လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×
၁။ ကြင်နာမှု မရှိခြင်း။
၃။ တန်ဖိုးမထားခြင်း။
၎။ ပျော့ညံ့ခြင်း။
၅။ သစ္စာမရှိခြင်း။
#Unicode Version#
မိန်းကလေးတွေဟာ သူတို့ချစ်သူကောင်လေးကို ဒီအချက်တွေကြောင့် စိတ်ပျက်သွားတာပါ။
၁။ ကြင်နာမှု မရှိခြင်း။
ရန်ဖြစ်တိုင်း လက်ပါပြီး ၊ အမြဲ အနိုင်ကျင့်တတ်တဲ့ ကောင်လေးမျိုးကို ဘယ်မိန်းကလေးမဆို စိတ်ကုန်မိမှာ အမှန်ပါပဲ။ ကြင်နာမှုမရှိတဲ့ ချစ်သူမျိုးကို ရေရှည်လက်တွဲသွားဖို့ဆိုတာ တကယ်မဖြစ်နိုင်ပါဘူး။
၂။ အနာဂတ်ရည်မှန်းချက်မရှိခြင်း။
မိန်းကလေးတွေဟာ သူတို့ ချစ်သူကောင်လေးကို အနည်းဆုံးတော့ အနာဂတ် ရည်မှန်းချက် တစ်ခု ရှိစေချင်ပါတယ်။ အနာဂတ် ဘဝခရီးလမ်းကို သူမနဲ့ အတူ ဘယ်လို ဖြတ်သန်းချင်တယ်ဆိုတာမျိုးကိုလဲ သိချင်ပါတယ်။ အပျော်အပါး မက်လွန်းတဲ့ ကောင်လေးမျိုးကိုဆို မနှစ်သက်ကြပါဘူး။
၃။ တန်ဖိုးမထားခြင်း။
ကိုယ့်ကို တန်ဖိုးထားပြီး ချစ်မပေးတဲ့ ကောင်လေးမျိုးကို ဘယ်မိန်းကလေးမှ မလိုချင်ပါဘူး။ အနည်းဆုံးတော့ သူမကို တန်ဖိုးထားစေချင်ပါတယ်။ သူမကို အလေးထားစေချင်ပါတယ်။
၄။ ပျော့ညံ့ခြင်း။
ဘယ်အရာကိုမဆို ဆုံးဖြတ်ချက်ချဖို့ တွေဝေနေပြီး ပျော့ညံ့နေတတ်တဲ့ ကောင်လေးမျိုးကို ဘယ်မိန်းကလေးမှ သဘောမကျကြပါဘူး။ ကိုယ့်ချစ်သူကောင်လေးရဲ့ ဆုံးဖြတ်ချက်တွေကို ပြတ်သားစေချင်ကြပါတယ်။
၅။ သစ္စာမရှိခြင်း။
ဘယ်မိန်းကလေးမဆို ကိုယ့်အပေါ် သစ္စာမရှိတဲ့ ကောင်လေးမျိုးကို အရမ်းစိတ်ကုန်ကြပါတယ်။ ကိုယ့်အပေါ်ကို အမြဲလိုလို လှည့်စားပြီး လိမ်ညာနေတတ်တဲ့ ကောင်လေးမျိုးကို ဘယ်လောက်ချစ်ပါတယ်ပြောပြော တချိန်ချိန်မှာ လမ်းခွဲဖို့  ကြိုးစားလာမိမှာ အမှန်ပါပဲ။
ဖိုးသူတော် (www.phothutaw.com)
Credit: နင် ဂျာ ( Love Shop )
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top