အ.ထ.က (၂) ေက်ာင္းဝင္းအတြင္းသုိ႔ စစ္စိမ္းေရာင္ ေဖာကားတစ္စင္းဝင္လာသည္။ေက်ာင္းခန္းမ်ားေရွ႕မွျဖတ္၍ ေက်ာင္းအုပ္ႀကီးရုံးခန္းရွိရာသုိ႔ ဦးတည္ေမာင္းသြား၏။

ေက်ာင္းအုပ္ႀကီး၏ရုံးခန္းေရွ႕အေရာက္တြင္ကားရပ္သြားၿပီးဆင္းလာသည္ကစစ္သားႀကီးနွစ္ဦး။
တစ္ဦးကလက္ေမာင္းေပၚတြင္ အရစ္သုံးရစ္နွင့္။က်န္တစ္ဦးကတပ္ရင္းနံပါတ္ အမွတ္အသားမွတစ္ပါးဘာမွမပါ။

စစ္သားႀကီးႏွစ္ဦးေက်ာင္းအုပ္ႀကီးရုံးခန္းသုိ႔ဝင္သြားၿပီး ခဏအၾကာတြင္ေက်ာင္းအုပ္ႀကီးနွင့္အတူ ျပန္ထြက္လာသည္။ေက်ာင္းအုပ္ႀကီးကဦးေဆာင္၍ေက်ာင္းခန္းမ်ားရွိရာသုိ႔ေလွ်ာက္သြားၾက၏။
ေက်ာင္းအုပ္ႀကီးနွင့္ရဲေဘာ္ႀကီးႏွစ္ဦးတုိ႔ျဖတ္ေလွ်ာက္လာစဥ္လိုက္တစ္ထပ္တည္းလုိက္ပါသြားသည္က
စာသင္ခန္းထဲမွ စာသင္လက္စဆရာ၊ဆရာမမ်ား၊ေက်ာင္းသူေက်ာင္းသားတုိ႔၏ေသြးပ်က္တုန္လႈပ္ ေခ်ာက္ခ်ားေသာမ်က္လုံးမ်ား။မိမိတုိ႔အခန္းကုိေက်ာ္သြားသည္ႏွင့္သက္ျပင္းေတြၿပဳိင္တူႀကိတ္ခ်မိၾကသည္။
မေအာင့္ႏုိင္ေသာေက်ာင္းသူ  ေက်ာင္းသားအခ်ဳိ႕က “ေဟးးးးး” ဟုပင္ အသံထြက္သည္အထိေပ်ာ္သြားၾက၏။

ဆ႒မတန္း(A)ေက်ာင္းအုပ္ႀကီးကအခန္းထဲသုိ႔ဝင္သြားျပီးစစ္သားႀကီးနွစ္ဦးကအခန္းေရွ႕မွာ
ရပ္ေစာင့္က်န္ေနခဲ့သည္။ အတန္းပုိင္ဆရာမနွင့္ေက်ာင္းသားေက်ာင္းသူတုိ႔ ေက်ာင္းအုပ္ႀကီးကုိၾကည့္ေသာမ်က္လုံးမ်ား၏တုန္လႈပ္ ေခ်ာက္ခ်ားမႈကသနားစဖြယ္္္။

ေက်ာင္းအုပ္ႀကီး၏မ်က္နွာေပၚတြင္လည္းျငွဴိးငယ္နာက်င္မႈတုိ႔ျဖင့္မႈန္မႈိင္းလွ်က္။ေက်ာင္းအုပ္ႀကီးနွင့္
အတန္းပုိင္ဆရာမတုိ႔ မ်က္လုံးခ်င္း ျဖတ္ကနဲဆုံမိလုိက္ၾကသည္ ။
နွစ္ဦးစလုံးတစ္ဦး၏အၾကည့္ကုိတစ္ဦးကမခံရဲဟန္ျဖင့္ ကမန္းကတန္းပင္ မ်က္နွာလႊဲလုိက္မိၾက၏။

ေက်ာင္းအုပ္ႀကီးကဆရာမေဘးတြင္ရပ္၍ ေက်ာင္းသားအားလုံးကုိေဝ့ဝဲၾကည့္လုိက္သည္။ ေက်ာင္းသူေက်ာင္းသားအခ်ဳိ႕ကဆရာႀကီး၏မ်က္လုံးေတြကုိ ရင္မဆုိင္ရဲဟန္ျဖင့္ ကမန္းကတန္းပင္ ေခါင္းေတြကုိေအာက္သုိ႔ငုံ႕ ခ်ပစ္လုိက္ၾကသည္။

ေက်ာင္းအုပ္ႀကီးထံမွ ဘာသံမွ်ထြက္မလာေသာအခါ အတန္းတစ္ခုလုံးတိတ္ဆိတ္ၿငိမ္သက္မႈကေၾကာက္ မက္ဖြယ္ႀကီးစုိးေန၏။ အတန္ၾကာေတာ့မွေက်ာင္းအုပ္ႀကီး၏ေခ်ာင္းဟန္႕သံ
ံမပီမသတစ္ခ်က္ထြက္ေပၚလာခဲ့၏။ ေက်ာင္းအုပ္ႀကီး ၏ေခ်ာင္းဟန္႕သံကလည္ေခ်ာင္းမရွင္းသျဖင့္ ေအာင္ေအာင္ျမင္ျမင္မျဖစ္ေသာ္လည္းေက်ာင္းသူေက်ာင္းသားအခ်ဳိ႕အတြက္ ဗုံးတစ္လုံးေပါက္ကြဲလုိက္သလုိဆတ္ကနဲတုန္သြားသည္အထိ လန္႔ျဖန္႔သြားၾကသည္။

ထုိ႔ေနာက္တြင္မွ ေက်ာင္းအုပ္ႀကီး၏တုန္ယင္လႈတ္ခတ္ေသာ အသံထြက္ေပၚလာခဲ့ေလသည္။

“မေအးေအးခ်ဳိ”

“အီး…ဟီး…ဟီးးးး”

ေက်ာင္းအုပ္ႀကီး၏ေခၚသံနွင့္အတူဆက္တုိက္ထြက္ေပၚလာသည္က ေက်ာင္းသူတစ္ဦး၏ဆုိ႕နင့္ေၾကကြဲစြာေအာ္ငိုလုိက္ေသာအသံ။အတန္းပုိင္ဆရာမကငုိခ်လုိက္ေသာေက်ာင္းသူဆီသုိ႔ ကမန္းကတန္းေျပးသြားၿပီးပခုံးေပၚမွ အသာေပြ႕ဖက္ေဖးမေပးထားလုိက္သည္။ဆရာမထံမွ မ်က္ရည္မ်ားကငုိေနေသာေက်ာင္းသူေလး၏ေခါင္းေပၚသုိ႔ ေပါက္ကနဲက်၏။

ေက်ာင္းအုပ္ႀကီး၏အသံထပ္မံထြက္ေပၚလာျပန္သည္။

“ေမာင္သူရဦး”

“အီး….ဟီး……..ဟီးးး”

ေနာက္ဆုံးတန္းမွေက်ာင္းသားတစ္ဦး၏ငုိသံထြက္ေပၚလာျပန္သည္။ငုိေနေသာေက်ာင္းသားကုိေဘးမွ
သူငယ္ခ်င္းမ်ားကဝုိင္းဝန္းေပြ႕ဖက္ နွစ္သိမ့္ၾကျပန္သည္ ။
နာမည္အေခၚမခံရေသာ္လည္းေက်ာင္းသူအခ်ဳိ႕၏မ်က္နွာေပၚတြင္ မ်က္ ရည္တုိ႔ ဝဲသူအခ်ဳိ႕၊စီးသူအခ်ဳိ႕။

ေက်ာင္းအုပ္ႀကီး၏ဆုိ႕နင့္ေၾကကြဲစြာေသာအသံမ်ားက ဆက္လက္ထြက္ေပၚေနဆဲ။

“မသင္းသင္းႏုိင္”

“မခုိင္ဝါေသာ္”

“ေမာင္ေနႏုိင္”

ေက်ာင္းခန္းတြင္းဝယ္ ငုိသံေတြ တျဖည္းျဖည္းစည္ကားလာသည္။မ်က္ရည္ေတြ တစစႏွင္႕ ေခ်ာင္းစီးကုန္ျပီ။

× × × × × × ×

“သမီး..ေဖေဖမရွိတုန္းကုိလိမ္လိမ္မာမာေနျပီးစာႀကဳိးစားေနာ္။ေမေမ့ကုိလည္းဆုိင္ကူေရာင္းေပး။ ၾကားလား”

“အီး..ဟီး..ဟီး..”

ဝမ္းနည္းဆုိ႔နင့္ေနမႈေၾကာင့္ေဖေဖ့စကားကုိျပန္မေျပာႏုိင္ပါ။ေခါင္းမွပင္ျပန္ညိတ္မျပႏုိင္ဘဲမ်က္နွာကုိလက္ဝါ္းႏွင့္
အုပ္ၿပီး ငုိခ်လုိက္မိသည္။

“ဟဲ့..မငုိရဘူးေလ။ေအာ္..ဒီေကာင္မေလးနဲ႔ေတာ့ ခက္ေတာ့တာပဲ။အငယ္ေတြေတာင္မငုိဘဲနဲ႔။”

ေမေမ၏ေဒါသမပါေသာအဆူအေငါက္စကားကုိဂရုမစုိက္ႏုိင္ပါ။ဖခင္ကုိလနဲ႔ခ်ီခြဲရမည့္ သားသမီးတစ္ ေယာက္ကဒီလုိဝမ္းနည္းခြင့္မရွိဘူးလား။ဝမ္းနည္းရင္ ဒီလုိငုိခြင့္မရွိဘူးလား။လနဲ႕ခ်ီခြဲရ၍ ဝမ္းနည္းျခင္းဆုိတာထက္ စိတ္ပူျခင္းဒဏ္ကုိမခံႏုိင္၍ငုိျခင္းဆုိသည္ကပုိမွန္လိမ့္မည္။

မပူဘဲေနပါ့မလား။ဖခင္သြားသည့္ခရီးကရန္ကုန္မဟုတ္။

မႏ ၱေလးမဟုတ္။ၿမဳိ႕ႀကီးျပႀကီးမဟုတ္။လမ္းမရွိေသာေတာ၊လွ်ဴိ၊ေျမာင္၊ေတာင္ ဘယ္ဟာရယ္လုိ႔ မွန္းဆမရေသာခရီး။ထုိ႔ျပင္ ဖခင္၏အသက္ကုိထုတ္ယူသြားႏုိင္ေသာရန္သူမ်ားရွိသည့္ေရွ႕တန္း။ဖခင္ကုိမိမိတုိ႔ က်ိန္းေသ ျပန္ေတြ႕ရပါမည္ဟုဘယ္သူကမွ အာမမခံႏုိင္ေသာ အႏၱရာယ္ကြင္း။

ထုိကဲ့သုိ႔ေသာေနရာမ်ဳိးကုိလနဲ႔ခ်ီၿပီးသြားမည့္ဖခင္အားဟန္ေဆာင္ပန္ေဆာင္ ျပဳံးရႊင္စြာ ႏႈတ္မဆက္ႏုိင္ပါ။

“ငါ့ သမီးကလည္းကြာ..စစ္သားသားသမီးျဖစ္ၿပီးစိတ္ေပ်ာ့လုိက္တာ။ေဖေဖတစ္ေယာက္တည္းသြားမွာမွ
မဟုတ္ဘဲနဲ႔။
က်န္ခဲ့မွာကလည္းသမီးတုိ႔၊ေမေမတုိ႔တင္မွမဟုတ္္ဘဲနဲ႔။တပ္ရင္းတစ္ရင္းလုံးအတူတူသြားၾကမယ္။
သမီးတုိ႔လုိ႔မိသားစုေတြ အမ်ားႀကီးက်န္ခဲ့မယ္။အဲဒါ ဘာျဖစ္လဲသမီးရဲ႕။ငုိစရာလား”

ေဖေဖက ၿပဳံးရႊင္ရယ္ေမာစြာေျပာေလ။ကုိယ္ကငုိခ်င္ေလ။ေဖေဖကမိသားစုနွင့္ခြဲရမွာမုိ႔ဝမ္းနည္းေနေသာ္ လည္းသမီးျဖစ္သူ၏ပူပင္လြမ္းဆြတ္ေသာမ်က္ရည္အတြက္ပီတိျဖစ္ေနသည္ကလည္းသိသာပါသည္။
ေဖေဖဒီလုိထြက္တုိင္းျပန္မွျပန္လာပါေတာ့မလားဟုေတြးပူရေသာစစ္သားသားသမီးဘဝကုိေၾကာက္လြန္းလွျပီ။
သုိ႔ေသာ္ ရင္ထဲမွာရွိသည္အတုိင္းေဖေဖတုိက္ပြဲက်မွာစုိးရိမ္လုိ႔ေပါ့ဟုႏႈတ္ကဖြင့္မေျပာရဲ။
နိမိတ္ဆုိတာကရွိေသးသည္မဟုတ္လား။

သည္ေတာ့….

“ဒီတစ္ခါျပန္လာရင္ စစ္သားမလုပ္ပါနဲ႔ေတာ့လားေဖေဖ”

ရႈိက္ငုိသံတစ္ဝက္နွင့္ေျပာလုိက္ေသာမိမိ၏စားအဆုံးတြင္ ေဖေဖကလက္ၾကမ္းႀကီးနွင့္မိမိကုိေပြ႕ဖက္ ေကာက္ခ်ီလုိက္ျပီးတဟားဟားနွင့္ေအာ္ရယ္ေနပါေတာ့သည္ ။

“ျဖစ္မွျဖစ္ရေလငါသမီးရယ္..။ေဖေဖ့အတြက္ စုိးရိမ္ေနတာလား။မပူနဲ႔သမီးငါ့သမီးတုိ႔ရ္ွိလုိ႕ကုိေဖေဖ့ကေနာက္တန္းကုိမေရာက္ေရာက္ေအာင္ ျပန္လာမွာ။ၾကားလား။”

“ေဖေဖ………ကတိေနာ္”

“စိတ္ခ်ပါသမီးရဲ႕။ေဖေဖကတိေပးပါတယ္။ေဖေဖျပန္လာမယ့္ရက္ကုိသာေစာင့္ေန။ျပန္လာတဲ့ေန႕က်ရင္ တစ္ မိသားစုလုံးရုပ္ရွင္သြားၾကည့္ၾကမယ္။ဟုတ္ျပီလား”

ေဖေဖ့ကုိေခါင္းညိတ္ျပလုိက္ရင္းကမ်က္ရည္တုိ႔ကုိသုတ္ရသည္။

× × × × × × ×

“ေစာေဝလင္းနဲ႔ေအာင္ထူးက်သြားျပီတဲ့”

ေမေမကကပ္လွ်က္လုိင္းခန္းမွ အန္တီေထြးေထြးကုိလွမ္းေအာ္ရင္ တဘက္ေလးကုိဆြဲယူျပီးကမန္းကတန္းထြက္သြားသည္။ခဏအၾကာအန္တီေထြးေထြးလည္းတံခါးပိတ္ျပီး
သုတ္တီးသုတ္ျပာထြက္သြားျပန္သည္။လုိင္းခန္းတစ္တန္းလုံးေအာ္ဟစ္ငုိယုိသံ၊ေျပးလႊားစီစဥ္သံတုိ႔ ခ်က္ခ်င္းလႈပ္လႈပ္ရွားရွားျဖစ္သြား၏။

အို…ဦးေစာေဝလင္းနဲ႔ဦးေအာင္ထူးႀကီးတို႔ က်သြားျပီတဲ့။

ေဖ့ေဖ့ရဲ႕တပည့္ေတြလည္းျဖစ္၊မိိမိကုိလည္းခ်ီပုိးထိန္းေက်ာင္းခဲ့ေသာလူေပ်ာ္ႀကိီးေတြကုိမ်က္စိထဲတြင္ ရုပ္ရွင္ဇာတ္ကားေနာက္ေၾကာင္းျပန္ျပသလုိ ျမင္ေယာင္လာျပီးမ်က္ရည္တုိ႔အလုိလုိက်လာခဲ့သည္။

ေရွ႕တန္းစထြက္မည့္ေန႕က

“ဟဲ့..ေကာင္မေလး..စစ္သားသားသမိီးလုပ္ျပီး

ဖေအေရွ႕တနး္ထြက္တာကုိငုိရသတဲ့လား။ဘာလဲ။ေရွ႕တန္းကေနေနာက္မိန္းမရလာမွာေၾကာက္လုိ႔လား။”

“ဟုတ္တယ္ေစာေဝလင္းရ။မီးမီးကသူ႔အေဖကုိေရွ႕တန္းထြက္တုိင္းမိန္းမရလာမယ္မွတ္ေနတာ။ဒီမွာမီးမီး။ မပူနဲ႔။ညည္းအေဖလုိရုပ္ဆုိးႀကီးမေျပာနဲ႔။ဦးေအာင္ထူးလုိေအာင္ရဲလင္းနဲ႔တူတဲ့သူေတာင္ ေရွ႕တန္းခဏခဏထြက္ေနတာဘယ္ တုန္းကမွ မိန္းမမရခဲ့ဘူး။ၾကားလား”

“ဘယ္ရပါ့မလဲေအာင္ထူးရ။မင္းကေရွ႕တန္းေရာက္ရင္ အျမဲတမ္းမူးမူးၿပိီးေမွာက္ေနေတာ့ မိန္းမပိုးခ်ိန္မွမရွိတာ။ငါတုိ႔ကေတာ့ ပိုးစရာကုိမလုိဘူး။မလုိခ်င္လုိ႔ ရြာထဲကင္းလွည့္ဆုိရင္ေတာင္ လူေျပာင္းေပးဖုိ႔ ဆရာ့ကုိေတာင္းဆုိရတယ္။”

“ဘာလဲ..ရြာထဲကတုိင္းရင္းသူေတြကတဏွာရူးလာျပီဆုိျပီးလန္႔ကုန္မွာစုိးလုိ႕လား”

“ဟား..ဟား…ဟား…..”

စစ္သားဘဝကုိေပ်ာ္ေပ်ာ္ႀကီးျဖတ္သန္း၍ ေက်နပ္ပီတိျဖစ္ေနတတ္ေသာ၊အခ်ိန္ျပည့္ အေနာက္အရႊတ္စကားမ်ားျဖင့္ စကားႏုိင္လုေနတတ္ေသာေဖေဖ့ကုိခ်စ္တဲ့တပည့္နွစ္ေယာက္။အျပီးအပိုင္ ျပန္မလာႏုိင္ေတာ့ဘူးေပါ့။

ရုပ္ကလာပ္မရွိေသာအသုဘအိမ္တြင္ စစ္သားဇနီးသည္တုိ႔ မ်က္ရည္မ်ားေတြ႕ဆုံပြဲက်င္းပၾကသည္။ လင္သားဆုံးရႈံးသြားေသာဇနီးသည္ကုိအားေပးနွစ္သိမ့္ရင္းဘယ္ေန႔သတင္းဆုိးေရာက္လာမလဲဟုပူပန္ေသာ
စိတ္ေၾကာင့္ ေသာကမ်က္ရည္ေတြကုိေရာလႊတ္ၾက၏။

× × × × × × ×

ေဖေဖတုိ႔ ယခုထြက္သြားသည့္ေရွ႕တန္းကေလာက္ကုိင္…တဲ့။

ေရွ႕တန္းမွာတုိက္ပြဲေတြဘယ္လုိျဖစ္ေနသည္ေတာ့မသိ။လုိင္းခန္းမ်ားတြင္ ငုိသံေတြရက္စိတ္စိတ္လာခဲ့သည္။ အိမ္ေထာင္ဦးစီးမဲ့ေသာမိသားစုေတြညပင္မအိပ္ႏုိင္ေအာင္ တုန္လႈပ္ေခ်ာက္ခ်ားေနေသာအခ်ိန္ကာလ။ငုိသံတစ္ခါထြက္လာတုိင္းကုိယ့္ငုိခ်ိန္ဘယ္ေတာ့က်ပါ့မလဲဟုရင္
မေနရေသာအေျခအေန။

ေက်ာင္းတက္ေနရေသာ္လည္းစိတ္ကမေျဖာင့္။ေရွ႕တန္းမွ အက်အဆုံးစာရင္းဝင္လာခဲ့လွ်င္ တပ္ရင္းမႈးရုံးမွ မိသားစုကုိအေၾကာင္းၾကားသည္။ထုိသုိ႔အေၾကာင္းၾကားခါနီးလွ်င္ က်ဆုံးေသာရဲေဘာ္၊ဒဏ္ရာရေသာရဲေဘာ္၏သားသမိီး၊ ေက်ာင္းသူေက်ာင္းသားရွိေနပါကေက်ာင္းသုိ႔လိုက္ေခၚျပီးမွ မိသားစုကုိအသိေပးၾကသည္။

ေန႕စဥ္က်ဆုံး၊ဒဏ္ရာရသတင္းကဝင္ေနေသာအခါ ေက်ာင္းသုိ႔ သက္ဆုိင္ရာေက်ာင္းသူ၊ေက်ာင္းသားကုိလုိက္ေခၚရေသာတပ္ၾကပ္ႀကီးစာေရးနွင့္ စစ္တပ္မိသားစုသုံးေဖာကားႀကီးကေက်ာင္းသုိ႔ေန႔စဥ္ ေရာက္ေနရေတာ့သည္။

ေက်ာင္းတြင္းသုိ႔စစ္ကားစိမ္းစိမ္းႀကီးဝင္လာျပီဆုိလွ်င္ ေရွ႕တန္းထြက္ေနေသာစစ္သည္သားသမီးမ်ားအတြက္ ကံစမ္းမဲပင္။

တပ္ၾကပ္ႀကီးစာေရးနွင့္ ေက်ာင္းအုပ္ႀကီးတုိ႔ဝင္ေသာအခန္းသည္ ခ်က္ခ်င္းအမဂၤလာအခန္းအျဖစ္သုိ႔ေျပာင္းလဲသြာသည္။ငုိယုိသံေတြ ခ်က္ခ်င္းဆူပြက္သြားသည္။မ်က္ရည္ေတြခ်က္ခ်င္းေခ်ာင္းစီးကုန္သည္။

ေက်ာင္းအုပ္ႀကီးပါးစပ္မွထြက္လာေသာေက်ာင္းသူေက်ာင္းသား၏ နာမည္သည္ ထုိအမဂၤလာေန႔အတြက္ ကံစမ္းမဲေပါက္သူပင္။နာမည္ေခၚလုိက္သည္နွင့္ ဘာကိစၥဟုထပ္ေမးေနစရာမလုိ။မိမိတုိ႔၏ဖခင္ ေရွ႕တန္းမွာကံၾကမၼာဆုိးေတြ႔ျပီျဖစ္ေၾကာင္းရွင္းျပေနစရာမလုိဘဲအလုိအေလ်ာက္သိရျပီးသား။

ထုိ႔ေၾကာင့္ မိိမိတို႔စစ္သည္သားသမီးမ်ားေက်ာင္းဝင္းထဲသုိ႔ မိမိတို႔စစ္တပ္ကားႀကီးဝင္လာကတည္းကတုန္လႈပ္ေခ်ာက္ခ်ားတတ္ေနခဲ့ျပီ။ခုဆုိလွ်င္ေဖေဖကေရွ႕တန္းမွာ
မဟုတ္လား။ေနာက္ျပီးေတာ့ က်ဆုံး၊ဒဏ္ရာရစာရင္းေတြ ေန႔စဥ္ဝင္လာေနေသာ ျပင္းထန္လွသည့္ ေလာက္ကုိင္ေရွ႕တန္း။ယခင့္ယခင္အေခါက္မ်ားထက္ ေက်ာင္းတြင္းသုိ႔စစ္ကားႀကီးအေရာက္စိတ္လွသည့္ ေရွ႕တန္း။

ေက်ာင္းအုပ္ႀကီးႏႈတ္မွမိမိတို႔နာမည္အေခၚမခံရပါေစနွင့္ဟု တထိတ္ထိတ္ဆုေတာင္းေနရသည္။ထုိကံစမ္းမဲကုိမိိမိတုိ႔ စစ္သည္သားသမီးမ်ားမည္သူမွ် မေပါက္ခ်င္ၾကပါ။

ခုလည္းေဖေဖေရွ႕တန္းသြားေနသည္။စစ္ကားႀကီးကားလည္းတစ္ရက္ျခား၊နွစ္ရက္ျခားဆုိသလုိေက်ာင္းကုိ ေရာက္ေရာက္လာသည္။တပ္ၾကပ္ႀကီးလည္းေက်ာင္းအုပ္ႀကီးနွင့္ မိတ္ေဆြျဖစ္သည္အထိရင္းနွီးေနၾကၿပီ။ေဖေဖကျပန္မလာေသး။

ေဟာ..ေျပာရင္းဆုိုရင္းေက်ာင္းထဲကုိစစ္ကားႀကီးဝင္လာျပန္ျပီ။

ဘုရား..ဘုရား…ကၽြန္မကံစမ္းမဲမေပါက္ပါေစနဲ႔ဘုရား။



(ဆရာသက္ဦးေမာင္အား ေလးစားစြာ credit ေပးပါသည္ )

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သက္ဦးေမာင္

#Unicode Version#
အ.ထ.က (၂) ကျောင်းဝင်းအတွင်းသို့ စစ်စိမ်းရောင် ဖောကားတစ်စင်းဝင်လာသည်။ကျောင်းခန်းများရှေ့မှဖြတ်၍ ကျောင်းအုပ်ကြီးရုံးခန်းရှိရာသို့ ဦးတည်မောင်းသွား၏။

ကျောင်းအုပ်ကြီး၏ရုံးခန်းရှေ့အရောက်တွင် ကားရပ်သွားပြီးဆင်းလာသည်ကစစ်သားကြီးနှစ်ဦး။တစ်ဦးကလက်မောင်းပေါ်တွင် အရစ်သုံးရစ်နှင့်။ကျန်တစ်ဦးကတပ်ရင်းနံပါတ် အမှတ်အသားမှတစ်ပါးဘာမှမပါ။

စစ်သားကြီးနှစ်ဦးကျောင်းအုပ်ကြီးရုံးခန်းသို့ဝင်သွားပြီး ခဏအကြာတွင်ကျောင်းအုပ်ကြီးနှင့်အတူ ပြန်ထွက်လာသည်။ကျောင်းအုပ်ကြီးကဦးဆောင်၍ ကျောင်းခန်းများရှိရာသို့ လျှောက်သွားကြ၏။ကျောင်းအုပ်ကြီးနှင့်ရဲဘော်ကြီးနှစ်ဦးတို့ ဖြတ်လျှောက်လာစဉ်လိုက်တစ်ထပ်တည်းလိုက်ပါသွားသည်ကစာသင်ခန်းထဲမှ စာသင်လက်စဆရာ၊ဆရာမများ၊ကျောင်းသူကျောင်းသားတို့၏သွေးပျက်တုန်လှုပ် ချောက်ချားသောမျက်လုံးများ။ မိမိတို့အခန်းကိုကျော်သွားသည်နှင့်သက်ပြင်းတွေပြိုင်တူကြိတ်ချမိကြသည်။မအောင့်နိုင်သောကျောင်းသူကျောင်း
သားအချို့က “ဟေးးးးး” ဟုပင် အသံထွက်သည်အထိပျော်သွားကြ၏။

ဆဋ္ဌမတန်း(A) ကျောင်းအုပ်ကြီးကအခန်းထဲသို့ဝင်သွားပြီးစစ်သား ကြီးနှစ်ဦးကအခန်းရှေ့မှာရပ်စောင့်ကျန်နေခဲ့သည်။ အတန်းပိုင်ဆရာမနှင့်ကျောင်းသားကျောင်းသူတို့ ကျောင်းအုပ်ကြီးကိုကြည့်သောမျက်လုံးများ၏တုန်လှုပ် ချောက်ချားမှုကသနားစဖွယ်။

ကျောင်းအုပ်ကြီး၏မျက်နှာပေါ်တွင်လည်း ငြှိူးငယ်နာကျင်မှုတို့ဖြင့် မှုန်မှိုင်းလျှက်။ကျောင်းအုပ်ကြီးနှင့်အတန်းပိုင်ဆရာမတို့ မျက်လုံးချင်း ဖြတ်ကနဲဆုံမိလိုက်ကြသည် နှစ်ဦးစလုံးတစ်ဦး၏အကြည့်ကိုတစ်ဦးကမခံရဲဟန်ဖြင့် ကမန်းကတန်းပင် မျက်နှာလွှဲလိုက်မိကြ၏။

ကျောင်းအုပ်ကြီးကဆရာမဘေးတွင်ရပ်၍ ကျောင်းသားအားလုံးကိုဝေ့ဝဲကြည့်လိုက်သည်။ ကျောင်းသူကျောင်းသားအချို့ကဆရာကြီး၏မျက်လုံးတွေကို ရင်မဆိုင်ရဲဟန်ဖြင့် ကမန်းကတန်းပင် ခေါင်းတွေကိုအောက်သို့ငုံ့ ချပစ်လိုက်ကြသည်။

ကျောင်းအုပ်ကြီးထံမှ ဘာသံမျှထွက်မလာသောအခါ အတန်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်မှုကကြောက် မက်ဖွယ်ကြီးစိုးနေ၏။ အတန်ကြာတော့မှကျောင်းအုပ်ကြီး၏ချောင်းဟန့်သံ
ံမပီမသတစ်ချက်ထွက်ပေါ်လာခဲ့၏။ ကျောင်းအုပ်ကြီး ၏ချောင်းဟန့်သံကလည်ချောင်းမရှင်းသဖြင့် အောင်အောင်မြင်မြင်မဖြစ်သော်လည်းကျောင်းသူကျောင်းသားအချို့အတွက် ဗုံးတစ်လုံးပေါက်ကွဲလိုက်သလိုဆတ်ကနဲတုန်သွားသည်အထိ လန့်ဖြန့်သွားကြသည်။

ထို့နောက်တွင်မှ ကျောင်းအုပ်ကြီး၏တုန်ယင်လှုတ်ခတ်သော အသံထွက်ပေါ်လာခဲ့လေသည်။

“မအေးအေးချို”

“အီး…ဟီး…ဟီးးးး”

ကျောင်းအုပ်ကြီး၏ခေါ်သံနှင့်အတူဆက်တိုက်ထွက်ပေါ်လာသည်က ကျောင်းသူတစ်ဦး၏ဆို့နင့်ကြေကွဲစွာအော်ငိုလိုက်သောအသံ။အတန်းပိုင်ဆရာမကငိုချလိုက်သောကျောင်းသူဆီသို့ ကမန်းကတန်းပြေးသွားပြီးပခုံးပေါ်မှ အသာပွေ့ဖက်ဖေးမပေးထားလိုက်သည်။ဆရာမထံမှ မျက်ရည်များကငိုနေသောကျောင်းသူလေး၏ခေါင်းပေါ်သို့ ပေါက်ကနဲကျ၏။

ကျောင်းအုပ်ကြီး၏အသံထပ်မံထွက်ပေါ်လာပြန်သည်။

“မောင်သူရဦး”

“အီး….ဟီး……..ဟီးးး”

နောက်ဆုံးတန်းမှ ကျောင်းသားတစ်ဦး၏ငိုသံထွက်ပေါ်လာပြန်သည်။ငိုနေသောကျောင်းသားကိုဘေးမှသူငယ်ချင်းများကဝိုင်းဝန်း
ပွေ့ဖက် နှစ်သိမ့်ကြပြန်သည် နာမည်အခေါ်မခံရသော်လည်းကျောင်းသူအချို့၏မျက်နှာပေါ်တွင် မျက် ရည်တို့ ဝဲသူအချို့၊စီးသူအချို့။

ကျောင်းအုပ်ကြီး၏ဆို့နင့်ကြေကွဲစွာသောအသံများက ဆက်လက်ထွက်ပေါ်နေဆဲ။

“မသင်းသင်းနိုင်”

“မခိုင်ဝါသော်”

“မောင်နေနိုင်”

ကျောင်းခန်းတွင်းဝယ် ငိုသံတွေ တဖြည်းဖြည်းစည်ကားလာသည်။မျက်ရည်တွေ တစစနှင့် ချောင်းစီးကုန်ပြီ။

× × × × × × ×

“သမီး..ဖေဖေမရှိတုန်းကိုလိမ်လိမ်မာမာနေပြီးစာကြိုးစားနော်။မေမေ့ကိုလည်းဆိုင်ကူရောင်းပေး။ ကြားလား”

“အီး..ဟီး..ဟီး..”

ဝမ်းနည်းဆို့နင့်နေမှုကြောင့် ဖေဖေ့စကားကိုပြန်မပြောနိုင်ပါ။ခေါင်းမှပင်ပြန်ညိတ်မပြနိုင်ဘဲမျက်နှာကိုလက်ဝါ်းနှင့်အုပ်ပြီး ငိုချလိုက်မိသည်။

“ဟဲ့..မငိုရဘူးလေ။အော်..ဒီကောင်မလေးနဲ့တော့ ခက်တော့တာပဲ။အငယ်တွေတောင်မငိုဘဲနဲ့။”

မေမေ၏ဒေါသမပါသောအဆူအငေါက်စကားကိုဂရုမစိုက်နိုင်ပါ။ဖခင်ကိုလနဲ့ချီခွဲရမည့် သားသမီးတစ် ယောက်ကဒီလိုဝမ်းနည်းခွင့်မရှိဘူးလား။ဝမ်းနည်းရင် ဒီလိုငိုခွင့်မရှိဘူးလား။လနဲ့ချီခွဲရ၍ ဝမ်းနည်းခြင်းဆိုတာထက် စိတ်ပူခြင်းဒဏ်ကိုမခံနိုင်၍ငိုခြင်းဆိုသည်ကပိုမှန်လိမ့်မည်။

မပူဘဲနေပါ့မလား။ဖခင်သွားသည့်ခရီးကရန်ကုန်မဟုတ်။

မန ္တလေးမဟုတ်။မြို့ကြီးပြကြီးမဟုတ်။လမ်းမရှိသောတော၊လျှိူ၊မြောင်၊တောင် ဘယ်ဟာရယ်လို့ မှန်းဆမရသောခရီး။ထို့ပြင် ဖခင်၏အသက်ကိုထုတ်ယူသွားနိုင်သောရန်သူများရှိသည့်ရှေ့တန်း။ဖခင်ကိုမိမိတို့ ကျိန်းသေ ပြန်တွေ့ရပါမည်ဟုဘယ်သူကမှ အာမမခံနိုင်သော အန္တရာယ်ကွင်း။

ထိုကဲ့သို့သောနေရာမျိုးကိုလနဲ့ချီပြီးသွားမည့်ဖခင်အားဟန်ဆောင်ပန်ဆောင် ပြုံးရွှင်စွာ နှုတ်မဆက်နိုင်ပါ။

“ငါ့ သမီးကလည်းကွာ..စစ်သားသားသမီးဖြစ်ပြီးစိတ်ပျော့လိုက်တာ။ဖေဖေတစ်ယောက်တည်းသွားမှာမှမဟုတ်ဘဲနဲ့။
ကျန်ခဲ့မှာကလည်းသမီးတို့၊မေမေတို့ တင်မှမဟုတ်ဘဲနဲ့။တပ်ရင်းတစ်ရင်းလုံးအတူတူသွားကြမယ်။သမီးတို့လို့မိသားစုတွေ အများကြီးကျန်ခဲ့မယ်။အဲဒါ ဘာဖြစ်လဲသမီးရဲ့။ငိုစရာလား”

ဖေဖေက ပြုံးရွှင်ရယ်မောစွာပြောလေ။ကိုယ်ကငိုချင်လေ။ဖေဖေကမိသားစုနှင့်ခွဲရမှာမို့ဝမ်းနည်းနေသော် လည်းသမီးဖြစ်သူ၏ပူပင်လွမ်းဆွတ်သောမျက်ရည်အတွက် ပီတိဖြစ်နေသည်ကလည်းသိသာပါသည်။ဖေဖေဒီလိုထွက်တိုင်း ပြန်မှပြန်လာပါတော့မလားဟုတွေးပူရသောစစ်သားသားသမီးဘဝကိုကြောက်လွန်းလှပြီ။သို့သော် ရင်ထဲမှာရှိသည်အတိုင်းဖေဖေတိုက်ပွဲကျမှာစိုးရိမ်လို့ပေါ့ဟု နှုတ်ကဖွင့်မပြောရဲ။နိမိတ်ဆိုတာကရှိသေးသည်မဟုတ်လား။

သည်တော့….

“ဒီတစ်ခါပြန်လာရင် စစ်သားမလုပ်ပါနဲ့တော့လားဖေဖေ”

ရှိုက်ငိုသံတစ်ဝက်နှင့်ပြောလိုက်သောမိမိ၏စားအဆုံးတွင် ဖေဖေကလက်ကြမ်းကြီးနှင့်မိမိကိုပွေ့ဖက် ကောက်ချီလိုက်ပြီးတဟားဟားနှင့်အော်ရယ်နေပါတော့သည် ။

“ဖြစ်မှဖြစ်ရလေငါသမီးရယ်..။ဖေဖေ့အတွက် စိုးရိမ်နေတာလား။မပူနဲ့သမီးငါ့သမီးတို့ရ်ှိလို့ကိုဖေဖေ့ကနောက်တန်းကိုမရောက်ရောက်အောင် ပြန်လာမှာ။ကြားလား။”

“ဖေဖေ………ကတိနော်”

“စိတ်ချပါသမီးရဲ့။ဖေဖေကတိပေးပါတယ်။ဖေဖေပြန်လာမယ့်ရက်ကိုသာစောင့်နေ။ပြန်လာတဲ့နေ့ကျရင် တစ် မိသားစုလုံးရုပ်ရှင်သွားကြည့်ကြမယ်။ဟုတ်ပြီလား”

ဖေဖေ့ကိုခေါင်းညိတ်ပြလိုက်ရင်းကမျက်ရည်တို့ကိုသုတ်ရသည်။

× × × × × × ×

“စောဝေလင်းနဲ့အောင်ထူးကျသွားပြီတဲ့”

မေမေကကပ်လျှက်လိုင်းခန်းမှ အန်တီထွေးထွေးကိုလှမ်းအော်ရင် တဘက်လေးကိုဆွဲယူပြီးကမန်းကတန်းထွက်သွားသည်။ခဏအကြာအန်တီထွေးထွေးလည်းတံခါးပိတ်ပြီးသုတ်
တီးသုတ်ပြာထွက်သွားပြန်သည်။လိုင်းခန်းတစ်တန်းလုံးအော်ဟစ်ငိုယိုသံ၊ပြေးလွှားစီစဉ်သံတို့ ချက်ချင်းလှုပ်လှုပ်ရှားရှားဖြစ်သွား၏။

အို…ဦးစောဝေလင်းနဲ့ဦးအောင်ထူးကြီးတို့ ကျသွားပြီတဲ့။

ဖေ့ဖေ့ရဲ့တပည့်တွေလည်းဖြစ်၊မိမိကိုလည်းချီပိုးထိန်းကျောင်းခဲ့သောလူပျော်ကြီးတွေကိုမျက်စိထဲတွင် ရုပ်ရှင်ဇာတ်ကားနောက်ကြောင်းပြန်ပြသလို မြင်ယောင်လာပြီးမျက်ရည်တို့အလိုလိုကျလာခဲ့သည်။

ရှေ့တန်းစထွက်မည့်နေ့က

“ဟဲ့..ကောင်မလေး..စစ်သားသားသမီးလုပ်ပြီး

ဖအေရှေ့တန်းထွက်တာကိုငိုရသတဲ့လား။ဘာလဲ။ရှေ့တန်းကနေနောက်မိန်းမရလာမှာကြောက်လို့လား။”

“ဟုတ်တယ်စောဝေလင်းရ။မီးမီးကသူ့အဖေကိုရှေ့တန်းထွက်တိုင်းမိန်းမရလာမယ်မှတ်နေတာ။ဒီမှာမီးမီး။ မပူနဲ့။ညည်းအဖေလိုရုပ်ဆိုးကြီးမပြောနဲ့။ဦးအောင်ထူးလိုအောင်ရဲလင်းနဲ့တူတဲ့သူတောင် ရှေ့တန်းခဏခဏထွက်နေတာဘယ် တုန်းကမှ မိန်းမမရခဲ့ဘူး။ကြားလား”

“ဘယ်ရပါ့မလဲအောင်ထူးရ။မင်းကရှေ့တန်းရောက်ရင် အမြဲတမ်းမူးမူးပြီးမှောက်နေတော့ မိန်းမပိုးချိန်မှမရှိတာ။ငါတို့ကတော့ ပိုးစရာကိုမလိုဘူး။မလိုချင်လို့ ရွာထဲကင်းလှည့်ဆိုရင်တောင် လူပြောင်းပေးဖို့ ဆရာ့ကိုတောင်းဆိုရတယ်။”

“ဘာလဲ..ရွာထဲကတိုင်းရင်းသူတွေကတဏှာရူးလာပြီဆိုပြီးလန့်ကုန်မှာစိုးလို့လား”

“ဟား..ဟား…ဟား…..”

စစ်သားဘဝကိုပျော်ပျော်ကြီးဖြတ်သန်း၍ ကျေနပ်ပီတိဖြစ်နေတတ်သော၊အချိန်ပြည့် အနောက်အရွှတ်စကားများဖြင့် စကားနိုင်လုနေတတ်သောဖေဖေ့ကိုချစ်တဲ့တပည့်နှစ်ယောက်။အပြီးအပိုင် ပြန်မလာနိုင်တော့ဘူးပေါ့။

ရုပ်ကလာပ်မရှိသောအသုဘအိမ်တွင် စစ်သားဇနီးသည်တို့ မျက်ရည်များတွေ့ဆုံပွဲကျင်းပကြသည်။ လင်သားဆုံးရှုံးသွားသောဇနီးသည်ကိုအားပေးနှစ်သိမ့်ရင်းဘယ်နေ့သတင်းဆိုးရောက်လာမလဲဟုပူပန်သော
စိတ်ကြောင့် သောကမျက်ရည်တွေကိုရောလွှတ်ကြ၏။

× × × × × × ×

ဖေဖေတို့ ယခုထွက်သွားသည့်ရှေ့တန်းကလောက်ကိုင်…တဲ့။

ရှေ့တန်းမှာတိုက်ပွဲတွေဘယ်လိုဖြစ်နေသည်တော့မသိ။လိုင်းခန်းများတွင် ငိုသံတွေရက်စိတ်စိတ်လာခဲ့သည်။ အိမ်ထောင်ဦးစီးမဲ့သောမိသားစုတွေညပင်မအိပ်နိုင်အောင် တုန်လှုပ်ချောက်ချားနေသောအချိန်ကာလ။ငိုသံတစ်ခါထွက်လာတိုင်းကိုယ့်ငိုချိန်ဘယ်တော့ကျပါ့မလဲဟုရင်မနေ
ရသောအခြေအနေ။

ကျောင်းတက်နေရသော်လည်းစိတ်ကမဖြောင့်။ရှေ့တန်းမှ အကျအဆုံးစာရင်းဝင်လာခဲ့လျှင် တပ်ရင်းမှုးရုံးမှ မိသားစုကိုအကြောင်းကြားသည်။ထိုသို့အကြောင်းကြားခါနီးလျှင် ကျဆုံးသောရဲဘော်၊ဒဏ်ရာရသောရဲဘော်၏သားသမီး၊ ကျောင်းသူကျောင်းသားရှိနေပါကကျောင်းသို့လိုက်ခေါ်ပြီးမှ မိသားစုကိုအသိပေးကြသည်။

နေ့စဉ်ကျဆုံး၊ဒဏ်ရာရသတင်းကဝင်နေသောအခါ ကျောင်းသို့ သက်ဆိုင်ရာကျောင်းသူ၊ကျောင်းသားကိုလိုက်ခေါ်ရသောတပ်ကြပ်ကြီးစာရေးနှင့် စစ်တပ်မိသားစုသုံးဖောကားကြီးကကျောင်းသို့နေ့စဉ် ရောက်နေရတော့သည်။

ကျောင်းတွင်းသို့စစ်ကားစိမ်းစိမ်းကြီးဝင်လာပြီဆိုလျှင် ရှေ့တန်းထွက်နေသောစစ်သည်သားသမီးများအတွက် ကံစမ်းမဲပင်။

တပ်ကြပ်ကြီးစာရေးနှင့် ကျောင်းအုပ်ကြီးတို့ဝင်သောအခန်းသည် ချက်ချင်းအမင်္ဂလာအခန်းအဖြစ်သို့ပြောင်းလဲသွာသည်။ငိုယိုသံတွေ ချက်ချင်းဆူပွက်သွားသည်။မျက်ရည်တွေချက်ချင်းချောင်းစီးကုန်သည်။

ကျောင်းအုပ်ကြီးပါးစပ်မှထွက်လာသောကျောင်းသူကျောင်းသား၏ နာမည်သည် ထိုအမင်္ဂလာနေ့အတွက် ကံစမ်းမဲပေါက်သူပင်။နာမည်ခေါ်လိုက်သည်နှင့် ဘာကိစ္စဟုထပ်မေးနေစရာမလို။မိမိတို့၏ဖခင် ရှေ့တန်းမှာကံကြမ္မာဆိုးတွေ့ပြီဖြစ်ကြောင်းရှင်းပြနေစရာမလိုဘဲအလိုအလျောက်သိရပြီးသား။

ထို့ကြောင့် မိမိတို့စစ်သည်သားသမီးများကျောင်းဝင်းထဲသို့ မိမိတို့စစ်တပ်ကားကြီးဝင်လာကတည်းကတုန်လှုပ်ချောက်ချားတတ်နေခဲ့ပြီ။ခုဆိုလျှင်ဖေဖေကရှေ့တန်းမှာ
မဟုတ်လား။နောက်ပြီးတော့ ကျဆုံး၊ဒဏ်ရာရစာရင်းတွေ နေ့စဉ်ဝင်လာနေသော ပြင်းထန်လှသည့် လောက်ကိုင်ရှေ့တန်း။ယခင့်ယခင်အခေါက်များထက် ကျောင်းတွင်းသို့စစ်ကားကြီးအရောက်စိတ်လှသည့် ရှေ့တန်း။

ကျောင်းအုပ်ကြီးနှုတ်မှမိမိတို့နာမည်အခေါ်မခံရပါစေနှင့်ဟု တထိတ်ထိတ်ဆုတောင်းနေရသည်။ထိုကံစမ်းမဲကိုမိမိတို့ စစ်သည်သားသမီးများမည်သူမျှ မပေါက်ချင်ကြပါ။

ခုလည်းဖေဖေရှေ့တန်းသွားနေသည်။စစ်ကားကြီးကားလည်းတစ်ရက်ခြား၊နှစ်ရက်ခြားဆိုသလိုကျောင်းကို
ရောက်ရောက်လာသည်။တပ်ကြပ်ကြီးလည်းကျောင်းအုပ်ကြီးနှင့် မိတ်ဆွေဖြစ်သည်အထိရင်းနှီးနေကြပြီ။ဖေဖေကပြန်မလာသေး။

ဟော..ပြောရင်းဆိုရင်းကျောင်းထဲကိုစစ်ကားကြီးဝင်လာပြန်ပြီ။

ဘုရား..ဘုရား…ကျွန်မကံစမ်းမဲမပေါက်ပါစေနဲ့ဘုရား။



(ဆရာသက်ဦးမောင်အား လေးစားစွာ credit ပေးပါသည် )


ဖိုးသူတော် (www.phothutaw.com)
Credit: သက်ဦးမောင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top