ေက်ာ္ဟိန္း သည္ ၁၉၄၇-ခုနွစ္၊ ဇူလိုင္လ(၁၄)ရက္၊ တနလၤာေန့တြင္ ရန္ကုန္ျမို့၊ စမ္းေခ်ာင္းျမို့နယ္၊ ေက်ာင္းကုန္းလမ္း ၌ အျငိမ္းစား ခရိုင္ ရဲဝန္ အဖ ဦးဂြ်န္ေမာင္စိန္ နွင့္ အမိ ေဒၚခ်ိုခ်ို တို့မွ ေမြးဖြားခဲ့သည္။

ကရကဋ္ ရာသီဖြားျဖစ္ျပီး ငယ္နာမည္ ေက်ာ္ျကီး ။ အမည္ရင္းမွာ ေက်ာ္ေဌး ျဖစ္ သည္။ သားသမီး ေျခာက္ေယာက္မွာ နံပါတ္ ေလးေယာက္ေျမာက္ျဖစ္သည္။

၁၉၅၂ ခုနွစ္ – ရန္ကုန္ျမို့ဳ၊ ျကည့္ျမင္တိုင္၊ ABM ေက်ာင္းမွာ ပထမတန္း ကေန စတုတၳတန္း အထိ ေက်ာင္းစာ သင္ျကားခဲ့သည္။ (စတုတၳတန္း စာေမးပြဲမွာ ေအာင္မွတ္ မျပည့္လို့ ေနြရာသီေက်ာင္းပိတ္ရက္ နွစ္လ မွာ စာက်က္ျပီး စာေမးပြဲ ျပန္ေျဖရတယ္။)

၁၉၅၆ ခုနွစ္ – အလံုျမို့နယ္၊ ဟုမ္းလမ္း ဘူတာရံုနားက ယူနစ္ကရင္ေက်ာင္းမွာ ပဥၥမတန္း ကို တက္ေရာက္သင္ျကား။

၁၉၅၇ ခုနွစ္ -အလံုျမို့နယ္၊ ကူရွင္ေက်ာင္းမွာ ဆ႒မတန္း၊ သတၱမတန္း (နွစ္ျကိမ္)၊ အ႒မတန္း၊ နဝမတန္း (နွစ္ခါ က်လို့ ေက်ာင္းထြက္လိုက္ရ)

၁၉၆၄ ခုနွစ္ -ရန္ကုန္ျမို့၊ ျမို့နယ္ အသီးသီးရွိ အလြတ္ ပညာသင္ေက်ာင္း (ညေက်ာင္း အပါအဝင္)၊ (၂၃) ေက်ာင္း ေျပာင္းေရွြ့သင္ျကား၊ ေနာက္ပိုင္း ေက်ာင္း မေနၿဖစ္ေတာ့ဘဲ အိမ္က ၁၆ ျကိမ္ဆင္း။ အိမ္ေျပး ဘဝနဲ့ လမ္းေပၚမွာ ေလလြင့္။

၁၉၆၅ ခုနွစ္ – ကမာရြတ္ျမို့နယ္၊ ေဒၚသာထက္ ေက်ာင္းမွာ နဝမတန္း (သံုးျကိမ္ေျမာက္) သင္ျကားေအာင္ျမင္ ။

၁၉၆၆ ခုနွစ္ – ဒဂံုျမို့နယ္၊ ေဒၚနုနုခင္ အလြတ္ ပညာသင္ေက်ာင္းမွာ ဒသမတန္းသင္ျကား၊ သံုးလေလာက္ တက္ျပီးေရတပ္ထဲဝင္ (ကိုယ္ပိုင္ နံပါတ္ ၁၂၂၀၅) ၁၉၆၇ ခုနွစ္ – ေရတပ္ထဲကထြက္၊ ဒသမတန္း ျပန္ေျဖ၊ ဆယ္တန္း(ခ)နွင့္ေအာင္ (တကၠသိုလ္ဝင္တန္း) အထိ ပညာ သင္ျကားခဲ့သည္။ ငယ္စဥ္က စိန္ေဂၚလီ ဂိုဏ္း ဝင္ တစ္ဦးျဖစ္သည္။ ရုပ္ရွင္ေလာကထဲေရာက္။

၁၉၇၀-ျပည့္နွစ္မွ စ၍ ရုပ္ရွင္ မင္းသမီး စနၵာနွင့္ အတူ ဖူးစာလမ္းစံု ဇာတ္ကားျဖင့္ ရုပ္ရွင္ေလာကထဲသို့ ဝင္ေရာက္ခဲ့သည္။ ရုပ္ရွင္ သရုပ္ေဆာင္ အျဖစ္ `အကာက အခ်စ္ အနွစ္ကေမတၱာ´၊ `မြန္းတည့္ခ်ိန္တြင္ ေနဝင္သည္´၊ `ပန္းျမိုင္လယ္က ဥယ်ာဉ္မႉး´၊ `ေဝလည္းေမွြး ျကြေလည္းေမွြး´ဇာတ္ကားမ်ားျဖင့္ အကယ္ဒမီ ေလးျကိမ္ ရရွိခဲ့သည္။

`မြန္းတည့္ခ်ိန္တြင္ ေနဝင္သည္´ဇာတ္ကားကို ကိုယ္တိုင္ ဒါရိုက္တာ အျဖစ္ ရိုက္ကူးခဲ့သည္။ ၁၉၇၀-ခုနွစ္တြင္ ပထမဆံုး ဒါရိုက္တာလုပ္၍ သရုပ္ေဆာင္ ရိုက္ကူးခဲ့ေသာ ဇာတ္ကားမွာ စိန္ သို့မဟုတ္ စိန္ ျဖစ္သည္။ ထို ဇာတ္ကား၏ ေျကာ္ျငာ ဒီဇိုင္း၊ ပိုစတာမ်ား အားလံုးကို သူကိုယ္တိုင္ ေနမင္းထိပ္ေခါင္ အမည္ျဖင့္ ေရးဆြဲခဲ့ေပသည္။

ဝတၳုတို၊ ဝတၳုရွည္ အခ်ို့ ေရးသားခဲ့ျပီး ေတးစီးရီး အခ်ို့ကိုလည္း သီဆို ထုတ္လုပ္ခဲ့သည္။ ရုပ္သံေျကာ္ျငာမ်ားတြင္လည္း သရုပ္ေဆာင္ေျကး အမ်ားဆံုးရသူျဖစ္သည္။

၂၀ဝ၈-ခုနွစ္၊ နိုဝင္ဘာ (၄) ရက္ေန့မွ စ၍ ဦးေက်ာ္ဟိန္း သည္ ရုပ္ရွင္ေလာကမွ အနားယူကာ ရဟန္း ဝတ္ခဲ့ေလသည္။ ဘြဲ့ေတာ္မွာ ဦးကိတၱိသာရ ျဖစ္သည္။

ဦးေက်ာ္ဟိန္း ရဟန္း မဝတ္ခင္ကလည္း ေက်ာ္ဟိန္း ၏ ေနာက္ဆံုး နႈတ္ ဆက္ ခရီးစဉ္ဟု အမည္ေပးကာ ျမန္မာနိုင္ငံ အနွံ့သို့ သြားေရာက္ခဲ့ေသး သည္။ ရဟန္းေဘာင္ဝင္၍ တရားပြဲမ်ား ျပုလုပ္ျခင္းနွင့္ ပတ္သက္၍ ေဝဖန္ေျပာဆိုမႈမ်ား ရွိခဲ့သည္။

ဘုန္းျကီးဝတ္ အေနျဖင့္ စာေပမ်ားေရးေသာအခါ ကေလာင္ နာမည္ ဦးကိတၱိသာရ (ေခတၱ ၃၁ ဘံု) ဟုျဖစ္သည္။ ေနာက္ဆံုး ရိုက္ကူးခဲ့ေသာ ရုပ္ရွင္ကား မွာ ျကိုးတန္း ျဖစ္သည္။

၁၉၆၇ ခုနွစ္မွ ၂၀ဝ၈ ခုနွစ္ထိ (နွစ္ေပါင္း ၄၁ နွစ္ အတြင္း) ရိုက္ကူးခဲ့ေသာ ရုပ္ရွင္ ကားေပါင္း ၂၂၂ကား၊ ဗီဒီယို ကားေပါင္း ၃၆၂ ကား ဆိုခဲ့တဲ့ သီခ်င္းေခြေပါင္း ၁၄ ေခြ ျဖစ္သည္။

=================

#ဖိုး(4)သမား ရုပ္ရွင္သရုပ္ေဆာင္

ငယ္စဥ္က ၉တန္းေက်ာင္းထပ္မတက္ပဲ

ေရတပ္သားဘဝနဲ႔တစ္ႏွစ္ေနခဲ႔တယ္။

ေရတပ္သားဘဝမွာလည္းသူမေပ်ာ္ျပန္ဘူး..

နတ္တလင္းကအေဒၚျဖစ္သူက အတင္းလိုက္ရွာျပီ

၉တန္းျပန္ေျဖခိုင္းတယ္။ေအာင္သြားပါတယ္။

ဆယ္တန္းမတက္ေတာ့ဘူးအိမ္မွာလည္းငါမေနခ်င္ေတာ့ဘူးဆိုျပီး ထြက္လာတယ္။

လမ္းမွာဆိတ္ျခံတစ္ျခံမွာ အိပ္စရာမရွိလို႔ဒီညအိပ္ပါရေစဆိုေတာ့ ဆိတ္ျခံထဲေတာ့အိပ္လို႔ရမယ္ဒါေပမယ့္မနက္ဆိတ္ေခ်းက်ံဳးရမယ္။

သူ႕အတြက္တစ္ညတာအိပ္စက္ခြင့္ရသြားပါတယ္။

ဦးတည္ရာမရွိရည္မွန္းခ်က္မရွိသြားခ်င္ရာသြား လမ္းသူရဲေတြနဲ႔ေပါင္း ျပီးဘိန္းေတြရႈ။ေနာက္ပိုင္းမွာေတာ့ ႀကံေတာသခၤ် ိဳင္းမွာ ကိုယ္လက္

အဂၤ ါမစံုသူေတြနဲ႔ဖဲေတြရိုက္ဒီလိုနဲ႔ဘဝကိုကုန္ဆံုးေစခဲ႔တယ္။

=======================================

စာဖတ္ဝါသနာပါတဲ႔သူ

——–*—————————-

တစ္ရက္မွာ ရုပ္ရွင္သရုပ္ေဆာင္သင္တန္းကေခၚတဲ႔စာေလးကိုဖတ္လိုက္မိတယ္။

ဟာ မဆိုဘူးပဲ သူေလ်ွာက္ဖို႔ စိတ္ကူးလိုက္တယ္။

ကံပဲေကာင္းတာလား ေတာ္လို႔ပဲလားပါရမီလားမသိေပမယ့္ သရုပ္ေဆာင္သင္တန္းတက္ခြင့္စာေမးပြဲေအာင္သြားပါတယ္။

သရုပ္ေဆာင္သင္တန္းျပီးျပီ ရုပ္ရွင္ရိုက္ခ်င္ျပီ ဘယ္ကုမၸဏီကမွလာမေခၚဘူး။

ကံေကာင္းေစတဲ႔ေန႔

—————————–

သူ႕အေဒၚအဆက္အသြယ္နဲ႔ရုပ္ရွင္ကားတစ္ကားမွာပါဝင္ခြင့္ရခဲ႔ပါတယ္။

ဇတ္လမ္းရိုက္မွာက မႏၲေလးမွာ..

ဒါရိုက္တာက သူ႕ကို ေသခ်ာသရုပ္ေဆာင္ေနာ္မွားရင္ျပန္ရမယ္။

မနက္ျဖန္မႏၲေလးလိုက္ခဲ႔ဒါပဲ။

ဆရာက်န္ေတာ့္လမ္းစာရိတ္ေလးေရာ.!

ဒါရိုက္တာက ဟာ ရိုက္ေတာင္မရိုက္ရေသးဘူး မေပးႏိုင္ဘူး။

သူေဒါသထြက္သြားပါတယ္။ဟုတ္ျပီရေအာင္ရိုက္ျပမယ္။

မနက္ခင္း မီးရထားဘူတာကိုေငးငိုင္ျပီးလမ္းေလ်ွာက္လာတယ္။

ရပ္ထားတဲ႔ရထားေဘးမွာ မတ္တပ္ရပ္ေနတုန္း

ရထားေပၚကလမ္းေခၚလိုက္တာက မင္းသမီးႀကီးေဒၚစံရွားတင္။

ဟိတ္ေကာင္ေလး နင္ငါတို႔ရုပ္ရွင္ထဲမွာပါတဲ႔ေကာင္ေလးမလား လာေလဘာလုပ္ေနတာလဲ။

က်န္ေတာ္ ရထားစီးဖို႔ ပိုက္ဆံက..

လာပါငါစိုက္ေပးမယ္

(ေနာက္ပိုင္းမွာေဒၚစံရွားတင္ဟာသူ႕ဘဝရဲ႕ပထမဆံုုးေက်းဇူးရွင္လို႔ေျပာသြားပါတယ္)

မႏၲေလးကသူ႕ဘဝရဲ႕ပထမဆံုးရုပ္ရွင္

—————————————————–

သူဟာသူေဌးသားဆရာဝန္။သူ႕ခ်စ္သူက ရပ္ကြက္ထဲကပဲျပဳပ္သည္ေကာင္မေလး။မိခင္ျဖစ္သူက သေဘာမတူတဲ႔ခ်ိန္မွာ

သူျပန္ေျပာပါတယ္-

ဟာ မာသားႀကီးတို႔ကလည္း လူခ်င္းတူတူပဲဗ် ပခံုးႏွစ္ဖက္ႀကားကေခါင္းေပါက္တာ ႏွာေခါင္းနဲ႔အသက္ရႈတာ ————*-******

ပထမဆံုးဇာတ္လမ္းဟာ သူ႕အတြက္ ပရိတ္သတ္စတင္လက္ခံခဲ႔တယ္။

ဒါရိုက္တာကလည္းသူ႕စကားလံုးေတြကိုေႀကြသြားခဲ႔တယ္။

သူဟာ နာမည္ေက်ာ္သရုပ္ေဆာင္တစ္ေယာက္ျဖစ္လာခဲ႔တယ္။

ရုပ္ရွင္ရိုက္ခါနီးမွာေပ်ာက္ေပ်ာက္ေနတယ္။ဘာလုပ္တာလဲ။

သူအင္မတန္စြဲေနတဲ႔ဘိန္းခိုးရႈေနခဲ႔တယ္။

တစ္ရက္မွာေတာ့ မိမိဝင္းေရႊရဲ႕အေဖ ပန္းခ်ီဦးဝင္းေဖဟာ သူ႕ကိုရိုက္ကြင္းထဲမွာ ဒိုင္ယာေလာ့တစ္ခုခ်ျပေနတုန္းသူနဲ႔ဦးဝင္းေဖမ်က္လံုးခ်င္းဆံုမိလိုက္တယ္။

သူ႕အေႀကာင္းသိေနတဲ႔

ဦးဝင္းေဖရဲ႕မ်က္လံုးတစ္စံုက စကားေတြေျပာေနတာသူသိတယ္

“အလကားေကာင္ဘိန္းစား”တဲ႔

သူေဒါသထြက္သြားတယ္

ငါေလးစားရတဲ႔ ငါ့ဆရာကဒီလိုေျပာတယ္ငါမခံႏိုင္ဘူး။

ငါရေအာင္ျဖတ္မယ္ဆိုျပီး အိမ္ကိုျပန္လာခဲ႔တယ္။

အိမ္ေရာက္ေတာ့ သူႀကိဳက္တဲ႔ဘိန္းထုပ္ကိုဝေအာင္ရႈလိုက္တယ္။

ဝျပီဆိုတာနဲ႔ဘိန္းထုပ္ကိုယူျပီး ေႀကြးေႀကာ္လိုက္တယ္ျပတ္ျပီကြဆိုျပီး

သူ႕ဘိန္းထုပ္ကိုအိမ္သာခြက္ထဲေလာင္းထည့္လိုက္တယ္။

မႀကာပါဘူး

သူယင္းေတြျပန္ထလာပါတယ္။

မေနႏိုင္ေတာ့တဲ႔အဆံုးမွာသူဟာ အိမ္သာဘက္ကိုသြားျပီး

အိမ္သာခြက္ေဘးမွာတင္ေနတဲ႔ဘိန္းမႈန္႔တစ္ခ်ိဳ႕ကို လက္နဲ႔ယူလိုက္တယ္။

ျပီးေတာ့ ပါစပ္နားထည့္ခါနီးမွာ သူ႔မ်က္ဝန္းတစ္စံုဟာ မ်က္ရည္ေတြစီးက်လာတယ္။ရွက္လိုက္တာရွက္လိုက္တာ..

မရႈေတာ့ဘူးဒီဘိန္းကိုလံုးဝမသံုးေတာ့ဘူးဆိုျပီးသူ႕အသက္သံုးဆယ္မွာ ဆရာဝန္အကူအညီမပါပဲဘိန္းျပတ္သြားခဲ႔ပါတယ္။

ရုပ္ရံုေလာကမွာလည္းသူမွသူ

သီခ်င္းဆိုရာမွာလဲသူမွသူ ဇာတ္ဝင္ေတးဆိုရာမွာလည္းသူမွသူျဖစ္ခဲ႔သူႀကီးေပါ့..

စိတ္ဓာတ္ပိုင္းဆိုင္ရာဇာတ္လမ္းေတြ ေလာကဆိုင္ရာဇာတ္လမ္းေတြကို မ်ားမ်ားရိုက္ျပီး

သူ႕ဘဝကိုျမင့္ျမတ္ေသာရဟန္းဘဝနဲ႔အခ်ိန္ကုန္ေစပါေတာ့တယ္။

#ေဇာ္ခိုင္ဦး(မႏၲေလး)

(ေလာကမွာ ဘယ္ေလာက္ပဲလမ္းမွားေရာက္ေနပါေစ လမ္းမွန္ေပၚျပန္ေရာက္ေအာင္ႀကိဳးစားျပီး ေအာင္ျမင္ေသာသူတစ္ေယာက္ျဖစ္ေအာင္ႀကိဳးစားလို႔ရတယ္ဆိုတာေလးကို ဦးေက်ာ္ဟိန္းရဲ႕ျဖစ္စဥ္ေလးနဲ႔အတိုခ်ဳပ္သတိေပးထားတာပါေနာ္)


ဖိုးသူေတာ္ (www.phothutaw.com)
Credit: မင္းရဲေက်ာ္စြာ

Via-Steven Aung Myo
(Naing Yan)

#Unicode Version#
ကျော်ဟိန်း သည် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်၊ တနင်္လာနေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျောင်းကုန်းလမ်း ၌ အငြိမ်းစား ခရိုင် ရဲဝန် အဖ ဦးဂျွန်မောင်စိန် နှင့် အမိ ဒေါ်ချိုချို တို့မှ မွေးဖွားခဲ့သည်။

ကရကဋ် ရာသီဖွားဖြစ်ပြီး ငယ်နာမည် ကျော်ကြီး ။ အမည်ရင်းမှာ ကျော်ဌေး ဖြစ် သည်။ သားသမီး ခြောက်ယောက်မှာ နံပါတ် လေးယောက်မြောက်ဖြစ်သည်။

၁၉၅၂ ခုနှစ် – ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ABM ကျောင်းမှာ ပထမတန်း ကနေ စတုတ္ထတန်း အထိ ကျောင်းစာ သင်ကြားခဲ့သည်။ (စတုတ္ထတန်း စာမေးပွဲမှာ အောင်မှတ် မပြည့်လို့ နွေရာသီကျောင်းပိတ်ရက် နှစ်လ မှာ စာကျက်ပြီး စာမေးပွဲ ပြန်ဖြေရတယ်။)

၁၉၅၆ ခုနှစ် – အလုံမြို့နယ်၊ ဟုမ်းလမ်း ဘူတာရုံနားက ယူနစ်ကရင်ကျောင်းမှာ ပဉ္စမတန်း ကို တက်ရောက်သင်ကြား။

၁၉၅၇ ခုနှစ် -အလုံမြို့နယ်၊ ကူရှင်ကျောင်းမှာ ဆဋ္ဌမတန်း၊ သတ္တမတန်း (နှစ်ကြိမ်)၊ အဋ္ဌမတန်း၊ နဝမတန်း (နှစ်ခါ ကျလို့ ကျောင်းထွက်လိုက်ရ)

၁၉၆၄ ခုနှစ် -ရန်ကုန်မြို့၊ မြို့နယ် အသီးသီးရှိ အလွတ် ပညာသင်ကျောင်း (ညကျောင်း အပါအဝင်)၊ (၂၃) ကျောင်း ပြောင်းရှေွ့သင်ကြား၊ နောက်ပိုင်း ကျောင်း မနေဖြစ်တော့ဘဲ အိမ်က ၁၆ ကြိမ်ဆင်း။ အိမ်ပြေး ဘဝနဲ့ လမ်းပေါ်မှာ လေလွင့်။

၁၉၆၅ ခုနှစ် – ကမာရွတ်မြို့နယ်၊ ဒေါ်သာထက် ကျောင်းမှာ နဝမတန်း (သုံးကြိမ်မြောက်) သင်ကြားအောင်မြင် ။

၁၉၆၆ ခုနှစ် – ဒဂုံမြို့နယ်၊ ဒေါ်နုနုခင် အလွတ် ပညာသင်ကျောင်းမှာ ဒသမတန်းသင်ကြား၊ သုံးလလောက် တက်ပြီးရေတပ်ထဲဝင် (ကိုယ်ပိုင် နံပါတ် ၁၂၂၀၅) ၁၉၆၇ ခုနှစ် – ရေတပ်ထဲကထွက်၊ ဒသမတန်း ပြန်ဖြေ၊ ဆယ်တန်း(ခ)နှင့်အောင် (တက္ကသိုလ်ဝင်တန်း) အထိ ပညာ သင်ကြားခဲ့သည်။ ငယ်စဉ်က စိန်ဂေါ်လီ ဂိုဏ်း ဝင် တစ်ဦးဖြစ်သည်။ ရုပ်ရှင်လောကထဲရောက်။

၁၉၇၀-ပြည့်နှစ်မှ စ၍ ရုပ်ရှင် မင်းသမီး စန္ဒာနှင့် အတူ ဖူးစာလမ်းစုံ ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ ဝင်ရောက်ခဲ့သည်။ ရုပ်ရှင် သရုပ်ဆောင် အဖြစ် `အကာက အချစ် အနှစ်ကမေတ္တာ´၊ `မွန်းတည့်ချိန်တွင် နေဝင်သည်´၊ `ပန်းမြိုင်လယ်က ဥယျာဉ်မှူး´၊ `ဝေလည်းမှေွး ကြွလေည်းမှေွး´ဇာတ်ကားများဖြင့် အကယ်ဒမီ လေးကြိမ် ရရှိခဲ့သည်။

`မွန်းတည့်ချိန်တွင် နေဝင်သည်´ဇာတ်ကားကို ကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည်။ ၁၉၇၀-ခုနှစ်တွင် ပထမဆုံး ဒါရိုက်တာလုပ်၍ သရုပ်ဆောင် ရိုက်ကူးခဲ့သော ဇာတ်ကားမှာ စိန် သို့မဟုတ် စိန် ဖြစ်သည်။ ထို ဇာတ်ကား၏ ကြော်ငြာ ဒီဇိုင်း၊ ပိုစတာများ အားလုံးကို သူကိုယ်တိုင် နေမင်းထိပ်ခေါင် အမည်ဖြင့် ရေးဆွဲခဲ့ပေသည်။

ဝတ္ထုတို၊ ဝတ္ထုရှည် အချို့ ရေးသားခဲ့ပြီး တေးစီးရီး အချို့ကိုလည်း သီဆို ထုတ်လုပ်ခဲ့သည်။ ရုပ်သံကြော်ငြာများတွင်လည်း သရုပ်ဆောင်ကြေး အများဆုံးရသူဖြစ်သည်။

၂၀ဝ၈-ခုနှစ်၊ နိုဝင်ဘာ (၄) ရက်နေ့မှ စ၍ ဦးကျော်ဟိန်း သည် ရုပ်ရှင်လောကမှ အနားယူကာ ရဟန်း ဝတ်ခဲ့လေသည်။ ဘွဲ့တော်မှာ ဦးကိတ္တိသာရ ဖြစ်သည်။

ဦးကျော်ဟိန်း ရဟန်း မဝတ်ခင်ကလည်း ကျော်ဟိန်း ၏ နောက်ဆုံး နှုတ် ဆက် ခရီးစဉ်ဟု အမည်ပေးကာ မြန်မာနိုင်ငံ အနှံ့သို့ သွားရောက်ခဲ့သေး သည်။ ရဟန်းဘောင်ဝင်၍ တရားပွဲများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။

ဘုန်းကြီးဝတ် အနေဖြင့် စာပေများရေးသောအခါ ကလောင် နာမည် ဦးကိတ္တိသာရ (ခေတ္တ ၃၁ ဘုံ) ဟုဖြစ်သည်။ နောက်ဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင်ကား မှာ ကြိုးတန်း ဖြစ်သည်။

၁၉၆၇ ခုနှစ်မှ ၂၀ဝ၈ ခုနှစ်ထိ (နှစ်ပေါင်း ၄၁ နှစ် အတွင်း) ရိုက်ကူးခဲ့သော ရုပ်ရှင် ကားပေါင်း ၂၂၂ကား၊ ဗီဒီယို ကားပေါင်း ၃၆၂ ကား ဆိုခဲ့တဲ့ သီချင်းခွေပေါင်း ၁၄ ခွေ ဖြစ်သည်။

=================

#ဖိုး(4)သမား ရုပ်ရှင်သရုပ်ဆောင်

ငယ်စဉ်က ၉တန်းကျောင်းထပ်မတက်ပဲ

ရေတပ်သားဘဝနဲ့တစ်နှစ်နေခဲ့တယ်။

ရေတပ်သားဘဝမှာလည်းသူမပျော်ပြန်ဘူး..

နတ်တလင်းကအဒေါ်ဖြစ်သူက အတင်းလိုက်ရှာပြီ

၉တန်းပြန်ဖြေခိုင်းတယ်။အောင်သွားပါတယ်။

ဆယ်တန်းမတက်တော့ဘူးအိမ်မှာလည်းငါမနေချင်တော့ဘူးဆိုပြီး ထွက်လာတယ်။

လမ်းမှာဆိတ်ခြံတစ်ခြံမှာ အိပ်စရာမရှိလို့ဒီညအိပ်ပါရစေဆိုတော့ ဆိတ်ခြံထဲတော့အိပ်လို့ရမယ်ဒါပေမယ့်မနက်ဆိတ်ချေးကျုံးရမယ်။

သူ့အတွက်တစ်ညတာအိပ်စက်ခွင့်ရသွားပါတယ်။

ဦးတည်ရာမရှိရည်မှန်းချက်မရှိသွားချင်ရာသွား လမ်းသူရဲတွေနဲ့ပေါင်း ပြီးဘိန်းတွေရှု။နောက်ပိုင်းမှာတော့ ကြံတောသင်္ချ ိုင်းမှာ ကိုယ်လက်

အင်္ဂ ါမစုံသူတွေနဲ့ဖဲတွေရိုက်ဒီလိုနဲ့ဘဝကိုကုန်ဆုံးစေခဲ့တယ်။

=======================================

စာဖတ်ဝါသနာပါတဲ့သူ

——–*—————————-

တစ်ရက်မှာ ရုပ်ရှင်သရုပ်ဆောင်သင်တန်းကခေါ်တဲ့စာလေးကိုဖတ်လိုက်မိတယ်။

ဟာ မဆိုဘူးပဲ သူလျှောက်ဖို့ စိတ်ကူးလိုက်တယ်။

ကံပဲကောင်းတာလား တော်လို့ပဲလားပါရမီလားမသိပေမယ့် သရုပ်ဆောင်သင်တန်းတက်ခွင့်စာမေးပွဲအောင်သွားပါတယ်။

သရုပ်ဆောင်သင်တန်းပြီးပြီ ရုပ်ရှင်ရိုက်ချင်ပြီ ဘယ်ကုမ္ပဏီကမှလာမခေါ်ဘူး။

ကံကောင်းစေတဲ့နေ့

—————————–

သူ့အဒေါ်အဆက်အသွယ်နဲ့ရုပ်ရှင်ကားတစ်ကားမှာပါဝင်ခွင့်ရခဲ့ပါတယ်။

ဇတ်လမ်းရိုက်မှာက မန္တလေးမှာ..

ဒါရိုက်တာက သူ့ကို သေချာသရုပ်ဆောင်နော်မှားရင်ပြန်ရမယ်။

မနက်ဖြန်မန္တလေးလိုက်ခဲ့ဒါပဲ။

ဆရာကျန်တော့်လမ်းစာရိတ်လေးရော.!

ဒါရိုက်တာက ဟာ ရိုက်တောင်မရိုက်ရသေးဘူး မပေးနိုင်ဘူး။

သူဒေါသထွက်သွားပါတယ်။ဟုတ်ပြီရအောင်ရိုက်ပြမယ်။

မနက်ခင်း မီးရထားဘူတာကိုငေးငိုင်ပြီးလမ်းလျှောက်လာတယ်။

ရပ်ထားတဲ့ရထားဘေးမှာ မတ်တပ်ရပ်နေတုန်း

ရထားပေါ်ကလမ်းခေါ်လိုက်တာက မင်းသမီးကြီးဒေါ်စံရှားတင်။

ဟိတ်ကောင်လေး နင်ငါတို့ရုပ်ရှင်ထဲမှာပါတဲ့ကောင်လေးမလား လာလေဘာလုပ်နေတာလဲ။

ကျန်တော် ရထားစီးဖို့ ပိုက်ဆံက..

လာပါငါစိုက်ပေးမယ်

(နောက်ပိုင်းမှာဒေါ်စံရှားတင်ဟာသူ့ဘဝရဲ့ပထမဆုံုးကျေးဇူးရှင်လို့ပြောသွားပါတယ်)

မန္တလေးကသူ့ဘဝရဲ့ပထမဆုံးရုပ်ရှင်

—————————————————–

သူဟာသူဌေးသားဆရာဝန်။သူ့ချစ်သူက ရပ်ကွက်ထဲကပဲပြုပ်သည်ကောင်မလေး။မိခင်ဖြစ်သူက သဘောမတူတဲ့ချိန်မှာ

သူပြန်ပြောပါတယ်-

ဟာ မာသားကြီးတို့ကလည်း လူချင်းတူတူပဲဗျ ပခုံးနှစ်ဖက်ကြားကခေါင်းပေါက်တာ နှာခေါင်းနဲ့အသက်ရှုတာ ————*-******

ပထမဆုံးဇာတ်လမ်းဟာ သူ့အတွက် ပရိတ်သတ်စတင်လက်ခံခဲ့တယ်။

ဒါရိုက်တာကလည်းသူ့စကားလုံးတွေကိုကြွေသွားခဲ့တယ်။

သူဟာ နာမည်ကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့တယ်။

ရုပ်ရှင်ရိုက်ခါနီးမှာပျောက်ပျောက်နေတယ်။ဘာလုပ်တာလဲ။

သူအင်မတန်စွဲနေတဲ့ဘိန်းခိုးရှုနေခဲ့တယ်။

တစ်ရက်မှာတော့ မိမိဝင်းရွှေရဲ့အဖေ ပန်းချီဦးဝင်းဖေဟာ သူ့ကိုရိုက်ကွင်းထဲမှာ ဒိုင်ယာလော့တစ်ခုချပြနေတုန်းသူနဲ့ဦးဝင်းဖေမျက်လုံးချင်းဆုံမိလိုက်တယ်။

သူ့အကြောင်းသိနေတဲ့

ဦးဝင်းဖေရဲ့မျက်လုံးတစ်စုံက စကားတွေပြောနေတာသူသိတယ်

“အလကားကောင်ဘိန်းစား”တဲ့

သူဒေါသထွက်သွားတယ်

ငါလေးစားရတဲ့ ငါ့ဆရာကဒီလိုပြောတယ်ငါမခံနိုင်ဘူး။

ငါရအောင်ဖြတ်မယ်ဆိုပြီး အိမ်ကိုပြန်လာခဲ့တယ်။

အိမ်ရောက်တော့ သူကြိုက်တဲ့ဘိန်းထုပ်ကိုဝအောင်ရှုလိုက်တယ်။

ဝပြီဆိုတာနဲ့ဘိန်းထုပ်ကိုယူပြီး ကြွေးကြော်လိုက်တယ်ပြတ်ပြီကွဆိုပြီး

သူ့ဘိန်းထုပ်ကိုအိမ်သာခွက်ထဲလောင်းထည့်လိုက်တယ်။

မကြာပါဘူး

သူယင်းတွေပြန်ထလာပါတယ်။

မနေနိုင်တော့တဲ့အဆုံးမှာသူဟာ အိမ်သာဘက်ကိုသွားပြီး

အိမ်သာခွက်ဘေးမှာတင်နေတဲ့ဘိန်းမှုန့်တစ်ချို့ကို လက်နဲ့ယူလိုက်တယ်။

ပြီးတော့ ပါစပ်နားထည့်ခါနီးမှာ သူ့မျက်ဝန်းတစ်စုံဟာ မျက်ရည်တွေစီးကျလာတယ်။ရှက်လိုက်တာရှက်လိုက်တာ..

မရှုတော့ဘူးဒီဘိန်းကိုလုံးဝမသုံးတော့ဘူးဆိုပြီးသူ့အသက်သုံးဆယ်မှာ ဆရာဝန်အကူအညီမပါပဲဘိန်းပြတ်သွားခဲ့ပါတယ်။

ရုပ်ရုံလောကမှာလည်းသူမှသူ

သီချင်းဆိုရာမှာလဲသူမှသူ ဇာတ်ဝင်တေးဆိုရာမှာလည်းသူမှသူဖြစ်ခဲ့သူကြီးပေါ့..

စိတ်ဓာတ်ပိုင်းဆိုင်ရာဇာတ်လမ်းတွေ လောကဆိုင်ရာဇာတ်လမ်းတွေကို များများရိုက်ပြီး

သူ့ဘဝကိုမြင့်မြတ်သောရဟန်းဘဝနဲ့အချိန်ကုန်စေပါတော့တယ်။

#ဇော်ခိုင်ဦး(မန္တလေး)

(လောကမှာ ဘယ်လောက်ပဲလမ်းမှားရောက်နေပါစေ လမ်းမှန်ပေါ်ပြန်ရောက်အောင်ကြိုးစားပြီး အောင်မြင်သောသူတစ်ယောက်ဖြစ်အောင်ကြိုးစားလို့ရတယ်ဆိုတာလေးကို ဦးကျော်ဟိန်းရဲ့ဖြစ်စဉ်လေးနဲ့အတိုချုပ်သတိပေးထားတာပါနော်)


ဖိုးသူတော် (www.phothutaw.com)
Credit: မင်းရဲကျော်စွာ

Via-Steven Aung Myo
(Naing Yan)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top