မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဝဘ်ဆိုက်
×
၂။အမေနဲ့တူတဲ့ချစ်သူ
၃။ကလေးနဲ့တူတဲ့ချစ်သူ
၎။အစားတစ်လိုင်းချစ်သူ
၅။ဆရာနဲ့တူတဲ့ချစ်သူ
၆။သ၀န်တိုတတ်တဲ့ချစ်သူ
၇။အိပ်မက်ထဲကချစ်သူ
#Unicode Version#
ယောင်းတို့ရေ Hana က Relationship နဲ့ပတ်သက်လာရင် ဆရာမကြီးတော့ မဟုတ်ပေမယ့် ရည်းစားရှိတဲ့ကိုယ့်သူငယ်ချင်းတွေကို ကြည့်ပြီး တစ်ယောက်တစ်မျိုးမတူကြပါလား ဆိုပြီးသိလာတယ်။ ဒါနဲ့ပဲ ချစ်သူကောင်မလေးဆိုတာ အမျိုးအစား အမျိုးမျိုးရှိတဲ့အကြောင်းကို ရေးဖို့ဆုံးဖြတ်လိုက်တယ်။ ယောင်းတို့လည်း ကိုယ်ကဘယ်လိုအမျိုးအစားထဲပါလဲ သိချင်ရင် အောက်ကစာလေးတွေသာ ဖတ်ကြည့်လိုက်ပါ။ပြီးတော့ ယောင်းတို့ကောင်လေးတွေကို ရှဲပြီး ဘယ်နံပါတ်လဲ မေးကြည့်လိုက်ပါ။
၁။စုံထောက်နဲ့တူတဲ့ချစ်သူ
သူရှေ့မှာ မသင်္ကာစရာလာလုပ်လို့ကကတော့ သင့်ကိုမေးခွန်းတွေနဲ့ စစ်ပြီပဲ။ သင့်ခြေလှမ်းတွေပျက်နေပြီလို့ စိတ်ထဲမှာထင်လာရင်လည်း နည်းလမ်းပေါင်းစုံနဲ့ သင့်အကြောင်းတွေစုံစမ်းပြီးသားပဲ ။ အခြားကောင်မလေးနဲ့ သွားQပြီဆိုရင်လည်း သတိသာထားတော့။ သက်သေမကျန်ခဲ့အောင် ပိပိရိရိလုပ်နိုင်မျ။ မဟုတ်ရင်တော့ မိုးမီးလောင်ပြီသာမှတ်။ဒါပေမယ့် သင်အသူတို့က အချစ်ကြီးတာကိုး။
၂။အမေနဲ့တူတဲ့ချစ်သူ
ဒီလိုကောင်မလေးမျိုးကိုရထားရင်တော့ ယူတို့တော်တော် ကံကောင်းပြီပဲ။ တွေ့ဖို့ကို သူမကိုယ်တိုင်ပဲစီစဉ်ပြီး ဘယ်သွားမယ် ၊ ဘာလုပ်မယ်ဆိုတာ သူမကအကုန်လုံး စီစဉ်ပြီးသားပဲ။ ယူတို့က ချိန်းထားတဲ့နေရာကို လာရုံပဲ။ ဒါအပြင့် သင့်ကိုဟင်းချက်ကျွေးတာတို့ ၊ သင့်အိမ်သန့်ရှင်း၊အလုပ်တွေ ဝိုင်းကူပေးတာတို့ ၊ နေမကောင်းတဲ့ချိန်ဆိုရင်လည်း သူနာပြုလို့ပြုစုပေးလိုက် ၊ ဆရာဝန်လို ဆေးကုပေးလိုက်နဲ့။ ခြုံပြောရရင်တော့ အမေတစ်ယောက်နဲ့တူတဲ့ ချစ်သူမျိုးပေါ့ ။ ဒီလိုချစ်သူမျိုးရရင် အနိုင်မကျင့်ဘဲ သေချာဂရုစိုက်ပါ။
၃။ကလေးနဲ့တူတဲ့ချစ်သူ
ဒီလိုချစ်သူမျိုးရှိရင်တော့ စိတ်ရှည်ပေးရလိမ့်မယ်။ သူမက တစ်ချိန်လုံးကလေးလိုပဲ သင်နဲ့ဝေးရမှာကို ကြောက်နေတတ်ပြီး သူမကသင့်အတွက် တကမ္ဘာလုံးမှာ အလှဆုံးမိန်းကလေးဖြစ်ချင်နေတဲ့သူပါ။ သူမကသင့်ရဲ့အရာရာ ဖြစ်ချင်တာပါ။ သူမကို အရာရာထက် ပထမဦးစားပေးဖြစ်ချင်တဲ့ သူလေးပေါ့။
၄။အစားတစ်လိုင်းချစ်သူ
တစ်ချိန်လုံး အစားနဲ့ပါးစပ်နဲ့မပြတ်ပဲ အစားမှအစားပါ။ ချိန်းတွေ့တိုင်း အစားအသောက်ပေါတဲ့နေရာပဲ သွားကြသူတွေပါ။ ဖုန်းပြောရင်လည်း နောက်နေ့ဘယ်သွားစားကြမလဲ ဆိုတာနဲ့ ဘယ်နေရာမှာ စားသောက်ဆိုင်အသစ်ဖွင့်လဲပဲ ပြောကြသူတွေပေါ့။ စိတ်ဆိုးနေရင်လည်း သူကြိုက်တဲ့မုန့်လေးနဲ့သာ ချော့လိုက် စိတ်ဆိုးပြေပြီးသားပဲ။ ဒီလိုချစ်သူမျိုးရထားရင် နောက်ကောင်လေးတွဲမှာ စိတ်ပူနေစရာကို မလိုဘူး။ သူတို့က အစားပဲ စိတ်ဝင်စားတာကို။
၅။ဆရာနဲ့တူတဲ့ချစ်သူ
သူမကသင့်ကို ပြောင်းလဲဖို့ကြိုးစားနေတဲ့ သူမျိုးပေါ့။ သင်ဝတ်တာ ၊စားတာ၊နေပုံထိုင်ပုံ အားလုံးကို ပြုပြင်ဖို့ကြိုးစားနေသူပေါ့။ တစ်ချိန်လုံး ဟိုဟာလုပ်၊ဒီဟာလုပ်နဲ့ အမိန့်ပေးနေတတ်တဲ့သူမျိုးပေါ့။ ဒါပေမယ့်လည်း အဲလို ကောင်မလေးနဲ့ တွဲရတာ သင်နည်းနည်းတော့ လိမ္မာလာတယ်ဆိုတာ ဝန်ခံလိုက်ပါ။
၆။သဝန်တိုတတ်တဲ့ချစ်သူ
တစ်ခါတစ်လေတော့လည်း ကိုယ့်ချစ်သူက ကိုယ့်ကိုသဝန်တိုတာ အရမ်းချစ်လို့ဖြစ်တာ ဆိုပေမယ့်လည်း တအားအစွန်းရောက်သွားရင်တော့ မကောင်းဘူးပေါ့နော်။ ကိုယ့်အမေ ၊ ကိုယ်အမတွေနဲ့ကအစ သဝန်လိုက်တိုပြီး ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာထိ လိုက်ဝင်ပါလာရင်တော့ ဘယ်ကောင်းပါ့မလဲ။
၇။အိပ်မက်ထဲကချစ်သူ
သူမကတော့ အရမ်းကိုပြည့်စုံလွန်းတဲ့ ချစ်သူတစ်ယောက်ပဲ။ အရမ်းကိုလှပတဲ့မျက်နှာ ၊ အချိုးအစားလှတဲ့ ဘော်ဒီလေးနဲ့ ၊ စိတ်ထားကလည်းကေင်းနေရော၊ ပညာအရည်အချင်းလည်းရှိ ၊ မိသားစုကလည်းပိုက်ဆံလေးရှိ နဲ့ အရမ်းကိုပြည့်စုံလွန်းလို့ အပြင်မှာတောင် အဲလိုမိန်းကလေးမျိုး ရှာမတွေ့နိုင်ဘူး။ ဒါကြောင့် အိပ်မက်ထဲကချစ်သူ လို့ခေါ်တာ။ အိပ်မက်ထဲမှာပဲ ရှာတွေ့နိုင်တဲ့ချစ်သူမျိုးလေ ….
ကဲ..ယောင်းတို့ရောကိုယ့်ကိုကိုယ် ဘယ်လိုချစ်သူအမျိုးအစားထဲ ပါတယ်ထင်လဲ။ကိုပုရိသတို့လည်း ကိုယ့်ချစ်သူ ဘယ်အမျိုးအစားလဲ ဖြေပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: Hana(For Her Myanmar)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top