ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေမွာ္ဘီၿမိဳ႕နယ္၊ ေရႊျမယာကုန္း ေက်း႐ြာအုပ္စုရွိ ကၽြန္းေခ်ာင္းေက်း႐ြာတြင္ အသက္ ၂၅ ႏွစ္အ႐ြယ္ ခယ္မျဖစ္သူႏွင့္ အိမ္ေထာင္ျပဳခဲ့သည့္ အမ်ိဳးသားကို ေနအိမ္ လိုက္လာၿပီး ဓားျဖင့္ထိုးသတ္ခဲ့သည့္ ဇနီးေဟာင္းကို ဩဂုတ္လ ၁၁ ရက္ေန႔က ဖမ္းမိခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔ထံမွ သိရသည္။

အသတ္ခံရသူ အသက္ ၄၀ အ႐ြယ္ ဦးလွဝင္းမွာ သံုးဘီး ဆိုင္ကယ္ေမာင္းသူ ျဖစ္ၿပီး လြန္ခဲ့သည့္ သံုးႏွစ္ေက်ာ္က ေပါင္းသင္းေနသည့္ အသက္ ၂၇ ႏွစ္ မဝါဝါခ်ိဳႏွင့္ ႏွစ္ဦး သေဘာတူ ကြာရွင္းခဲ့ၿပီးေနာက္ မဝါဝါခ်ိဳ၏ ညီမအရင္းျဖစ္သူႏွင့္ ေနာက္အိမ္ေထာင္ျပဳခဲ့သည္။

“အခု ျပစ္မႈက်ဴးလြန္ခဲ့သူက ကေလးတစ္ေယာက္ရၿပီးမွ သူတို႔ရဲ႕ အိမ္ေထာင္ေရး ၿပိဳကြဲခဲ့ရွာတာ။ ကြဲသြားတဲ့ ခင္ပြန္းေဟာင္းက သူ႔ညီမအရင္းနဲ႔ ေနာက္အိမ္ေထာင္ထပ္ျပဳၿပီး လက္ရွိ ညီမျဖစ္သူမွာ ကိုယ္ဝန္ ရွိေနတယ္လို႔ သိရတာေၾကာင့္ သူက လိုက္လာၿပီး ညီအစ္မခ်င္း စကားမ်ား က်ရာက လူသတ္မႈအထိ ျဖစ္သြားခဲ့တာပါ”ဟု ရဲအရာရွိက ရွင္းျပသည္။

လူသတ္မႈ က်ဴးလြန္ခဲ့သည့္ မဝါဝါခ်ိဳ မွာ တိုက္ႀကီးၿမိဳ႕နယ္၊ သရက္ေခ်ာင္းေက်း႐ြာတြင္ ေနထိုင္သူျဖစ္ၿပီး ကြဲကြာသြားသည့္ ခင္ပြန္းေဟာင္း၏ ေနအိမ္သို႔ မၾကာခဏ လာေရာက္ၿပီး ညီမအရင္းျဖစ္သူႏွင့္ စကားမ်ား ရန္ျဖစ္ေလ့ရွိေၾကာင္း ကၽြန္းေခ်ာင္းေက်း႐ြာတြင္ ေနထိုင္သူမ်ားထံမွ စံုစမ္း သိရွိရသည္။

အခင္းျဖစ္ေန႔ ဩဂုတ္လ ၉ ရက္ ည ၇ နာရီက ေသဆံုးသူ ဦးလွဝင္းတို႔ မိသားစုမွာ အျပင္မွ ျပန္လာစဥ္ မဝါဝါခ်ိဳမွာ ေနအိမ္တြင္ ေရာက္ရွိေနၿပီး ညီမျဖစ္သူအား ၎က ထင္းေခ်ာင္းျဖင့္ ပစ္ေပါက္ခဲ့ေသာေၾကာင့္ ဦးလွဝင္းမွ ဝင္ေရာက္ ဟန္႔တားစဥ္ မဝါဝါခ်ိဳမွ ၾကက္သြန္လွီးဓားျဖင့္ ေျပးထိုးခဲ့ေသာေၾကာင့္ ဘယ္ဘက္ နံေဘးတြင္ ထိုးသြင္းဒဏ္ရာ ရရွိျဖင့္ ဦးလွဝင္းမွာ ေသဆံုးခဲ့သည္။

ယင္းေနာက္ မဝါဝါခ်ိဳမွာ ထြက္ေျပး တိမ္းေရွာင္းခဲ့ေသာေၾကာင့္ ေမွာ္ဘီၿမိဳ႕မ ရဲစခန္းမွ (ပ) ၈၈၄/ ၁၇၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ အေရးယူၿပီး စံုစမ္း စစ္ေဆးခဲ့ရာ ဩဂုတ္လ ၁၀ ရက္ေန႔တြင္ ပဲခူးတိုင္းေဒသႀကီး၊ အိုးသည္ကုန္းေက်း႐ြာ၌ မဝါဝါခ်ိဳအား ဖမ္းမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice

#Unicode Version#
မှော်ဘီမြို့နယ်၊ ရွှေမြယာကုန်း ကျေးရွာအုပ်စုရှိ ကျွန်းချောင်းကျေးရွာတွင် အသက် ၂၅ နှစ်အရွယ် ခယ်မဖြစ်သူနှင့် အိမ်ထောင်ပြုခဲ့သည့် အမျိုးသားကို နေအိမ် လိုက်လာပြီး ဓားဖြင့်ထိုးသတ်ခဲ့သည့် ဇနီးဟောင်းကို ဩဂုတ်လ ၁၁ ရက်နေ့က ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

အသတ်ခံရသူ အသက် ၄၀ အရွယ် ဦးလှဝင်းမှာ သုံးဘီး ဆိုင်ကယ်မောင်းသူ ဖြစ်ပြီး လွန်ခဲ့သည့် သုံးနှစ်ကျော်က ပေါင်းသင်းနေသည့် အသက် ၂၇ နှစ် မဝါဝါချိုနှင့် နှစ်ဦး သဘောတူ ကွာရှင်းခဲ့ပြီးနောက် မဝါဝါချို၏ ညီမအရင်းဖြစ်သူနှင့် နောက်အိမ်ထောင်ပြုခဲ့သည်။

“အခု ပြစ်မှုကျူးလွန်ခဲ့သူက ကလေးတစ်ယောက်ရပြီးမှ သူတို့ရဲ့ အိမ်ထောင်ရေး ပြိုကွဲခဲ့ရှာတာ။ ကွဲသွားတဲ့ ခင်ပွန်းဟောင်းက သူ့ညီမအရင်းနဲ့ နောက်အိမ်ထောင်ထပ်ပြုပြီး လက်ရှိ ညီမဖြစ်သူမှာ ကိုယ်ဝန် ရှိနေတယ်လို့ သိရတာကြောင့် သူက လိုက်လာပြီး ညီအစ်မချင်း စကားများ ကျရာက လူသတ်မှုအထိ ဖြစ်သွားခဲ့တာပါ”ဟု ရဲအရာရှိက ရှင်းပြသည်။

လူသတ်မှု ကျူးလွန်ခဲ့သည့် မဝါဝါချို မှာ တိုက်ကြီးမြို့နယ်၊ သရက်ချောင်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ကွဲကွာသွားသည့် ခင်ပွန်းဟောင်း၏ နေအိမ်သို့ မကြာခဏ လာရောက်ပြီး ညီမအရင်းဖြစ်သူနှင့် စကားများ ရန်ဖြစ်လေ့ရှိကြောင်း ကျွန်းချောင်းကျေးရွာတွင် နေထိုင်သူများထံမှ စုံစမ်း သိရှိရသည်။

အခင်းဖြစ်နေ့ ဩဂုတ်လ ၉ ရက် ည ၇ နာရီက သေဆုံးသူ ဦးလှဝင်းတို့ မိသားစုမှာ အပြင်မှ ပြန်လာစဉ် မဝါဝါချိုမှာ နေအိမ်တွင် ရောက်ရှိနေပြီး ညီမဖြစ်သူအား ၎င်းက ထင်းချောင်းဖြင့် ပစ်ပေါက်ခဲ့သောကြောင့် ဦးလှဝင်းမှ ဝင်ရောက် ဟန့်တားစဉ် မဝါဝါချိုမှ ကြက်သွန်လှီးဓားဖြင့် ပြေးထိုးခဲ့သောကြောင့် ဘယ်ဘက် နံဘေးတွင် ထိုးသွင်းဒဏ်ရာ ရရှိဖြင့် ဦးလှဝင်းမှာ သေဆုံးခဲ့သည်။

ယင်းနောက် မဝါဝါချိုမှာ ထွက်ပြေး တိမ်းရှောင်းခဲ့သောကြောင့် မှော်ဘီမြို့မ ရဲစခန်းမှ (ပ) ၈၈၄/ ၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူပြီး စုံစမ်း စစ်ဆေးခဲ့ရာ ဩဂုတ်လ ၁၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ အိုးသည်ကုန်းကျေးရွာ၌ မဝါဝါချိုအား ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Voice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top