Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ၁)
က်မ ကေလးဘဝ... မိဘမ်ားက ..ဟဲ သမီး ..မိန္းကေလးဆုိတာ .. “ ဗုိင္းေကာင္း ေက်ာက္ဖိတဲ့” ေသေသ သပ္သပ္ ေနရမယ္လုိ႔ ဆုံးမသံမ်ဳိး….။  အျပင္ သြားမယ္ဆုိရင္လဲ “ ဟဲ.. သမီး   တစ္ေယာက္တည္း မသြားနဲ႔ အေဖာ္နဲ႔သြား  မိန္းကေလးဆုိတာ ဣေႁႏၵနဲ႔ သိကၡာနဲ႔ေနရတယ္” စေသာ ဆုံးမစကားသံမ်ား ၊ေဟာ ..!  နည္းနည္း  အရြယ္ေရာက္လာေတာ့  “ ဟဲ.. သမီး .. မိန္းေလးဆုိတာ .. အိမ္တြင္းသန္႔ရွင္းေရး.. အိမ္တြင္းကိစၥ ပုိင္ႏုိင္ရတယ္။ အိမ္ဝင္လုိက္တာနဲ႔ ..အိမ္မွာရွိတဲ့ အမ်ဳိးသမီးေတြရဲ့ အဆင့္အတန္းကုိ ဆုံးျဖတ္လုိ႔ရတယ္”  ..စတဲ့ ဆုံးမသံေတြဟာ အေမက မၾကာမၾကားေျပာေနက်မုိ႔ မွတ္မိေနဆဲပါ။  ေဟာ !  ဆယ့္သုံးႏွစ္ အရြယ္ ၊ ဆယ့္ေလးႏွစ္အရြယ္ေရာက္လားေတာ့  “ သမီး.. ငယ္ငယ္ရြယ္ရြယ္နဲ႔ ရည္းစားမထားနဲ႔ေနာ္ .. စာႀကဳိးစား .. ေယာက်္ားကေတာ့ အခ်ိန္တန္ရင္ ရမွာေပါ့.. စတဲ့ ဆုံးမစကားသံမ်ားလဲ  မၾကာခဏၾကား ေနၾကမုိ႔ ..နားထဲမွာ စြဲေနသလုိပါပဲ။

က်မ စဥ္းစားတတ္တဲ့ အရြယ္ေရာက္ေတာ့လဲ ဗုဒၶဘာသာရဲ့ လမ္းညြႊန္မႈ ၊ မိဘ၊ ဆရာသမားမ်ားရဲ့ သြန္သင္မႈ ေၾကာင့္ လူဘဝမွာ လုပ္သင့္ေသာအရာ.. မလုပ္သင့္ေသာအရာ ၊ ေပါင္းသင္းထုိက္ေသာ မိတ္ေဆြ… မေပါင္းသင္း ထုိက္ေသာ မိတ္ေဆြ စသည့္ အေကာင္း..အဆုိး…၊အေၾကာင္း…အက်ဳိးတုိ႔ကုိ  ခြဲခြဲျခားျခား နားလည္းလာပါတယ္။

၂)
“ဆင္ေျပာင္ႀကီးသြားရာ ဆင္မညင္သာ လုိက္ပါစျမဲ… ေယာင္ေနာက္ ဆံထုံးပါ” ဆုိသလုိ .. က်မ အိမ္ေထာင္က် ေတာ့ က်မ အမ်ဳိးသားရွိရာ ႏုိင္ငံျခားသုိ႔ေရာက္လာပါရပါတယ္။

က်မ ႏုိင္ငံျခားမွာ သမီး တစ္ေယာက္နဲ႔ သားတစ္ေယာက္  ထြန္းကားပါတယ္။  က်မတုိ႔ ေရာက္စေတာ့ ကေနဒါမွာ ျမန္မာေတြ မ်ားမ်ား မရွိေသး  ၊ ျမန္မာေကာ္ျမဴနတီ၊  ျမန္မာဘုန္းေတာ္ႀကီးေက်ာင္းဆုိတာ မရွိေသးေတာ့  က်မရဲ့ ကေလးမ်ား  ျမန္မာယဥ္ေက်းမႈနဲ႔ အလွမ္းေဝးတယ္လုိ႔ဆုိႏုိင္ပါတယ္။ က်မလဲ အလုပ္ကတစ္ဖက္ ၊ ဖခင္ျဖစ္သူကလဲ သမီး မိန္းကေလးဆုိေတာ့ ဘာမွ မယ္မယ္ရရ မဆုံးတတ္ေတာ့ သမီးတစ္ေယာက္ ျမန္မာ့ယဥ္ေက်းမႈနဲ႔ အလွမ္းေဝးခဲ့ရပါတယ္။ က်မကိုယ္တုိင္းလည္း .. သမီးကုုိ ငယ္စဥ္က .. ဆုိဆုံးမလုိ႔ ရတဲ့ အခ်ိန္က  ေသခ်ာပုံ မသြင္းမိခဲ့တာ က်မရဲ့ အားနည္းခ်က္လုိ႔ ဝန္ခံပါေရေစ..။

၃)
သမီးငယ္ငယ္ ဆယ္ႏွစ္ေက်ာ္အရြယ္ကဆုိ ဘာပဲလုပ္လုပ္ က်မကုိ ေမးျမန္းေလ့ အကူအညီေတာင္း ေလ့ရွိပါတယ္။ ဥပမာ.. အျပင္သြားမယ္ဆုိရင္.. “ ေမေမ.. သမီး ဘာဝတ္ရမလဲ” စသည္.. ။ ေမေမ.. “သမီး လုံခ်ည္ မဝတ္တတ္ဘူး ျပေပးပါဦး”  စသည္စသည္ အေသးအဖြဲ ကိစၥကအစ ေမးျမန္းတတ္ပါတယ္။  ငယ္ရြယ္တုန္းကေတာ့ သမီး..  အဝတ္အစားဆုိတာ ဒူးေနရာဒူး၊  ေတာ္ေနရာေတာ္ သူေနရာႏွင့္သူဝတ္ရတယ္ သမီး စသည္ျဖင့္ ကုိယ္တုိင္လဲ  ျမန္မာမိသားစု ၊ ျမန္မာ့ပြဲလမ္းသဘင္သြားတုိင္း ျမန္မာအဝတ္အစား ဝတ္ေလ့ရွိပါတယ္။ က်မတုိ႕လူငယ္ဘဝက  ျမန္မာဝတၳဳေတြထဲမွာ အေနာက္ႏုိင္ငံမွာ ေရာက္ေနတဲ့ အႏၵိယနဲ႔ ျမန္မာေတြ ကုိယ့္ရုိးရာ အဝတ္အစားကုိ ျမတ္ျမတ္ႏုိးႏုိး ဝတ္ဆင္ေလ့ရွိတယ္လုိ႔ ဖတ္ဖူးပါတယ္။

က်မလဲ သမီးငယ္ငယ္တုန္ကေတာ့ က်မတတ္သေလာက္ သင္တာပဲရွင္….။

၄)
ေဟာ…! က်မ သမီး အရြယ္ေရာက္လာေတာ့ .. က်မ စကားကုိ ေကာင္းေကာင္းနားမေထာင္ေတာ့…။ သမီးက.. သူ႔ သူငယ္ခ်င္းေတြနဲ႔ လည္တတ္ၿပီ ။ အစကေတာ့  ေမေမ “ သမီး ..သူငယ္ခ်င္း ေမြးေန႔ပြဲသြားမလုိ႔” ဆုိေတာ့ ခြင့္ျပဳလုိက္ပါတယ္။ ဒီလုိနဲ႔ သမီးတစ္ေယာက္ က်မ ..မပါပဲ သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္ခ်င္လာၿပီ။  က်မထံ ခြင့္ေတာင္း၍တမ်ဳိး၊ က်မ မသိေအာင္တဖုံ အမ်ဳိးမ်ဳိး သူငယ္ခ်င္းေတြနဲ႔ Shopping Mall ေတြဆီကုိ လည္တတ္ ပတ္တတ္ေနၿပီ။

တခါတစ္ေလ က်မ သိေတာ့ ျမန္မာမိဘပီပီ  သမီးကုိ ဆူမိပါတယ္။ က်မကုိယ္တိုိင္လည္း အဂၤလိပ္လုိ လည္လည္ပတ္ပတ္ မေျပာတတ္ ၊ သမီးကုိတုိင္းကလည္း ျမန္မာလုိ ေကာင္းေကာင္း မတတ္ေတာ့ သမီးနဲ႔ က်မၾကား ဘာသာစကားႀကီးက အရံအတားႀကီးလုိ ျဖစ္ေနပါတယ္ရွင္..။ ဒီေတာ့မွ က်မေနာင္တ ရမိတာက က်မသမီးကုိ ျမန္မာလုိ ေကာင္းေကာင္းတတ္ေအာင္ မသင္ေပးခဲ့မိတာ က်မအျပစ္လုိ႔ပဲ ဝန္ခံရပါေစ..။

တခါတေလ က်မ စိတ္တုိင္းမက်လုိ႔ ေအာ္လုိက္.. ေငါက္လုိက္ရင္ သမီးက မ်က္ရည္ဝဲလုိ႔ က်မလဲ  ဘသာစကား မေပါက္ေတာ့ ေအာ္..ေငါက္ရုံမွ တပါး … နားဝင္ေအာင္ မေျပာတတ္ပါဘူးရွင္။

 High School ေရာက္ေတာ့ အေပါင္းသင္ေတြလည္း မ်ားလာပါတယ္၊ အေပါင္းအသင္းေတြက မိန္းကေလး သူငယ္ခ်င္းေတြႀကီး မဟုတ္ေတာ့ပဲ ေယာက်ာ္ေလး သူငယ္းခ်င္းမ်ားလည္း ပါလာပါတယ္။  အျပင္ထြက္ရင္လဲ  အရင္ကလုိ  မိဘထံခြင့္ မေတာင္းေတာ့၊ သြားခ်င္တုိင္းသြား ၊လာခ်င္တုိင္းလာ ၊ မိဘကုိလဲ အသိအမွတ္မျပဳေတာ့..။ က်မ  သမီးအတြက္ စိတ္ပူတာထက္ ကုိယ့္ကုိကုိယ္ ယူၾကဳံး မရ ျဖစ္ရပါတယ္ရွင္။ ေက်ာင္းေတြက ဘာေတြသင္ေပးလဲ က်မ မေျပာတတ္ က်မ သမီးေနထုိင္ပုံကေတာ့ က်မတုိ႔ ျမန္မာယဥ္ေက်းမႈနဲ႔ လုံဝလုံးဝ ကြာျခားသြားပါတယ္ရွင္။

က်မ ကုိယ္တုိင္းလဲ ေခတ္ေနာက္မီးဆြဲေတာ့ မဟုတ္ပါဘူး။ အဂၤလိပ္လိုေကာင္းေကာင္း မေျပာတတ္ေပမယ့္ ၊  ေခတ္အေျခအေနကုိေတာ့ အကဲခတ္တတ္ပါတယ္။ သမီးအတြက္ စိတ္မေကာင္းေတာ့ က်မ သူငယ္ခ်င္းေတြ ေမးျမန္း ေဆြးေႏြးျဖစ္ပါတယ္ တခ်ဳိ႕ကေတာ့ “ အဲဒါ.. ကေနဒါ စတုိင္တဲ့.. ဆယ့္ရွစ္ႏွစ္ျပည့္ရင္ လြတ္လြတ္လပ္လပ္ ေနလုိ႔ရတယ္” တဲ့ ၊  က်မ သမီး ဆယ့္ရွစ္ႏွစ္ မျပည့္ေသးပါဘူး ဘြဲ႔ရဖုိ႔ေဝးေသး .. ဟုိက္စကူးေတာင္ မၿပီးေသပါးဘူးရွင္။ က်မေတြးမိတာက… ကေနဒီယန္မိသားစုတုိင္း ဒီတုိင္းပဲလား .. မိဘစကား နားမေထာင္ သြားခ်င္းရာ သြား ၊လာခ်င္ရာ လား၊ ေက်ာင္းလည္း အခ်ိန္ျပည့္မတက္ ၊ စိတ္ရွိတယ္တုိင္း ေလွ်ာက္လုပ္ေနသလားဆုိတာပါပဲ။ ဟုတ္မယ့္ မထင္ပါဘူးရွင္  ..တခ်ဳိ႔လည္း လိမၼာတဲ့ သား၊ သမီးနဲ႔၊  ယဥ္ေက်းတဲ့ မိသားစုမ်ားလည္း ရွိေနဦးမယ္လုိ႔ ယုံၾကည္ပါတယ္ရွင္..။

တခ်ဳိ႔မိသားစုမ်ား   သားသမီးမ်ားအတြက္ ေက်ာင္းေကာင္းတဲ့ ရပ္ကြယ္မွာ အိမ္းေတြ ကုိ ေဈးႀကီးေပးဝယ္ၿပီး ေနတာ က်မ ေစာေစာ က နားမလည္ခဲ့ပါဘူးရွင္  ၊ က်မသမီး အရြယ္ေရာက္ မွ ေၾသာ္…ပတ္ဝန္းက်င္ ေကာင္းဖုိ႔လုိအပ္ပါလားလုိ႔ ခံစားရပါတယ္။   ျမတ္စြာဘုရားက “ ပတိရူပ ေဒသဝါသ” သင့္တင့္ ေလွ်ာက္ပတ္ေသာ အရပ္မွာ ေနရမယ္ဆုိတာ ဒါေျပာတာ ထင္ပါရဲ့။  က်မတုိ႔ ေနတဲ့ ရပ္ကြက္က မ်ားေသာအားျဖင့္ က်မတုိ႔လုိ ႏုိင္ငံ ေပါင္းစုံက  Immigrant  ေတြေန တာပါပဲရွင္။


၅)
က်မ ..သမီး.. အျပင္ထြက္တတ္ရုံမက.. ေဟာ..! ေဆးလိပ္ပါ ေသာက္တတ္လာၿပီ… ။ ကေနဒါမွာဆုိ.. အသက္ ဆယ့္ကုိးႏွစ္ျပည္မွ ေဆးလိပ္ေသာက္ခြင့္ျပဳတာ.. ဒါေပမယ့္ လူေပါင္းမွားလုိ႔ .. ေဆးလိပ္ကုိ ခုိးေသာက္တတ္လာၿပီ။ က်မက..“ သမီး ေဆးလိပ္ေသာက္ရင္.. မ်က္ႏွာရင့္တတ္တယ္.. မိန္းကေလးဆုိတာ .. ပန္းကေလးလုိ လွလွပပ ..ေနရတယ္. ေဆးလိပ္ေသာက္တာဟာ အလွပ်က္ေစတယ္” လုိ႔ေျပာေတာ့။ သူငယ္းခ်င္းေတြလည္း ေသာက္ေနတာပဲတဲ့။

အျပင္သြားမယ္ဆုိရင္လဲ.. အရင္ကလုိ “ ေမေမ.. ဘာဝတ္ရမလဲလုိ႔”  မေမးေတာ့ က်မ မ်က္ေစ့နဲ႔ လုံးဝ မေတြ႕တဲ့ အဝတ္အစားေတြ ပါပဲရွင္ .. ။ က်မက.. သမီး ..အဝတ္ ဝတ္တယ္ဆုိတာ.. အျမင္မေတာ္ ဖုံးသင့္တဲ့ ေနရာ ဖုံးဖုိ႔ ဝတ္တာ ၊ အဲဒီလုိ႔ ဝတ္စား ဆင္ယင္တတ္လုိ႔  လူလုိ႔ ေခၚတာ၊ မေဖာ္သင့္တာ ေဖာ္ရင္..   ေယာက်္ားသားေတြ ရဲ့ စိတ္ကုိ ဆြဲေဆာင္ေနသလုိ္ပဲ.. မေတာ္တေရာ္လုိ႔ေျပာေတာ့။ သမီးက “ ေမေမ..  ေခတ္ ေျပာင္းသြားၿပီတဲ့ ၊ တီဗီြေတြမွာ ေမာ္ဒယ္ေတြ၊ သရုပ္ေဆာင္ေတြ ဒီအတုိင္းပဲဝတ္ေနတာပဲ” တဲ့ ။  ေၾသာ္ အတုခုိး ျမန္လုိက္တဲ့ေခတ္ႀကီး
 ေကာင္းတာေတြကုိေတာ့ အတု မခုိး၊ ပညာတတ္ေတြ ျဖစ္ေအာင္ႀကဳိးစားတာ  ၊ႏုိင္ငံေတာ္ ေကာင္းေအာင္ႀကဳိးစားတာ ၊ လူထုအက်ဳိးျပဳလုပ္ငန္းေတြ  ေဆာင္ရြက္တာေတြကိုေတာ့ အတုမခုိး မဟုတ္တဲ့ မေတာ္တေရာ္ အဝတ္အစားေတြကုိေတာ့ အတုခုိးတတ္ပါဘိ။

တီဗြီေတြ ၊ သရုပ္ေဆာင္ေတြဝတ္တာကလည္း ပရိတ္သတ္ ဆြဲေဆာင္ေအာင္ ဝတ္တာ အျပင္မွာ သူတုိ႔ ဒီလုိ႔ဝတ္ စားၿပီး သမီးတုိ႔လုိ ေလွ်ာက္သြားေနတာ မဟုတ္းဘူး၊  သူတုိ႔သြားရင္လည္း ကားအေကာင္းစား ေတြ ၊ အေစာင့္အေရွာက္ေတြနဲ႔လုိ႔ေျပာေတာ့  “I don’t know” တဲ့ ။

ခုေလာေလာဆယ္.. ျမန္မာ့ဒီမုိကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္  ဝတ္တာ၊ စားတာ ျမန္မာ့အမ်ဳိးသမီးေတြ ဘယ္ေလာက္ အတုခုိးဖုိ႔ ေကာင္းပါသလဲရွင္..။

ဆင္ယင္ဝတ္စားတာ ျမန္မာဆန္လုိက္ပါဘ္ိ၊ ရင္ဖုံးအက်ၤီ လက္ရွည္နဲ႕  ျမန္မာ့ ဆန္ဆန္ လုံခ်ည္နဲ႔ ဆံေသသာမွာ ပန္းက အျမဲ ပန္းထားလုိက္ေသး။ က်မ အထင္ကေတာ့ ဘယ္ေနရာ ဘယ္ေဒသ ေရာက္ေရာက္   ျမန္မာကေတာ့ ျမန္မာပါပဲရွင္.. အျဖဴအဝတ္အစားဝတ္ၿပီး.. အျဖဴေတာ့  လုပ္လုိ႔ရမယ္ မထင္ပါဘူးရွင္။ တခါတရံ.. အေနာက္တုိင္းပြဲလမ္းသဘင္ တက္တဲ့အခါမ်ဳိးမွာေတာ့ အမ်ားနည္းတူ ပုံစံက်ဝတ္တာကေတာ့ နားလည္ခြင့္လႊတ္ႏုိင္ပါတယ္ရွင္..။

 အျပင္သြားတဲ့အခါမွာ .. မေတာ္တေရာ္ေတြ ဝတ္စားကေတာ့ မိန္ကေလးေတြ သိပ္အႏၲရာယ္ ႀကီးမားလြန္းပါတယ္.။

အေနာက္တုိင္းမွာ  ၂၀-ရာစုေနာက္ပုိင္း ေခတ္စားလာတာကေတာ့.. “ လူ႕အခြင့္ အေရး နဲ႔ အမ်ဳိးသမီး အခြင့္အေရး” ဆုိတာပါပဲရွင္။ ႏိုင္ငံေရးကုိ နားမလည္လုိ႔ . လူအခြင့္အေရး အေၾကာင္းကုိ ထဲထဲဝင္ဝင္ မေျပာတတ္ေပမယ့္ ၊ အမ်ဳိးသမီး အခြင့္အေရးဆုိတာကုိ အခ်ဳိ႕မိန္းကေလးေတြ.. က်မသမီး အပါအဝင္ေပါ့ အယူအဆ လြဲမွားေနတယ္လုိ႔ က်မ ယူဆမိပါတယ္။

ဥပမာ.. ေယာက်္ားေတြနဲ႔ တန္းတူအခြင့္အေရး ေတာင္းဆုိတဲ့အခါမွာ .. အျပင္ထြက္တဲ့အခါ ..   ေယာက်္ားေလးမ်ားလုိ ကုိယ္ဗလာက်င္း သြားလုိ႔ေတာ့ ဘယ္ သင့္ေတာ္ပါ့မလဲ.. ။  သဘာဝ ခႏၶာကုိယ္ တည္ေဆာက္ပုံျခင္းက ကြဲျပား ျခားနားေနတာ ေယာက်္ားမ်ားနဲ႔  တန္းတူညီလုိ႔ မရပါ။

က်မျဖစ္ေစခ်င္တာက.. ေယာက်္ားေလးေတြ ႏုိင္ငံတာဝန္ ထမ္းေဆာင္တယ္ဆုိရင္ မိန္းကေလးေတြကလဲ  ႏုိင္ငံတာဝန္ထမ္းေဆာင္ႏုိင္တာ ၊စီးပြားေရဖက္မွာလည္း ေယာက်္ားမ်ားနဲ႔ တန္းတူ ေတြးေခၚစဥ္းစားႏုိင္တာ .. စသည့္  လူမႈေရး ၊ စီးပြားေရး ၊ ႏုိင္ငံေရး နယ္ပယ္မွာ  ေယာက်္ားမ်ားနဲ႔ တန္တူး တန္းညႇိတယ္ဆုိ ေကာင္းတဲ့ လကၡဏာပါ။

အေမရိကန္  ႏုိင္ငံျခားေရဝန္ႀကီး ဟယ္လရိ ကလင္တန္ဆုိ ဘယ္ေလာက္ အတုခုိးစရာေကာင္းသလဲ  ေယာက်္ားမ်ားနည္းတူ  ႏုိင္ငံတာဝန္ကုိ ေကာင္းေကာင္း ထမ္းေဆာင္ႏုိင္တယ္။

၆)
ေဟာ ! က်မသမီး ဟုိက္စကူး မၿပီး   ၊ စာေမးပြဲက်ပါေတာ့တယ္။ ဒီေတာ့ က်မက ေက်ာင္းဆက္တက္ဖုိ႔ တုိက္တြန္းေသာ္လည္း ေငြးသုံးတတ္တဲ့အရြယ္ဆုိေတာ့   ေက်ာင္း ဆက္မတတ္ေတာ့ပဲ လြယ္လြယ္ကူကူ  ေငြရွာတဲ့အလုပ္ကုိ လုပ္ပါေတာ့တယ္ရွင္။

ေဟာ !ၾကည့္ က်မသမီး အလုပ္စရတာက ႏုိက္ကလပ္တဲ့ သမီးေျပာတာကေတာ့ မပင္ပန္းဘူး ၊ Service အကူအညီေပးရတဲ့အလုပ္တဲ့ ၊ က်မလည္း အၾကံ မေပးတတ္ေတာ့ပါ။ သူတုိ႔ေခတ္ သူတုိ႕တုိင္းျပည္ ၊ က်မ သေဘာမက်ရုံမွ တပါး ဘယ္လုိ႔အၾကံမွ မေပးတတ္ေတာ့ပါ။

က်မ သမီး ေက်ာင္းကထြက္ ႏုိက္ကလပ္မွာ အလုပ္ရၿပီးကတည္းက  ေနတာ ထုိင္တာ ပုိဆုိးလာပါတယ္။   ေယာက်္ားေလး  သူငယ္းခ်င္းကလည္း မ်ားမွမ်ား တစ္ေယာက္ထည္းလဲ မဟုတ္ တေယာက္ၿပီး တစ္ေယာက္ ၊ သမီးမွာလဲ အားတယ္မရွိ ေနတုိင္းလုိလုိ အျပင္ထြက္ေတာ့ တာပါပဲ။ ဘာပြဲညာပြဲစသည္ေပါ့ တခါတရံ အိမ္ေတာင္ ျပန္မအိပ္ေတာ့ပါဘူးရွင္။

 က်မသမီး ပုံစံကလည္း က်မ ေမြးထာတဲ့ သမီးနဲ႔မတူေတာ့  ပုံပ်က္ ပန္းပ်က္ .. ။ က်မတုိ႔   ျမန္မာယဥ္ေက်းမႈမွာေတာ့  အပ်ဳိမိန္းကေလးဆုိတာ တင္းတင္းရင္းရင္း ျပည့္ျပည့္ၿဖဳိးၿဖဳိး ၊ ႏုိင္ငံျခားမွာ ေမြးတဲ့ က်မ သမီးမွာေတာ့ ဒီလုိမဟုတ္ေတာ့   ေဆးလိပ္ေသာက္လုိ႔ပဲလား ဘီယာေတြ   ေသာက္လု႔ိပဲလား ၊ အစား အေသာက္ေတြ မဆင္ခ်င္လုိ႔ပဲလား ခႏၶာကုိယ္က အခ်ဳိးအဆစ္ေျပေတာ့..။

က်မသမီး ေရွ႕ေရး ေတြးမိတုိင္း.. က်မသမီးရဲ့ ေရွ႕ေရးကေတာ့ လုံးဝလုံးဝ မေတြးတတ္ေတာ့ပါရွင္…။

က်မ..အေတြ႕အၾကဳံအရ.. ႏုိင္ငံျခားမွာ ေနထုိင္တဲ့ ျမန္မာမိသားစုတုိင္း အနည္းဆုံး ေျပာဆုိ ဆုံးမလုိ႔ နားေပါက္ေအာင္ မိမိမူရင္းဘာသာ စကားေလးေတာ့ တတ္ေအာင္ သင္ေပးသင့္ပါတယ္ဆုိတဲ့ အေၾကာင္း တင္ျပလုိက္ရပါတယ္ရွင္…။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမန္မာဗုဒၶဘာသာအသင္း . ကေနဒါ

#Unicode Version#
 ၁)
ကျမ ကလေးဘဝ... မိဘများက ..ဟဲ သမီး ..မိန်းကလေးဆိုတာ .. “ ဗိုင်းကောင်း ကျောက်ဖိတဲ့” သေသေ သပ်သပ် နေရမယ်လို့ ဆုံးမသံမျိုး….။  အပြင် သွားမယ်ဆိုရင်လဲ “ ဟဲ.. သမီး   တစ်ယောက်တည်း မသွားနဲ့ အဖော်နဲ့သွား  မိန်းကလေးဆိုတာ ဣနြေ္ဒနဲ့ သိက္ခာနဲ့နေရတယ်” စသော ဆုံးမစကားသံများ ၊ဟော ..!  နည်းနည်း  အရွယ်ရောက်လာတော့  “ ဟဲ.. သမီး .. မိန်းလေးဆိုတာ .. အိမ်တွင်းသန့်ရှင်းရေး.. အိမ်တွင်းကိစ္စ ပိုင်နိုင်ရတယ်။ အိမ်ဝင်လိုက်တာနဲ့ ..အိမ်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ အဆင့်အတန်းကို ဆုံးဖြတ်လို့ရတယ်”  ..စတဲ့ ဆုံးမသံတွေဟာ အမေက မကြာမကြားပြောနေကျမို့ မှတ်မိနေဆဲပါ။  ဟော !  ဆယ့်သုံးနှစ် အရွယ် ၊ ဆယ့်လေးနှစ်အရွယ်ရောက်လားတော့  “ သမီး.. ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားမထားနဲ့နော် .. စာကြိုးစား .. ယောကျ်ားကတော့ အချိန်တန်ရင် ရမှာပေါ့.. စတဲ့ ဆုံးမစကားသံများလဲ  မကြာခဏကြား နေကြမို့ ..နားထဲမှာ စွဲနေသလိုပါပဲ။

ကျမ စဉ်းစားတတ်တဲ့ အရွယ်ရောက်တော့လဲ ဗုဒ္ဓဘာသာရဲ့ လမ်းညွှန်မှု ၊ မိဘ၊ ဆရာသမားများရဲ့ သွန်သင်မှု ကြောင့် လူဘဝမှာ လုပ်သင့်သောအရာ.. မလုပ်သင့်သောအရာ ၊ ပေါင်းသင်းထိုက်သော မိတ်ဆွေ… မပေါင်းသင်း ထိုက်သော မိတ်ဆွေ စသည့် အကောင်း..အဆိုး…၊အကြောင်း…အကျိုးတို့ကို  ခွဲခွဲခြားခြား နားလည်းလာပါတယ်။

၂)
“ဆင်ပြောင်ကြီးသွားရာ ဆင်မညင်သာ လိုက်ပါစမြဲ… ယောင်နောက် ဆံထုံးပါ” ဆိုသလို .. ကျမ အိမ်ထောင်ကျ တော့ ကျမ အမျိုးသားရှိရာ နိုင်ငံခြားသို့ရောက်လာပါရပါတယ်။

ကျမ နိုင်ငံခြားမှာ သမီး တစ်ယောက်နဲ့ သားတစ်ယောက်  ထွန်းကားပါတယ်။  ကျမတို့ ရောက်စတော့ ကနေဒါမှာ မြန်မာတွေ များများ မရှိသေး  ၊ မြန်မာကော်မြူနတီ၊  မြန်မာဘုန်းတော်ကြီးကျောင်းဆိုတာ မရှိသေးတော့  ကျမရဲ့ ကလေးများ  မြန်မာယဉ်ကျေးမှုနဲ့ အလှမ်းဝေးတယ်လို့ဆိုနိုင်ပါတယ်။ ကျမလဲ အလုပ်ကတစ်ဖက် ၊ ဖခင်ဖြစ်သူကလဲ သမီး မိန်းကလေးဆိုတော့ ဘာမှ မယ်မယ်ရရ မဆုံးတတ်တော့ သမီးတစ်ယောက် မြန်မာ့ယဉ်ကျေးမှုနဲ့ အလှမ်းဝေးခဲ့ရပါတယ်။ ကျမကိုယ်တိုင်းလည်း .. သမီးကိုု ငယ်စဉ်က .. ဆိုဆုံးမလို့ ရတဲ့ အချိန်က  သေချာပုံ မသွင်းမိခဲ့တာ ကျမရဲ့ အားနည်းချက်လို့ ဝန်ခံပါရေစေ..။

၃)
သမီးငယ်ငယ် ဆယ်နှစ်ကျော်အရွယ်ကဆို ဘာပဲလုပ်လုပ် ကျမကို မေးမြန်းလေ့ အကူအညီတောင်း လေ့ရှိပါတယ်။ ဥပမာ.. အပြင်သွားမယ်ဆိုရင်.. “ မေမေ.. သမီး ဘာဝတ်ရမလဲ” စသည်.. ။ မေမေ.. “သမီး လုံချည် မဝတ်တတ်ဘူး ပြပေးပါဦး”  စသည်စသည် အသေးအဖွဲ ကိစ္စကအစ မေးမြန်းတတ်ပါတယ်။  ငယ်ရွယ်တုန်းကတော့ သမီး..  အဝတ်အစားဆိုတာ ဒူးနေရာဒူး၊  တော်နေရာတော် သူနေရာနှင့်သူဝတ်ရတယ် သမီး စသည်ဖြင့် ကိုယ်တိုင်လဲ  မြန်မာမိသားစု ၊ မြန်မာ့ပွဲလမ်းသဘင်သွားတိုင်း မြန်မာအဝတ်အစား ဝတ်လေ့ရှိပါတယ်။ ကျမတို့လူငယ်ဘဝက  မြန်မာဝတ္ထုတွေထဲမှာ အနောက်နိုင်ငံမှာ ရောက်နေတဲ့ အန္ဒိယနဲ့ မြန်မာတွေ ကိုယ့်ရိုးရာ အဝတ်အစားကို မြတ်မြတ်နိုးနိုး ဝတ်ဆင်လေ့ရှိတယ်လို့ ဖတ်ဖူးပါတယ်။

ကျမလဲ သမီးငယ်ငယ်တုန်ကတော့ ကျမတတ်သလောက် သင်တာပဲရှင်….။

၄)
ဟော…! ကျမ သမီး အရွယ်ရောက်လာတော့ .. ကျမ စကားကို ကောင်းကောင်းနားမထောင်တော့…။ သမီးက.. သူ့ သူငယ်ချင်းတွေနဲ့ လည်တတ်ပြီ ။ အစကတော့  မေမေ “ သမီး ..သူငယ်ချင်း မွေးနေ့ပွဲသွားမလို့” ဆိုတော့ ခွင့်ပြုလိုက်ပါတယ်။ ဒီလိုနဲ့ သမီးတစ်ယောက် ကျမ ..မပါပဲ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ချင်လာပြီ။  ကျမထံ ခွင့်တောင်း၍တမျိုး၊ ကျမ မသိအောင်တဖုံ အမျိုးမျိုး သူငယ်ချင်းတွေနဲ့ Shopping Mall တွေဆီကို လည်တတ် ပတ်တတ်နေပြီ။

တခါတစ်လေ ကျမ သိတော့ မြန်မာမိဘပီပီ  သမီးကို ဆူမိပါတယ်။ ကျမကိုယ်တိုင်လည်း အင်္ဂလိပ်လို လည်လည်ပတ်ပတ် မပြောတတ် ၊ သမီးကိုတိုင်းကလည်း မြန်မာလို ကောင်းကောင်း မတတ်တော့ သမီးနဲ့ ကျမကြား ဘာသာစကားကြီးက အရံအတားကြီးလို ဖြစ်နေပါတယ်ရှင်..။ ဒီတော့မှ ကျမနောင်တ ရမိတာက ကျမသမီးကို မြန်မာလို ကောင်းကောင်းတတ်အောင် မသင်ပေးခဲ့မိတာ ကျမအပြစ်လို့ပဲ ဝန်ခံရပါစေ..။

တခါတလေ ကျမ စိတ်တိုင်းမကျလို့ အော်လိုက်.. ငေါက်လိုက်ရင် သမီးက မျက်ရည်ဝဲလို့ ကျမလဲ  ဘသာစကား မပေါက်တော့ အော်..ငေါက်ရုံမှ တပါး … နားဝင်အောင် မပြောတတ်ပါဘူးရှင်။

 High School ရောက်တော့ အပေါင်းသင်တွေလည်း များလာပါတယ်၊ အပေါင်းအသင်းတွေက မိန်းကလေး သူငယ်ချင်းတွေကြီး မဟုတ်တော့ပဲ ယောကျာ်လေး သူငယ်းချင်းများလည်း ပါလာပါတယ်။  အပြင်ထွက်ရင်လဲ  အရင်ကလို  မိဘထံခွင့် မတောင်းတော့၊ သွားချင်တိုင်းသွား ၊လာချင်တိုင်းလာ ၊ မိဘကိုလဲ အသိအမှတ်မပြုတော့..။ ကျမ  သမီးအတွက် စိတ်ပူတာထက် ကိုယ့်ကိုကိုယ် ယူကြုံး မရ ဖြစ်ရပါတယ်ရှင်။ ကျောင်းတွေက ဘာတွေသင်ပေးလဲ ကျမ မပြောတတ် ကျမ သမီးနေထိုင်ပုံကတော့ ကျမတို့ မြန်မာယဉ်ကျေးမှုနဲ့ လုံဝလုံးဝ ကွာခြားသွားပါတယ်ရှင်။

ကျမ ကိုယ်တိုင်းလဲ ခေတ်နောက်မီးဆွဲတော့ မဟုတ်ပါဘူး။ အင်္ဂလိပ်လိုကောင်းကောင်း မပြောတတ်ပေမယ့် ၊  ခေတ်အခြေအနေကိုတော့ အကဲခတ်တတ်ပါတယ်။ သမီးအတွက် စိတ်မကောင်းတော့ ကျမ သူငယ်ချင်းတွေ မေးမြန်း ဆွေးနွေးဖြစ်ပါတယ် တချို့ကတော့ “ အဲဒါ.. ကနေဒါ စတိုင်တဲ့.. ဆယ့်ရှစ်နှစ်ပြည့်ရင် လွတ်လွတ်လပ်လပ် နေလို့ရတယ်” တဲ့ ၊  ကျမ သမီး ဆယ့်ရှစ်နှစ် မပြည့်သေးပါဘူး ဘွဲ့ရဖို့ဝေးသေး .. ဟိုက်စကူးတောင် မပြီးသေပါးဘူးရှင်။ ကျမတွေးမိတာက… ကနေဒီယန်မိသားစုတိုင်း ဒီတိုင်းပဲလား .. မိဘစကား နားမထောင် သွားချင်းရာ သွား ၊လာချင်ရာ လား၊ ကျောင်းလည်း အချိန်ပြည့်မတက် ၊ စိတ်ရှိတယ်တိုင်း လျှောက်လုပ်နေသလားဆိုတာပါပဲ။ ဟုတ်မယ့် မထင်ပါဘူးရှင်  ..တချို့လည်း လိမ္မာတဲ့ သား၊ သမီးနဲ့၊  ယဉ်ကျေးတဲ့ မိသားစုများလည်း ရှိနေဦးမယ်လို့ ယုံကြည်ပါတယ်ရှင်..။

တချို့မိသားစုများ   သားသမီးများအတွက် ကျောင်းကောင်းတဲ့ ရပ်ကွယ်မှာ အိမ်းတွေ ကို ဈေးကြီးပေးဝယ်ပြီး နေတာ ကျမ စောစော က နားမလည်ခဲ့ပါဘူးရှင်  ၊ ကျမသမီး အရွယ်ရောက် မှ သြော်…ပတ်ဝန်းကျင် ကောင်းဖို့လိုအပ်ပါလားလို့ ခံစားရပါတယ်။   မြတ်စွာဘုရားက “ ပတိရူပ ဒေသဝါသ” သင့်တင့် လျှောက်ပတ်သော အရပ်မှာ နေရမယ်ဆိုတာ ဒါပြောတာ ထင်ပါရဲ့။  ကျမတို့ နေတဲ့ ရပ်ကွက်က များသောအားဖြင့် ကျမတို့လို နိုင်ငံ ပေါင်းစုံက  Immigrant  တွေနေ တာပါပဲရှင်။


၅)
ကျမ ..သမီး.. အပြင်ထွက်တတ်ရုံမက.. ဟော..! ဆေးလိပ်ပါ သောက်တတ်လာပြီ… ။ ကနေဒါမှာဆို.. အသက် ဆယ့်ကိုးနှစ်ပြည်မှ ဆေးလိပ်သောက်ခွင့်ပြုတာ.. ဒါပေမယ့် လူပေါင်းမှားလို့ .. ဆေးလိပ်ကို ခိုးသောက်တတ်လာပြီ။ ကျမက..“ သမီး ဆေးလိပ်သောက်ရင်.. မျက်နှာရင့်တတ်တယ်.. မိန်းကလေးဆိုတာ .. ပန်းကလေးလို လှလှပပ ..နေရတယ်. ဆေးလိပ်သောက်တာဟာ အလှပျက်စေတယ်” လို့ပြောတော့။ သူငယ်းချင်းတွေလည်း သောက်နေတာပဲတဲ့။

အပြင်သွားမယ်ဆိုရင်လဲ.. အရင်ကလို “ မေမေ.. ဘာဝတ်ရမလဲလို့”  မမေးတော့ ကျမ မျက်စေ့နဲ့ လုံးဝ မတွေ့တဲ့ အဝတ်အစားတွေ ပါပဲရှင် .. ။ ကျမက.. သမီး ..အဝတ် ဝတ်တယ်ဆိုတာ.. အမြင်မတော် ဖုံးသင့်တဲ့ နေရာ ဖုံးဖို့ ဝတ်တာ ၊ အဲဒီလို့ ဝတ်စား ဆင်ယင်တတ်လို့  လူလို့ ခေါ်တာ၊ မဖော်သင့်တာ ဖော်ရင်..   ယောကျ်ားသားတွေ ရဲ့ စိတ်ကို ဆွဲဆောင်နေသလိုပဲ.. မတော်တရော်လို့ပြောတော့။ သမီးက “ မေမေ..  ခေတ် ပြောင်းသွားပြီတဲ့ ၊ တီဗွီတွေမှာ မော်ဒယ်တွေ၊ သရုပ်ဆောင်တွေ ဒီအတိုင်းပဲဝတ်နေတာပဲ” တဲ့ ။  သြော် အတုခိုး မြန်လိုက်တဲ့ခေတ်ကြီး
 ကောင်းတာတွေကိုတော့ အတု မခိုး၊ ပညာတတ်တွေ ဖြစ်အောင်ကြိုးစားတာ  ၊နိုင်ငံတော် ကောင်းအောင်ကြိုးစားတာ ၊ လူထုအကျိုးပြုလုပ်ငန်းတွေ  ဆောင်ရွက်တာတွေကိုတော့ အတုမခိုး မဟုတ်တဲ့ မတော်တရော် အဝတ်အစားတွေကိုတော့ အတုခိုးတတ်ပါဘိ။

တီဗွီတွေ ၊ သရုပ်ဆောင်တွေဝတ်တာကလည်း ပရိတ်သတ် ဆွဲဆောင်အောင် ဝတ်တာ အပြင်မှာ သူတို့ ဒီလို့ဝတ် စားပြီး သမီးတို့လို လျှောက်သွားနေတာ မဟုတ်းဘူး၊  သူတို့သွားရင်လည်း ကားအကောင်းစား တွေ ၊ အစောင့်အရှောက်တွေနဲ့လို့ပြောတော့  “I don’t know” တဲ့ ။

ခုလောလောဆယ်.. မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်  ဝတ်တာ၊ စားတာ မြန်မာ့အမျိုးသမီးတွေ ဘယ်လောက် အတုခိုးဖို့ ကောင်းပါသလဲရှင်..။

ဆင်ယင်ဝတ်စားတာ မြန်မာဆန်လိုက်ပါဘိ၊ ရင်ဖုံးအင်္ကျီ လက်ရှည်နဲ့  မြန်မာ့ ဆန်ဆန် လုံချည်နဲ့ ဆံသေသာမှာ ပန်းက အမြဲ ပန်းထားလိုက်သေး။ ကျမ အထင်ကတော့ ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက်   မြန်မာကတော့ မြန်မာပါပဲရှင်.. အဖြူအဝတ်အစားဝတ်ပြီး.. အဖြူတော့  လုပ်လို့ရမယ် မထင်ပါဘူးရှင်။ တခါတရံ.. အနောက်တိုင်းပွဲလမ်းသဘင် တက်တဲ့အခါမျိုးမှာတော့ အများနည်းတူ ပုံစံကျဝတ်တာကတော့ နားလည်ခွင့်လွှတ်နိုင်ပါတယ်ရှင်..။

 အပြင်သွားတဲ့အခါမှာ .. မတော်တရော်တွေ ဝတ်စားကတော့ မိန်ကလေးတွေ သိပ်အန္တရာယ် ကြီးမားလွန်းပါတယ်.။

အနောက်တိုင်းမှာ  ၂၀-ရာစုနောက်ပိုင်း ခေတ်စားလာတာကတော့.. “ လူ့အခွင့် အရေး နဲ့ အမျိုးသမီး အခွင့်အရေး” ဆိုတာပါပဲရှင်။ နိုင်ငံရေးကို နားမလည်လို့ . လူအခွင့်အရေး အကြောင်းကို ထဲထဲဝင်ဝင် မပြောတတ်ပေမယ့် ၊ အမျိုးသမီး အခွင့်အရေးဆိုတာကို အချို့မိန်းကလေးတွေ.. ကျမသမီး အပါအဝင်ပေါ့ အယူအဆ လွဲမှားနေတယ်လို့ ကျမ ယူဆမိပါတယ်။

ဥပမာ.. ယောကျ်ားတွေနဲ့ တန်းတူအခွင့်အရေး တောင်းဆိုတဲ့အခါမှာ .. အပြင်ထွက်တဲ့အခါ ..   ယောကျ်ားလေးများလို ကိုယ်ဗလာကျင်း သွားလို့တော့ ဘယ် သင့်တော်ပါ့မလဲ.. ။  သဘာဝ ခန္ဓာကိုယ် တည်ဆောက်ပုံခြင်းက ကွဲပြား ခြားနားနေတာ ယောကျ်ားများနဲ့  တန်းတူညီလို့ မရပါ။

ကျမဖြစ်စေချင်တာက.. ယောကျ်ားလေးတွေ နိုင်ငံတာဝန် ထမ်းဆောင်တယ်ဆိုရင် မိန်းကလေးတွေကလဲ  နိုင်ငံတာဝန်ထမ်းဆောင်နိုင်တာ ၊စီးပွားရေဖက်မှာလည်း ယောကျ်ားများနဲ့ တန်းတူ တွေးခေါ်စဉ်းစားနိုင်တာ .. စသည့်  လူမှုရေး ၊ စီးပွားရေး ၊ နိုင်ငံရေး နယ်ပယ်မှာ  ယောကျ်ားများနဲ့ တန်တူး တန်းညှိတယ်ဆို ကောင်းတဲ့ လက္ခဏာပါ။

အမေရိကန်  နိုင်ငံခြားရေဝန်ကြီး ဟယ်လရိ ကလင်တန်ဆို ဘယ်လောက် အတုခိုးစရာကောင်းသလဲ  ယောကျ်ားများနည်းတူ  နိုင်ငံတာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်တယ်။

၆)
ဟော ! ကျမသမီး ဟိုက်စကူး မပြီး   ၊ စာမေးပွဲကျပါတော့တယ်။ ဒီတော့ ကျမက ကျောင်းဆက်တက်ဖို့ တိုက်တွန်းသော်လည်း ငွေးသုံးတတ်တဲ့အရွယ်ဆိုတော့   ကျောင်း ဆက်မတတ်တော့ပဲ လွယ်လွယ်ကူကူ  ငွေရှာတဲ့အလုပ်ကို လုပ်ပါတော့တယ်ရှင်။

ဟော !ကြည့် ကျမသမီး အလုပ်စရတာက နိုက်ကလပ်တဲ့ သမီးပြောတာကတော့ မပင်ပန်းဘူး ၊ Service အကူအညီပေးရတဲ့အလုပ်တဲ့ ၊ ကျမလည်း အကြံ မပေးတတ်တော့ပါ။ သူတို့ခေတ် သူတို့တိုင်းပြည် ၊ ကျမ သဘောမကျရုံမှ တပါး ဘယ်လို့အကြံမှ မပေးတတ်တော့ပါ။

ကျမ သမီး ကျောင်းကထွက် နိုက်ကလပ်မှာ အလုပ်ရပြီးကတည်းက  နေတာ ထိုင်တာ ပိုဆိုးလာပါတယ်။   ယောကျ်ားလေး  သူငယ်းချင်းကလည်း များမှများ တစ်ယောက်ထည်းလဲ မဟုတ် တယောက်ပြီး တစ်ယောက် ၊ သမီးမှာလဲ အားတယ်မရှိ နေတိုင်းလိုလို အပြင်ထွက်တော့ တာပါပဲ။ ဘာပွဲညာပွဲစသည်ပေါ့ တခါတရံ အိမ်တောင် ပြန်မအိပ်တော့ပါဘူးရှင်။

 ကျမသမီး ပုံစံကလည်း ကျမ မွေးထာတဲ့ သမီးနဲ့မတူတော့  ပုံပျက် ပန်းပျက် .. ။ ကျမတို့   မြန်မာယဉ်ကျေးမှုမှာတော့  အပျိုမိန်းကလေးဆိုတာ တင်းတင်းရင်းရင်း ပြည့်ပြည့်ဖြိုးဖြိုး ၊ နိုင်ငံခြားမှာ မွေးတဲ့ ကျမ သမီးမှာတော့ ဒီလိုမဟုတ်တော့   ဆေးလိပ်သောက်လို့ပဲလား ဘီယာတွေ   သောက်လု့ိပဲလား ၊ အစား အသောက်တွေ မဆင်ချင်လို့ပဲလား ခန္ဓာကိုယ်က အချိုးအဆစ်ပြေတော့..။

ကျမသမီး ရှေ့ရေး တွေးမိတိုင်း.. ကျမသမီးရဲ့ ရှေ့ရေးကတော့ လုံးဝလုံးဝ မတွေးတတ်တော့ပါရှင်…။

ကျမ..အတွေ့အကြုံအရ.. နိုင်ငံခြားမှာ နေထိုင်တဲ့ မြန်မာမိသားစုတိုင်း အနည်းဆုံး ပြောဆို ဆုံးမလို့ နားပေါက်အောင် မိမိမူရင်းဘာသာ စကားလေးတော့ တတ်အောင် သင်ပေးသင့်ပါတယ်ဆိုတဲ့ အကြောင်း တင်ပြလိုက်ရပါတယ်ရှင်…။


ဖိုးသူတော် (www.phothutaw.com)
Credit: မြန်မာဗုဒ္ဓဘာသာအသင်း . ကနေဒါ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top