ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ေန႔လည္ခင္းမွာ တစ္ေရးအိပ္စက္ျခင္းဟာ သင့္ကို ဉာဏ္ပိုေကာင္းလာေစၿပီး၊ ျဖတ္လတ္ တက္ႂကြလာေစတဲ့အျပင္ ဖန္တီးႏိုင္အားပိုမိုေကာင္းမြန္လာေစပါတယ္။ ဒါ့ေၾကာင့္မို႔ ေန႔ခင္းေန႔လည္ အေကာင္းဆုံးအခ်ိန္မွာ တစ္ေရးတစ္ေမာ အိပ္စက္တတ္မယ္ဆိုရင္ သင့္က်န္းမာေရးအတြက္ အေရးပါတဲ့ အရာတစ္ခုျဖစ္လာမွာပါ။

ကြၽန္ေတာ္တို႔ အားလုံးဟာ ပင္ပန္းေနမယ္ဆိုရင္ေတာင္ ေန႔လည္ေန႔ခင္းမွာ တစ္ေရးတစ္ေမာ မအိပ္စက္တတ္ၾကပါဘူး။ ဒါဟာအက်င့္ေၾကာင့္လည္း ျဖစ္ႏိုင္သလို အိပ္ခ်ိန္နည္းနည္းေလးပဲ အိပ္ရတာကို အားမရလို႔လည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ ေန႔ခင္းမွာ နာရီအနည္းခန႔္ပဲ အိပ္စက္တတ္သူေတြသာ သိသာတဲ့က်န္းမာေရး ေက်းဇူးခံစားရတဲ့အျပင္ အလုပ္လုပ္ႏိုင္စြမ္းနဲ႔ ဦးေႏွာက္စြမ္းအားေတြ သိသိသာသာတိုးတက္လာတာကို အရင္ကတည္းက ေလ့လာေတြ႕ရွိခဲ့ၿပီး ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီလိုအက်ိဳးေက်းဇူးေတြကို အျပည့္အဝခံစားႏိုင္ဖို႔ ဘယ္အခ်ိန္မွာတစ္ေရး အိပ္စက္သင့္သလဲဆိုတာ သိၾကပါသလား။ က်န္းမာေရးပညာရွင္မ်ားရဲ႕ အဆိုအရေတာ့ တစ္ေန႔တာမွာ တစ္ေရးအိပ္စက္ဖို႔ အေကာင္းဆုံးအခ်ိန္ကေတာ့ ညေန ၃ နာရီျဖစ္တယ္ လို႔ ဆိုထားၾကပါတယ္။

တစ္ေရးအိပ္စက္ရန္ အေကာင္းဆုံးအခ်ိန္က ညေန ၃ နာရီျဖစ္ရျခင္းကေတာ့ circadian rhythm လို႔ေခၚတဲ့ ၂၄ နာရီအခ်ိန္အတြင္းမွာ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ရဲ႕ဇီဝကမၼ ျဖစ္စဥ္ေတြရဲ႕ ေျပာင္းလဲပုံ ေၾကာင့္ျဖစ္ပါတယ္။ circadian rhythm အရ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ဟာ ညေန ၃နာရီခန႔္မွာ ထမင္းစားၿပီးေနာက္ အိပ္ခ်င္စိတ္ေတြ ျဖစ္ေပၚလာၿပီး ထိုင္းမႈိင္းလာတဲ့အတြက္ အဲ့ဒီအခ်ိန္ဟာ ကြၽန္ေတာ္တို႔အတြက္ တစ္ေရးအိပ္စက္ဖို႔ အေကာင္းဆုံးအခ်ိန္ျဖစ္ပါတယ္။ သင့္အေနနဲ႔ ညေန ၃  နာရီခန႔္မွာ ၂၀ မိနစ္မွ ၃၀ မိနစ္ အတြင္းသာ အိပ္စက္သင့္ပါတယ္။ ပိုၿပီးအိပ္စက္မယ္ဆိုရင္ေတာ့ သင့္အေနနဲ႔ deep sleep လို႔ေခၚတဲ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္တဲ့အဆင့္ကို ေရာက္သြားမွာ ျဖစ္ၿပီး တစ္နာရီခန႔္ၾကာသြားမယ္ဆိုရင္ သင့္အေနနဲ႔ sleep inertia လို႔ေခၚတဲ့  အိပ္စက္ၿမဲ အိပ္စက္လိုတဲ့ျဖစ္စဥ္ေၾကာင့္ ႏိုးလာတဲ့အခါ နည္းနည္းရီရီေဝေဝ ျဖစ္ႏိုင္ပါတယ္။

သင္ညဘက္မွာ လုံလုံေလာက္ေလာက္ အိပ္စက္ခ်ိန္မရခဲ့ဘူးဆိုရင္ တစ္ေရးအိပ္စက္ျခင္းက က်န္းမာေရးအတြက္ အထိေရာက္ဆုံးျဖစ္လာမွာျဖစ္ၿပီး ေန႔ခင္းဘက္မွာ လိုအပ္တာထက္ ပိုၿပီး အိပ္လိုက္မိမယ္ဆိုရင္ေတာ့ သင္ညဘက္မွာ အိပ္ေပ်ာ္ေတာ့မွာမဟုတ္ပါဘူး။ ဒီအခ်က္ကိုေတာ့ သတိထားသင့္ပါတယ္။

အေမရိကန္ ကယ္လီဖိုးနီးယားျပည္နယ္ရွိ Keck School of Medicine တကၠသိုလ္မွ လက္ေထာက္ပါေမာကၡျဖစ္သူ ရဂ်္ကူးမား ဒပ္စ္ဂူတာ( Rajkumar Dasgupta) ကေတာ့ “သင္လုံေလာက္ေလာက္ မအိပ္စက္ႏိုင္တဲ့အခါမွာ သင့္အတြက္ မေကာင္းတာေတြပဲ ျဖစ္ပ်က္လာပါတယ္။ သင္ရဲ႕ စိတ္အေျခအေန၊ အာ႐ုံစူးစိုက္ႏိုင္စြမ္း၊ က်န္းမာေရးနဲ႔ ကိုယ္ခံအားေတြ က်ဆင္းေစႏိုင္ပါတယ္။ ဒါေၾကာင့္ အိပ္စက္ခ်ိန္လုံေလာက္ဖို႔ အေရးႀကီးပါတယ္ ” လို႔ေျပာဆိုခဲ့ပါတယ္။

ကြၽန္ေတာ္တို႔ အမ်ားစုဟာ ညဘက္မွာေတာ္႐ုံ မအိပ္စက္တတ္တဲ့ မ်ိဳးဆက္ျဖစ္တာေၾကာင့္ ေန႔ခင္းဘက္မွာ တစ္ေရးတစ္ေမာ အိပ္စက္မယ္ဆိုရင္ က်န္းမာေရးအတြက္ဖာေထးေပးႏိုင္မွာ ျဖစ္ပါတယ္။ တစ္ေရးတစ္ေမာ အိပ္စက္တတ္တဲ့သူေတြဟာ sleep inertia လို႔ေခၚတဲ့ အိပ္စက္ၿမဲအိပ္စက္လိုတဲ့ျဖစ္စဥ္ကို ခံစားရမွာမဟုတ္ဘဲ လန္းဆန္းတက္ႂကြၿပီး ခြန္အားသစ္မ်ားရရွိႏိုင္မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ သင္အလုပ္လုပ္ေနတဲ့ကုမၸဏီက Google နဲ႔ Uber (ဝန္ထမ္းမ်ားကို အိပ္စက္ခြင့္ေပးသည့္ကုမၸဏီမ်ား) တို႔လိုမဟုတ္ဘူးဆိုရင္၊ သင္ကလည္း ညဘက္အိပ္ေရးမဝခဲ့ဘူးဆိုရင္ သင့္အလုပ္ရွင္ကိုအရင္ ခြင့္ေတာင္းဖို႔ေတာ့အေရးႀကီးပါတယ္။

Ref : Independent Health : nap-perfect-time-revealed-perfect-sleep-rest

ဖိုးသူေတာ္ (www.phothutaw.com)
Credit: လူမုိ (ရုိးရာေလး)

#Unicode Version#
နေ့လည်ခင်းမှာ တစ်ရေးအိပ်စက်ခြင်းဟာ သင့်ကို ဉာဏ်ပိုကောင်းလာစေပြီး၊ ဖြတ်လတ် တက်ကြွလာစေတဲ့အပြင် ဖန်တီးနိုင်အားပိုမိုကောင်းမွန်လာစေပါတယ်။ ဒါ့ကြောင့်မို့ နေ့ခင်းနေ့လည် အကောင်းဆုံးအချိန်မှာ တစ်ရေးတစ်မော အိပ်စက်တတ်မယ်ဆိုရင် သင့်ကျန်းမာရေးအတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်လာမှာပါ။

ကျွန်တော်တို့ အားလုံးဟာ ပင်ပန်းနေမယ်ဆိုရင်တောင် နေ့လည်နေ့ခင်းမှာ တစ်ရေးတစ်မော မအိပ်စက်တတ်ကြပါဘူး။ ဒါဟာအကျင့်ကြောင့်လည်း ဖြစ်နိုင်သလို အိပ်ချိန်နည်းနည်းလေးပဲ အိပ်ရတာကို အားမရလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နေ့ခင်းမှာ နာရီအနည်းခန့်ပဲ အိပ်စက်တတ်သူတွေသာ သိသာတဲ့ကျန်းမာရေး ကျေးဇူးခံစားရတဲ့အပြင် အလုပ်လုပ်နိုင်စွမ်းနဲ့ ဦးနှောက်စွမ်းအားတွေ သိသိသာသာတိုးတက်လာတာကို အရင်ကတည်းက လေ့လာတွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအကျိုးကျေးဇူးတွေကို အပြည့်အဝခံစားနိုင်ဖို့ ဘယ်အချိန်မှာတစ်ရေး အိပ်စက်သင့်သလဲဆိုတာ သိကြပါသလား။ ကျန်းမာရေးပညာရှင်များရဲ့ အဆိုအရတော့ တစ်နေ့တာမှာ တစ်ရေးအိပ်စက်ဖို့ အကောင်းဆုံးအချိန်ကတော့ ညနေ ၃ နာရီဖြစ်တယ် လို့ ဆိုထားကြပါတယ်။

တစ်ရေးအိပ်စက်ရန် အကောင်းဆုံးအချိန်က ညနေ ၃ နာရီဖြစ်ရခြင်းကတော့ circadian rhythm လို့ခေါ်တဲ့ ၂၄ နာရီအချိန်အတွင်းမှာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မ ဖြစ်စဉ်တွေရဲ့ ပြောင်းလဲပုံ ကြောင့်ဖြစ်ပါတယ်။ circadian rhythm အရ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ညနေ ၃နာရီခန့်မှာ ထမင်းစားပြီးနောက် အိပ်ချင်စိတ်တွေ ဖြစ်ပေါ်လာပြီး ထိုင်းမှိုင်းလာတဲ့အတွက် အဲ့ဒီအချိန်ဟာ ကျွန်တော်တို့အတွက် တစ်ရေးအိပ်စက်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ သင့်အနေနဲ့ ညနေ ၃  နာရီခန့်မှာ ၂၀ မိနစ်မှ ၃၀ မိနစ် အတွင်းသာ အိပ်စက်သင့်ပါတယ်။ ပိုပြီးအိပ်စက်မယ်ဆိုရင်တော့ သင့်အနေနဲ့ deep sleep လို့ခေါ်တဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အဆင့်ကို ရောက်သွားမှာ ဖြစ်ပြီး တစ်နာရီခန့်ကြာသွားမယ်ဆိုရင် သင့်အနေနဲ့ sleep inertia လို့ခေါ်တဲ့  အိပ်စက်မြဲ အိပ်စက်လိုတဲ့ဖြစ်စဉ်ကြောင့် နိုးလာတဲ့အခါ နည်းနည်းရီရီဝေဝေ ဖြစ်နိုင်ပါတယ်။

သင်ညဘက်မှာ လုံလုံလောက်လောက် အိပ်စက်ချိန်မရခဲ့ဘူးဆိုရင် တစ်ရေးအိပ်စက်ခြင်းက ကျန်းမာရေးအတွက် အထိရောက်ဆုံးဖြစ်လာမှာဖြစ်ပြီး နေ့ခင်းဘက်မှာ လိုအပ်တာထက် ပိုပြီး အိပ်လိုက်မိမယ်ဆိုရင်တော့ သင်ညဘက်မှာ အိပ်ပျော်တော့မှာမဟုတ်ပါဘူး။ ဒီအချက်ကိုတော့ သတိထားသင့်ပါတယ်။

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်ရှိ Keck School of Medicine တက္ကသိုလ်မှ လက်ထောက်ပါမောက္ခဖြစ်သူ ရဂျ်ကူးမား ဒပ်စ်ဂူတာ( Rajkumar Dasgupta) ကတော့ “သင်လုံလောက်လောက် မအိပ်စက်နိုင်တဲ့အခါမှာ သင့်အတွက် မကောင်းတာတွေပဲ ဖြစ်ပျက်လာပါတယ်။ သင်ရဲ့ စိတ်အခြေအနေ၊ အာရုံစူးစိုက်နိုင်စွမ်း၊ ကျန်းမာရေးနဲ့ ကိုယ်ခံအားတွေ ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် အိပ်စက်ချိန်လုံလောက်ဖို့ အရေးကြီးပါတယ် ” လို့ပြောဆိုခဲ့ပါတယ်။

ကျွန်တော်တို့ အများစုဟာ ညဘက်မှာတော်ရုံ မအိပ်စက်တတ်တဲ့ မျိုးဆက်ဖြစ်တာကြောင့် နေ့ခင်းဘက်မှာ တစ်ရေးတစ်မော အိပ်စက်မယ်ဆိုရင် ကျန်းမာရေးအတွက်ဖာထေးပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်ရေးတစ်မော အိပ်စက်တတ်တဲ့သူတွေဟာ sleep inertia လို့ခေါ်တဲ့ အိပ်စက်မြဲအိပ်စက်လိုတဲ့ဖြစ်စဉ်ကို ခံစားရမှာမဟုတ်ဘဲ လန်းဆန်းတက်ကြွပြီး ခွန်အားသစ်များရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သင်အလုပ်လုပ်နေတဲ့ကုမ္ပဏီက Google နဲ့ Uber (ဝန်ထမ်းများကို အိပ်စက်ခွင့်ပေးသည့်ကုမ္ပဏီများ) တို့လိုမဟုတ်ဘူးဆိုရင်၊ သင်ကလည်း ညဘက်အိပ်ရေးမဝခဲ့ဘူးဆိုရင် သင့်အလုပ်ရှင်ကိုအရင် ခွင့်တောင်းဖို့တော့အရေးကြီးပါတယ်။

Ref : Independent Health : nap-perfect-time-revealed-perfect-sleep-rest

ဖိုးသူတော် (www.phothutaw.com)
Credit: လူမို (ရိုးရာလေး)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top