Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လြန္ခဲ့ေသာအပတ္ ၾကာသပေတးေန႔က အေမရိကန္ႏုိင္ငံ အိုဟိုင္း႐ိုးျပည္နယ္တြင္ ေနထိုင္ေသာ အမ်ိဳးသမီးတစ္ဦးသည္ သူမကယ္တင္ထားေသာ စပါးႀကီးေႁမြတစ္ေကာင္က သူမအား ျပန္လည္တိုက္ခိုက္ သျဖင့္ အေရးေပၚဌာနသို႔ ဖုန္းဆက္အကူအညီေတာင္းခဲ့ရသည္။

အဆိုပါအမ်ိဳးသမီးေနထိုင္ရာ ရွတ္ဖီး(လ္)လိပ္ၿမိဳ႕ရွိ ေနအိမ္သို႔ မီးသတ္တပ္ဖြဲ႕၀င္မ်ား ေရာက္သည့္အခါ ငါးေပခြဲအရွည္ရွိ စပါးႀကီးေႁမြသည္ အမ်ိဳးသမီး၏လည္ပင္းကို ရစ္ပတ္ကာ သူမ၏မ်က္ႏွာကို ကိုက္ၿပီးခဲထားသည္ကိုေတြ႕ရွိခဲ့သည္။

မီးသတ္တပ္ဖြဲ႕၀င္မ်ားသည္ အေစာပိုင္းတြင္ စပါးႀကီးေႁမြကို မသတ္ဘဲဖယ္ရွားရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း မရသျဖင့္ ေနာက္ဆံုးတြင္ အိတ္ေဆာင္ဓားငယ္ျဖင့္ ေႁမြ၏ဦးေခါင္းကိုျဖတ္ၿပီး အမ်ိဳးသမီးအား ကယ္တင္ခဲ့ရသည္။

ေႁမြကိုက္ခံရေသာအမ်ိဳးသမီးသည္ အခင္းမျဖစ္ပြားမီတစ္ရက္အလိုက ဒုကၡေရာက္ေနေသာ စပါးႀကီးေႁမြႏွစ္ေကာင္ကို ကယ္တင္ထားခဲ့ၿပီး သူမကယ္တင္ခဲ့ေသာ ေႁမြႏွစ္ေကာင္အနက္တစ္ေကာင္သည္ သူမအား ျပန္လည္တိုက္ခိုက္ခဲ့ျခင္း ျဖစ္သည္။ သူမအိမ္တြင္ စပါးႀကီးေႁမြႏွစ္ေကာင္အျပင္ အျခားေသာေႁမြ ၁၁ ေကာင္ကိုလည္း ေမြးျမဴထားေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Tomorrow News Journal

#Unicode Version#
လွန်ခဲ့သောအပတ် ကြာသပတေးနေ့က အမေရိကန်နိုင်ငံ အိုဟိုင်းရိုးပြည်နယ်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးသည် သူမကယ်တင်ထားသော စပါးကြီးမြွေတစ်ကောင်က သူမအား ပြန်လည်တိုက်ခိုက် သဖြင့် အရေးပေါ်ဌာနသို့ ဖုန်းဆက်အကူအညီတောင်းခဲ့ရသည်။

အဆိုပါအမျိုးသမီးနေထိုင်ရာ ရှတ်ဖီး(လ်)လိပ်မြို့ရှိ နေအိမ်သို့ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်သည့်အခါ ငါးပေခွဲအရှည်ရှိ စပါးကြီးမြွေသည် အမျိုးသမီး၏လည်ပင်းကို ရစ်ပတ်ကာ သူမ၏မျက်နှာကို ကိုက်ပြီးခဲထားသည်ကိုတွေ့ရှိခဲ့သည်။

မီးသတ်တပ်ဖွဲ့ဝင်များသည် အစောပိုင်းတွင် စပါးကြီးမြွေကို မသတ်ဘဲဖယ်ရှားရန် ကြိုးပမ်းခဲ့သော်လည်း မရသဖြင့် နောက်ဆုံးတွင် အိတ်ဆောင်ဓားငယ်ဖြင့် မြွေ၏ဦးခေါင်းကိုဖြတ်ပြီး အမျိုးသမီးအား ကယ်တင်ခဲ့ရသည်။

မြွေကိုက်ခံရသောအမျိုးသမီးသည် အခင်းမဖြစ်ပွားမီတစ်ရက်အလိုက ဒုက္ခရောက်နေသော စပါးကြီးမြွေနှစ်ကောင်ကို ကယ်တင်ထားခဲ့ပြီး သူမကယ်တင်ခဲ့သော မြွေနှစ်ကောင်အနက်တစ်ကောင်သည် သူမအား ပြန်လည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သူမအိမ်တွင် စပါးကြီးမြွေနှစ်ကောင်အပြင် အခြားသောမြွေ ၁၁ ကောင်ကိုလည်း မွေးမြူထားကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Tomorrow News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top