ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

သစၥာအရွိဆံုး မိတ္ေဆြလို႔ေျပာလို႔ရတဲ့ ေခြးကေလးေတြကို ခ်စ္တဲ့သူေတြအေနနဲ႔ သူတို႔ေလးေတြရဲ႕ က်န္းမာသန္႔ရွင္းမႈကိုလည္း ဂရုစိုက္ဖုိ႔ လိုပါတယ္ေနာ္။ ေခြးခ်စ္တတ္သူေတာ္ေတာ္မ်ားမ်ားက ေခြးကေလးနဲ႔ ေပ႔ြဖက္နမ္းရႈတ္ေဆာ့ကစားတတ္ၾကပါတယ္။ ဒီလိုအခ်စ္ၾကမ္းတဲ့သူေတြအေနနဲ႔ ေခြးကေလးေတြကို အၿမဲသန္႔ရွင္းေနေအာင္ ထားဖုိ႔အႀကံျပဳခ်င္ပါတယ္။ ေခြးကေလးေတြမွာျဖစ္တတ္တဲ့ အေရျပားေရာဂါနဲ႔ ကပ္ပါးပိုးေကာင္ေတြက သင့္ရဲ႕က်န္းမာေရးကို ထိခိုက္ေစႏိုင္တာေၾကာင့္ ေခြးကေလးမွာ အေရျပားေရာဂါျဖစ္လာၿပီဆိုရင္ ကုသဖို႔လိုပါတယ္။ ေရခ်ိဳးေပးလိုက္ရံုနဲ႔ ဘတ္တီးရီးယားပိုးမႊားကမေသႏိုင္ပါဘူး။ ဒါ့ေၾကာင့္ ေခြးကေလးေတြမွာျဖစ္တတ္တဲ့ ကပ္ပါးေကာင္ကိုက္ခိုက္ရျခင္းနဲ႔ အေရျပားနီျမန္းျခင္းတို႔အတြက္ သက္သာေပ်ာက္ကင္းေစမယ့္ ေဆးေကာင္းတစ္လက္ကို ေဝမွ်ေပးလိုက္ပါတယ္ရွင့္။

ေခြးေလးေတြရဲ႕အေရျပားေပၚကို ကပ္ပါးပိုးေကာင္ကိုက္ခံရတဲ့အခါမွာ ပန္းသီးရွာလကာရည္နဲ႔ အဆိပ္ေျဖေပးႏိုင္ပါတယ္။ ဒီလိုကပ္ပါးပိုးေကာင္အကိုက္ခံရၿပီဆိုရင္ ေခြးကေလးေတြက အေရျပားနီျမန္းလာၿပီး ယားယံလာမယ္၊ ပိန္သြားမယ္၊ ေနာက္ဆံုး ေနမေကာင္းျဖစ္တဲ့အထိ အေကာင္ဆိပ္တက္တယ္လို႔ ေခၚပါတယ္။ ဒီလိုလကၡဏာေတြ စျပၿပီဆိုတာနဲ႔ အျမန္ဆံုးကုသဖုိ႔လိုေနပါၿပီေနာ္။ စပေရးဘူးတစ္ဘူးထဲကို ပန္းသီးရွာလကာရည္နဲ႔ ေရဆတူေရာစပ္ၿပီး သမသြားေအာင္ ဘူးကိုခါလိုက္ပါ။ အေမႊးနံ႔သာထည့္ခ်င္တယ္ဆိုရင္ေတာ့ လာဗင္ဒါပန္းအဆီ ၃စက္ေလာက္ေရာထည့္လို႔ ရပါတယ္။ ရရွိလာတဲ့အေရာအေႏွာကို ေခြးကေလးေတြရဲ႕ အေမႊးေပၚကို တစ္ေန႔လွ်င္တစ္ႀကိမ္ပံုမွန္ဖ်န္းၿပီး ဘီးေလးနဲ႔ေသခ်ာႏွံ႔ေအာင္ ျဖီးေပးပါ။ ကပ္ပါးပိုးေကာင္ကိုက္လို႔ ယားယံျခင္းနဲ႔ နာက်င္ျခင္းကို သက္သာေစႏိုင္တဲ့အျပင္ ဘတ္တီးရီးယားပိုးမႊားမ်ားဒဏ္မွလည္း ကင္းေဝးေစပါတယ္။

တိရိစၦာန္မ်ားရဲ႕ အေရျပားေရာဂါတစ္မ်ိဳးကိုလည္း ကုသေပးနိုင္စြမ္းရွိပါတယ္။ ဘာအေကာင္မွမကိုက္ဘဲနဲ႔ ေခြးကေလးေတြရဲ႕ အေရျပားေပၚမွာ အနီေရာင္အကြက္ျဖစ္ေနၿပီး အေမႊးမ်ားကၽြတ္ေနရင္ အေရျပားေရာဂါျဖစ္ေနတဲ့ လကၡဏာပါပဲ။ ပန္းသီးရွာလကာရည္နဲ႔ ေရတစ္ဖန္ခြက္ကို ဆတူေရာစပ္ၿပီး စပေရးဘူးထဲထည့္လိုက္ပါ။ ထုိ႔ေနာက္ နီျမန္းေနတဲ့ေနရာနဲ႔ အေမႊးကၽြတ္တဲ့ေနရာေတြကို ဖ်န္းေပးၿပီး ဘီးေလးနဲ႔လိုက္ၿဖီးေပးပါ။ ေရနဲ႔မေဆးေၾကာဘဲ ဒီတိုင္းအေျခာက္ခံလိုက္ပါ။ တစ္ပတ္ကို ၂ႀကိမ္မွ ၃ႀကိမ္အထိ ျပဳလုပ္ေပးႏုိင္ေပးလို႔ရပါတယ္။

နန္း(ေရႊအင္းေလး)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: www.shweinnlay.com

#Unicode Version#
သစ္စာအရှိဆုံး မိတ်ဆွေလို့ပြောလို့ရတဲ့ ခွေးကလေးတွေကို ချစ်တဲ့သူတွေအနေနဲ့ သူတို့လေးတွေရဲ့ ကျန်းမာသန့်ရှင်းမှုကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်နော်။ ခွေးချစ်တတ်သူတော်တော်များများက ခွေးကလေးနဲ့ ပေ့ွဖက်နမ်းရှုတ်ဆော့ကစားတတ်ကြပါတယ်။ ဒီလိုအချစ်ကြမ်းတဲ့သူတွေအနေနဲ့ ခွေးကလေးတွေကို အမြဲသန့်ရှင်းနေအောင် ထားဖို့အကြံပြုချင်ပါတယ်။ ခွေးကလေးတွေမှာဖြစ်တတ်တဲ့ အရေပြားရောဂါနဲ့ ကပ်ပါးပိုးကောင်တွေက သင့်ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ခွေးကလေးမှာ အရေပြားရောဂါဖြစ်လာပြီဆိုရင် ကုသဖို့လိုပါတယ်။ ရေချိုးပေးလိုက်ရုံနဲ့ ဘတ်တီးရီးယားပိုးမွှားကမသေနိုင်ပါဘူး။ ဒါ့ကြောင့် ခွေးကလေးတွေမှာဖြစ်တတ်တဲ့ ကပ်ပါးကောင်ကိုက်ခိုက်ရခြင်းနဲ့ အရေပြားနီမြန်းခြင်းတို့အတွက် သက်သာပျောက်ကင်းစေမယ့် ဆေးကောင်းတစ်လက်ကို ဝေမျှပေးလိုက်ပါတယ်ရှင့်။

ခွေးလေးတွေရဲ့အရေပြားပေါ်ကို ကပ်ပါးပိုးကောင်ကိုက်ခံရတဲ့အခါမှာ ပန်းသီးရှာလကာရည်နဲ့ အဆိပ်ဖြေပေးနိုင်ပါတယ်။ ဒီလိုကပ်ပါးပိုးကောင်အကိုက်ခံရပြီဆိုရင် ခွေးကလေးတွေက အရေပြားနီမြန်းလာပြီး ယားယံလာမယ်၊ ပိန်သွားမယ်၊ နောက်ဆုံး နေမကောင်းဖြစ်တဲ့အထိ အကောင်ဆိပ်တက်တယ်လို့ ခေါ်ပါတယ်။ ဒီလိုလက္ခဏာတွေ စပြပြီဆိုတာနဲ့ အမြန်ဆုံးကုသဖို့လိုနေပါပြီနော်။ စပရေးဘူးတစ်ဘူးထဲကို ပန်းသီးရှာလကာရည်နဲ့ ရေဆတူရောစပ်ပြီး သမသွားအောင် ဘူးကိုခါလိုက်ပါ။ အမွှေးနံ့သာထည့်ချင်တယ်ဆိုရင်တော့ လာဗင်ဒါပန်းအဆီ ၃စက်လောက်ရောထည့်လို့ ရပါတယ်။ ရရှိလာတဲ့အရောအနှောကို ခွေးကလေးတွေရဲ့ အမွှေးပေါ်ကို တစ်နေ့လျှင်တစ်ကြိမ်ပုံမှန်ဖျန်းပြီး ဘီးလေးနဲ့သေချာနှံ့အောင် ဖြီးပေးပါ။ ကပ်ပါးပိုးကောင်ကိုက်လို့ ယားယံခြင်းနဲ့ နာကျင်ခြင်းကို သက်သာစေနိုင်တဲ့အပြင် ဘတ်တီးရီးယားပိုးမွှားများဒဏ်မှလည်း ကင်းဝေးစေပါတယ်။

တိရိစ္ဆာန်များရဲ့ အရေပြားရောဂါတစ်မျိုးကိုလည်း ကုသပေးနိုင်စွမ်းရှိပါတယ်။ ဘာအကောင်မှမကိုက်ဘဲနဲ့ ခွေးကလေးတွေရဲ့ အရေပြားပေါ်မှာ အနီရောင်အကွက်ဖြစ်နေပြီး အမွှေးများကျွတ်နေရင် အရေပြားရောဂါဖြစ်နေတဲ့ လက္ခဏာပါပဲ။ ပန်းသီးရှာလကာရည်နဲ့ ရေတစ်ဖန်ခွက်ကို ဆတူရောစပ်ပြီး စပရေးဘူးထဲထည့်လိုက်ပါ။ ထို့နောက် နီမြန်းနေတဲ့နေရာနဲ့ အမွှေးကျွတ်တဲ့နေရာတွေကို ဖျန်းပေးပြီး ဘီးလေးနဲ့လိုက်ဖြီးပေးပါ။ ရေနဲ့မဆေးကြောဘဲ ဒီတိုင်းအခြောက်ခံလိုက်ပါ။ တစ်ပတ်ကို ၂ကြိမ်မှ ၃ကြိမ်အထိ ပြုလုပ်ပေးနိုင်ပေးလို့ရပါတယ်။

နန်း(ရွှေအင်းလေး)

ဖိုးသူတော် (www.phothutaw.com)
Credit: www.shweinnlay.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top