{၁}
ဒီေန့ သံုးဖန္လွ ရြာ တြင္ ဘုရားတည္ရန္ ပႏၷက္ခ်မည္။ ကာလသားမ်ားမွာ ေၿမတူးေျမသယ္ သကဲ့သို့ ေက်းရြာ သူ ပ်ိုျဖူကာလသမီး မ်ား ကလည္း တစ္တပ္ တစ္အား တစ္ဖက္ တစ္လမ္းမွ ကူညီအားျဖည့္ျကသည္။

ထိုအထဲတြင္ သူျကီးဦးေငြေဆာင္ က အတက္ျကြဆံုး။
ဒီရြာျကီးက ေရွး အရင္တည္းက ရွိခဲ့ေသာရြာျကီးဟု လူတိုင္းကေျပာျကသည္။ ရြာနဲ့ ပတ္သက္၍လည္း တစ္ေထာင္႔ တစ္ည ပံုျပင္ေတြ အမ်ားျကီးရွိသည္။

ဦးေငြေဆာင္ မွာ အ သက္ ငါးဆယ္နား နီးေသာ္လည္း အသားျဖူျဖူ အရပ္ျမင့္ျမင့္နွင့္ ခန့္တုန္း သန့္တုန္း လူပ်ိုျကီး ဆိုလည္းမမွားေပ။ မစြံလို့ လူပ်ိုျကီးျဖစ္ေနတာေတာ့ မဟုတ္ေပ။ စြံေတာ့စြံသည္။ တစ္ဦးတည္းေသာ သား မို့ သူကိုတိုင္က စိတ္မပါသည့္ တိုင္ မိဘ စကားနားေထာင္ ကာ အိမ္ေထာင္ျပုရန္ အျကိမ္ျကိမ္ျကိုးစား ဖူးသည္။

ဒါေပမယ့္ သူနွင့္ ပတ္သက္ သမွ်ေသာ သူတို့သမီးေလာင္း မ်ားမွာ အေျကာင္း အမ်ိုးမ်ိုးေျကာင့္ေသဆံုး သူေတြနွင့္ တစ္ခ်ို့ဆို ရူးသြားျကသည္။ ေနာက္ေတာ့ သူက လူျကမ္း တစ္ေယာက္ျဖစ္ကာ ဘယ္သမီးရွင္ မွ မစပ္ဟပ္ ရဲေတာ့ေပ။

ဦးေငြေဆာင္ ဧ။္ မိဘျဖစ္သူ ဦးေငြရွင္နွင့္ ေဒၚခင္ေဆာင္း တို့မွာ ပစၥည္း ဉစၥာလည္း ကံုလံု သားေခ်ာ သားလွ တစ္ေယာက္ေမြးထား ပါေသာ္လည္း သားျဖစ္သူ ၏ အတိတ္ကံေျကာင့္ ေရွ့ေရး မလွမွာကို ရတက္ မေအး ရွာပဲ သားစိတ္နွင့္ပင္ေရွ့ဆက္ေနာက္ဆက္ ကြယ္လြန္သြားျကသည္။

ခုေတာ့ ဦးေငြေဆာင္မွာ သူ၏ တပည့္ေလးမ်ားနွင့္ေနထိုင္ေလသည္။ လြန္ခဲ့ေသာ သံုးလ ခန့္ကဦးေငြေဆာင္ ၏ေန အိမ္ သို့ သူေတာ္စင္ တစ္ပါးေရာက္လာခဲ့သည္။ သူေတာ္စင္ျကွးီ မွာ မုတ္ဆိတ္က်င္စြယ္ေတြနွင့္ အသက္ ရြယ္ျကီးရင့္လွေသာ ပံုစံရွိေသာ္လည္း စူးရွေတာက္ပေသာ မ်က္ဝန္းႏွင့္ ဖ်တ္လတ္ေသာ အမူရာကသူေတာ္စင္ျကီး၏ သီလနွင့္သမာဓိ ကိုေဖာ္ျပေနေလသည္။

သူေတာ္စင္ျကီး က သူ့ဘဝ အတိတ္ကံနွင့္ ပတ္သက္၍ တစ္စြန္းတစ္စေဟာျကားလာခဲ့သည္။
""လူေလး အေနနဲ့ အခု ဘဝ မွ မဟုတ္ဘူး အရင့္ အရင္ ဘဝေတြတည္း က အိမ္ရာ ထူေထာင္ဖို့ကံ ပါမလာခဲ့ ဘူး ခုလို ဆိုးဝါးတဲ့ ကံျကမၼာကို ခံစားလာရတာ ဘဝတစ္ရာရွိေတာ့မယ္""

 ေငြေဆာင္
""တပည့္ေတာ္ ရဲ့ အတိတ္ဘဝကို သူေတာ္စင္ျကီး အေနနဲ့ ေျပာခြင့္ရွိမယ္ ဆိုရင္သိခ်င္ပါတယ္ဘုရား """
""ေျပာဖို႔မလိုပါဘူး လူေလး လူေလး ရဲ့ အတိတ္ဘဝကို လူေလး ကိုယ္တိုင္ျမင္လာ လိမ့္မယ္ လူေလး ဘာမွ လိုက္လုပ္ စရာမလိုဘူး သူ့ အခ်ိန္နဲ့သူျဖစ္လာပါ လိမ့္မယ္ လူေလးရဲ့ ဘဝက မေျဖာင့္ျဖူးေလာက္ဘူး ဒါေျကာင့္ ကံျကမၼာ အလွည့္ အေျပာင္းနဲ့ေလာကဓံ ကိုျကံ့ျကံ့ခံဖို့ တရားဘာဝနာေတြ အားထုတ္ပါ
ေကာင္းမွု ကုသိုလ္ေတြမ်ားမ်ား လုပ္ပါ လူေလး ဘာလုပ္လုပ္ေဝေနယ်ေတြ ကို ေမတၲာပို့ အမ်ွေဝပါ
လူေလး လုပ္သမ်ွဟာ လူေလး တစ္ေယာက္တည္းအတြက္ မဟုတ္ဘူးဆိုတာ မွတ္သားထားပါ"""


သူေတာ္စင္ျကီး မွာ မွာျကားျပီးသည္နွင့္ ညအိပ္ရန္ ပင့္ဖိတ္ေသာ္လည္း ညနက္ သန္းေခါင္ျကီးမွာ ပင္ ေပ်ာက္ ကြယ္ သြား သည္မွာ ခု ဆိုရင္ငါးနွစ္ တင္းတင္းျပည့္ျပီ။ ခု ဆိုရင္ သူျပုခဲ့ေသာ ကုသိုလ္ေကာင္းမွု တို့မွာ ဤ သံုးဖန္လွရြာမွာ လက္ညိီုးထိုး မလြွဲေအာင္ရွိျပီ ဦးေငြေဆာင္ မွာ လြန္ခဲ့ေသာ အတိတ္ဆီ အာရံုလြင့္ေမ်ာေနစဥ္....................................


"""သူျကီးသူျကီး
လာပါဦးဗ်ို့ ဘာျကီးလဲ မသိဘူး"""
ေျမက်င္း တူးေနရာမွျကြက္နီ တို့၏ေအာ္သံေျကာင့္ အေတြးစျပတ္ေတာက္ သြားရသည္ ။
ဦးေငြေဆာင္မွာ ရြာသားမ်ား ဝိုင္းအံုေနေသာ ေျမက်င္းဆီ သြားေရာက္ငံု့ျကည့္ရာ.........................

""ဟင္!!!!!!!!""""
ေသတၱာ လိုလိုေထာင့္စြန္းတစ္ခု ကိုေတြ့ရသည္။
""သူ့တပည့္ျကြက္နီ က
"""ဘယ္လိုလဲ သူႀကီး ဆက္တူးရမလား"""
""ဘုရား ပရဝုဏ္ထဲ ပါေနတာပဲ ဆက္တူးမွ ရမွာေပါ့"""




ရြာသားတစ္ခ်ို့က
'"""ဘုရား တည္တာေျကာင့္ အေစာင့္ အေရွာက္ေတြက  ေရြွေသတၲာျကီး ေပးတယ္ထင္တယ္"""
သူျကီးဦးေငြေဆာင္ က.........
""ကဲေဟ့ ဆက္တူးျကတာေပါ့"""


ဒီတစ္ခါေတာ့ သူႀကီးပါ ခါးေတာင္းက်ုိုက္ လိုက္ျပီး ေျမတူးရန္ေပါက္ခ်ြန္း ကို ေကာက္ကိုင္လိုက္သည္။
ရြာသူ ရြာသားမ်ား မွာ ဝိုင္းအံုျကည့္ေနရင္း စိတ္လွုပ္ရွားေနျကသည္။ တူးရင္း တူးရင္းနဲ့ ပံုေပါ္လာေသာ ထို ပစၥည္းမွာ ေသတၱာပံုစံ မဟုတ္ပဲ ေက်ာက္တ လားျကီး ပံုစံျဖစ္လာရာ ေမာတာေျကာင့္ေရာ စိတ္ လွုပ္ရွား တာေျကာင့္ပါ အသီးသီးေခ်ြးျပန္လာျကသည္။


တစ္ခ်ို့ေသြးေျကာင္ေသာ ကာလသားေတြ က က်င္း နွုတ္ခမ္းေပၚေရာက္သြားျကျပီ။
တစ္ကယ္တမ္း ရုပ္လံုးေပၚလာေသာ ပစၥည္းမွာေသတၲာတစ္ခု မဟုတ္ပဲ ေက်ာက္တံလားျကီးျဖစ္ေနတာမို့
"""ဘာျကီးလဲ မသိဘူးဖြင့္ျကည့္မွ သိမယ္""""


ရြာသားတစ္ခ်ို့က
'""ဟုတ္တယ္ဗ်""
ေက်ာက္တလား ကေတာ့ေတာ္ေတာ္ျကီးသည္။
အဖံုး ကို အျမင့္ တစ္ထြာေလာက္ ရွိသည္။


သာဒင္ ဆိုေသာရြာသားက
"""ဘယ္ လို လူေ တြက ဒီေနရာ စ ည္းကမ္း မရွိလာျမုပ္ပါလိမ့္ ဒီေနရာ သခၤိ်ုင္းလို့လည္း မျကားဖူးပါဘူး"""

သူျကီးက
""သာဒင္ ပါးစပ္ မသရမ္းရဘူးကြ ဒီေနရာ ကေရွးကတည္းက ရွိခဲ့တာ ဘယ္ေနရာ ဘာရွိလဲဆိုတာ သိနိူင္ မလားကြ"""

သူျကီးေငါက္လိုက္ေတာ့ သာဒင္ မွာျငိမ္က် သြားေသာ္လည္း သူ့စကားကိုေထာက္ခံသမား မရွိတာမို့ မေက်နပ္ လွေပ။
နာယကျကီး ဦးတင္ေအာင္က

"""ကဲ အဖံုးဖြင့္ျကည့္ရေအာင္ ေလးေတာ့ အေတာ္ေလးမယ္ ဂရုတစိုက္ ဖြင့္ျက"""
ဘုရား ပႏၷက္ရိုက္ရာ မွေက်ာက္ တလားျကီး ထြက္လာသည္ ဆိုေသာ သတင္း က တစ္ရြာလံုး တစ္ခဏခ်င္း ပ်ံ့နွံ့သြားတာမို့ လာေရာက္ျကည့္ရွုသူမ်ား ဝိုင္းအံု သြားေလေတာ့သည္။
သာဒင္ျကြက္နီ တို့ အပါအဝင္ ကာလသား ဆယ္ေယာက္မွာ က်င္းထဲတြင္ေနရာ ယူလိုက္ေလသည္။


သူျကီးက
"" ကဲ တစ္နွစ္သံုး ဆို တစ္ျပိုုင္တည္း မမယ္ေနာ္""""
နာယကႀကီး က.................
""လူ ဆယ္ေယာက္ နဲ့ မရေလာက္ဘူး ကဲေခြးပု တိ့ု့ အဖြဲ့ဆင္း ရပ္မေနနဲ့""""


နာယကႀကီးေျပာမွ တလား ဆိုသည္နွင့္ က်င္းေပၚေရာက္သြားေသာ ေခြးပု တို့ အဖြဲ့မွာ မေနသာေတာ့ ပဲျပန္ ဆင္း လိုက္ရေတာ့သည္။ သူႀကီးက.............
""ကဲ မျကမယ္ တစ္ နွစ္ သံုး"""

တလား အဖံုးအား စမသည္နွင့္ ျကည္လင္ေနေသာေကာင္းကင္မွာ ခ်က္ခ်င္း မိွုင္းညိွု့ လာျပီး လ်ွပ္စီးမ်ား လက္လာေလသည္။ တလား အဖံုးမွာ လူ ဆယ့္ငါးေယာက္ အားေျကာင့္ တက်ြီက်ြီ အသံျဖင့္ေရြ့လာေလ သည္။  ပထမဆံုးေျခေထာက္ မွ အရိုးစုကို စျမင္ရေလသည္။ သာဒင္မွာ တလားေအာက္ေျခ ဘက္တြင္ေန ရာ ယူထားေလသည္။


ထိုစဥ္ေအာက္ေျခဖက္သာျကံေသးေသာ တလား အဖုံးမွာ သာဒင္ ဖက္ေစာင္းက် လာကာ
""""ဝုန္း!!!!!!!!!အားးးးးးးး""""
သာဒင္နံေဘးက ရြာသားနွစ္ေယာက္မွာ လြတ္သြားေသာ္လည္း သာဒင္ေျခေထာက္ တစ္ဖက္မွာ တလား ဖံုးေအာက္ပ္ေနေလေတာ့သည္။
"""အားးးးး ကယ္ျကပါ ဦး"""


က်င္းထဲ မွ လူမ်ားမွာ တလားထဲ အရင္မျကည့္အား တလားဖံုးေအာက္မွ သာဒင္ကို ခက္ခက္ခဲခဲ ၿပန္လည္ ဆြဲထုတ္ဖို့ အရင္ျကိုးစားရေတာ့သည္။ သာဒင္ကို ဆံဲြထုတ္နိုင္လိုက္ေသာ္လည္း ေျခေထာက္ တစ္ေခ်ာင္းမွာ သြင္သြင္ က်ိုးသြားေလေတာ့သည္။

သာဒင္အားျမို့ေဆးရံုပို့ရန္ နြားလွည္း စီၤစဉ္ျပီးသည္နွင့္ တလားထဲမွ ရုပ္အေလာင္း ကိုျကည့္လိုက္ရာ
မိန္းကေလး တစ္ေယာက္ျဖစ္ေျကာင္းခန့္မွန္းရသည္။ အဝတ္အစားမ်ား အရင္ေရွးေခတ္ က မင္းသမီးမ်ား ဝတ္စား သလို ဝတ္စားထားေလသည္။

ထူးဆန္းသည္ မွာ တစ္ျခားေနရာအားလံုး အရိုးစုျဖစ္ေနေသာ္လည္း မ်က္စိနွစ္လံုး မွာ သက္ရွိထင္ရွား ကဲ့သို့ စိိမ္းေတာက္ေနျကသည္။

""ျကြက္နီ က
""သူႀကီး အေလာင္းေကာင္ျကီးျကည့္ရတာ တစ္မ်ိုးပဲ မ်က္လံုးက စိမ္းေတာက္ေနျပီး အျငိုး တျကီးျကည့္ေန သလိုပဲ့ဗ်""""


သူျကီး ဦးေငြေဆာင္ မွာ့ျကြက္နီေ့ျပာေသာ အေလာင္းေကာင္ ၏ မ်က္လံုး ကိုျကည့္လိုက္ရာ ရင္ဘတ္ထဲတြင္ စူးရွေသာေဝဒနာ တစ္ခုခံစားလိုက္ရသည္။


ထိုစဉ္
""""ဝုန္းးးးေဝါးးးးးေဝါးးးးးး""""
ေလျပင္းမ်ား တိုက္ကာ ေလေရာ မိုးပါ ထန္လာေလေတာ့သည္။ လ်ွပ္စီး လက္ျပီး မိုးျခိမ္းသံမ်ားမွာ လည္းေျကာက္ ခမန္း လိလိပင္။ လ်ွပ္စီးလက္လိုက္တိုင္း အေလာင္းေကာင္ ၏ ခႏၶာကိုယ္ မွေရြေငြေက်ာက္ သံ ပတၱျမား တို့သည္ ဝင္းကနဲ လက္ကနဲ ရြာသားေတြျပန္ကုန္ျကေတာ့ က်င္းထဲမွ တလားဖုံးမ သမားမ်ား သာ က်န္ခဲ့သည္။

 ျကြက္နီက..............
""သူႀကီးျပန္မွ ရေတာ့မယ္ဗ် မိုးေတြ အရမ္းျခိမ္းေနျပီ""
မိုးသံေလသံနွင့္ မို့ေအာ္ေ့ျပာရတာ လည္ေခ်ာင္းပင္ နာလာသည္။

 ေခြးပုတို့ ငါးေယာက္အုပ္စုမွာ အေလာင္းေကာင္ ကိုယ္ေပၚမွေက်ာက္သံပတၲျမား ကိုျကည့္ရင္း မ်က္စိမ်ား မွာေလာဘေရာင္ေတာက္ေနျကေလသည္။


သူႀကီး............
""မိုးျခိမ္းလည္းး ဒီအဖံုး ကိုျပန္ဖံုး မွျဖစ္မယ္ကြ"""
သူျကီးကေခါင္းမာစြာေျပာ၍ တလားအဖံုး ကိုျပန္မေစသည္။

""ဂ်ိမ္းးးး""
မိုျကိုး ပစ္ခ်လိုက္ရာ မေဝးေသာ အကြာအေဝးမို့ ထံုက်င္သြားသလို ခံစားလိုက္ရသည္။ သူျကီး ဦးေငြေဆာင္ မွာ သူေခါင္းမာေနရင္အာ းလံုး အတြက္အနၱရာယ္ ရွိတာမို့

""ကဲ အားလံုျပန္ျကမယ္ ညေန မိုးစဲမွျပန္လာျကမယ္""
သူျကီးေ့ျပာစကားေျကာင့္ျကြက္နီ မွာ က်င္းေပၚ ပထမဆံုး ဖက္တက္လိုက္ေလသည္။
မိုးက ပို၍ပင္ သည္းထန္စြာ ရြာခ်လာေလသည္။

သူျကီးမွာ အိမ္ေရာက္သည့္တိုင္ေက်ာက္တလားနွင့္ အေလာင္းေကာင္ဆီပဲ စိတ္ေရာက္ေနေလသည္။
သာဒင္ တလားဖံုး ဖိတာ အေလာင္းေကာင္ရဲ့ ပေယာဂေျကာင့္လား။ တိုက္တိုက္ ဆိုင္ဆိုင္ျဖစ္သြားတာလား
ျကြက္နီေျပာတာေတာ့ အေလာင္းေကာင္ရဲ့ မ်က္လံုး က အျငိုးနဲ့ျကည့္ေနသလိုပဲ တဲ့ သူျကည့္ တာေတာ့ သနား စရာ လို့ျမင္သည္။

ညေနေလာက္ေရာက္ေတာ့ မိုး က စဲစျပုလာသည္။ ညေနေရာက္ေတာ့ ထိုေနရာတြင္ လူမ်ားျပန္လည္ စုေဝး လာျကသည္။ တလားအဖံုးအား ဘယ္လိုပင္ျပန္ဖံုးေသာ္လည္း မရတာမို့ ညအိပ္ေစာင့္ရန္ ကာလသား လူငယ္ မ်ားထဲမွ ေရြးခ်ယ္လိုက္သည္။ ေခြးပုတို့ အဖံဲ့ြမွာ အတက္ျကြ ဆံုး က်န္ လူမ်ားကေတာ့ သိပ္ေစာင္႔ခ်င္ပံု မရတာမို့ ေခြးပုတို့ အဖြဲ့မွ ငါးေယာက္နွင့္  သတၲိေကာင္းေသာ လူငယ္သံုးေယာက္ ေခၚလိုက္သည္။

မနက္ျဖန္ အစည္းအေဝး က်င္းပျပီး ထို အေလာင္းေကာင္အား ဘယ္လို လုပ္သင့္တယ္ဆိုတာတိုင္ပင္ရမည္။



(၂)

ဦးေငြေဆာင္မွာ အေစာင့္ က်ေသာ ကင္းသမားမ်ား လွည့့္လည္ျကည့္ရွုစစ္ေဆးလိုက္သည္။ ဒီေကာင္ေတြ ကင္းေစာင့္ဖို့ေခၚထားတာ အိပ္ဖို့ေခၚ ထားတာက်ေနတာပဲ အားလံုး ကုလားေသကုလားေမာ အိပ္ေန့ျက သည္။


နိုးနိုးျကားျကား ဆိုလို့ သူတစ္ေယာက္ထဲ။ ေကာင္းကင္ မွာေတာ့ ျကယ္ တစ္မွုန္နွစ္မွုန္ လင္းေနေလသည္။
သူ စဥ္းစားရင္း တလားနား ကပ္လာလိုက္သည္။ သူ့မ်က္စိထဲတြင္ အရိုးစု အစား လွပေခ်ာေမာေသာ မိန္းမပ်ို တစ္ေယာက္အသြင္ ကိုျမင္လိုက္ရသည္။


မိန္းမပ်ိုမွာ လဲေလ်ာင္းေနရာမွ သူ့ဘက္ မ်က္မွာမူျပီး တစ္ျဖည္းျဖည္း လွည့္ လာေလသည္။
"""ေမာင္ျကီးးး"""
ရုတ္တရက္ေခၚလိုက္တာမို့ သူနံေဘးနဘီ လိုက္ျကည့္လိုက္မိသည္။
သူ့ကိုေခၚတာလား

"""ေမာင္ျကီးး မယ္တင္ကို မမွတ္မိဘူးလားဟင္ မယ္တင္ေလ"""  ံေျပာေျပာ ဆိုဆို လက္ကမ္းေပးလာတာမို့ အေယာင္ေယာင္ အမွားမွား လွမ္းကိုင္လိုက္သည္။
သူမ လက္ကိုဆြဲလိုက္သည္နွင့္ အသက္ငါးဆယ္အရြယ္ ဦးေငြေဆာင္ အရြယ္မွ ခုပံုစံနွင့္ ဆက္စပ္မွု မရိွေသာ ငယ္ရြယ္နုပ်ိုေသာေရွးေခတ္ အဝတ္အစားမ်ားနွင့္ ကိုယ့္ကိုယ္ကို ျပန္ုျမင္လိုက္ရသည္။


တစ္ေယာက္ထဲေတာ့ မဟုတ္ အလြန္တရာ နန္းဆန္ေခ်ာေမာေသာ ေကာင္မေလး တစ္ေယာက္နွင့္
""ေမာင္ႀကီး မယ္တင္ တို့ ေရွ႕ေရး ဘယ္လိုေတြးထားတာလဲဟင္"""
""ရင္ေမာရ ပါလား နွမရယ္ ရြာနွစ္ရြာ အာဃာတ အျငိုးေတြျကား မွာ ေမာင္ျကီးတို့ အခ်စ္က ေျမစာ ပင္ျဖစ္ရ မွာလားကြယ္""""

မယ္တင္က ပင့္သင့္ေလး ရိွုက့္ျပီး  ေငြေဆာင္ရဲ့ ပုခံုးထက္ မွီလာေလသည္။ သံုးဖန္လွရြာ ဆိုတာ တကယ္ေတာ့ တစ္ရြာတည္းပါ  ရြာေတာင္ဖက္ေျမာက္ဖက္ စိတ္ဝမ္း ကြဲရာမွ သူျကီးနွစ္ေယာက္ျဖစ္ သြားရ သည္။

သူျကီးနွစ္ေယာက္မွာ လည္း ငယ္ငယ္ က ေက်ာင္းေတာ္က ရန္စေျကာင့္ ျကီးလာေသာ္လညး္ မတည့္သည့္ အျပင္ အာဃာတေတြ ပိုမ်ားလာခဲ့သည္။ ရြာေျမာက္ဖက္ျခမ္းက လူေတြက ရြာေတာင္ပိုင္း မသြားရ ရြာေတာင္ ဖက္ျခမ္းက လူေတြက ရြာေျမာက္ပိုင္း မသြားရ စသည္ျဖင့္ တင္းမာလာခဲ့သည္။


တစ္ေန့ မယ္တင္နွင့္ ေငြဆာင္တို့နွစ္ဦီး ခ်စ္ျကိုက္တာ နစ္ဖက္ မိဘ သိသြားရာ ယမ္းပံု မီးက်ေတာ့သည္။
အျငိုးျကီးျပီး စိတ္ျကီးေသာ မိဘ မ်ားမွာ ေငြေဆာင္အား ပိတ္ေလွာင္ ထားသလို မယ္တင္မွာ လည္း အိမ္ထဲ အိမ္ျပင္ မထြက္ရ အမိန့္ခ်ခံလိုက္ရေတာ့သည္။


ဒါကို မျကည့့္ရက္ေသာ အိမ္ေတာ္ ထိန္း က ေငြေဆာင္ အား တိတ္တဆိတ္ လႊတ္ေပးလိုက္ေလေတာ့သည္။


ညသည္ တိတ္ဆိတ္လို့ေနသည္။ ေကာင္းကင္မွာလည္းျကယ္ေရာင္ေတာင္ မရိွ။ ထိုစဥ္ လူတစ္ေယာက္ သည္ အေမွာင္ကို အားျပဳကာ မယ္တင္တို႔ အိမ္နား ခ်ည္းကပ္ လာေလသည္။ အိမ္ကေျခတံရွည္အိမ္မို့ မယ္တင္ အခန္းေရွ့ေရာက္ေတာ့ျပတင္းေပါက္ ကိုေက်ာက္စရစ္ခဲနွင့္ လွမ္းပစ္ လိုက္ရာျပတင္းတံခါး ပြင့္ လာေလသည္။
မဲမဲအရိပ္ က မယ္တင္ ပဲထင္သည္။


မယ္တင္က ေစာင္ပိုင္းအားျပတင္းတံခါးမွ ခ်ကာ တြယ္ဆင္း လာေလသည္။
ေငြေဆာင္ က ေလ်ွာဆင္းလာေသာ မယ္တင္ကို လွမ္းေပြ့လိုက္သည္။
"""ေမာင္ႀကီး မယ္တင္တို့ ဘယ္သြားျက မလဲဟင္"""
"""မယ္တင့္ကို ရန္ျငိုး အာဃာေတြနဲ့ေဝးတဲ့ ဒီေနရာနဲ့ အေဝးဆံုးကိုေခၚသြားမယ္"""
"""ခု မယ္တင္ ဘဝကိုေမာင္ျကီး ပိုင္သြား့ျပီ ေမာင္ျကီးေခၚရာမယ္တင္လိုက္ပါ့မယ္"""


ထိုစဥ္..................
အိမ္တစ္ေဆာင္လံုး မီးတုတ္မ်ား လင္းထိန္သြားေလသည္။
""ရပ္လိုက္စမ္း!!!!"""
မယ္တင္ က
"""ေမာင္ျကီး ဘယ္လို လုပ္မလဲ အဘကို မယ္တင္ေျကာက္တယ္"""
ေငြေဆာင္မွာ မယ္ တင့္လက္ ကို တင္းတင္း ဆုပ္ကိုင္လိုက္ျပီး ေျပးရေအာင္မယ္တင္ သူတို့ ခ်စ္သူနွစ္ ဦး ကေရွ့ ကေျပး သူျကီးနွင့္ အဖြဲ့ကေနာက္ကေလာက္နွင့္ ညေမွာင္ေမွာင္ မွာ ေသြးပ်က္ဖြယ္ေကာင္းေနသည္။

မယ္တင့္ အဘေတာင္ပိုင္း ရြာသူျကီး ဦီးေရြွဘ မွာ ျမွားတံ အားေျခာက္လွန့္ ရံု ပစ္လိုက္ရာ
ေငြေဆာင္ ၏ နွလံုးသား တည့္တည့္ ကို စိုက္ဝင္ သြားေလေတာ့သည္။

""ေမာင္ႀကီး!!!""""
မယ္တင့္ေအာ္သံ က အေမွာင္ထု ကိုေဖာက္ထြက္ သြားေလသည္။ ေျမာက္ဖက္ရြာေငြေဆာင္ အဘ ဉီးပန္းေဆာင္ မွာလည္း ေငြေဆာင္ေပ်ာက္သြားသည္နွင့္ လိုက္ရွာ လာရာ ရြာနွစ္ရြာ အျကားေစတီတည္ရာ ကုန္း ကမူတြင္ သား ၏ အျဖစ္ဆိုးကိုေတြ့လိုက္ရေလေတာ့သည္။

မယ္တင္ မွာ ငိုေျကြးေနရာမွ ခ်က္ခ်င္း ရပ္သြား ကာ ေငြေဆာင္၏ေနာက္ေက်ာ မွ စိုက္ေနေသာ
ျမားကို ဆြဲနုတ္ကာ သူမ လည္ပင္း အား ထိုးစိုက္ လိုက္ေလေတာ့သည္။
မယ္တင္ မွာ မေသခင္တြင္......................

"""ငါသည္ ငါ့ ခ်စ္သူကို အသက္ေပးခဲ့သည္။
ငါ့ခ်စ့္သူက လြဲရင္ ငါ့အေလာင္းအား ဒီေနရာကေရြ့သူမ်ား သည္ အေသဆိုးနွင့္ေသျကရမည္"""
မယ္တင္ မွာ ေၾကာက္မက္ဖြယ္ျကိမ္စာ တိုက္ျပီး ေငြေဆာင္ေဘးမွာတင္ မ်က္စိျကီးျပူးထြက္ ကာ
အသက္ေပ်ာက္သြားေလသည္။


ထိုအခါမွနွစ္ဖက္လူျကီးမ်ား သတိ ဝင္လာကာ
""အားးးး သမီးရယ္ အျဖစ္ဆိုးလိုက္တာ အဘ အျပစ္ပါ"""
ေငြေဆာင္ အေလာင္းအား ရြာေျမာက္ပိုင္းအား ယူသြားကာ မီးသျဂိုလ္လိုက္ေလသည္။
မယ္တင္ ၏ အေလာင္းမွာ ကား ရြာထဲေရြ့ရာ မိုးျကိုးေတြပစ္ လ်ွက္စီးေတြ လက္ကာ ရြာသား အခ်ို့ မိုးျကိုး ထိရာ ပါသြားျကေလသည္။


ဦးေရြွဘ မွာ သမီး အေလာင္းအားေရြ့မရသည့္ အဆံုးေနွာင္းလူမ်ား အလြယ္တကူ မေရြွ့နိုင္ရန္ေက်ာက္ တလား တစ္ခု စီစဉ္ကာ ထိုေနရာတြင္ပင္ျမွုပ္နွံလိုက္ေလသည္။


ဦးေရြွဘ မွာလည္း ထိုစိတ္နွင့္ပင္ ကြယ္လြန္သြားေလသည္။ ဒီျကားထဲနွစ္ေပါင္းမ်ားစြာ ထို အေလာင္းအား တူးေဖာ္သူ မွန္သမ်ွ အေျကာင္း အမ်ိူးမ်ိုးေျကာင့္ အေသဆိုးနွင့္ေသျက ရေလသည္။

~~~~~~~
{၃}
ဇာတ္သိမ္း
""သူႀကီး သူႀကီး""
ဦးေငြေဆာင္မွာ လွုပ္နိုး ခံလိုက္ရတာေျကာင့္ နိးလာေလသည္။
""မယ္တင္""
သူ့နွူတ္မွ အသံေျကာင့္
""ဘယ္က မယ္တင္လဲ သူျကီးရဲ့
အားလံုး ဒုကၡေရာက္ကုန္ျပၤီ"""
သူျကီးက နားမလည္နိုင္စြာျကည့္၍
""ဘယ္လိုေတြျဖစ္တာလဲ"""


"""ေခြးပု ေခြးပု တို့ အဖြဲ့""
သူႀကီး ျကြက္နီ စကားမဆံုးခင္ အေျပးအလြွား ထျကည့္လိုက္ရာ ရုပ္ပ်က္ဆင္းပ်က္ အသက္ေပ်ာက္ေနေသာ
ေခြးပု လူေလးေယာက္ေတြ႕ရေလသည္။

""ဟင္!!!!!!""
""ေခြးပုေရာ ေခြးပု ကိုရွာျက"""
ေခြးပုကို ရွာေတြ့လိုက္ေသာ္လည္း
ေခြးပု မွာ ကေယာင္ေျခာက္ျခားေတြေျပာကာ စိတ္မူ မမွန္ေတာ့။
သူတို့ အဖြဲ့ညေနတည္း က အေလာင္းေကာင္ ခႏာၵကိုယ္ က ေရြွေငြေက်ာက္သံ ပတၲျမားေတြ ကိုေလာဘ တက္ေနျက တာ အားလံုး အိပ္ခ်ိန္တြင္ေလာဘေဇာကပ္ ကာ အျကံစည္ ကို အေကာင္အထည္ေဖၚျကရာ
ခုေတာ့ မျဖစ္သင့္တာျဖစ္ရျပီ။


အေလာင္းမ်ားအား ရြာျပင္ သခၤိ်ုင္းသို့ေဆာင္ယူ သျဂိုလ္လိုက္ေလသည္။
ေခြးပု မွာ.....
""အား!!!!!သရဲမ မလာ နဲ့ အီးးးးဟီးးးး"""
အမ်ိုးစံုေအာ္ကာ အရူးတစ္ေယာက္လို ခုန္ေပါက္ေျပးလြွားေနေလေတာ့သည္။
ရြာရွိ လူျကီးမ်ားက
""ဒီ အေလာင္းေကာင္  ကို ဘယ္လို လုပ္မလဲ
လူေတြ အႏၲရာယ္ ရွိလာျပီ ခုဆို အျမဲျငိမ္းခ်မ္း ခဲ့တဲ့ က်ုပ္တို့ရြာေလး ေသေပ်ာက္ အပ်က္အစီးေတြ ရွိလာျပီ။"""


သူျကီးက ..
""ဒီ အေလာင္းေကာင္ကိုေနရာေရြ့မယ္ ေစတီျဖစ္ေအာင္ တည္ရမယ္ အေလာင္းေကာင္ ပစၥည္းေတြကို ဌာပနာ ထည့္မယ္ အမ်ွေဝမယ္""
နာယကႀကီးက.....
""ခက္တာက ဒီအေလာင္းနဲ့ ပတ္သက္လို့ ဘယ္သူမွ မလုပ္ရဲေတာ့ဘူူး"""
""က်ုပ္ ဦးေဆာင္ လုပ္ပါ့မယ္ က်င္းေပၚ က ကူညီေပးရင္ ရပါၿပီ"""


~~~~~~~~~~
အေလာင္းေရြွ့မည့္ေန့.................
ေက်ာက္ တလားျကီး အား ျကိုးေတြနဲ့ တုတ္ေနွာင္ကာ အေပၚဆြဲတင္ရန္ စီစဉ္ထားသည္။ သူႀကီး တစ္ေယာက္ သာ က်င္းထဲမွာ သူႀကီးသည္ အေလာင္းေကာင္နား ကပ္သြားရင္း
""မယ္တင္ ေမာင္ျကီး သာသနာျပုတာ ကူညီပါ က်ိန္စာလည္းေျပခ်ိန္ တန္ပါျပီ ဒီနွစ္တစ္ရာလံုုုး မယ္တင့္ ကိုေစာင့္ေစမိတဲ့ အတြက္ေမာင္ျကီးကို ခြင့္လြတ္ပါ ကိစၥေတြ အားလံုးျပီးရင္ေမာင္ျကီးနဲ့ မယ္တင္
ျငိမ္းခ်မ္း တဲ့ေနရာေလး မွာအတူတူ ရွိျကမယ္"""


အေလာင္းေကာင္ ၏ မ်က္လံုး ဆီမွ က်လာေသာ မ်က္ရည္စက္ကို သူျကီး ေငြေဆာင္ မွလြွဲရင္ ဘယ္သူမွ မျမင္လိုက္ သူႀကီး အေလာင္းေကာင္ ၏ မ်က္လံုးကို မွိတ္လိုက္ကာ လည္ပင္းမွျမွားတံကို ဆြဲနတ္လိုက္သည္။

""ကဲ အားလံုးေက်ာက္တလားကို တင္မယ္ ဝိုင္းဆြဲျက""
သူျကီးေအာ္သံေျကာင့္ ရြာသားမ်ား ဝိုင္းဆြဲျကရာ အေလာင္းေကာင္နွင့္ေက်ာက္တလား မွာ က်င္းေပၚ အလြယ္ တကူေရာက္ရွိ လာခဲ့သည္။

အေလာင္းအား ရြာျပင္ သခ်ိၤုင္းတြင္ သျဂိုလ္ျပီးေနာက္ အေလာင္းေဘးတြင္ အုတ္ဂူ အလြတ္ တစ္လံုးအား ထပ္မံ စီစဉ္လိုက္သည္။ ထို့ေနာက္ ဘုရား ပႏၷက္ ခ်ျပီး အေလာင္းေကာင္မွေရြေငြ လက္ဝတ္ ရ တနာမ်ား
ဌာပနာကာေန့မအား ညမနား  ေစတီ တည္လိုက္တာ တစ္လ အတြင္းမွာပင္ ေစတီေတာ္ကို ဖူးေမ်ွာ္လိုက္ ရသည္။

ေစတီေတာ္ ထီးတင္ အျပီး ညမွာပင္ သူျကီး ဦးေငြေဆာင္မွာ ဘာေရာဂါ အနာတရမ်ွ မရွိဘဲ အိပ္ရာထဲတြင္ ကြယ္လြန္ သြားေလသည္။

 ျကြက္နီ မွာ သူျကီးအေျကာင္းစံု ရွင္းျပျပီး ၍ သူျကီးအား မယ္တင္ ႔ ေဘးအုပ္ဂူ အလြတ္မွာ သျဂိုလ္လိုက္ေလ သည္။ တစ္ရြာလံုး ဝမ္းနည္းယူျကံူးမရ ရွိေသာ္လည္း ျကြက္နီ မွာ သူျကီး အတြက္ဝမ္းသာပါသည္။

ခုဆို သူျကီးတိူ့ ခ်စ္သူနွစ္ေယာက္ျငိမ္းခ်မ္း ရာ ေရာက္ေနေလာက္ျပီ။
ျကြက္နီ မွာ အဘိုးျကြက္နီျဖစ္လာသည့္တိုင္ ဒီ သစၥာတရားျကီးမားေသာ လြမ္းေမာဖြယ္ရာ
ဇာတ္လမ္းေလး ကို တစ္ေထာင့္တစ္ည ပံုျပင္ အျဖစ္ေျပာမိေနဦးမွာပါ။ ။

The end

ေက်းဇူးတင္လ်က္
M.M.M

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ပရေလာကမွ ရွားပါးမွတ္တမ္းမ်ား

#Unicode Version#
{၁}
ဒီနေ့ သုံးဖန်လှ ရွာ တွင် ဘုရားတည်ရန် ပန္နက်ချမည်။ ကာလသားများမှာ မြေတူးမြေသယ် သကဲ့သို့ ကျေးရွာ သူ ပျိုဖြူကာလသမီး များ ကလည်း တစ်တပ် တစ်အား တစ်ဖက် တစ်လမ်းမှ ကူညီအားဖြည့်ကြသည်။

ထိုအထဲတွင် သူကြီးဦးငွေဆောင် က အတက်ကြွဆုံး။
ဒီရွာကြီးက ရှေး အရင်တည်းက ရှိခဲ့သောရွာကြီးဟု လူတိုင်းကပြောကြသည်။ ရွာနဲ့ ပတ်သက်၍လည်း တစ်ထောင့် တစ်ည ပုံပြင်တွေ အများကြီးရှိသည်။

ဦးငွေဆောင် မှာ အ သက် ငါးဆယ်နား နီးသော်လည်း အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် ခန့်တုန်း သန့်တုန်း လူပျိုကြီး ဆိုလည်းမမှားပေ။ မစွံလို့ လူပျိုကြီးဖြစ်နေတာတော့ မဟုတ်ပေ။ စွံတော့စွံသည်။ တစ်ဦးတည်းသော သား မို့ သူကိုတိုင်က စိတ်မပါသည့် တိုင် မိဘ စကားနားထောင် ကာ အိမ်ထောင်ပြုရန် အကြိမ်ကြိမ်ကြိုးစား ဖူးသည်။

ဒါပေမယ့် သူနှင့် ပတ်သက် သမျှသော သူတို့သမီးလောင်း များမှာ အကြောင်း အမျိုးမျိုးကြောင့်သေဆုံး သူတွေနှင့် တစ်ချို့ဆို ရူးသွားကြသည်။ နောက်တော့ သူက လူကြမ်း တစ်ယောက်ဖြစ်ကာ ဘယ်သမီးရှင် မှ မစပ်ဟပ် ရဲတော့ပေ။

ဦးငွေဆောင် ဧ။် မိဘဖြစ်သူ ဦးငွေရှင်နှင့် ဒေါ်ခင်ဆောင်း တို့မှာ ပစ္စည်း ဉစ္စာလည်း ကုံလုံ သားချော သားလှ တစ်ယောက်မွေးထား ပါသော်လည်း သားဖြစ်သူ ၏ အတိတ်ကံကြောင့် ရှေ့ရေး မလှမှာကို ရတက် မအေး ရှာပဲ သားစိတ်နှင့်ပင်ရှေ့ဆက်နောက်ဆက် ကွယ်လွန်သွားကြသည်။

ခုတော့ ဦးငွေဆောင်မှာ သူ၏ တပည့်လေးများနှင့်နေထိုင်လေသည်။ လွန်ခဲ့သော သုံးလ ခန့်ကဦးငွေဆောင် ၏နေ အိမ် သို့ သူတော်စင် တစ်ပါးရောက်လာခဲ့သည်။ သူတော်စင်ကြှးီ မှာ မုတ်ဆိတ်ကျင်စွယ်တွေနှင့် အသက် ရွယ်ကြီးရင့်လှသော ပုံစံရှိသော်လည်း စူးရှတောက်ပသော မျက်ဝန်းနှင့် ဖျတ်လတ်သော အမူရာက
သူတော်စင်ကြီး၏ သီလနှင့်သမာဓိ ကိုဖော်ပြနေလေသည်။

သူတော်စင်ကြီး က သူ့ဘဝ အတိတ်ကံနှင့် ပတ်သက်၍ တစ်စွန်းတစ်စဟောကြားလာခဲ့သည်။
""လူလေး အနေနဲ့ အခု ဘဝ မှ မဟုတ်ဘူး အရင့် အရင် ဘဝတွေတည်း က အိမ်ရာ ထူထောင်ဖို့ကံ ပါမလာခဲ့ ဘူး ခုလို ဆိုးဝါးတဲ့ ကံကြမ္မာကို ခံစားလာရတာ ဘဝတစ်ရာရှိတော့မယ်""

 ငွေဆောင်
""တပည့်တော် ရဲ့ အတိတ်ဘဝကို သူတော်စင်ကြီး အနေနဲ့ ပြောခွင့်ရှိမယ် ဆိုရင်သိချင်ပါတယ်ဘုရား """
""ပြောဖို့မလိုပါဘူး လူလေး လူလေး ရဲ့ အတိတ်ဘဝကို လူလေး ကိုယ်တိုင်မြင်လာ လိမ့်မယ် လူလေး ဘာမှ လိုက်လုပ် စရာမလိုဘူး သူ့ အချိန်နဲ့သူဖြစ်လာပါ လိမ့်မယ် လူလေးရဲ့ ဘဝက မဖြောင့်ဖြူးလောက်ဘူး ဒါကြောင့် ကံကြမ္မာ အလှည့် အပြောင်းနဲ့လောကဓံ ကိုကြံ့ကြံ့ခံဖို့ တရားဘာဝနာတွေ အားထုတ်ပါ
ကောင်းမှု ကုသိုလ်တွေများများ လုပ်ပါ လူလေး ဘာလုပ်လုပ်ဝေနေယျတွေ ကို မေတ္တာပို့ အမျှဝေပါ
လူလေး လုပ်သမျှဟာ လူလေး တစ်ယောက်တည်းအတွက် မဟုတ်ဘူးဆိုတာ မှတ်သားထားပါ"""


သူတော်စင်ကြီး မှာ မှာကြားပြီးသည်နှင့် ညအိပ်ရန် ပင့်ဖိတ်သော်လည်း ညနက် သန်းခေါင်ကြီးမှာ ပင် ပျောက် ကွယ် သွား သည်မှာ ခု ဆိုရင်ငါးနှစ် တင်းတင်းပြည့်ပြီ။ ခု ဆိုရင် သူပြုခဲ့သော ကုသိုလ်ကောင်းမှု တို့မှာ ဤ သုံးဖန်လှရွာမှာ လက်ညီုးထိုး မလွှဲအောင်ရှိပြီ ဦးငွေဆောင် မှာ လွန်ခဲ့သော အတိတ်ဆီ အာရုံလွင့်မျောနေစဉ်....................................


"""သူကြီးသူကြီး
လာပါဦးဗျို့ ဘာကြီးလဲ မသိဘူး"""
မြေကျင်း တူးနေရာမှကြွက်နီ တို့၏အော်သံကြောင့် အတွေးစပြတ်တောက် သွားရသည် ။
ဦးငွေဆောင်မှာ ရွာသားများ ဝိုင်းအုံနေသော မြေကျင်းဆီ သွားရောက်ငုံ့ကြည့်ရာ.........................

""ဟင်!!!!!!!!""""
သေတ္တာ လိုလိုထောင့်စွန်းတစ်ခု ကိုတွေ့ရသည်။
""သူ့တပည့်ကြွက်နီ က
"""ဘယ်လိုလဲ သူကြီး ဆက်တူးရမလား"""
""ဘုရား ပရဝုဏ်ထဲ ပါနေတာပဲ ဆက်တူးမှ ရမှာပေါ့"""




ရွာသားတစ်ချို့က
'"""ဘုရား တည်တာကြောင့် အစောင့် အရှောက်တွေက  ရွှေသေတ္တာကြီး ပေးတယ်ထင်တယ်"""
သူကြီးဦးငွေဆောင် က.........
""ကဲဟေ့ ဆက်တူးကြတာပေါ့"""


ဒီတစ်ခါတော့ သူကြီးပါ ခါးတောင်းကျိုက် လိုက်ပြီး မြေတူးရန်ပေါက်ချွန်း ကို ကောက်ကိုင်လိုက်သည်။
ရွာသူ ရွာသားများ မှာ ဝိုင်းအုံကြည့်နေရင်း စိတ်လှုပ်ရှားနေကြသည်။ တူးရင်း တူးရင်းနဲ့ ပုံပေါ်လာသော ထို ပစ္စည်းမှာ သေတ္တာပုံစံ မဟုတ်ပဲ ကျောက်တ လားကြီး ပုံစံဖြစ်လာရာ မောတာကြောင့်ရော စိတ် လှုပ်ရှား တာကြောင့်ပါ အသီးသီးချွေးပြန်လာကြသည်။


တစ်ချို့သွေးကြောင်သော ကာလသားတွေ က ကျင်း နှုတ်ခမ်းပေါ်ရောက်သွားကြပြီ။
တစ်ကယ်တမ်း ရုပ်လုံးပေါ်လာသော ပစ္စည်းမှာသေတ္တာတစ်ခု မဟုတ်ပဲ ကျောက်တံလားကြီးဖြစ်နေတာမို့
"""ဘာကြီးလဲ မသိဘူးဖွင့်ကြည့်မှ သိမယ်""""


ရွာသားတစ်ချို့က
'""ဟုတ်တယ်ဗျ""
ကျောက်တလား ကတော့တော်တော်ကြီးသည်။
အဖုံး ကို အမြင့် တစ်ထွာလောက် ရှိသည်။


သာဒင် ဆိုသောရွာသားက
"""ဘယ် လို လူေ တွက ဒီနေရာ စ ည်းကမ်း မရှိလာမြုပ်ပါလိမ့် ဒီနေရာ သင်္ချိုင်းလို့လည်း မကြားဖူးပါဘူး"""

သူကြီးက
""သာဒင် ပါးစပ် မသရမ်းရဘူးကွ ဒီနေရာ ကရှေးကတည်းက ရှိခဲ့တာ ဘယ်နေရာ ဘာရှိလဲဆိုတာ သိနိူင် မလားကွ"""

သူကြီးငေါက်လိုက်တော့ သာဒင် မှာငြိမ်ကျ သွားသော်လည်း သူ့စကားကိုထောက်ခံသမား မရှိတာမို့ မကျေနပ် လှပေ။
နာယကကြီး ဦးတင်အောင်က

"""ကဲ အဖုံးဖွင့်ကြည့်ရအောင် လေးတော့ အတော်လေးမယ် ဂရုတစိုက် ဖွင့်ကြ"""
ဘုရား ပန္နက်ရိုက်ရာ မှကျောက် တလားကြီး ထွက်လာသည် ဆိုသော သတင်း က တစ်ရွာလုံး တစ်ခဏချင်း ပျံ့နှံ့သွားတာမို့ လာရောက်ကြည့်ရှုသူများ ဝိုင်းအုံ သွားလေတော့သည်။
သာဒင်ကြွက်နီ တို့ အပါအဝင် ကာလသား ဆယ်ယောက်မှာ ကျင်းထဲတွင်နေရာ ယူလိုက်လေသည်။


သူကြီးက
"" ကဲ တစ်နှစ်သုံး ဆို တစ်ပြိုုင်တည်း မမယ်နော်""""
နာယကကြီး က.................
""လူ ဆယ်ယောက် နဲ့ မရလောက်ဘူး ကဲခွေးပု တိ့ု့ အဖွဲ့ဆင်း ရပ်မနေနဲ့""""


နာယကကြီးပြောမှ တလား ဆိုသည်နှင့် ကျင်းပေါ်ရောက်သွားသော ခွေးပု တို့ အဖွဲ့မှာ မနေသာတော့ ပဲပြန် ဆင်း လိုက်ရတော့သည်။ သူကြီးက.............
""ကဲ မကြမယ် တစ် နှစ် သုံး"""

တလား အဖုံးအား စမသည်နှင့် ကြည်လင်နေသောကောင်းကင်မှာ ချက်ချင်း မှိုင်းညှို့ လာပြီး လျှပ်စီးများ လက်လာလေသည်။ တလား အဖုံးမှာ လူ ဆယ့်ငါးယောက် အားကြောင့် တကျွီကျွီ အသံဖြင့်ရွေ့လာလေ သည်။  ပထမဆုံးခြေထောက် မှ အရိုးစုကို စမြင်ရလေသည်။ သာဒင်မှာ တလားအောက်ခြေ ဘက်တွင်နေ ရာ ယူထားလေသည်။


ထိုစဉ်အောက်ခြေဖက်သာကြံသေးသော တလား အဖုံးမှာ သာဒင် ဖက်စောင်းကျ လာကာ
""""ဝုန်း!!!!!!!!!အားးးးးးးး""""
သာဒင်နံဘေးက ရွာသားနှစ်ယောက်မှာ လွတ်သွားသော်လည်း သာဒင်ခြေထောက် တစ်ဖက်မှာ တလား ဖုံးအောက်ပ်နေလေတော့သည်။
"""အားးးးး ကယ်ကြပါ ဦး"""


ကျင်းထဲ မှ လူများမှာ တလားထဲ အရင်မကြည့်အား တလားဖုံးအောက်မှ သာဒင်ကို ခက်ခက်ခဲခဲ ပြန်လည် ဆွဲထုတ်ဖို့ အရင်ကြိုးစားရတော့သည်။ သာဒင်ကို ဆွံဲထုတ်နိုင်လိုက်သော်လည်း ခြေထောက် တစ်ချောင်းမှာ သွင်သွင် ကျိုးသွားလေတော့သည်။

သာဒင်အားမြို့ဆေးရုံပို့ရန် နွားလှည်း စီၤစဉ်ပြီးသည်နှင့် တလားထဲမှ ရုပ်အလောင်း ကိုကြည့်လိုက်ရာ
မိန်းကလေး တစ်ယောက်ဖြစ်ကြောင်းခန့်မှန်းရသည်။ အဝတ်အစားများ အရင်ရှေးခေတ် က မင်းသမီးများ ဝတ်စား သလို ဝတ်စားထားလေသည်။

ထူးဆန်းသည် မှာ တစ်ခြားနေရာအားလုံး အရိုးစုဖြစ်နေသော်လည်း မျက်စိနှစ်လုံး မှာ သက်ရှိထင်ရှား ကဲ့သို့ စိမ်းတောက်နေကြသည်။

""ကြွက်နီ က
""သူကြီး အလောင်းကောင်ကြီးကြည့်ရတာ တစ်မျိုးပဲ မျက်လုံးက စိမ်းတောက်နေပြီး အငြိုး တကြီးကြည့်နေ သလိုပဲ့ဗျ""""


သူကြီး ဦးငွေဆောင် မှာ့ကြွက်နီေ့ပြာသော အလောင်းကောင် ၏ မျက်လုံး ကိုကြည့်လိုက်ရာ ရင်ဘတ်ထဲတွင် စူးရှသောဝေဒနာ တစ်ခုခံစားလိုက်ရသည်။


ထိုစဉ်
""""ဝုန်းးးးဝေါးးးးးဝေါးးးးးး""""
လေပြင်းများ တိုက်ကာ လေရော မိုးပါ ထန်လာလေတော့သည်။ လျှပ်စီး လက်ပြီး မိုးခြိမ်းသံများမှာ လည်းကြောက် ခမန်း လိလိပင်။ လျှပ်စီးလက်လိုက်တိုင်း အလောင်းကောင် ၏ ခန္ဓာကိုယ် မှရွေငွေကျောက် သံ ပတ္တမြား တို့သည် ဝင်းကနဲ လက်ကနဲ ရွာသားတွေပြန်ကုန်ကြတော့ ကျင်းထဲမှ တလားဖုံးမ သမားများ သာ ကျန်ခဲ့သည်။

 ကြွက်နီက..............
""သူကြီးပြန်မှ ရတော့မယ်ဗျ မိုးတွေ အရမ်းခြိမ်းနေပြီ""
မိုးသံလေသံနှင့် မို့အော်ေ့ပြာရတာ လည်ချောင်းပင် နာလာသည်။

 ခွေးပုတို့ ငါးယောက်အုပ်စုမှာ အလောင်းကောင် ကိုယ်ပေါ်မှကျောက်သံပတ္တမြား ကိုကြည့်ရင်း မျက်စိများ မှာလောဘရောင်တောက်နေကြလေသည်။


သူကြီး............
""မိုးခြိမ်းလည်းး ဒီအဖုံး ကိုပြန်ဖုံး မှဖြစ်မယ်ကွ"""
သူကြီးကခေါင်းမာစွာပြော၍ တလားအဖုံး ကိုပြန်မစေသည်။

""ဂျိမ်းးးး""
မိုကြိုး ပစ်ချလိုက်ရာ မဝေးသော အကွာအဝေးမို့ ထုံကျင်သွားသလို ခံစားလိုက်ရသည်။ သူကြီး ဦးငွေဆောင် မှာ သူခေါင်းမာနေရင်အာ းလုံး အတွက်အန္တရာယ် ရှိတာမို့

""ကဲ အားလုံပြန်ကြမယ် ညနေ မိုးစဲမှပြန်လာကြမယ်""
သူကြီးေ့ပြာစကားကြောင့်ကြွက်နီ မှာ ကျင်းပေါ် ပထမဆုံး ဖက်တက်လိုက်လေသည်။
မိုးက ပို၍ပင် သည်းထန်စွာ ရွာချလာလေသည်။

သူကြီးမှာ အိမ်ရောက်သည့်တိုင်ကျောက်တလားနှင့် အလောင်းကောင်ဆီပဲ စိတ်ရောက်နေလေသည်။
သာဒင် တလားဖုံး ဖိတာ အလောင်းကောင်ရဲ့ ပယောဂကြောင့်လား။ တိုက်တိုက် ဆိုင်ဆိုင်ဖြစ်သွားတာလား
ကြွက်နီပြောတာတော့ အလောင်းကောင်ရဲ့ မျက်လုံး က အငြိုးနဲ့ကြည့်နေသလိုပဲ တဲ့ သူကြည့် တာတော့ သနား စရာ လို့မြင်သည်။

ညနေလောက်ရောက်တော့ မိုး က စဲစပြုလာသည်။ ညနေရောက်တော့ ထိုနေရာတွင် လူများပြန်လည် စုဝေး လာကြသည်။ တလားအဖုံးအား ဘယ်လိုပင်ပြန်ဖုံးသော်လည်း မရတာမို့ ညအိပ်စောင့်ရန် ကာလသား လူငယ် များထဲမှ ရွေးချယ်လိုက်သည်။ ခွေးပုတို့ အဖံဲ့ွမှာ အတက်ကြွ ဆုံး ကျန် လူများကတော့ သိပ်စောင့်ချင်ပုံ မရတာမို့ ခွေးပုတို့ အဖွဲ့မှ ငါးယောက်နှင့်  သတ္တိကောင်းသော လူငယ်သုံးယောက် ခေါ်လိုက်သည်။

မနက်ဖြန် အစည်းအဝေး ကျင်းပပြီး ထို အလောင်းကောင်အား ဘယ်လို လုပ်သင့်တယ်ဆိုတာတိုင်ပင်ရမည်။



(၂)

ဦးငွေဆောင်မှာ အစောင့် ကျသော ကင်းသမားများ လှည့့်လည်ကြည့်ရှုစစ်ဆေးလိုက်သည်။ ဒီကောင်တွေ ကင်းစောင့်ဖို့ခေါ်ထားတာ အိပ်ဖို့ခေါ် ထားတာကျနေတာပဲ အားလုံး ကုလားသေကုလားမော အိပ်နေ့ကြ သည်။


နိုးနိုးကြားကြား ဆိုလို့ သူတစ်ယောက်ထဲ။ ကောင်းကင် မှာတော့ ကြယ် တစ်မှုန်နှစ်မှုန် လင်းနေလေသည်။
သူ စဉ်းစားရင်း တလားနား ကပ်လာလိုက်သည်။ သူ့မျက်စိထဲတွင် အရိုးစု အစား လှပချောမောသော မိန်းမပျို တစ်ယောက်အသွင် ကိုမြင်လိုက်ရသည်။


မိန်းမပျိုမှာ လဲလျောင်းနေရာမှ သူ့ဘက် မျက်မှာမူပြီး တစ်ဖြည်းဖြည်း လှည့် လာလေသည်။
"""မောင်ကြီးးး"""
ရုတ်တရက်ခေါ်လိုက်တာမို့ သူနံဘေးနဘီ လိုက်ကြည့်လိုက်မိသည်။
သူ့ကိုခေါ်တာလား

"""မောင်ကြီးး မယ်တင်ကို မမှတ်မိဘူးလားဟင် မယ်တင်လေ"""  ံပြောပြော ဆိုဆို လက်ကမ်းပေးလာတာမို့ အယောင်ယောင် အမှားမှား လှမ်းကိုင်လိုက်သည်။
သူမ လက်ကိုဆွဲလိုက်သည်နှင့် အသက်ငါးဆယ်အရွယ် ဦးငွေဆောင် အရွယ်မှ ခုပုံစံနှင့် ဆက်စပ်မှု မရှိသော ငယ်ရွယ်နုပျိုသောရှေးခေတ် အဝတ်အစားများနှင့် ကိုယ့်ကိုယ်ကို ပြန်ုမြင်လိုက်ရသည်။


တစ်ယောက်ထဲတော့ မဟုတ် အလွန်တရာ နန်းဆန်ချောမောသော ကောင်မလေး တစ်ယောက်နှင့်
""မောင်ကြီး မယ်တင် တို့ ရှေ့ရေး ဘယ်လိုတွေးထားတာလဲဟင်"""
""ရင်မောရ ပါလား နှမရယ် ရွာနှစ်ရွာ အာဃာတ အငြိုးတွေကြား မှာ မောင်ကြီးတို့ အချစ်က မြေစာ ပင်ဖြစ်ရ မှာလားကွယ်""""

မယ်တင်က ပင့်သင့်လေး ရှိုက့်ပြီး  ငွေဆောင်ရဲ့ ပုခုံးထက် မှီလာလေသည်။ သုံးဖန်လှရွာ ဆိုတာ တကယ်တော့ တစ်ရွာတည်းပါ  ရွာတောင်ဖက်မြောက်ဖက် စိတ်ဝမ်း ကွဲရာမှ သူကြီးနှစ်ယောက်ဖြစ် သွားရ သည်။

သူကြီးနှစ်ယောက်မှာ လည်း ငယ်ငယ် က ကျောင်းတော်က ရန်စကြောင့် ကြီးလာသော်လည်း မတည့်သည့် အပြင် အာဃာတတွေ ပိုများလာခဲ့သည်။ ရွာမြောက်ဖက်ခြမ်းက လူတွေက ရွာတောင်ပိုင်း မသွားရ ရွာတောင် ဖက်ခြမ်းက လူတွေက ရွာမြောက်ပိုင်း မသွားရ စသည်ဖြင့် တင်းမာလာခဲ့သည်။


တစ်နေ့ မယ်တင်နှင့် ငွေဆာင်တို့နှစ်ဦီး ချစ်ကြိုက်တာ နစ်ဖက် မိဘ သိသွားရာ ယမ်းပုံ မီးကျတော့သည်။
အငြိုးကြီးပြီး စိတ်ကြီးသော မိဘ များမှာ ငွေဆောင်အား ပိတ်လှောင် ထားသလို မယ်တင်မှာ လည်း အိမ်ထဲ အိမ်ပြင် မထွက်ရ အမိန့်ချခံလိုက်ရတော့သည်။


ဒါကို မကြည့့်ရက်သော အိမ်တော် ထိန်း က ငွေဆောင် အား တိတ်တဆိတ် လွှတ်ပေးလိုက်လေတော့သည်။


ညသည် တိတ်ဆိတ်လို့နေသည်။ ကောင်းကင်မှာလည်းကြယ်ရောင်တောင် မရှိ။ ထိုစဉ် လူတစ်ယောက် သည် အမှောင်ကို အားပြုကာ မယ်တင်တို့ အိမ်နား ချည်းကပ် လာလေသည်။ အိမ်ကခြေတံရှည်အိမ်မို့ မယ်တင် အခန်းရှေ့ရောက်တော့ပြတင်းပေါက် ကိုကျောက်စရစ်ခဲနှင့် လှမ်းပစ် လိုက်ရာပြတင်းတံခါး ပွင့် လာလေသည်။
မဲမဲအရိပ် က မယ်တင် ပဲထင်သည်။


မယ်တင်က စောင်ပိုင်းအားပြတင်းတံခါးမှ ချကာ တွယ်ဆင်း လာလေသည်။
ငွေဆောင် က လျှောဆင်းလာသော မယ်တင်ကို လှမ်းပွေ့လိုက်သည်။
"""မောင်ကြီး မယ်တင်တို့ ဘယ်သွားကြ မလဲဟင်"""
"""မယ်တင့်ကို ရန်ငြိုး အာဃာတွေနဲ့ဝေးတဲ့ ဒီနေရာနဲ့ အဝေးဆုံးကိုခေါ်သွားမယ်"""
"""ခု မယ်တင် ဘဝကိုမောင်ကြီး ပိုင်သွား့ပြီ မောင်ကြီးခေါ်ရာမယ်တင်လိုက်ပါ့မယ်"""


ထိုစဉ်..................
အိမ်တစ်ဆောင်လုံး မီးတုတ်များ လင်းထိန်သွားလေသည်။
""ရပ်လိုက်စမ်း!!!!"""
မယ်တင် က
"""မောင်ကြီး ဘယ်လို လုပ်မလဲ အဘကို မယ်တင်ကြောက်တယ်"""
ငွေဆောင်မှာ မယ် တင့်လက် ကို တင်းတင်း ဆုပ်ကိုင်လိုက်ပြီး ပြေးရအောင်မယ်တင် သူတို့ ချစ်သူနှစ် ဦး ကရှေ့ ကပြေး သူကြီးနှင့် အဖွဲ့ကနောက်ကလောက်နှင့် ညမှောင်မှောင် မှာ သွေးပျက်ဖွယ်ကောင်းနေသည်။

မယ်တင့် အဘတောင်ပိုင်း ရွာသူကြီး ဦီးရွှေဘ မှာ မြှားတံ အားခြောက်လှန့် ရုံ ပစ်လိုက်ရာ
ငွေဆောင် ၏ နှလုံးသား တည့်တည့် ကို စိုက်ဝင် သွားလေတော့သည်။

""မောင်ကြီး!!!""""
မယ်တင့်အော်သံ က အမှောင်ထု ကိုဖောက်ထွက် သွားလေသည်။ မြောက်ဖက်ရွာငွေဆောင် အဘ ဉီးပန်းဆောင် မှာလည်း ငွေဆောင်ပျောက်သွားသည်နှင့် လိုက်ရှာ လာရာ ရွာနှစ်ရွာ အကြားစေတီတည်ရာ ကုန်း ကမူတွင် သား ၏ အဖြစ်ဆိုးကိုတွေ့လိုက်ရလေတော့သည်။

မယ်တင် မှာ ငိုကြွေးနေရာမှ ချက်ချင်း ရပ်သွား ကာ ငွေဆောင်၏နောက်ကျော မှ စိုက်နေသော
မြားကို ဆွဲနုတ်ကာ သူမ လည်ပင်း အား ထိုးစိုက် လိုက်လေတော့သည်။
မယ်တင် မှာ မသေခင်တွင်......................

"""ငါသည် ငါ့ ချစ်သူကို အသက်ပေးခဲ့သည်။
ငါ့ချစ့်သူက လွဲရင် ငါ့အလောင်းအား ဒီနေရာကရွေ့သူများ သည် အသေဆိုးနှင့်သေကြရမည်"""
မယ်တင် မှာ ကြောက်မက်ဖွယ်ကြိမ်စာ တိုက်ပြီး ငွေဆောင်ဘေးမှာတင် မျက်စိကြီးပြူးထွက် ကာ
အသက်ပျောက်သွားလေသည်။


ထိုအခါမှနှစ်ဖက်လူကြီးများ သတိ ဝင်လာကာ
""အားးးး သမီးရယ် အဖြစ်ဆိုးလိုက်တာ အဘ အပြစ်ပါ"""
ငွေဆောင် အလောင်းအား ရွာမြောက်ပိုင်းအား ယူသွားကာ မီးသဂြိုလ်လိုက်လေသည်။
မယ်တင် ၏ အလောင်းမှာ ကား ရွာထဲရွေ့ရာ မိုးကြိုးတွေပစ် လျှက်စီးတွေ လက်ကာ ရွာသား အချို့ မိုးကြိုး ထိရာ ပါသွားကြလေသည်။


ဦးရွှေဘ မှာ သမီး အလောင်းအားရွေ့မရသည့် အဆုံးနှောင်းလူများ အလွယ်တကူ မရွှေ့နိုင်ရန်ကျောက် တလား တစ်ခု စီစဉ်ကာ ထိုနေရာတွင်ပင်မြှုပ်နှံလိုက်လေသည်။


ဦးရွှေဘ မှာလည်း ထိုစိတ်နှင့်ပင် ကွယ်လွန်သွားလေသည်။ ဒီကြားထဲနှစ်ပေါင်းများစွာ ထို အလောင်းအား တူးဖော်သူ မှန်သမျှ အကြောင်း အမျိူးမျိုးကြောင့် အသေဆိုးနှင့်သေကြ ရလေသည်။

~~~~~~~
{၃}
ဇာတ်သိမ်း
""သူကြီး သူကြီး""
ဦးငွေဆောင်မှာ လှုပ်နိုး ခံလိုက်ရတာကြောင့် နိးလာလေသည်။
""မယ်တင်""
သူ့နှူတ်မှ အသံကြောင့်
""ဘယ်က မယ်တင်လဲ သူကြီးရဲ့
အားလုံး ဒုက္ခရောက်ကုန်င်္ပြီ"""
သူကြီးက နားမလည်နိုင်စွာကြည့်၍
""ဘယ်လိုတွေဖြစ်တာလဲ"""


"""ခွေးပု ခွေးပု တို့ အဖွဲ့""
သူကြီး ကြွက်နီ စကားမဆုံးခင် အပြေးအလွှား ထကြည့်လိုက်ရာ ရုပ်ပျက်ဆင်းပျက် အသက်ပျောက်နေသော
ခွေးပု လူလေးယောက်တွေ့ရလေသည်။

""ဟင်!!!!!!""
""ခွေးပုရော ခွေးပု ကိုရှာကြ"""
ခွေးပုကို ရှာတွေ့လိုက်သော်လည်း
ခွေးပု မှာ ကယောင်ခြောက်ခြားတွေပြောကာ စိတ်မူ မမှန်တော့။
သူတို့ အဖွဲ့ညနေတည်း က အလောင်းကောင် ခန္ဒာကိုယ် က ရွှေငွေကျောက်သံ ပတ္တမြားတွေ ကိုလောဘ တက်နေကြ တာ အားလုံး အိပ်ချိန်တွင်လောဘဇောကပ် ကာ အကြံစည် ကို အကောင်အထည်ဖေါ်ကြရာ
ခုတော့ မဖြစ်သင့်တာဖြစ်ရပြီ။


အလောင်းများအား ရွာပြင် သင်္ချိုင်းသို့ဆောင်ယူ သဂြိုလ်လိုက်လေသည်။
ခွေးပု မှာ.....
""အား!!!!!သရဲမ မလာ နဲ့ အီးးးးဟီးးးး"""
အမျိုးစုံအော်ကာ အရူးတစ်ယောက်လို ခုန်ပေါက်ပြေးလွှားနေလေတော့သည်။
ရွာရှိ လူကြီးများက
""ဒီ အလောင်းကောင်  ကို ဘယ်လို လုပ်မလဲ
လူတွေ အန္တရာယ် ရှိလာပြီ ခုဆို အမြဲငြိမ်းချမ်း ခဲ့တဲ့ ကျုပ်တို့ရွာလေး သေပျောက် အပျက်အစီးတွေ ရှိလာပြီ။"""


သူကြီးက ..
""ဒီ အလောင်းကောင်ကိုနေရာရွေ့မယ် စေတီဖြစ်အောင် တည်ရမယ် အလောင်းကောင် ပစ္စည်းတွေကို ဌာပနာ ထည့်မယ် အမျှဝေမယ်""
နာယကကြီးက.....
""ခက်တာက ဒီအလောင်းနဲ့ ပတ်သက်လို့ ဘယ်သူမှ မလုပ်ရဲတော့ဘူူး"""
""ကျုပ် ဦးဆောင် လုပ်ပါ့မယ် ကျင်းပေါ် က ကူညီပေးရင် ရပါပြီ"""


~~~~~~~~~~
အလောင်းရွှေ့မည့်နေ့.................
ကျောက် တလားကြီး အား ကြိုးတွေနဲ့ တုတ်နှောင်ကာ အပေါ်ဆွဲတင်ရန် စီစဉ်ထားသည်။ သူကြီး တစ်ယောက် သာ ကျင်းထဲမှာ သူကြီးသည် အလောင်းကောင်နား ကပ်သွားရင်း
""မယ်တင် မောင်ကြီး သာသနာပြုတာ ကူညီပါ ကျိန်စာလည်းပြေချိန် တန်ပါပြီ ဒီနှစ်တစ်ရာလုံုုး မယ်တင့် ကိုစောင့်စေမိတဲ့ အတွက်မောင်ကြီးကို ခွင့်လွတ်ပါ ကိစ္စတွေ အားလုံးပြီးရင်မောင်ကြီးနဲ့ မယ်တင်
ငြိမ်းချမ်း တဲ့နေရာလေး မှာအတူတူ ရှိကြမယ်"""


အလောင်းကောင် ၏ မျက်လုံး ဆီမှ ကျလာသော မျက်ရည်စက်ကို သူကြီး ငွေဆောင် မှလွှဲရင် ဘယ်သူမှ မမြင်လိုက် သူကြီး အလောင်းကောင် ၏ မျက်လုံးကို မှိတ်လိုက်ကာ လည်ပင်းမှမြှားတံကို ဆွဲနတ်လိုက်သည်။

""ကဲ အားလုံးကျောက်တလားကို တင်မယ် ဝိုင်းဆွဲကြ""
သူကြီးအော်သံကြောင့် ရွာသားများ ဝိုင်းဆွဲကြရာ အလောင်းကောင်နှင့်ကျောက်တလား မှာ ကျင်းပေါ် အလွယ် တကူရောက်ရှိ လာခဲ့သည်။

အလောင်းအား ရွာပြင် သချိၤုင်းတွင် သဂြိုလ်ပြီးနောက် အလောင်းဘေးတွင် အုတ်ဂူ အလွတ် တစ်လုံးအား ထပ်မံ စီစဉ်လိုက်သည်။ ထို့နောက် ဘုရား ပန္နက် ချပြီး အလောင်းကောင်မှရွေငွေ လက်ဝတ် ရ တနာများ
ဌာပနာကာနေ့မအား ညမနား  စေတီ တည်လိုက်တာ တစ်လ အတွင်းမှာပင် စေတီတော်ကို ဖူးမျှော်လိုက် ရသည်။

စေတီတော် ထီးတင် အပြီး ညမှာပင် သူကြီး ဦးငွေဆောင်မှာ ဘာရောဂါ အနာတရမျှ မရှိဘဲ အိပ်ရာထဲတွင် ကွယ်လွန် သွားလေသည်။

 ကြွက်နီ မှာ သူကြီးအကြောင်းစုံ ရှင်းပြပြီး ၍ သူကြီးအား မယ်တင့် ဘေးအုပ်ဂူ အလွတ်မှာ သဂြိုလ်လိုက်လေ သည်။ တစ်ရွာလုံး ဝမ်းနည်းယူကြူံးမရ ရှိသော်လည်း ကြွက်နီ မှာ သူကြီး အတွက်ဝမ်းသာပါသည်။

ခုဆို သူကြီးတိူ့ ချစ်သူနှစ်ယောက်ငြိမ်းချမ်း ရာ ရောက်နေလောက်ပြီ။
ကြွက်နီ မှာ အဘိုးကြွက်နီဖြစ်လာသည့်တိုင် ဒီ သစ္စာတရားကြီးမားသော လွမ်းမောဖွယ်ရာ
ဇာတ်လမ်းလေး ကို တစ်ထောင့်တစ်ည ပုံပြင် အဖြစ်ပြောမိနေဦးမှာပါ။ ။

The end

ကျေးဇူးတင်လျက်
M.M.M

ဖိုးသူတော် (www.phothutaw.com)
Credit: ပရလောကမှ ရှားပါးမှတ်တမ်းများ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top