ေတာ့တဲ့ေရာဂါအေျခအေနမ်ိဳးနဲ႔ လြန္ခဲ့တဲ့ ၂၀၁၂ ခုႏွစ္ကတည္းက ကင္ဆာေဆးေတြ ေသာက္ သံုးခဲ့တဲ့ ေပါလ္လာ အီဒ္ဝက္ဆုိသူ အမ်ိဳးသမီးက ေဆးေတြေသာက္သံုးၿပီးေနာက္မွာ အသား ေတြျဖဴ လာတယ္လုိ႔ ဆုိပါတယ္။

ကင္ဆာပိုးေတြတုိက္ဖ်က္ေပးတဲ့ ေဆးဝါးေတြကေန ေဘးထြက္ဆိုးက်ိဳးနဲ႔ ခႏၶာကုိယ္ေဆးသက္ ေရာက္မႈျဖစ္ေပၚျခင္းေၾကာင့္ ယင္းကဲ့သုိ႔အေရျပားဆဲလ္အေရာင္ေတြ ေျပာင္းလဲသြားရတာျဖစ္ၿပီးေတာ့ အခ်ိဳ႕ေဆးဝါးေတြေၾကာင့္ သူမရဲ႕ လွ်ာနဲ႔ အေရျပားေတြ ကြဲအက္ျခင္းေတြ ျဖစ္ေပၚခဲ့တယ္လုိ႔ သိရပါတယ္။

ေပါလ္လာရဲ႕ တာဝန္က်ဆရာဝန္က သူမရဲ႕ ဒီလုိမ်ိဳးထူးထူးျခားျခား ေဆးဝါးန႔ဲ ေရာဂါသက္ေရာက္မႈ အေၾကာင္းအရာအတြက္ အဘယ့္ေၾကာင့္ဆုိတဲ့ အေၾကာင္းအရင္းကုိ ရွာေဖြမေတြ႔ရွိခဲ့ဘူးလုိ႔ ဆုိထား ကာ သူမရဲ႕ အေရျပားအသားေရာင္က တျဖည္းျဖည္းနဲ႔ အျဖဴေရာင္ေျပာင္းလဲလာခဲ့ကာ သူမရဲ႕မူလပံုစံ ကုိပဲ မမွတ္မိေအာင္ေျပာင္းလဲလာခဲ့တာျဖစ္ပါတယ္။

ကင္ဆာေရာဂါခံစားေနရစဥ္အတြင္း ေဆးဝါးကုသခြဲစိပ္မႈ ေလးႀကိမ္နဲ႔ ေဆးဝါးေသာက္သံုးမႈေတြ ႏွစ္ခ်ီေသာက္သံုးျခင္းကေန သူမကုိယ္ သူမ အသားအေရာင္ေျပာင္းလဲလာမႈ စတင္သတိထားမိတဲ့ အခ်ိန္က လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္ေလာက္ကျဖစ္ခဲ့ၿပီး လုပ္ငန္းခြင္နဲ႔ ပတ္ဝန္းက်င္က အသိမိတ္ေဆြက  သူမရဲ႕ ေျပာင္းလဲလာတဲ့ပံုစံကုိ မယံုၾကည္ႏုိင္ေလာင္ေအာင္ျဖစ္ခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။ လပုိင္းသာ က်န္ရွိေတာ့တယ္လုိ႔အခ်ိန္ကလည္း ဆက္လက္သက္တမ္းပုိရွည္စြာ အသက္ရွင္ေနႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သဒၵါခ်ိဳ(ေရႊအင္းေလး)

#Unicode Version#
အသက် ၅၄ နှစ်အရွယ် လူမည်းအမျိုးသမီးက ကင်ဆာဆေးတွေကို နှစ်ချီသောက်သုံးခဲ့ရာမှာ အရေ ပြားအရောင် အဖြူရောင် သို့ပြောင်းလဲကာ သူမရဲ့မူလရုပ်ရည်သွင်ပြင်ပြောင်းလဲမှုတွေ ကြုံလာရ တယ်လို့ သိရပါတယ်။ ကျောက်ကပ်ကင်ဆာရောဂါနဲ့ အသက်ရှင်ဖို့ အတွက် ၁၂ လကနေ ၁၈ လပဲ ကျန်တော့တဲ့ရောဂါအခြေအနေမျိုးနဲ့ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက ကင်ဆာဆေးတွေ သောက် သုံးခဲ့တဲ့ ပေါလ်လာ အီဒ်ဝက်ဆိုသူ အမျိုးသမီးက ဆေးတွေသောက်သုံးပြီးနောက်မှာ အသား တွေဖြူ လာတယ်လို့ ဆိုပါတယ်။

ကင်ဆာပိုးတွေတိုက်ဖျက်ပေးတဲ့ ဆေးဝါးတွေကနေ ဘေးထွက်ဆိုးကျိုးနဲ့ ခန္ဓာကိုယ်ဆေးသက် ရောက်မှုဖြစ်ပေါ်ခြင်းကြောင့် ယင်းကဲ့သို့အရေပြားဆဲလ်အရောင်တွေ ပြောင်းလဲသွားရတာဖြစ်ပြီးတော့ အချို့ဆေးဝါးတွေကြောင့် သူမရဲ့ လျှာနဲ့ အရေပြားတွေ ကွဲအက်ခြင်းတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ပေါလ်လာရဲ့ တာဝန်ကျဆရာဝန်က သူမရဲ့ ဒီလိုမျိုးထူးထူးခြားခြား ဆေးဝါးနဲ့ ရောဂါသက်ရောက်မှု အကြောင်းအရာအတွက် အဘယ့်ကြောင့်ဆိုတဲ့ အကြောင်းအရင်းကို ရှာဖွေမတွေ့ရှိခဲ့ဘူးလို့ ဆိုထား ကာ သူမရဲ့ အရေပြားအသားရောင်က တဖြည်းဖြည်းနဲ့ အဖြူရောင်ပြောင်းလဲလာခဲ့ကာ သူမရဲ့မူလပုံစံ ကိုပဲ မမှတ်မိအောင်ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။

ကင်ဆာရောဂါခံစားနေရစဉ်အတွင်း ဆေးဝါးကုသခွဲစိပ်မှု လေးကြိမ်နဲ့ ဆေးဝါးသောက်သုံးမှုတွေ နှစ်ချီသောက်သုံးခြင်းကနေ သူမကိုယ် သူမ အသားအရောင်ပြောင်းလဲလာမှု စတင်သတိထားမိတဲ့ အချိန်က လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကဖြစ်ခဲ့ပြီး လုပ်ငန်းခွင်နဲ့ ပတ်ဝန်းကျင်က အသိမိတ်ဆွေက  သူမရဲ့ ပြောင်းလဲလာတဲ့ပုံစံကို မယုံကြည်နိုင်လောင်အောင်ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လပိုင်းသာ ကျန်ရှိတော့တယ်လို့အချိန်ကလည်း ဆက်လက်သက်တမ်းပိုရှည်စွာ အသက်ရှင်နေနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top