Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဗႏၶဳလဦးထုပ္မ်ားရဲ႕ေနာက္ကြယ္မွ ဇာတ္လမ္းတစ္ပုဒ္

ေရွ႕တြင္ အေရာင္ရဲရဲေတာက္ေနေသာ ဗႏၶဳလဦးထုပ္ကေလးမ်ား၊ ေငြေရာင္တ၀င္း၀င္း ေတာက္ပေနသည့္ ဗႏၶဳလဓားကေလးမ်ားႏွင့္ လွံကေလးမ်ား အစီအရီခင္းက်င္းထားသည့္ေနာက္တြင္ အဘြားအိုတစ္ဦးထိုင္ေနသည္။ ဗႏၶဳလအသံုးအေဆာင္ပစၥည္းေလးမ်ား၏ အနားတြင္ ၾကက္ဥျပဳတ္ေလးငါးလံုးခန္႔ႏွင့္ အခ်ဳိရည္ဘူးေလးမ်ားကို တင္ထားသည္။ မင္းႀကီးမင္းေလး ကိုယ္ေတာ္ႏွစ္ပါးႏွင့္ အျခားဆိုင္ရာပိုင္ရာနတ္မ်ားကို ပူေဇာ္ပသထားျခင္းျဖစ္သည္ဟု အဘြားအိုက ေျပာျပသည္။

အဘြားအိုအမည္က ေဒၚၫြန္႔ရည္ဟု ေခၚတြင္သည္။ ေနတာက တံတားဦးၿမိဳ႕က သာေဂါင္ရပ္၊ အသက္ကေတာ့ (၇၁)ႏွစ္ ရွိေခ်ၿပီ။ ယခုလို ရတနာ့ဂူဘုရားပြဲ၊ ေတာင္ၿပံဳးပြဲအပါအ၀င္ ဘုရားပြဲေတာ္ႀကီးေတြမွာ ဗႏၶဳလဦးထုပ္တို႔၊ ဓားတို႔ လိုက္လံေရာင္းခ်လာတာ ႏွစ္ေပါင္းေလးဆယ္ေက်ာ္ၿပီဟု အဘြားေဒၚၫြန္႔ရည္ကေျပာျပသည္။

ေဒၚၫြန္႔ရည္တစ္ေယာက္ ဗႏၶဳလဦးထုပ္ေလးေတြႏွင့္ စတင္မိတ္ဆက္ကြၽမ္း၀င္ခဲ့ရသည္မွာ လြန္ခဲ့ေသာ ႏွစ္ေပါင္းေလးဆယ္ေက်ာ္ ယခုလို ရတနာ့ဂူဘုရားပြဲေတာ္အခါျဖစ္သည္။ အဲဒီအခ်ိန္တုန္းက ေဒၚၫြန္႔ရည္ဘ၀မေရာက္မီ မၫြန္႔ရည္ဆိုေသာ အပ်ဳိငယ္ေလးတစ္ေယာက္ ရတနာ့ဂူပြဲေတာ္ခ်ိန္ အမရပူရၿမိဳ႕ ရတနာ့ဂူဘူတာအနီးက ဘုန္းႀကီးေက်ာင္း၀င္းအတြင္း ေခတၱလာေရာက္စဥ္ တျပန္႔တေျပာႀကီးလွန္းထားေသာ အနီေရာင္ဗႏၶဳလဦးထုပ္ ရဲရဲေတာက္ေတာက္မ်ားက ၎စိတ္ကို အေတာ္ေလးဆြဲေဆာင္ခဲ့သည္။

ထိုအခ်ိန္က ေဒၚၫြန္႔ရည္မွာ အမရပူရၿမိဳ႕တြင္ ရက္ကန္းခတ္ေနခ်ိန္ျဖစ္ၿပီး ရက္ကန္းလုပ္ငန္း ေခတၱနားခ်ိန္ ရတနာ့ဂူပြဲေတာ္အတြင္း အပို၀င္ေငြကေလးရေအာင္ ဗႏၶဳလဦးထုပ္ေလးေတြ ေရာင္းရေကာင္းမလားစဥ္းစားမိသည္။ သို႔ျဖင့္ ဦးထုပ္လုပ္သူကို တစ္ဆင့္ျပန္ေရာင္းရန္ ေဖာက္သည္ျပန္ေပး၊ မေပး ၀င္ေမးၾကည့္မိရင္း ဦးထုပ္လုပ္ေနသူ ၎ႏွင့္ရြယ္တူ ေကာင္ေလးတစ္ေယာက္ႏွင့္ ဆံုစည္းခဲ့ရပါသည္။ ထိုေကာင္ေလးကေတာ့ ေနာင္တစ္ခ်ိန္တြင္ ၎ႏွင့္အတူ ရပ္တကာလွည့္ကာ ဗႏၶဳလဦးထုပ္ေရာင္းၾကေတာ့မည့္ ခင္ပြန္းေလာင္းျဖစ္လာမည္ဟု ထိုစဥ္က ေဒၚၫြန္႔ရည္မသိတတ္ခဲ့။ ‘‘ဗႏၶဳလဦးထုပ္ေလး ေရာင္းမယ္လို႔ စိတ္ကူးၿပီး ၀င္ေမးလိုက္ကတည္းက မွားေတာ့တာပါပဲကြယ္’’ဟုေျပာရင္း ေဒၚၫြန္႔ရည္တစ္ေယာက္ တဟားဟားႏွင့္ အားရပါးရရယ္ပါေလသည္။

ထိုေကာင္ေလးဆီကေန မၫြန္႔ရည္တစ္ေယာက္ ဗႏၶဳလဦးထုပ္မ်ား တစ္ဆင့္ျပန္ယူရင္း အမရပူရသိမ္ႀကီးေစ်းထိပ္တြင္ သြားေရာင္းသည္။ မိဘေတြနဲ႔အတူ လာ၀ယ္တဲ့ ကေလးေတြကို ဓားအိမ္အတြင္းမွ ဗႏၶဳလဓားကို အားပါးတရထုတ္ျပရတာ မၫြန္႔ရည္ ေပ်ာ္လာသည္။ ၎ေရာင္းေနသည့္ ဗႏၶဳလအသံုးအေဆာင္ကေလးေတြေၾကာင့္ ရဲစြမ္းသတၱိေတြ ျပည့္၀သြားေလဟန္ ရင္တေကာ့ေကာ့ ကေလးငယ္မ်ားကို ျမင္ရတာ သူမ စိတ္ခ်မ္းသာလာသည္။

မိဘေတြကလည္း သူတို႔၏သားငယ္ကေလးမ်ားကို ဗႏၶဳလအဆင္တန္ဆာမ်ားကို မက္မက္ေမာေမာ ၀ယ္ယူေပးေနၾကတာကို ေတြ႕ရေတာ့ ဒီအလုပ္ကေလးအေပၚ စိတ္ပါ၀င္စားမႈရွိလာသည္။ စေရာင္းတဲ့အခ်ိန္မွာပင္ အေတာ္ေလး ေရာင္းလိုက္ရတာေၾကာင့္ ေနာက္ေန႔ေတြ ေရာင္းရမွာ အားတက္လာခဲ့သည္။ ထို႔အျပင္ ရတနာ့ဂူပြဲေတာ္အတြင္း ဗႏၶဳလဦးထုပ္ကေလးမ်ား တစ္ဆင့္ျပန္လည္ေရာင္းခ်ရင္း မၫြန္႔ရည္တစ္ေယာက္ ထိုေကာင္ေလးႏွင့္ ရင္းႏွီးမႈဒီေရကလည္း တျဖည္းျဖည္း ျမင့္တက္လာပါေတာ့သည္။

ဗႏၶဳလဦးထုပ္ကေလးမ်ားကို ျခယ္သထားသည့္ ေဆးေရာင္နီနီရဲရဲလို ေကာင္ေလး၏စိတ္ကလည္း ဖိတ္ဖိတ္ေတာက္လွသည္။ ပြဲေတာ္အၿပီးတြင္လည္း မၫြန္႔ရည္ဆီ ေကာင္ေလးတစ္ေယာက္ ေခ်ာင္းေပါက္ေအာင္ လာေလေတာ့သည္။ ရက္ကန္းခတ္ေနတဲ့စင္နား ခ်စ္စကားႀကိဳက္စကားလာေျပာသည္။ မၫြန္႔ရည္ကုိမရရင္ သူေနတဲ့ တာေမြမျပန္ေတာ့ဟုလည္း အက်ပ္ကိုင္သည္။ ေနာက္ဆံုးစတင္ေတြ႕ဆံုခဲ့ခ်ိန္ကေန တစ္ႏွစ္ခန္႔အၾကာမွာ မၫြန္႔ရည္တစ္ေယာက္ ေကာင္ေလးအခ်စ္ကို လက္ခံကာ ေသွ်ာင္ေနာက္ဆံထံုး ပါခဲ့ေလေတာ့သည္။

အဲဒီေနာက္ေတာ့ မၫြန္႔ရည္တစ္ေယာက္ ေကာင္ေလးနဲ႔အတူ ႏိုင္ငံတစ္၀န္းက ဘုရားပြဲေတာ္ႀကီးေတြဆီ ဗႏၶဳလဦးထုပ္ေတြ လုိက္လံေရာင္းခ်ေပးရင္း ဆယ့္ႏွစ္ပြဲေစ်းသည္တစ္ေယာက္ ဘ၀ေရာက္ခဲ့ျပန္ပါသည္။

ေရႊတိဂံုဘုရားပြဲ၊ ဆူးေလ၊ ကမၻာေအး၊ ပဲခူးေရႊေမာ္ေဓာ၊ ေတာင္ငူေရႊဆံေတာ္ အို . . .စံုလို႔။ ပြဲေစ်းထြက္ၿပီဆို လင္ကိုယ္မယားႏွစ္ေယာက္တည္းမို႔ ပစၥည္းပစၥယေတြက သိပ္မမ်ား၊ ႀကိမ္ျခင္းေတာင္းႀကီးႏွစ္ေတာင္းပဲ ပါသည္။ တစ္ေတာင္းမွာက ထမင္းအိုးနဲ႔ ဟင္းခ်က္စဖို ပစၥည္းစံု၊ ေနာက္တစ္ေတာင္းမွာက လင္မယားႏွစ္ေယာက္ရဲ႕ အ၀တ္အစားေတြ ဒါပဲပါသည္။ သြားေရာက္မည့္ ေဒသကို ပြဲေတာ္မစမီ ဆယ္ရက္ခန္႔ႀကိဳတင္သြားရသည္။ ေရာင္းမည့္ပစၥည္းေတြ ႀကိဳလုပ္ဖို႔ျဖစ္သည္။ ဟိုေရာက္တာနဲ႔ ေစ်းေရာင္းမယ့္ အခန္းကိုယူ၊ ဦးထုပ္လွမ္းဖို႔ က်ယ္က်ယ္ျပန္႔ျပန္႔ရွိမည့္ေနရာကို ေရြးရသည္။ ဆိုင္ခန္းကိစၥၿပီးၿပီဆိုလွ်င္ ဗႏၶဳလအသံုးအေဆာင္ေတြလုပ္ဖို႔ လိုအပ္တဲ့ပစၥည္းေတြ ၀ယ္ရသည္။ ဘိလပ္ေျမအိတ္၊ ၀ါးႀကီး၀ါးေသး၊ ဂ်ပ္ထူစကၠဴ၊ တာပင္တိုင္ဆီ၊ ေရႊေရာင္ေငြေရာင္ႀကိဳး၊ ေကာ္၊ သေဘၤာေဆးေရာင္စံုစသျဖင့္။

ပစၥည္းေတြစံုၿပီဆို ေဒၚၫြန္႔ရည္ အမ်ဳိးသားက ကုန္ၾကမ္းလုပ္သည္။ မၫြန္႔ရည္က အေခ်ာကိုင္သည္။ ေဆးသြင္းသည္။ ေန႔မအားညမနား ဗႏၶဳလဦးထုပ္ကေလးေတြ ဓားေတြ၊ လွံေတြလုပ္ၾကသည္။ အဲသလို လင္မယား စိတ္တူကိုယ္တူ လုပ္ခဲ့ၾကသျဖင့္ ပြဲေတာ္ခ်ိန္ေရာက္လာသည့္အခါတြင္ေတာ့ ဗႏၶဳလဦးထုပ္ေလးေတြက ကေလးေတြဆီလိုက္ပါဖို႔ အဆင္သင့္ျဖစ္ေနေလၿပီ။ ‘‘ပြဲတစ္ပြဲဆို ဦးထုပ္ေတြေရာ ဓားေတြလွံေတြေရာ ေထာင္ခ်ီၿပီးလုပ္ရတာ’’ဟု ေဒၚၫြန္႔ရည္က ေျပာျပသည္။

ေဒၚၫြန္႔ရည္အမ်ဳိးသားက ကေလးကစားစရာပစၥည္း လုပ္ေန၍လားမသိ။ ကေလးေတြကို အေတာ္ေလးခ်စ္ၿပီး သံေယာဇဥ္ႀကီးရွာသည္။ မိန္းမတို႔သဘာ၀ ေငြပိုရဖို႔ ေစ်းကေလးမ်ား ပိုဆိုမိလွ်င္ ဆူလို႔မၿပီးေတာ့။ ‘‘အေမႀကီးက ဆိုင္ခန္းခနဲ႔ ေစ်းေကာက္နဲ႔ ကုန္က်တာေတြ ကာမိေအာင္ ေစ်းေလးပိုယူမိရင္ နင္မတရားသျဖင့္ မလုပ္နဲ႔ဆိုၿပီး ဆူေတာ့ေျပာေတာ့တာပဲ’’ဟု ေဒၚၫြန္႔ရည္က သတိတရေျပာျပသည္။

ေဒၚၫြန္႔ရည္အမ်ဳိးသားက ကေလးေတြအေပၚတင္ ခ်စ္တာမဟုတ္ပါ။ သူေရာင္းခ်ေနသည့္ ဗႏၶဳလဦးထုပ္ကေလးေတြအေပၚမွာလည္း အေတာ္ပင္ အေလးထားသံေယာဇဥ္ႀကီးသူျဖစ္သည္။
ေဒၚၫြန္႔ရည္အမ်ဳိးသား ဗႏၶဳလဦးထုပ္လုပ္သည့္ ဘိလပ္ေျမမ်ားျဖင့္ ျပဳလုပ္ထားေသာ ပံုလံုးႀကီးကို နိမ့္က်ရာေနရာမ်ားတြင္ ဘယ္ေတာ့မွမထား၊ စားပြဲခံုႏွင့္ အိမ္ေခါင္းရင္းတြင္သာ ထားသည္။ ၿပီးေတာ့ ထိုပံုလံုးႀကီးကို တစ္ႏွစ္တြင္ႏွစ္ႀကိမ္ ခ်ဳိးေရေတာ္သံုးေပးသည္။ သီတင္းကြၽတ္လျပည့္ႏွင့္ တန္ေဆာင္မုန္းလျပည့္မ်ားတြင္ ျဖစ္သည္။

ယင္းပံုလံုးႀကီးကို ေရျဖင့္သန္႔စင္ရွင္းလင္းကာ ခ်ဳိးေရေတာ္သံုးၿပီးေနာက္ ညပိုင္းတြင္ အေမႊးနံ႔သာရည္မ်ား ပက္ဖ်န္းကာ ဖေယာင္းတိုင္ထြန္းၿပီး ပူေဇာ္သည္။ ထိုဦးထုပ္မ်ဳိးကို ေဆာင္းခဲ့ၾကသည့္ ျမန္မာ့သူရဲေကာင္းမ်ားအား ဦးခိုက္ပူေဇာ္ျခင္းျဖစ္သည္ဟု ေဒၚၫြန္႔ရည္ကဆိုပါသည္။ အဆိုပါသူရဲေကာင္းမ်ားအား မိမိတို႔ကိုေစာင့္ေရွာက္ရန္၊ အႏၲရာယ္မ်ား ေရွာင္ကြင္းေစရန္၊ အေရာင္းအ၀ယ္မ်ားျဖစ္ထြန္းေစရန္ ဆုေတြေတာင္းခဲ့ၾကသည္။

ေဒၚၫြန္႔ရည္အမ်ဳိးသားက ရပ္တကာလွည့္ကာ ဗႏၶဳလဦးထုပ္ေရာင္းေနရသည့္အလုပ္ကို ဂုဏ္ငယ္သည္ဟု ဘယ္ေသာအခါမွ မထင္မိ။ မၫြန္႔ရည္တစ္ေယာက္သာ စေရာင္းစဥ္အခ်ိန္က ႐ိႈးတိုးရွန္႔တန္႔ျဖစ္ခဲ့ဖူးသည္။ သူအၿမဲေျပာေနက် စကားတစ္ခြန္းရွိသည္။ ‘‘ဒီအလုပ္လုပ္ေနရလို႔ ေအာက္တန္းက်တယ္လို႔ မထင္ေပါင္တဲ့။ ငါတို႔က ရာဇေသြး ရာဇမာန္ အဆက္အႏႊယ္ေတြ ပါခဲ့လို႔သာ ဒီလိုေရာင္းခြင့္ရတာလို႔ သူကအၿမဲေျပာတာ’’ဟု ေဒၚၫြန္႔ရည္က ဂုဏ္ယူစြာေျပာသည္။ ‘‘ဒါေၾကာင့္ အေမႀကီးက သူ႕ေျပာလိုက္တယ္။ ဒါဆို ရွင္က ဗႏၶဳလစစ္သူႀကီး ၀င္စားခဲ့တာ ေနမွာေပါ့လို႔ေျပာေတာ့ သူက ရယ္လိုက္တာမ်ား’’

အဲသလိုႏွင့္ ဗႏၶဳလအသံုးအေဆာင္ ကေလးကစားစရာေတြ ေပ်ာ္ရႊင္စြာ နယ္တကာလွည့္ ေရာင္းခ်ခဲ့သည့္ မၫြန္႔ရည္တို႔လင္မယား သမီးတစ္ေယာက္ရၿပီးခ်ိန္ အသက္ငါးဆယ္ေက်ာ္လာသည့္ အခ်ိန္မွာေတာ့ အမ်ဳိးသား၏ က်န္းမာေရးအေျခအေနက တစ္စတစ္စ ယိုယြင္းလာခဲ့သည္။ က်န္းမာေရးမေကာင္းသည့္ၾကား ပြဲေတာ္ေတြဆီ ဇြတ္အတင္း ေစ်းေရာင္းထြက္ျပန္ပါေသးသည္။ ေဒၚၫြန္႔ရည္က ၎တစ္ေယာက္တည္း ႏိုင္သည္၊ အိမ္မွာတင္ ေအးေအးေဆးေဆးေနခဲ့ရန္ ေျပာေသာ္လည္း ဘယ္လိုမွေျပာမရ။ ေနမေကာင္းသည့္ၾကား မၫြန္႔ရည္ခင္းထားသည့္ ဗႏၶဳလဦးထုပ္ဆိုင္ကေလးကို ဇြတ္လိုက္လိုက္ၾကည့္တတ္ပါသည္။

သို႔ေသာ္ ဘယ္ေလာက္ပင္ မာန္တင္းခဲ့ေသာ္လည္း က်န္းမာေရးဆိုးရြားလာမႈေၾကာင့္ အသက္(၅၆)ႏွစ္အရြယ္တြင္ ၎၏ခင္ပြန္းမွာ ခ်စ္လွစြာေသာ ဗႏၶဳလအသံုးအေဆာင္ ကေလးကစားစရာေလးမ်ားႏွင့္ မိသားစုကို ထားရစ္ခဲ့ပါေလေတာ့သည္။

သမီးကလည္း အိမ္ေထာင္က်သြားၿပီမို႔ ေဒၚၫြန္႔ရည္တစ္ေယာက္ အိမ္မွာတစ္ဦးတည္း မေနလိုေတာ့၍ မိဘနဲ႔ေမာင္ႏွမေတြထံ ျပန္ေနသည္။ ခ်စ္လွစြာေသာ အမ်ဳိးသားႏွင့္အတူ ေနထိုင္ၿပီး ဗႏၶဳလဦးထုပ္ေလးေတြ လုပ္ခဲ့သည့္ ေနအိမ္ကေလးကိုေတာ့ ေသာ့ပိတ္ထားခဲ့သည္။ တစ္ေယာက္တည္းရွိေတာ့သည္မို႔ ဗႏၶဳလဦးထုပ္ကေလးေတြလည္း ေရာင္းခ်ဖို႔မျဖစ္ႏိုင္ေတာ့။ မိဘအိမ္မွာပဲ ေအးေအးေဆးေဆးေနေတာ့မည္ဟု ေဒၚၫြန္႔ရည္စိတ္ကူးခဲ့သည္။ သို႔ေသာ္ ေဒၚၫြန္႔ရည္ စိတ္ကူးခဲ့သလို ေနခြင့္မရခဲ့ပါ။ ေဒၚၫြန္႔ရည္ကပဲ အစြဲအလမ္းႀကီးလြန္း၍လား၊ သူမ၏ခင္ပြန္းက အစြဲအလမ္းႀကီးလြန္း၍လားမသိ။ ေဒၚၫြန္႔ရည္အမ်ဳိးသားမွာ တမလြန္ဘ၀မွ မၾကာခဏလာေရာက္ၿပီး ေစ်းျပန္ေရာင္းဖို႔ တိုက္တြန္းသည္ဟု ၎ကယံုၾကည္ေနသည္။

‘‘အေမ့အိမ္သြားေနေတာ့ သူက မၾကာခဏအိပ္မက္ေပးတယ္။ ေျခာက္တယ္။ ကိုယ့္အိမ္ကို ျပန္ေနဖို႔၊ ေစ်းျပန္ေရာင္းဖို႔ အၿမဲလာလာေျပာတယ္’’ဟု ေဒၚၫြန္႔ရည္ကဆိုသည္။
စိတ္အစြဲအလမ္းေၾကာင့္ ထင္ေယာင္ယံုမွားလား၊ ျဖစ္ရပ္ဆန္းၾကယ္မႈလား မသိႏိုင္ေသာ္လည္း မၾကာခဏ လာေရာက္ဆက္သြယ္ေနသည္ဟု ယံုၾကည္မႈေၾကာင့္ လင္သားဆံုးၿပီး တစ္ႏွစ္ခန္႔အၾကာ ေဒၚၫြန္႔ရည္တစ္ေယာက္ လင္မယားႏွစ္ေယာက္ အတူေနထိုင္ခဲ့ဖူးသည့္ အိမ္ကေလးဆီကို ျပန္ခဲ့ရသည္။

ေသာ့ပိတ္ထားခဲ့သည့္ အိမ္ကေလးထဲမွာ လင္သားလုပ္ေပးထားခဲ့သည့္ ဗႏၶဳလဦးထုပ္ေလးေတြက ဖံုအလိမ္းလိမ္းတက္လို႔။ ဦးထုပ္က အလံုး ၂၅၊ ဓားက ၂၅ ေခ်ာင္း၊ လွံကငါးေခ်ာင္း။ ပစၥည္းေတြကို ဖုတ္ဖက္ခါရင္း ေဒၚၫြန္႔ရည္တစ္ေယာက္ ဆံုးျဖတ္ခ်က္တစ္ခု ခ်လိုက္သည္။ အနီးဆံုး စစ္ကိုင္းငါးထပ္ႀကီးဘုရားပြဲမွစတင္ကာ ပြဲေစ်းျပန္လိုက္ေတာ့သည္။

ပြဲေစ်းျပန္လိုက္၍ ထင္သည္။ သူ ေဒၚၫြန္႔ရည္ကို အရင္လို ေျခာက္လွန္႔တာမ်ဳိး မႀကံဳေတာ့ဟု ဆိုသည္။ ဒါေပမဲ့ ပြဲေတာ္မွာ ေစ်းေရာင္းေနရင္း သူရွိေနေၾကာင္း မၾကာခဏ အသိေပးတတ္ျပန္သည္ဟု အဘြားကဆိုသည္။ ေဒၚၫြန္႔ရည္တစ္ေယာက္ ေစ်းျပန္ေရာင္းၿပီး ႏွစ္ႏွစ္ခန္႔အၾကာမွာေတာ့ စိတ္ခ်သြားသည္ဟု ယူဆရသည္၊ လံုး၀မေျခာက္လွန္႔ေတာ့ဟု ေဒၚၫြန္႔ရည္ကဆိုသည္။ ဟိုးအရင္တုန္းကေတာ့ ဗႏၶဳလဦးထုပ္နဲ႔ ဓားလွံတစ္စံု တစ္က်ပ္ေရာင္းခ်ခဲ့သည့္ေခတ္က ေဒၚၫြန္႔ရည္တို႔ ေရႊေတာင္၀ယ္၀တ္ႏိုင္ခဲ့ၾကသည္။ ယခု ေလးငါးရာေရာင္းသည့္ေခတ္တြင္ေတာ့ ေဒၚၫြန္႔ရည္တို႔ ေရႊမ၀တ္ႏိုင္ေတာ့ပါ။ နယ္ေဒသပြဲေတြမွာေတာ့ ဗႏၶဳလဦးထုပ္ေလးေတြက ပံုမွန္ေရာင္းေနရေပမယ့္ ရန္ကုန္ကဲ့သို႔ေသာ ၿမိဳ႕ျပလမ္းသဘင္မ်ားတြင္ေတာ့ ပြဲေတာ္လာကေလးေတြက ဗႏၶဳလဦးထုပ္ထက္ တ႐ုတ္ႏိုင္ငံလုပ္ မီးေရာင္တလက္လက္ေတာက္ပေနသည့္ ဓားမ်ား၊ အသံဆူဆူညံညံထြက္ေပၚေစသည့္ တ႐ုတ္ႏိုင္ငံလုပ္ ေအာ္လံမ်ားအစရွိသည့္ တ႐ုတ္ႏိုင္ငံလုပ္ ကစားစရာပစၥည္းမ်ား အေပၚတြင္သာ အာ႐ုံေရာက္ေနတတ္သည္။ သို႔ေသာ္ လံုး၀မေရာင္းရဘူးဆိုတာမ်ဳိးေတာ့ မဟုတ္။ နယ္ထက္စာလွ်င္ စိတ္၀င္စားမႈ အနည္းငယ္ေလ်ာ့က်ျခင္းျဖစ္ေၾကာင္း ဗႏၶဳလဦးထုပ္ေရာင္းသူမ်ားက ဆိုပါသည္။

ေဒၚၫြန္႔ရည္က တစ္ေယာက္တည္းသမားမို႔ ပြဲေတာ္ေတြမွာ အရင္လို ဦးထုပ္အလံုးေရ ေထာင္ခ်ီမလုပ္ႏိုင္ေတာ့ပါ။ ဦးထုပ္တစ္ရာ၊ ဓားတစ္ရာ၊ လွံတစ္ရာႏိုင္သေလာက္သာလုပ္၍ နီးစပ္ရာပြဲေတာ္တြင္သာ လုိက္လံေရာင္းသည္။ သို႔ေသာ္ အသက္လည္းႀကီးလာၿပီဆိုေတာ့ ဒီအလုပ္ကို နားခ်င္ၿပီဟု ေဒၚၫြန္႔ရည္ကဆိုပါသည္။ ‘‘ေျမးေလးက အခု အင္ဂ်င္နီယာေက်ာင္းတက္ေနတယ္။ သူ အင္ဂ်င္နီယာျဖစ္ရင္ အေမႀကီးကို ေထာက္ပံ့မယ္တဲ့။ အဲဒီအခ်ိန္က်ရင္ အေမႀကီးေယာက်္ားကလည္း ေက်နပ္ေလာက္ပါၿပီ။ ကိုယ္ေတာ္ႏွစ္ပါးကိုလည္း ေတာင္းပန္ၿပီး ဒီအလုပ္နားလိုက္ေတာ့မယ္’’ဟု ေဒၚၫြန္႔ရည္ကဆိုပါသည္။

ရတနာ့ဂူပြဲေတာ္ႀကီးကေတာ့ တျဖည္းျဖည္းစည္ကားစျပဳလာေလၿပီ။ ဘုရားေျမာက္ဘက္မုခ္အနီး နတ္နန္းတစ္ခုေရွ႕နားက ဗႏၶဳလဦးထုပ္ေလးေတြ စီစီရီရီခ်ကာ ေရာင္းခ်ေနသည့္ အမယ္အို ေဒၚၫြန္႔ရည္တစ္ေယာက္ေတာ့ျဖင့္ ပြဲေတာ္လာကေလးေတြ ဗႏၶဳလဦးထုပ္ေရာင္းေနတဲ့ သူ႔ဆီ ၀င္လာႏိုးျဖင့္ ေမွ်ာ္လင့္ကာ လိုက္လံေမွ်ာ္ၾကည့္ေနတုန္း။ ။

၂၀၁၄ခုႏွစ္ ၾသဂုတ္လ 7Day News Journal
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ညီညီေဇာ္

#Unicode Version#
ဗန္ဓုလဦးထုပ်များရဲ့နောက်ကွယ်မှ ဇာတ်လမ်းတစ်ပုဒ်

ရှေ့တွင် အရောင်ရဲရဲတောက်နေသော ဗန္ဓုလဦးထုပ်ကလေးများ၊ ငွေရောင်တဝင်းဝင်း တောက်ပနေသည့် ဗန္ဓုလဓားကလေးများနှင့် လှံကလေးများ အစီအရီခင်းကျင်းထားသည့်နောက်တွင် အဘွားအိုတစ်ဦးထိုင်နေသည်။ ဗန္ဓုလအသုံးအဆောင်ပစ္စည်းလေးများ၏ အနားတွင် ကြက်ဥပြုတ်လေးငါးလုံးခန့်နှင့် အချိုရည်ဘူးလေးများကို တင်ထားသည်။ မင်းကြီးမင်းလေး ကိုယ်တော်နှစ်ပါးနှင့် အခြားဆိုင်ရာပိုင်ရာနတ်များကို ပူဇော်ပသထားခြင်းဖြစ်သည်ဟု အဘွားအိုက ပြောပြသည်။

အဘွားအိုအမည်က ဒေါ်ညွန့်ရည်ဟု ခေါ်တွင်သည်။ နေတာက တံတားဦးမြို့က သာဂေါင်ရပ်၊ အသက်ကတော့ (၇၁)နှစ် ရှိချေပြီ။ ယခုလို ရတနာ့ဂူဘုရားပွဲ၊ တောင်ပြုံးပွဲအပါအဝင် ဘုရားပွဲတော်ကြီးတွေမှာ ဗန္ဓုလဦးထုပ်တို့၊ ဓားတို့ လိုက်လံရောင်းချလာတာ နှစ်ပေါင်းလေးဆယ်ကျော်ပြီဟု အဘွားဒေါ်ညွန့်ရည်ကပြောပြသည်။

ဒေါ်ညွန့်ရည်တစ်ယောက် ဗန္ဓုလဦးထုပ်လေးတွေနှင့် စတင်မိတ်ဆက်ကျွမ်းဝင်ခဲ့ရသည်မှာ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ကျော် ယခုလို ရတနာ့ဂူဘုရားပွဲတော်အခါဖြစ်သည်။ အဲဒီအချိန်တုန်းက ဒေါ်ညွန့်ရည်ဘဝမရောက်မီ မညွန့်ရည်ဆိုသော အပျိုငယ်လေးတစ်ယောက် ရတနာ့ဂူပွဲတော်ချိန် အမရပူရမြို့ ရတနာ့ဂူဘူတာအနီးက ဘုန်းကြီးကျောင်းဝင်းအတွင်း ခေတ္တလာရောက်စဉ် တပြန့်တပြောကြီးလှန်းထားသော အနီရောင်ဗန္ဓုလဦးထုပ် ရဲရဲတောက်တောက်များက ၎င်းစိတ်ကို အတော်လေးဆွဲဆောင်ခဲ့သည်။

ထိုအချိန်က ဒေါ်ညွန့်ရည်မှာ အမရပူရမြို့တွင် ရက်ကန်းခတ်နေချိန်ဖြစ်ပြီး ရက်ကန်းလုပ်ငန်း ခေတ္တနားချိန် ရတနာ့ဂူပွဲတော်အတွင်း အပိုဝင်ငွေကလေးရအောင် ဗန္ဓုလဦးထုပ်လေးတွေ ရောင်းရကောင်းမလားစဉ်းစားမိသည်။ သို့ဖြင့် ဦးထုပ်လုပ်သူကို တစ်ဆင့်ပြန်ရောင်းရန် ဖောက်သည်ပြန်ပေး၊ မပေး ဝင်မေးကြည့်မိရင်း ဦးထုပ်လုပ်နေသူ ၎င်းနှင့်ရွယ်တူ ကောင်လေးတစ်ယောက်နှင့် ဆုံစည်းခဲ့ရပါသည်။ ထိုကောင်လေးကတော့ နောင်တစ်ချိန်တွင် ၎င်းနှင့်အတူ ရပ်တကာလှည့်ကာ ဗန္ဓုလဦးထုပ်ရောင်းကြတော့မည့် ခင်ပွန်းလောင်းဖြစ်လာမည်ဟု ထိုစဉ်က ဒေါ်ညွန့်ရည်မသိတတ်ခဲ့။ ‘‘ဗန္ဓုလဦးထုပ်လေး ရောင်းမယ်လို့ စိတ်ကူးပြီး ဝင်မေးလိုက်ကတည်းက မှားတော့တာပါပဲကွယ်’’ဟုပြောရင်း ဒေါ်ညွန့်ရည်တစ်ယောက် တဟားဟားနှင့် အားရပါးရရယ်ပါလေသည်။

ထိုကောင်လေးဆီကနေ မညွန့်ရည်တစ်ယောက် ဗန္ဓုလဦးထုပ်များ တစ်ဆင့်ပြန်ယူရင်း အမရပူရသိမ်ကြီးဈေးထိပ်တွင် သွားရောင်းသည်။ မိဘတွေနဲ့အတူ လာဝယ်တဲ့ ကလေးတွေကို ဓားအိမ်အတွင်းမှ ဗန္ဓုလဓားကို အားပါးတရထုတ်ပြရတာ မညွန့်ရည် ပျော်လာသည်။ ၎င်းရောင်းနေသည့် ဗန္ဓုလအသုံးအဆောင်ကလေးတွေကြောင့် ရဲစွမ်းသတ္တိတွေ ပြည့်ဝသွားလေဟန် ရင်တကော့ကော့ ကလေးငယ်များကို မြင်ရတာ သူမ စိတ်ချမ်းသာလာသည်။

မိဘတွေကလည်း သူတို့၏သားငယ်ကလေးများကို ဗန္ဓုလအဆင်တန်ဆာများကို မက်မက်မောမော ဝယ်ယူပေးနေကြတာကို တွေ့ရတော့ ဒီအလုပ်ကလေးအပေါ် စိတ်ပါဝင်စားမှုရှိလာသည်။ စရောင်းတဲ့အချိန်မှာပင် အတော်လေး ရောင်းလိုက်ရတာကြောင့် နောက်နေ့တွေ ရောင်းရမှာ အားတက်လာခဲ့သည်။ ထို့အပြင် ရတနာ့ဂူပွဲတော်အတွင်း ဗန္ဓုလဦးထုပ်ကလေးများ တစ်ဆင့်ပြန်လည်ရောင်းချရင်း မညွန့်ရည်တစ်ယောက် ထိုကောင်လေးနှင့် ရင်းနှီးမှုဒီရေကလည်း တဖြည်းဖြည်း မြင့်တက်လာပါတော့သည်။

ဗန္ဓုလဦးထုပ်ကလေးများကို ခြယ်သထားသည့် ဆေးရောင်နီနီရဲရဲလို ကောင်လေး၏စိတ်ကလည်း ဖိတ်ဖိတ်တောက်လှသည်။ ပွဲတော်အပြီးတွင်လည်း မညွန့်ရည်ဆီ ကောင်လေးတစ်ယောက် ချောင်းပေါက်အောင် လာလေတော့သည်။ ရက်ကန်းခတ်နေတဲ့စင်နား ချစ်စကားကြိုက်စကားလာပြောသည်။ မညွန့်ရည်ကိုမရရင် သူနေတဲ့ တာမွေမပြန်တော့ဟုလည်း အကျပ်ကိုင်သည်။ နောက်ဆုံးစတင်တွေ့ဆုံခဲ့ချိန်ကနေ တစ်နှစ်ခန့်အကြာမှာ မညွန့်ရည်တစ်ယောက် ကောင်လေးအချစ်ကို လက်ခံကာ သျှောင်နောက်ဆံထုံး ပါခဲ့လေတော့သည်။

အဲဒီနောက်တော့ မညွန့်ရည်တစ်ယောက် ကောင်လေးနဲ့အတူ နိုင်ငံတစ်ဝန်းက ဘုရားပွဲတော်ကြီးတွေဆီ ဗန္ဓုလဦးထုပ်တွေ လိုက်လံရောင်းချပေးရင်း ဆယ့်နှစ်ပွဲဈေးသည်တစ်ယောက် ဘဝရောက်ခဲ့ပြန်ပါသည်။

ရွှေတိဂုံဘုရားပွဲ၊ ဆူးလေ၊ ကမ္ဘာအေး၊ ပဲခူးရွှေမော်ဓော၊ တောင်ငူရွှေဆံတော် အို . . .စုံလို့။ ပွဲဈေးထွက်ပြီဆို လင်ကိုယ်မယားနှစ်ယောက်တည်းမို့ ပစ္စည်းပစ္စယတွေက သိပ်မများ၊ ကြိမ်ခြင်းတောင်းကြီးနှစ်တောင်းပဲ ပါသည်။ တစ်တောင်းမှာက ထမင်းအိုးနဲ့ ဟင်းချက်စဖို ပစ္စည်းစုံ၊ နောက်တစ်တောင်းမှာက လင်မယားနှစ်ယောက်ရဲ့ အဝတ်အစားတွေ ဒါပဲပါသည်။ သွားရောက်မည့် ဒေသကို ပွဲတော်မစမီ ဆယ်ရက်ခန့်ကြိုတင်သွားရသည်။ ရောင်းမည့်ပစ္စည်းတွေ ကြိုလုပ်ဖို့ဖြစ်သည်။ ဟိုရောက်တာနဲ့ ဈေးရောင်းမယ့် အခန်းကိုယူ၊ ဦးထုပ်လှမ်းဖို့ ကျယ်ကျယ်ပြန့်ပြန့်ရှိမည့်နေရာကို ရွေးရသည်။ ဆိုင်ခန်းကိစ္စပြီးပြီဆိုလျှင် ဗန္ဓုလအသုံးအဆောင်တွေလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ရသည်။ ဘိလပ်မြေအိတ်၊ ဝါးကြီးဝါးသေး၊ ဂျပ်ထူစက္ကူ၊ တာပင်တိုင်ဆီ၊ ရွှေရောင်ငွေရောင်ကြိုး၊ ကော်၊ သင်္ဘောဆေးရောင်စုံစသဖြင့်။

ပစ္စည်းတွေစုံပြီဆို ဒေါ်ညွန့်ရည် အမျိုးသားက ကုန်ကြမ်းလုပ်သည်။ မညွန့်ရည်က အချောကိုင်သည်။ ဆေးသွင်းသည်။ နေ့မအားညမနား ဗန္ဓုလဦးထုပ်ကလေးတွေ ဓားတွေ၊ လှံတွေလုပ်ကြသည်။ အဲသလို လင်မယား စိတ်တူကိုယ်တူ လုပ်ခဲ့ကြသဖြင့် ပွဲတော်ချိန်ရောက်လာသည့်အခါတွင်တော့ ဗန္ဓုလဦးထုပ်လေးတွေက ကလေးတွေဆီလိုက်ပါဖို့ အဆင်သင့်ဖြစ်နေလေပြီ။ ‘‘ပွဲတစ်ပွဲဆို ဦးထုပ်တွေရော ဓားတွေလှံတွေရော ထောင်ချီပြီးလုပ်ရတာ’’ဟု ဒေါ်ညွန့်ရည်က ပြောပြသည်။

ဒေါ်ညွန့်ရည်အမျိုးသားက ကလေးကစားစရာပစ္စည်း လုပ်နေ၍လားမသိ။ ကလေးတွေကို အတော်လေးချစ်ပြီး သံယောဇဉ်ကြီးရှာသည်။ မိန်းမတို့သဘာ၀ ငွေပိုရဖို့ ဈေးကလေးများ ပိုဆိုမိလျှင် ဆူလို့မပြီးတော့။ ‘‘အမေကြီးက ဆိုင်ခန်းခနဲ့ ဈေးကောက်နဲ့ ကုန်ကျတာတွေ ကာမိအောင် ဈေးလေးပိုယူမိရင် နင်မတရားသဖြင့် မလုပ်နဲ့ဆိုပြီး ဆူတော့ပြောတော့တာပဲ’’ဟု ဒေါ်ညွန့်ရည်က သတိတရပြောပြသည်။

ဒေါ်ညွန့်ရည်အမျိုးသားက ကလေးတွေအပေါ်တင် ချစ်တာမဟုတ်ပါ။ သူရောင်းချနေသည့် ဗန္ဓုလဦးထုပ်ကလေးတွေအပေါ်မှာလည်း အတော်ပင် အလေးထားသံယောဇဉ်ကြီးသူဖြစ်သည်။
ဒေါ်ညွန့်ရည်အမျိုးသား ဗန္ဓုလဦးထုပ်လုပ်သည့် ဘိလပ်မြေများဖြင့် ပြုလုပ်ထားသော ပုံလုံးကြီးကို နိမ့်ကျရာနေရာများတွင် ဘယ်တော့မှမထား၊ စားပွဲခုံနှင့် အိမ်ခေါင်းရင်းတွင်သာ ထားသည်။ ပြီးတော့ ထိုပုံလုံးကြီးကို တစ်နှစ်တွင်နှစ်ကြိမ် ချိုးရေတော်သုံးပေးသည်။ သီတင်းကျွတ်လပြည့်နှင့် တန်ဆောင်မုန်းလပြည့်များတွင် ဖြစ်သည်။

ယင်းပုံလုံးကြီးကို ရေဖြင့်သန့်စင်ရှင်းလင်းကာ ချိုးရေတော်သုံးပြီးနောက် ညပိုင်းတွင် အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ဖယောင်းတိုင်ထွန်းပြီး ပူဇော်သည်။ ထိုဦးထုပ်မျိုးကို ဆောင်းခဲ့ကြသည့် မြန်မာ့သူရဲကောင်းများအား ဦးခိုက်ပူဇော်ခြင်းဖြစ်သည်ဟု ဒေါ်ညွန့်ရည်ကဆိုပါသည်။ အဆိုပါသူရဲကောင်းများအား မိမိတို့ကိုစောင့်ရှောက်ရန်၊ အန္တရာယ်များ ရှောင်ကွင်းစေရန်၊ အရောင်းအဝယ်များဖြစ်ထွန်းစေရန် ဆုတွေတောင်းခဲ့ကြသည်။

ဒေါ်ညွန့်ရည်အမျိုးသားက ရပ်တကာလှည့်ကာ ဗန္ဓုလဦးထုပ်ရောင်းနေရသည့်အလုပ်ကို ဂုဏ်ငယ်သည်ဟု ဘယ်သောအခါမှ မထင်မိ။ မညွန့်ရည်တစ်ယောက်သာ စရောင်းစဉ်အချိန်က ရှိုးတိုးရှန့်တန့်ဖြစ်ခဲ့ဖူးသည်။ သူအမြဲပြောနေကျ စကားတစ်ခွန်းရှိသည်။ ‘‘ဒီအလုပ်လုပ်နေရလို့ အောက်တန်းကျတယ်လို့ မထင်ပေါင်တဲ့။ ငါတို့က ရာဇသွေး ရာဇမာန် အဆက်အနွှယ်တွေ ပါခဲ့လို့သာ ဒီလိုရောင်းခွင့်ရတာလို့ သူကအမြဲပြောတာ’’ဟု ဒေါ်ညွန့်ရည်က ဂုဏ်ယူစွာပြောသည်။ ‘‘ဒါကြောင့် အမေကြီးက သူ့ပြောလိုက်တယ်။ ဒါဆို ရှင်က ဗန္ဓုလစစ်သူကြီး ဝင်စားခဲ့တာ နေမှာပေါ့လို့ပြောတော့ သူက ရယ်လိုက်တာများ’’

အဲသလိုနှင့် ဗန္ဓုလအသုံးအဆောင် ကလေးကစားစရာတွေ ပျော်ရွှင်စွာ နယ်တကာလှည့် ရောင်းချခဲ့သည့် မညွန့်ရည်တို့လင်မယား သမီးတစ်ယောက်ရပြီးချိန် အသက်ငါးဆယ်ကျော်လာသည့် အချိန်မှာတော့ အမျိုးသား၏ ကျန်းမာရေးအခြေအနေက တစ်စတစ်စ ယိုယွင်းလာခဲ့သည်။ ကျန်းမာရေးမကောင်းသည့်ကြား ပွဲတော်တွေဆီ ဇွတ်အတင်း ဈေးရောင်းထွက်ပြန်ပါသေးသည်။ ဒေါ်ညွန့်ရည်က ၎င်းတစ်ယောက်တည်း နိုင်သည်၊ အိမ်မှာတင် အေးအေးဆေးဆေးနေခဲ့ရန် ပြောသော်လည်း ဘယ်လိုမှပြောမရ။ နေမကောင်းသည့်ကြား မညွန့်ရည်ခင်းထားသည့် ဗန္ဓုလဦးထုပ်ဆိုင်ကလေးကို ဇွတ်လိုက်လိုက်ကြည့်တတ်ပါသည်။

သို့သော် ဘယ်လောက်ပင် မာန်တင်းခဲ့သော်လည်း ကျန်းမာရေးဆိုးရွားလာမှုကြောင့် အသက်(၅၆)နှစ်အရွယ်တွင် ၎င်း၏ခင်ပွန်းမှာ ချစ်လှစွာသော ဗန္ဓုလအသုံးအဆောင် ကလေးကစားစရာလေးများနှင့် မိသားစုကို ထားရစ်ခဲ့ပါလေတော့သည်။

သမီးကလည်း အိမ်ထောင်ကျသွားပြီမို့ ဒေါ်ညွန့်ရည်တစ်ယောက် အိမ်မှာတစ်ဦးတည်း မနေလိုတော့၍ မိဘနဲ့မောင်နှမတွေထံ ပြန်နေသည်။ ချစ်လှစွာသော အမျိုးသားနှင့်အတူ နေထိုင်ပြီး ဗန္ဓုလဦးထုပ်လေးတွေ လုပ်ခဲ့သည့် နေအိမ်ကလေးကိုတော့ သော့ပိတ်ထားခဲ့သည်။ တစ်ယောက်တည်းရှိတော့သည်မို့ ဗန္ဓုလဦးထုပ်ကလေးတွေလည်း ရောင်းချဖို့မဖြစ်နိုင်တော့။ မိဘအိမ်မှာပဲ အေးအေးဆေးဆေးနေတော့မည်ဟု ဒေါ်ညွန့်ရည်စိတ်ကူးခဲ့သည်။ သို့သော် ဒေါ်ညွန့်ရည် စိတ်ကူးခဲ့သလို နေခွင့်မရခဲ့ပါ။ ဒေါ်ညွန့်ရည်ကပဲ အစွဲအလမ်းကြီးလွန်း၍လား၊ သူမ၏ခင်ပွန်းက အစွဲအလမ်းကြီးလွန်း၍လားမသိ။ ဒေါ်ညွန့်ရည်အမျိုးသားမှာ တမလွန်ဘဝမှ မကြာခဏလာရောက်ပြီး ဈေးပြန်ရောင်းဖို့ တိုက်တွန်းသည်ဟု ၎င်းကယုံကြည်နေသည်။

‘‘အမေ့အိမ်သွားနေတော့ သူက မကြာခဏအိပ်မက်ပေးတယ်။ ခြောက်တယ်။ ကိုယ့်အိမ်ကို ပြန်နေဖို့၊ ဈေးပြန်ရောင်းဖို့ အမြဲလာလာပြောတယ်’’ဟု ဒေါ်ညွန့်ရည်ကဆိုသည်။
စိတ်အစွဲအလမ်းကြောင့် ထင်ယောင်ယုံမှားလား၊ ဖြစ်ရပ်ဆန်းကြယ်မှုလား မသိနိုင်သော်လည်း မကြာခဏ လာရောက်ဆက်သွယ်နေသည်ဟု ယုံကြည်မှုကြောင့် လင်သားဆုံးပြီး တစ်နှစ်ခန့်အကြာ ဒေါ်ညွန့်ရည်တစ်ယောက် လင်မယားနှစ်ယောက် အတူနေထိုင်ခဲ့ဖူးသည့် အိမ်ကလေးဆီကို ပြန်ခဲ့ရသည်။

သော့ပိတ်ထားခဲ့သည့် အိမ်ကလေးထဲမှာ လင်သားလုပ်ပေးထားခဲ့သည့် ဗန္ဓုလဦးထုပ်လေးတွေက ဖုံအလိမ်းလိမ်းတက်လို့။ ဦးထုပ်က အလုံး ၂၅၊ ဓားက ၂၅ ချောင်း၊ လှံကငါးချောင်း။ ပစ္စည်းတွေကို ဖုတ်ဖက်ခါရင်း ဒေါ်ညွန့်ရည်တစ်ယောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ အနီးဆုံး စစ်ကိုင်းငါးထပ်ကြီးဘုရားပွဲမှစတင်ကာ ပွဲဈေးပြန်လိုက်တော့သည်။

ပွဲဈေးပြန်လိုက်၍ ထင်သည်။ သူ ဒေါ်ညွန့်ရည်ကို အရင်လို ခြောက်လှန့်တာမျိုး မကြုံတော့ဟု ဆိုသည်။ ဒါပေမဲ့ ပွဲတော်မှာ ဈေးရောင်းနေရင်း သူရှိနေကြောင်း မကြာခဏ အသိပေးတတ်ပြန်သည်ဟု အဘွားကဆိုသည်။ ဒေါ်ညွန့်ရည်တစ်ယောက် ဈေးပြန်ရောင်းပြီး နှစ်နှစ်ခန့်အကြာမှာတော့ စိတ်ချသွားသည်ဟု ယူဆရသည်၊ လုံးဝမခြောက်လှန့်တော့ဟု ဒေါ်ညွန့်ရည်ကဆိုသည်။ ဟိုးအရင်တုန်းကတော့ ဗန္ဓုလဦးထုပ်နဲ့ ဓားလှံတစ်စုံ တစ်ကျပ်ရောင်းချခဲ့သည့်ခေတ်က ဒေါ်ညွန့်ရည်တို့ ရွှေတောင်ဝယ်ဝတ်နိုင်ခဲ့ကြသည်။ ယခု လေးငါးရာရောင်းသည့်ခေတ်တွင်တော့ ဒေါ်ညွန့်ရည်တို့ ရွှေမဝတ်နိုင်တော့ပါ။ နယ်ဒေသပွဲတွေမှာတော့ ဗန္ဓုလဦးထုပ်လေးတွေက ပုံမှန်ရောင်းနေရပေမယ့် ရန်ကုန်ကဲ့သို့သော မြို့ပြလမ်းသဘင်များတွင်တော့ ပွဲတော်လာကလေးတွေက ဗန္ဓုလဦးထုပ်ထက် တရုတ်နိုင်ငံလုပ် မီးရောင်တလက်လက်တောက်ပနေသည့် ဓားများ၊ အသံဆူဆူညံညံထွက်ပေါ်စေသည့် တရုတ်နိုင်ငံလုပ် အော်လံများအစရှိသည့် တရုတ်နိုင်ငံလုပ် ကစားစရာပစ္စည်းများ အပေါ်တွင်သာ အာရုံရောက်နေတတ်သည်။ သို့သော် လုံးဝမရောင်းရဘူးဆိုတာမျိုးတော့ မဟုတ်။ နယ်ထက်စာလျှင် စိတ်ဝင်စားမှု အနည်းငယ်လျော့ကျခြင်းဖြစ်ကြောင်း ဗန္ဓုလဦးထုပ်ရောင်းသူများက ဆိုပါသည်။

ဒေါ်ညွန့်ရည်က တစ်ယောက်တည်းသမားမို့ ပွဲတော်တွေမှာ အရင်လို ဦးထုပ်အလုံးရေ ထောင်ချီမလုပ်နိုင်တော့ပါ။ ဦးထုပ်တစ်ရာ၊ ဓားတစ်ရာ၊ လှံတစ်ရာနိုင်သလောက်သာလုပ်၍ နီးစပ်ရာပွဲတော်တွင်သာ လိုက်လံရောင်းသည်။ သို့သော် အသက်လည်းကြီးလာပြီဆိုတော့ ဒီအလုပ်ကို နားချင်ပြီဟု ဒေါ်ညွန့်ရည်ကဆိုပါသည်။ ‘‘မြေးလေးက အခု အင်ဂျင်နီယာကျောင်းတက်နေတယ်။ သူ အင်ဂျင်နီယာဖြစ်ရင် အမေကြီးကို ထောက်ပံ့မယ်တဲ့။ အဲဒီအချိန်ကျရင် အမေကြီးယောကျ်ားကလည်း ကျေနပ်လောက်ပါပြီ။ ကိုယ်တော်နှစ်ပါးကိုလည်း တောင်းပန်ပြီး ဒီအလုပ်နားလိုက်တော့မယ်’’ဟု ဒေါ်ညွန့်ရည်ကဆိုပါသည်။

ရတနာ့ဂူပွဲတော်ကြီးကတော့ တဖြည်းဖြည်းစည်ကားစပြုလာလေပြီ။ ဘုရားမြောက်ဘက်မုခ်အနီး နတ်နန်းတစ်ခုရှေ့နားက ဗန္ဓုလဦးထုပ်လေးတွေ စီစီရီရီချကာ ရောင်းချနေသည့် အမယ်အို ဒေါ်ညွန့်ရည်တစ်ယောက်တော့ဖြင့် ပွဲတော်လာကလေးတွေ ဗန္ဓုလဦးထုပ်ရောင်းနေတဲ့ သူ့ဆီ ဝင်လာနိုးဖြင့် မျှော်လင့်ကာ လိုက်လံမျှော်ကြည့်နေတုန်း။ ။

၂၀၁၄ခုနှစ် သြဂုတ်လ 7Day News Journal
ဖိုးသူတော် (www.phothutaw.com)
Credit:  ညီညီဇော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top