ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ေဒဝဒတ္ကိုဘာေၾကာင့္ ရဟန္းျပဳေပးပါသနည္း

+++++++++++++++++++++++++++
မိလိႏၵမင္းႀကီးက အရွင္နာဂသိန္မေထရ္ကုိ

“အရွင္ဘုရား၊ ျမတ္စြာဘုရားသည္ ေဒ၀ဒတ္ကုိ ရဟန္းျပဳေပးလုိက္လွ်င္
ေနာင္အခါ သံဃာကုိ သင္းခြဲလိမ့္မည္ဟု သိေတာ္မူသည္ မဟုတ္ပါေလာ၊
သိပါလ်က္ အဘယ့္ေၾကာင့္ ရဟန္းျပဳေပးပါသနည္း၊
ရဟန္းျပဳမေပးလွ်င္ သံဃာကုိ သင္းခြဲ၍ မျဖစ္ႏုိင္သည္ မဟုတ္ပါေလာ”
အရွင္နာဂသိန္မေထရ္က
“မင္းႀကီး၊ ေဒ၀ဒတ္သည္ ေနာင္အခါ သံဃာကုိ သင္းခြဲလိမ့္မည္ဟုျမတ္စြာဘုရား ျမင္ေတာ္မူ၏။ ျမင္ေတာ္မူေသာ္လည္း အကယ္၍ ရဟန္းျပဳမေပးက
သံဃေဘဒက = သံဃာကုိ သင္းခြဲေသာကံထက္ ဆုိး၀ါးၾကမ္းၾကဳတ္သည့္
နိယတမိစၦာဒိ႒ိစေသာ မေကာင္းမႈတုိ႔ကုိ ျပဳလိမ့္မည္ ဧကန္ျဖစ္၏။
သံဃေဘဒကကံသည္ အပါယ္သုိ႔ က်ေစမည္ျဖစ္ေသာ္လည္း ကာလအပိုင္းအျခားရွိေသး၏။ ရဟန္းျပဳမေပးလွ်င္ နိယတမိစၦာဒိ႒ိစေသာ မေကာင္းမႈတုိ႔ကုိ ျပဳ၍ ကာလအပုိင္းအျခားမရွိ ငရဲဒုကၡခံရမည္ကုိ သိျမင္ေတာ္မူေသာေၾကာင့္
“ငါဘုရား၏သာသနာ၌ ရဟန္းျပဳလွ်င္ ေဒ၀ဒတ္ခံရမည့္ ဒုကၡသည္
အပုိင္းအျခားရွိလိမ့္မည္ဟု သနားေတာ္မူေသာေၾကာင့္
ႀကီးေလးေသာဒုကၡ ေပါ့ေအာင္ျပဳသည့္အေန(ျဖင့္)
ျမတ္စြာဘုရားသည္ ေဒ၀ဒတ္ကုိ ရဟန္းျပဳေပးေပသည္”
စသည္ျဖင့္ ဥပမာအမ်ဳိးမ်ဳိး ေဖာ္ျပေျဖဆုိေတာ္မူသည္။
စိတ္ဝင္စားစရာေကာင္းတာေလးက အရွင္ ေဒ၀ဒတ္ သည္ သံဃာကုိ သင္းခြဲျပီး ျမတ္စြာဘုရားကို လုပ္ၾကံခဲ့ေသာလည္း၊ သံဃာကုိ သင္းမခြဲခင္ ၾကိဳးစားအားထုတ္တရားမွတ္ခဲ့ ေသာေၾကာင့္ ေနာင္တစ္ခ်ိန္တြင္ ပေစၥကဗုဒၶ ျဖစ္မည္ဟု သိရပါသည္။

(မိလိႏၵပဥွာ၊ ၄-ေမ႑က၀ဂ္၊ ၃-ေဒ၀ဒတၱပဗၺဇၨပဥွာ၊ စာ ၁၁၃ မွ)
ဗုဒၶ၀င္ ပတြဲ၊

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗုဒၶစာေပမ်ား

#Unicode Version#
ဒေဝဒတ်ကိုဘာကြောင့် ရဟန်းပြုပေးပါသနည်း

+++++++++++++++++++++++++++
မိလိန္ဒမင်းကြီးက အရှင်နာဂသိန်မထေရ်ကို

“အရှင်ဘုရား၊ မြတ်စွာဘုရားသည် ဒေဝဒတ်ကို ရဟန်းပြုပေးလိုက်လျှင်
နောင်အခါ သံဃာကို သင်းခွဲလိမ့်မည်ဟု သိတော်မူသည် မဟုတ်ပါလော၊
သိပါလျက် အဘယ့်ကြောင့် ရဟန်းပြုပေးပါသနည်း၊
ရဟန်းပြုမပေးလျှင် သံဃာကို သင်းခွဲ၍ မဖြစ်နိုင်သည် မဟုတ်ပါလော”
အရှင်နာဂသိန်မထေရ်က
“မင်းကြီး၊ ဒေဝဒတ်သည် နောင်အခါ သံဃာကို သင်းခွဲလိမ့်မည်ဟုမြတ်စွာဘုရား မြင်တော်မူ၏။ မြင်တော်မူသော်လည်း အကယ်၍ ရဟန်းပြုမပေးက
သံဃဘေဒက = သံဃာကို သင်းခွဲသောကံထက် ဆိုးဝါးကြမ်းကြုတ်သည့်
နိယတမိစ္ဆာဒိဋ္ဌိစသော မကောင်းမှုတို့ကို ပြုလိမ့်မည် ဧကန်ဖြစ်၏။
သံဃဘေဒကကံသည် အပါယ်သို့ ကျစေမည်ဖြစ်သော်လည်း ကာလအပိုင်းအခြားရှိသေး၏။ ရဟန်းပြုမပေးလျှင် နိယတမိစ္ဆာဒိဋ္ဌိစသော မကောင်းမှုတို့ကို ပြု၍ ကာလအပိုင်းအခြားမရှိ ငရဲဒုက္ခခံရမည်ကို သိမြင်တော်မူသောကြောင့်
“ငါဘုရား၏သာသနာ၌ ရဟန်းပြုလျှင် ဒေဝဒတ်ခံရမည့် ဒုက္ခသည်
အပိုင်းအခြားရှိလိမ့်မည်ဟု သနားတော်မူသောကြောင့်
ကြီးလေးသောဒုက္ခ ပေါ့အောင်ပြုသည့်အနေ(ဖြင့်)
မြတ်စွာဘုရားသည် ဒေဝဒတ်ကို ရဟန်းပြုပေးပေသည်”
စသည်ဖြင့် ဥပမာအမျိုးမျိုး ဖော်ပြဖြေဆိုတော်မူသည်။
စိတ်ဝင်စားစရာကောင်းတာလေးက အရှင် ဒေဝဒတ် သည် သံဃာကို သင်းခွဲပြီး မြတ်စွာဘုရားကို လုပ်ကြံခဲ့သောလည်း၊ သံဃာကို သင်းမခွဲခင် ကြိုးစားအားထုတ်တရားမှတ်ခဲ့ သောကြောင့် နောင်တစ်ချိန်တွင် ပစ္စေကဗုဒ္ဓ ဖြစ်မည်ဟု သိရပါသည်။

(မိလိန္ဒပဥှာ၊ ၄-မေဏ္ဍကဝဂ်၊ ၃-ဒေဝဒတ္တပဗ္ဗဇ္ဇပဥှာ၊ စာ ၁၁၃ မှ)
ဗုဒ္ဓဝင် ပတွဲ၊


ဖိုးသူတော် (www.phothutaw.com)
Credit: ဗုဒ္ဓစာပေများ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top