ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

မြန္ျပည္နယ္ ေရးၿမိဳ႕နယ္ မွာ ၁၀ ႏွစ္အရြယ္ မိန္းကေလးငယ္ အား အလုိမတူဘဲ အဓမၼျပဳက်င့္ ခဲ့မႈနဲ႔ ခဲအုိ ျဖစ္သူကုိ ရဲတပ္ဖြဲ႔ က ၾသဂုတ္ ၂၅ ရက္ေန႔မွာ ဖမ္းဆီးလုိက္ပါတယ္။

ေရးၿမိဳ႕နယ္ ႏွစ္ကရင္ေက်းရြာ ဘူတာပိုင္း ရပ္ကြက္ မွာ ေနထုိင္တဲ့ ၁၀ ႏွစ္အရြယ္ မိန္းကေလး ငယ္အား ခဲအုိျဖစ္တဲ့ မင္းထြန္း (ခ) ငခြင္က ၾသဂုတ္ ၂၀ ရက္ မနက္ ၅ နာရီနဲ႔ ၂၁ ရက္ေန႔ မနက္ ၄ နာရီေလာက္မွာ ျခင္ေထာင္ထဲ အိပ္ေပ်ာ္ေနစဥ္ အလိုမတူဘဲ သားမယား ျပဳက်င့္ ခဲ့တယ္လို ျပဳက်င့္ ခံရသူ မိန္းကေလး ငယ္က မိခင္အား ျပန္ေျပာၾကားခ်က္အရ သိရေၾကာင္း ရဲမွတ္တမ္း မွာ ေဖာ္ျပထားပါတယ္။

မိခင္ျဖစ္သူ ေဒၚေအးႏြယ္ဟာ ၾသဂုတ္ ၁၉ ရက္ကတည္းက ေပါင္ၿမိဳ႕နယ္ ရင္းၿငိမ္ရြာမွာ ရာဘာအေစးျခစ္ဖုိ႔ သြားေရာက္ခဲ့ၿပီး ေနအိမ္မွာ သမီးျဖစ္သူ မ—နဲ႔ ခင္ပြန္း မင္းထြန္း၊ သားျဖစ္သူနဲ႔ သမီးငယ္ဆံုး ျပဳက်င့္ခံရသူတို႔ရွိေနစဥ္ အဓမၼျပဳက်င္မႈ ျဖစ္ပြားခဲ့တာလုိ႔ ဆုိပါတယ္။

မင္းထြန္း က သားမယားျပဳက်င့္ေနတာကုိ သားျဖစ္သူ က ၂ ႀကိမ္လုံး ေတြ႔ရွိခဲ့ေပမယ့္ မေျပာရဲဘဲ မိခင္ ျပန္လာမွ ေျပာဆိုခဲ့တာလုိ႔ ရဲမွတ္တမ္း က ဆုိပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္လုိ႔ မိခင္ ျဖစ္သူရဲ႕ တုိင္ၾကားခ်က္အရ မင္းထြန္း အား လမိုင္း နယ္ေျမရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၇၆အရ အမႈဖြင့္ အေရးယူထားရွိၿပီး အေသးစိတ္ စစ္ေဆး ေနတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version#
မွန်ပြည်နယ် ရေးမြို့နယ် မှာ ၁၀ နှစ်အရွယ် မိန်းကလေးငယ် အား အလိုမတူဘဲ အဓမ္မပြုကျင့် ခဲ့မှုနဲ့ ခဲအို ဖြစ်သူကို ရဲတပ်ဖွဲ့ က သြဂုတ် ၂၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

ရေးမြို့နယ် နှစ်ကရင်ကျေးရွာ ဘူတာပိုင်း ရပ်ကွက် မှာ နေထိုင်တဲ့ ၁၀ နှစ်အရွယ် မိန်းကလေး ငယ်အား ခဲအိုဖြစ်တဲ့ မင်းထွန်း (ခ) ငခွင်က သြဂုတ် ၂၀ ရက် မနက် ၅ နာရီနဲ့ ၂၁ ရက်နေ့ မနက် ၄ နာရီလောက်မှာ ခြင်ထောင်ထဲ အိပ်ပျော်နေစဉ် အလိုမတူဘဲ သားမယား ပြုကျင့် ခဲ့တယ်လို ပြုကျင့် ခံရသူ မိန်းကလေး ငယ်က မိခင်အား ပြန်ပြောကြားချက်အရ သိရကြောင်း ရဲမှတ်တမ်း မှာ ဖော်ပြထားပါတယ်။

မိခင်ဖြစ်သူ ဒေါ်အေးနွယ်ဟာ သြဂုတ် ၁၉ ရက်ကတည်းက ပေါင်မြို့နယ် ရင်းငြိမ်ရွာမှာ ရာဘာအစေးခြစ်ဖို့ သွားရောက်ခဲ့ပြီး နေအိမ်မှာ သမီးဖြစ်သူ မ—နဲ့ ခင်ပွန်း မင်းထွန်း၊ သားဖြစ်သူနဲ့ သမီးငယ်ဆုံး ပြုကျင့်ခံရသူတို့ရှိနေစဉ် အဓမ္မပြုကျင်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

မင်းထွန်း က သားမယားပြုကျင့်နေတာကို သားဖြစ်သူ က ၂ ကြိမ်လုံး တွေ့ရှိခဲ့ပေမယ့် မပြောရဲဘဲ မိခင် ပြန်လာမှ ပြောဆိုခဲ့တာလို့ ရဲမှတ်တမ်း က ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ မိခင် ဖြစ်သူရဲ့ တိုင်ကြားချက်အရ မင်းထွန်း အား လမိုင်း နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆အရ အမှုဖွင့် အရေးယူထားရှိပြီး အသေးစိတ် စစ်ဆေး နေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top