ကားလမ္းေတာင္းရာတြင္ လမ္းမေပး၍ ကားေမာင္းသူကို ႐ိုင္းပ်စြာ ဆဲဆိုၿပီး ထဘီလွန္ျပခဲ့သည့္ YBS ယာဥ္ေနာက္လိုက္အမ်ိဳးသမီးအပါအဝင္ ယာဥ္ ေမာင္းႏွင့္ ယာဥ္ပိုင္ရွင္တို႔ပါ ယာဥ္လိုင္းမွ ရာသက္ပန္ထုတ္ပယ္လိုက္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ေခ်ာ္တြင္းကုန္းမီးပြိဳင့္တြင္ ဩဂုတ္ ၈ ရက္ညက YBS ၆ ယာဥ္နံပါတ္ 4H/1568 ၌ လိုက္ပါလာသည့္ စပယ္ယာအမ်ိဳးသမီးသည္ တစ္ဖက္ယာဥ္ေၾကာသို႔ဝင္ ရန္ လမ္းေတာင္းရာ လမ္းမေပး ေသာ ယာဥ္ကို ထဘီလွန္ျပခဲ့ျခင္း ျဖစ္သည္။

‘‘ဒီပံုေတြ ေဖ့စ္ဘြတ္ခ္ေပၚမွာ ျပန္႔ေနတာ ေတြ႕ရပါတယ္။ ဒီအ တြက္ ယာဥ္ပိုင္ရွင္နဲ႔ ကားေပၚမွာ လိုက္ေနတဲ့ ယာဥ္ေမာင္း၊ယာဥ္အ ကူအမ်ိဳးသမီးကို ေခၚထားတယ္။ ဒါေပမဲ့ သူတို႔ေရာက္မလာဘူး။ ဒီအတြက္ သူတုိ႔ကို ယာဥ္လိုင္းကေန ရာသက္ပန္ ထုတ္လုိက္ၿပီဆုိတဲ့အေၾကာင္း တရားဝင္စာထုတ္ လုိက္တာပါ’’ ဟု တာဝန္ရွိသူက ေျပာသည္။

အဆုိပါ YBS ၆ မီနီဘတ္စ္ ယာဥ္လုိင္းသည္ Aero Star Bus Public Co.,Ltd ၏ စီမံခန္႔ခြဲမႈ ေအာက္တြင္ရွိၿပီး လူမႈကြန္ရက္ စာမ်က္ႏွာ၌ အဆိုပါယာဥ္ေနာက္ လိုက္ အမ်ိဳးသမီးသည္ ဆဲဆို၍ လွန္ျပခဲ့သည့္အျပင္ က်မ္းတံုး ကိုင္၍ စိန္ေခၚေနေသာ ဗီဒီယိုဖိုင္ပ်ံ႕ႏွံ႔ခဲ့ရာ သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အ ဖြဲ႕က လာေရာက္ေျဖရွင္းရန္ အေၾကာင္းၾကားခဲ့ေသာ္လည္း ၎တုိ႔လာေရာက္ျခင္းမရွိေပ။ ယင္းကုမၸဏီသို႔ ဆက္သြယ္ေမးျမန္းရန္ ႀကိဳးစားခဲ့ေသာ္လည္း မရခဲ့ေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
#Unicode Version#
ကားလမ်းတောင်းရာတွင် လမ်းမပေး၍ ကားမောင်းသူကို ရိုင်းပျစွာ ဆဲဆိုပြီး ထဘီလှန်ပြခဲ့သည့် YBS ယာဉ်နောက်လိုက်အမျိုးသမီးအပါအဝင် ယာဉ် မောင်းနှင့် ယာဉ်ပိုင်ရှင်တို့ပါ ယာဉ်လိုင်းမှ ရာသက်ပန်ထုတ်ပယ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချော်တွင်းကုန်းမီးပွိုင့်တွင် ဩဂုတ် ၈ ရက်ညက YBS ၆ ယာဉ်နံပါတ် 4H/1568 ၌ လိုက်ပါလာသည့် စပယ်ယာအမျိုးသမီးသည် တစ်ဖက်ယာဉ်ကြောသို့ဝင် ရန် လမ်းတောင်းရာ လမ်းမပေး သော ယာဉ်ကို ထဘီလှန်ပြခဲ့ခြင်း ဖြစ်သည်။

‘‘ဒီပုံတွေ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြန့်နေတာ တွေ့ရပါတယ်။ ဒီအ တွက် ယာဉ်ပိုင်ရှင်နဲ့ ကားပေါ်မှာ လိုက်နေတဲ့ ယာဉ်မောင်း၊ယာဉ်အ ကူအမျိုးသမီးကို ခေါ်ထားတယ်။ ဒါပေမဲ့ သူတို့ရောက်မလာဘူး။ ဒီအတွက် သူတို့ကို ယာဉ်လိုင်းကနေ ရာသက်ပန် ထုတ်လိုက်ပြီဆိုတဲ့အကြောင်း တရားဝင်စာထုတ် လိုက်တာပါ’’ ဟု တာဝန်ရှိသူက ပြောသည်။

အဆိုပါ YBS ၆ မီနီဘတ်စ် ယာဉ်လိုင်းသည် Aero Star Bus Public Co.,Ltd ၏ စီမံခန့်ခွဲမှု အောက်တွင်ရှိပြီး လူမှုကွန်ရက် စာမျက်နှာ၌ အဆိုပါယာဉ်နောက် လိုက် အမျိုးသမီးသည် ဆဲဆို၍ လှန်ပြခဲ့သည့်အပြင် ကျမ်းတုံး ကိုင်၍ စိန်ခေါ်နေသော ဗီဒီယိုဖိုင်ပျံ့နှံ့ခဲ့ရာ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အ ဖွဲ့က လာရောက်ဖြေရှင်းရန် အကြောင်းကြားခဲ့သော်လည်း ၎င်းတို့လာရောက်ခြင်းမရှိပေ။ ယင်းကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း မရခဲ့ပေ။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top