ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ရန္ကုန္တိုင္းေဒသႀကီး လႈိင္ၿမိဳ႕နယ္ရွိ ၁၃ ဧကက်ယ္ေသာ ၿမိဳ႕နယ္အားကစားကြင္းႏွင့္ အားကစား႐ုံကို အမ်ားျပည္သူထံ ျပန္လည္လႊဲေျပာင္းေပးအပ္ရန္ အစီအစဥ္မရွိေၾကာင္း ယခင္အပတ္က လႊတ္ေတာ္ေမးခြန္းမ်ား ေျဖၾကားရာတြင္ တပ္မေတာ္က ေျပာသည္။

လႈိင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ေက်ာ္ဦးက ထိုအားကစားကြင္းႏွင့္ အားကစား႐ုံကို လႈိင္ၿမိဳ႕နယ္ေန ျပည္သူမ်ား အသုံးျပဳခြင့္ရရွိေရး ျပန္လည္ေပးအပ္ရန္ အစီအစဥ္ရွိ မရွိ ေမးျမန္းခဲ့သည္။

ကာကြယ္ေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ ျမင့္ႏြယ္က ယခင္ေဆာက္လုပ္ေရးဝန္ႀကီးဌာနသည္ ထိုၿမိဳ႕နယ္ အားကစား႐ုံအပါအဝင္ ေျမ ၁၃.၇၅၄ ဧကကို ကာကြယ္ေရးဝန္ႀကီးဌာနသို႔ ၁၉၉၁ ခုႏွစ္ ဇူလိုင္လ ၃၀ ရက္ေန႔က လႊဲေျပာင္းေပးအပ္ခဲ့ၿပီးျဖစ္ေၾကာင္း ေျပာသည္။
Ads code here

“အားကစား႐ုံသည္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ရွိ တပ္ရင္း တပ္ဖြဲ႕မ်ားအေနျဖင့္ ေလ့က်င့္ေရးႏွင့္ ၿပိဳင္ပြဲက်င္းပေရးအတြက္ တခုတည္းေသာ မိုးလုံေလလုံ အားကစားကြင္းေနရာအျဖစ္ အသုံးျပဳလ်က္ရွိျခင္းေၾကာင့္ ျပန္လည္ေပးႏိုင္ျခင္းမရွိပါေၾကာင္း” ဟု ျပန္လည္ေျဖၾကားခဲ့သည္။

လက္ရွိတြင္ ထိုအားကစား႐ုံတြင္ တပ္မေတာ္ႏွင့္ ေဒသတြင္းမွ လူငယ္မ်ားအား ႏိုင္ငံေတာ္အတြက္ ထူးခြၽန္ေသာ အားကစားသမားမ်ား ထြက္ေပၚလာေစရန္ ရည္႐ြယ္ၿပီး ေလ့က်င့္ေဆာင္႐ြက္လ်က္ ရွိေၾကာင္းလည္း ကာကြယ္ေရးဒုဝန္ႀကီးက ဆိုသည္။

(ယခင္) အားကစားဝန္ႀကီးဌာနလက္ေအာက္ရွိ အားကစားႏွင့္ ကာယပညာဦးစီးဌာနသည္ ျမန္မာႏိုင္ငံတြင္ ၅ ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွကြၽန္းဆြယ္ အားကစားပြဲမ်ားကို အိမ္ရွင္အျဖစ္ က်င္းပေပးခဲ့ေသာ ၁၉၆၉ ခုႏွစ္တြင္ ထိုအားကစားကြင္းႏွင့္ အားကစား႐ုံကို ၿမိဳ႕ေနျပည္သူမ်ားအတြက္ ေဆာက္လုပ္ေပးခဲ့သည္။

ထိုအားကစား႐ုံတြင္ ရပ္ကြက္အလိုက္ ေဘာလုံးပြဲမ်ား၊ ၿမိဳ႕နယ္အလိုက္ ေဘာလုံးပြဲမ်ားႏွင့္ ေက်ာင္းေပါင္းစုံ ေဘာလုံးပြဲမ်ား က်င္းပခဲ့သည္။ ထို႔အျပင္ အားကစား႐ုံႏွင့္ အားကစားကြင္းေနရာတြင္ အျခား အားကစားၿပိဳင္ပြဲမ်ားႏွင့္ ႏွစ္စဥ္ပြဲေတာ္မ်ားလည္း က်င္းပခဲ့သည္။

ထိုအားကစားကြင္းမွ လက္ေ႐ႊးစင္ေဘာလုံးသမား ၇ ဦးႏွင့္ အေလးမ အားကစားသမား တဦးကို ေမြးထုတ္ေပးႏိုင္ခဲ့သည္ဟု အထက္ပါ လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာသည္။

၁၉၈၈ ဒီမိုကေရစီအေရးေတာ္ပုံလႈပ္ရွားမႈအတြင္း တပ္မေတာ္က ထိုေနရာတြင္ လုံၿခဳံေရးယူအၿပီး ထိန္းသိမ္းခဲ့သည္ဟု အထက္ပါ လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာသည္။ ထိုေနာက္ အားကစားကြင္းကို ရန္ကုန္ယူႏိုက္တက္ေဘာလုံးအသင္းသို႔ ငွားရမ္းခဲ့သည္ဟုလည္း ေျပာသည္။

“လႈိင္ၿမိဳ႕နယ္အတြက္ အားကစား႐ုံတခုက မျဖစ္မေန လိုအပ္တယ္။ ဒီေတာ့ ၿမိဳ႕နယ္ထဲက တပ္မေတာ္က သိမ္းပိုက္ထားၿပီး အသုံးမျပဳဘဲ ထားထားတဲ့ဲ့ေျမေတြထဲကေန အားကစား႐ုံ ျပန္လည္ေဆာက္ဖို႔ တပ္မေတာ္က အစားျပန္ေပးဖို႔ ရွိပါသလား” ဟု လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ေက်ာ္ဦးက ဆက္စပ္ေမးခြန္းအျဖစ္ ေမးျမန္းခဲ့သည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ေျမလိုအပ္မႈအေပၚ မူတည္၍ တပ္မေတာ္ကို ေတာင္းခံလာပါက ထိုကိစၥအား စဥ္းစားမည္ဟု ကာကြယ္ေရးဒုဝန္ႀကီးက ျပန္လည္ေျဖၾကားသည္။

ရန္ကုန္ရွိၿမိဳ႕နယ္ ၄၅ ခုတြင္ ၿမိဳ႕နယ္အားကစား႐ုံရွိေသာ ၿမိဳ႕နယ္ ၁၃ ခုသာရွိသည္။
ၿမိဳ႕နယ္အားကစားကြင္းအတြက္ ေျမေတာင္းခံေပးရန္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနကို ဆက္လက္ ေတာင္းဆိုမည္ဟု လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ေက်ာ္ဦးက ဧရာဝတီသတင္းဌာနသို႔ ေျပာသည္။

“တပ္မေတာ္က ဒီအားကစား႐ုံကို ျပန္မေပးတာ အံ့ဩစရာမရွိပါဘူး။ ေမွ်ာ္လင့္ထားၿပီးသားပါ။ ဒါေပမယ့္ က်ေနာ္တို႔ၿမိဳ႕နယ္ထဲမွာ သူတို႔ပိုင္ၿပီး မသုံးဘဲထားတဲ့ေျမေတြ အမ်ားႀကီးရွိတယ္။”


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burma.irrawaddy

#Unicode Version#
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ ၁၃ ဧကကျယ်သော မြို့နယ်အားကစားကွင်းနှင့် အားကစားရုံကို အများပြည်သူထံ ပြန်လည်လွှဲပြောင်းပေးအပ်ရန် အစီအစဉ်မရှိကြောင်း ယခင်အပတ်က လွှတ်တော်မေးခွန်းများ ဖြေကြားရာတွင် တပ်မတော်က ပြောသည်။

လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ထိုအားကစားကွင်းနှင့် အားကစားရုံကို လှိုင်မြို့နယ်နေ ပြည်သူများ အသုံးပြုခွင့်ရရှိရေး ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ယခင်ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ထိုမြို့နယ် အားကစားရုံအပါအဝင် မြေ ၁၃.၇၅၄ ဧကကို ကာကွယ်ရေးဝန်ကြီးဌာနသို့ ၁၉၉၁ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ပြောသည်။
Ads code here

“အားကစားရုံသည် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း တပ်ဖွဲ့များအနေဖြင့် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲကျင်းပရေးအတွက် တခုတည်းသော မိုးလုံလေလုံ အားကစားကွင်းနေရာအဖြစ် အသုံးပြုလျက်ရှိခြင်းကြောင့် ပြန်လည်ပေးနိုင်ခြင်းမရှိပါကြောင်း” ဟု ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိတွင် ထိုအားကစားရုံတွင် တပ်မတော်နှင့် ဒေသတွင်းမှ လူငယ်များအား နိုင်ငံတော်အတွက် ထူးချွန်သော အားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်ပြီး လေ့ကျင့်ဆောင်ရွက်လျက် ရှိကြောင်းလည်း ကာကွယ်ရေးဒုဝန်ကြီးက ဆိုသည်။

(ယခင်) အားကစားဝန်ကြီးဌာနလက်အောက်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာနသည် မြန်မာနိုင်ငံတွင် ၅ ကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲများကို အိမ်ရှင်အဖြစ် ကျင်းပပေးခဲ့သော ၁၉၆၉ ခုနှစ်တွင် ထိုအားကစားကွင်းနှင့် အားကစားရုံကို မြို့နေပြည်သူများအတွက် ဆောက်လုပ်ပေးခဲ့သည်။

ထိုအားကစားရုံတွင် ရပ်ကွက်အလိုက် ဘောလုံးပွဲများ၊ မြို့နယ်အလိုက် ဘောလုံးပွဲများနှင့် ကျောင်းပေါင်းစုံ ဘောလုံးပွဲများ ကျင်းပခဲ့သည်။ ထို့အပြင် အားကစားရုံနှင့် အားကစားကွင်းနေရာတွင် အခြား အားကစားပြိုင်ပွဲများနှင့် နှစ်စဉ်ပွဲတော်များလည်း ကျင်းပခဲ့သည်။

ထိုအားကစားကွင်းမှ လက်ရွှေးစင်ဘောလုံးသမား ၇ ဦးနှင့် အလေးမ အားကစားသမား တဦးကို မွေးထုတ်ပေးနိုင်ခဲ့သည်ဟု အထက်ပါ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုအတွင်း တပ်မတော်က ထိုနေရာတွင် လုံခြုံရေးယူအပြီး ထိန်းသိမ်းခဲ့သည်ဟု အထက်ပါ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။ ထိုနောက် အားကစားကွင်းကို ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းသို့ ငှားရမ်းခဲ့သည်ဟုလည်း ပြောသည်။

“လှိုင်မြို့နယ်အတွက် အားကစားရုံတခုက မဖြစ်မနေ လိုအပ်တယ်။ ဒီတော့ မြို့နယ်ထဲက တပ်မတော်က သိမ်းပိုက်ထားပြီး အသုံးမပြုဘဲ ထားထားတဲ့ဲ့မြေတွေထဲကနေ အားကစားရုံ ပြန်လည်ဆောက်ဖို့ တပ်မတော်က အစားပြန်ပေးဖို့ ရှိပါသလား” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ဆက်စပ်မေးခွန်းအဖြစ် မေးမြန်းခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မြေလိုအပ်မှုအပေါ် မူတည်၍ တပ်မတော်ကို တောင်းခံလာပါက ထိုကိစ္စအား စဉ်းစားမည်ဟု ကာကွယ်ရေးဒုဝန်ကြီးက ပြန်လည်ဖြေကြားသည်။

ရန်ကုန်ရှိမြို့နယ် ၄၅ ခုတွင် မြို့နယ်အားကစားရုံရှိသော မြို့နယ် ၁၃ ခုသာရှိသည်။
မြို့နယ်အားကစားကွင်းအတွက် မြေတောင်းခံပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ဆက်လက် တောင်းဆိုမည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“တပ်မတော်က ဒီအားကစားရုံကို ပြန်မပေးတာ အံ့ဩစရာမရှိပါဘူး။ မျှော်လင့်ထားပြီးသားပါ။ ဒါပေမယ့် ကျနော်တို့မြို့နယ်ထဲမှာ သူတို့ပိုင်ပြီး မသုံးဘဲထားတဲ့မြေတွေ အများကြီးရှိတယ်။”



ဖိုးသူတော် (www.phothutaw.com)
Credit: Burma.irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top