ဒီေန႕တကၠသိုလ္မွာေန႔ဆြမ္းကပ္ေတာ့

ဆြမ္းအလွဴရွင္ကေက်ာင္းသားသံဃာေတြအကုန္လုံးကို ဝတၳဳေငြတစ္ပါးသုံးေသာင္းလွဴ တယ္။

ေဘးတျခားဆြမ္းဝိုင္းမွာသီလရွင္ေက်ာင္းသူတစ္ပါးတည္း ထီးထီးၾကီးဆြမ္းဘုဥ္းေနတဲ႔ ကိုယ္ေတာ့အဲ႔ဒိသုံးေသာင္းမရလိုက္ဘူး။

သူရည္ရြယ္ျပီးစိတ္ထဲထင္ထားတာက

တကၠသိုလ္ေက်ာင္းသားဆိုတာ သံဃာရဟန္းေတာ္ေတြပဲရွိတယ္လို႔ထင္တာေနပါလိမ့္မယ္။

ကိုယ့္ကိုေက်ာင္းသူ သီလရွင္လို႔လည္းထင္ပုံမရသလို ကိုယ့္ပုံစံကလည္းလမ္းၾကံဳလို႔တကၠသိုလ္ဆြမ္းစားေက်ာင္းကို

လမ္းေဘးအဝစားမ႑ပ္ထင္ျပီး ထမင္းလာစားေနတဲ႔ သီလရွင္ပံုစံမ်ားေပါက္ေနသလား မသိ။

တကယ္ေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ သူ႔စိတ္ထဲမွာ ကိုယ့္ကို လွဴ ဖို႔လည္း သဒၶါနဲ႔စိတ္ကူးကရွိဟန္မတူပါဘူး။

သူငယ္ခ်င္းေတြက ” စာအိတ္ရလား ဘာညာေမးေတာ့ !စိတ္ထဲမွာတမ်ိဳးၾကီးပဲ ဝမ္းနည္းသလိုလိုဘာလိုလိုနဲ႔

အဲ႔ဒိခံစားခ်က္ကလိုခ်င္လို႔ျဖစ္တာေတာ့မဟုတ္ဘူး။

မရလိုက္လို႔ ျဖစ္တာ အဲ႔ဒိမရတာကလည္း သူမ်ားေတာ့ရတယ္ ငါ့က်ေတာ့မရဘူးဆိုတဲ႔

ကေလးဆန္ဆန္ဝမ္းနည္းတာမ်ိဳးမဟုတ္ဘူး။

” သီလရွင္ဆိုတဲ႔ အမ်ိဳးကပုထုဇဥ္လူေတြရဲ႕ၾကီးျမတ္တဲ႔ သဒၶါတရားကိုမျဖစ္ေစနိုင္လို႔လား?’

ဒါမွမဟုတ္

“သီလရွင္ဆိုရင္အေၾကြကိုပဲအလွဴခံသင့္တာလို႔ထင္ေနၾကတာလား ?ဆိုတဲ႔အေတြးကရင္ထဲမွာစူးေနတာပဲ။

ဒါေၾကာင့္စာဝါတက္ရတာေတာင္ စိတ္ကသိပ္မပါေတာ့ဘူး။

မ်က္ရည္ကိုအေတာ္ထိန္းထားရတယ္

ရွက္တာေရာ ဝမ္းနည္းတာေရာ MA’ေက်ာင္းသားခ်င္းအတူတူ

ကိုယ္က်မွ ခြဲျခားအဖယ္ခံလိုက္ရသလို နာက်င္မွဳက ဘာနဲ႔မတူတာေတာ့ေသခ်ာတယ္။

အဲ႔ဒိအခ်ိန္မွာေတြးမိတာက တခ်ိဳ႕ဘုန္းၾကီးေတြဆို ငါ့နွမငါ့ညီမေလးေတြရယ္လို႕

အားေပးေစာင့္ေရွာက္မယ္မရွိ။

မၾကည္ညိဳတတ္သူေတြကို ၾကည္ညိဳတက္ေအာင္ အခြင့္အခါသင့္ရင္ ေဟာေျပာေပးဖို႔အသာထား

သီလရွင္ျမင္ရင္ ခိုင္းစရာက်ြန္ကိုျမင္ေနသလိုပဲ။

လူထူရင္ပလႅင္ေပၚကေန “သီလရွင္ဆိုတာ လူနဲ႔အတူတူပဲ “ဆိုတဲ႔စကားလုံးေတြကိုဘုန္းၾကီးေတာ္ေတာ္မ်ားမ်ားက သုံးတာေတြ႕ဖူးတယ္။

အထူးသျဖင့္ရိပ္သာဘုန္းၾကီးေတြပဲ။

ဒါေပမဲ႔အဲ႔ဒိဘုန္းၾကီးေတြကသီလရွင္ဆိုရင္ လူကြယ္ရာမွာေတာ္ေတာ္ခိုင္းျပီး လူေရွ႕ဆိုသီလရွင္ကိုအေတာ္နိွမ္တယ္။

လူေယာက်္ားေတြလည္း မထီမဲ႔ျမင္နဲ႔ကန္ေတာ့ဖို႔ေတာင္

အင္မတန္ဝန္ေလးေနတာ သီလရွင္ကိုရွိခိုးတာနဲ႔ ေျမျမိဳမယ္လို႔မ်ားထင္ေနသလားမသိ။

တကယ္ေတာ့အမ်ိဳးသမီးဆိုတာ အေမ့ဗိုက္ထဲကေနေလာကအျပင္ကိုထြက္ျပီး ေမြးဖြားျပီး မီးတြင္းကတည္းက ” ဘာေလး ေမြးလဲ ? လို႔

အေမးခံရတဲ႔အခ်ိန္က စျပီး အေဖ့ေၾကြးေၾကာ္သံက

တိုးတိမ္သြားသလို ေျဖရတဲ႔အေမနဲ႔လက္သည္ရဲ႕အသံကလည္း အားနည္းမူေတြအျပည့္ပဲ။

“သားဦးေလးကြ”ဆိုျပီးေအာ္တာနဲ႔

“သမီးဦးေလးကြ”ဆိုျပီးေအာ္တာ

ဘယ္အသံကအားအပါဆုံးလဲဆိုတဲ႔ေမးခြန္းက အေျဖမလိုသလိုပါပဲ။

ဒါတင္မကေသးေယာက်ာ္းေလးနဲ႔ မိန္းကေလးဆိုရင္ သြန္သင္ဆုံးမပံုကအစငယ္ငယ္ေလးကတည္းကကြဲျပားျခားနားသြားတာ

“ေယာက်္ားဆိုတာ မ်က္ရည္မက်ရဘူး ကြ”

” ေယာက်္ားျဖစ္ျပီး ခံလာရသလား ျပန္ခ် “ဘာညာ

အားေပးစကားေတြနဲ႔ယုံၾကည္မူနဲ႔အင္အားကိုျဖစ္ေစေပမဲ႔

မိန္းကေလးေတြကိုေတာ့ ” ဗိုင္းေကာင္းေက်ာက္ဖိ”ေရႊေပးလို႔မရ “ဘာညာဆိုတာေတြနဲ႔ ျပားျပားဝပ္ေအာင္ဖိၾကနိွပ္ၾကဆုံးမလြန္းတာေၾကာင့္

အရြယ္ေရာက္လာျပန္ေတာ့လည္း အာေဝဏိကဒုကၡငါးပါးဆိုတာေတြကတစ္မ်ိဳး

ပေထြးရန္ လူယုတ္တမာ အထီးရန္ေတြကတမ်ိဳး ဒါ့အျပင္တျခားအေရးၾကံဳလာရင္ကိုယ့္အားကိုယ္မကိုးတတ္ေတာ့ဘူး။

ျပႆ နာေတြကိုေျဖရွင္းရမွာထိတ္လန္႔ေနတတ္ျပီ။

ေၾကာက္တာရွက္တာေတြေၾကာင့္ မိန္းကေလးေတြရဲ႕ပင္ကိုယ္စြမ္းရည္ေတြေပ်ာက္ျပီး

အရံႈးေပၚ အရႈံးဆင့္ျပီး အရာရာကိုသိမ္ငယ္ရေတာ့တာပဲ။

ဘယ္ေလာက္ေတာ္ေတာ္ထက္ထက္ မိန္းမဆိုတာ တကယ္ကို အနိွမ္ခံသက္သက္လိုပဲ။

ျမန္မာယဥ္ေက်းမွဳအရ မသင့္ေတာ္လို႔တားျမစ္ရပါတယ္ဆိုတဲ႔

အမ်ိဳးသမီးမ်ားအတြက္ရင္နာစရာဆိုင္းဘုတ္ေတြ အမ်ိဳးမ်ိဳးကိုျမင္ဖူးၾကမွာပါ။

ဥပမာ အမ်ားဆုံးေတြ႕နိူင္တာက “ဘုရားေပၚမတက္ရ”

ဤေနရာသည္ျမင့္ျမတ္ေသာေနရာျဖစ္ေသာေၾကာင့္ အမ်ိဳးသမီးမ်ား မဝင္ရ “ဆိုတာေတြေပါ့။

ဒီေနရာမွာစကားမစပ္ေျပာျပခ်င္တာက မြန္ျပည္နယ္က က်ိဳကၡမီေရလည္ဘုရားကိုဖူးရတာ

ကိုယ့္ဘဝမွာ အကုသိုလ္အျဖစ္ရဆုံးအခ်ိန္တစ္ခုရွိခ့ဲဖူးတယ္။

ဘုရားရွိတဲ႔ အေဆာင္ကိုမဝင္ရမတက္ရတဲ႔အျပင္ အဲ႔ဒိဘုရားရွိတဲ႔အေဆာင္နဲ႔ေဘးခ်င္းခပ္ခြာခြာအေဆာင္မွာ

ဟိုဘက္ကအမ်ိဳးသမီးေတြဘုရားဆင္းတုကိုဖူးဖို႔ ျပတင္းေပါက္အရြယ္အေပါက္တစ္ခုလုပ္ျပီး

ဒီဘက္ကအေဆာင္အေပါက္ကေနဘုရားဆင္းတုကို လွမ္းျပီးဖူးရတယ္။ ေတာ္ေတာ္ေလးေဝးတယ္။

တကယ္ကို စိတ္ထဲအလိုမက်ျဖစ္မိတယ္။

ေတာ္ရုံတန္ရုံခြဲျခားတာဆိုရပါေသးတယ္ အခုဟာကေတာ့ ေတာ္ေတာ္ေလးကို လြန္လြန္းပါတယ္။



ဒါေၾကာင့္ထက္ျမတ္တဲ႔အမ်ိဳးသမီးေတြက အမ်ိဳးသမီးမ်ားတန္းတူအခြင့္ေရးဆိုျပီး အေနာက္နိူင္ငံေတြမွာ

စတင္ေတာင္းဆိုတိုက္ပြဲဝင္လာၾကသလို ျမန္မာနိူင္ငံမွာလည္းအဲ႔ဒိလိုမ်ိဳးရွိေတာ့ရွိေနပါျပီ။

ကိုယ္လည္းမိန္းကေလးထဲက မိန္းကေလးတစ္ေယာက္ဆိုေတာ့ကား

မတူညီၾကတဲ႔လိင္တစ္ခုေပၚကိုဆုံးျဖတ္ျပီး အလြန္အမင္ခ်ဳပ္ခ်ယ္ဖိနိွပ္ခံရတာမနွစ္သက္ေပမဲ႔

ဒီေနရာမွာကိုယ္အျမင္ကိုေျပာခ်င္တာက ေနရာတကာမွာေတာ့ အမ်ိဳးသားေတြကိုလိုက္ယွဥ္လို႔ေတာ့မရတာကိုသိသလို

သူေနရာနဲ႔သူဆိုတာကိုလည္း နားလည္ပါတယ္။



ဘုရားပြင္႔တဲ႔ အိႏၵိယနိူင္ငံလိုနိူင္ငံမ်ိဳးမွာ မိန္းမဆိုတာက်ြန္တစ္ပါးလို႔သက္မွတ္ထားတဲ႔နိူင္ငံကို

ခဏထားဦးဒီမိုကေရစီဘိုးေအၾကီးလို႔ေခၚတဲ႔ အေနာက္နိူင္ငံၾကီးေတြမွာေတာင္

အဆင့္ျမင့္တကၠသိုလ္ၾကီးေတြရဲ႕လြန္ခ့ဲတဲ႔နွစ္ေပါင္းတစ္ရာ

ေနာက္ခံသမိုင္းမွာ အမ်ိဳးသမီးေတြကို ပညာသင္တကၠသိုလ္တက္ခြင့္မျပဳခ့ဲဘူးဆိုပဲ။

ဘာေၾကာင့္လဲဆိုေတာ့ ဘာေၾကာင့္မွမဟုတ္ဘူး။

မျပဳ ခ်င္လို႔ကို မျပဳတာ ေနာက္မွ ထူးခ်ြန္ထက္ျမက္တဲ႔ အမ်ိဳးသမီးေတြဦးေဆာင္ျပီး အဲ႔ဒီဥပေဒကိုေျပာင္းလဲေပးဖို႔

ဆန္႔က်င္ေတာင္းဆိုတိုက္ပြဲဝင္ခ့ဲမွျပင္ဆင္သြားတာတဲ႔ေလ။

ကိုယ္ကေတာ့ သူမ်ားေတြလို က်ားမ တန္းတူအခြင့္ေရးေတြ ဘိကၡဳနီသာသနာေတြဘာဘာညာညာမေတာင္းဆိုပါဘူး။

ဒါေပမဲ႔ တစ္ခုပဲ သာသနာေဘာင္အတြင္းကလူခ်င္းခ်င္း လူလိုသူလိုအသိအမွတ္ျပဳမူ

ယုံၾကည္ေလးစားမွဳနဲ႔ ကူညီေစာင့္ေရွာက္ေဖးမမူေတြပဲလိုအပ္တယ္။

သီလရွင္ဆရာေလးေတြကိုမၾကည္ညိဳတတ္ေသးတဲ႔ ပုထုဇဥ္ဒါယကာဒါယိကာမေတြရဲ႕

ၾကည္ညိဳျခင္းသဒၶါတရားကေတာ့းးးးးး ကံစပ္ေလသမ်ွအထိေပါ့။

Source: Ma Esukhacari

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Apannpyay

#Unicode Version#
ဒီနေ့တက္ကသိုလ်မှာနေ့ဆွမ်းကပ်တော့

ဆွမ်းအလှူရှင်ကကျောင်းသားသံဃာတွေအကုန်လုံးကို ဝတ္ထုငွေတစ်ပါးသုံးသောင်းလှူ တယ်။

ဘေးတခြားဆွမ်းဝိုင်းမှာသီလရှင်ကျောင်းသူတစ်ပါးတည်း ထီးထီးကြီးဆွမ်းဘုဉ်းနေတဲ့ ကိုယ်တော့အဲ့ဒိသုံးသောင်းမရလိုက်ဘူး။

သူရည်ရွယ်ပြီးစိတ်ထဲထင်ထားတာက

တက္ကသိုလ်ကျောင်းသားဆိုတာ သံဃာရဟန်းတော်တွေပဲရှိတယ်လို့ထင်တာနေပါလိမ့်မယ်။

ကိုယ့်ကိုကျောင်းသူ သီလရှင်လို့လည်းထင်ပုံမရသလို ကိုယ့်ပုံစံကလည်းလမ်းကြုံလို့တက္ကသိုလ်ဆွမ်းစားကျောင်းကို

လမ်းဘေးအဝစားမဏ္ဍပ်ထင်ပြီး ထမင်းလာစားနေတဲ့ သီလရှင်ပုံစံများပေါက်နေသလား မသိ။

တကယ်တော့ ဘယ်လိုပဲဖြစ်ဖြစ် သူ့စိတ်ထဲမှာ ကိုယ့်ကို လှူ ဖို့လည်း သဒ္ဓါနဲ့စိတ်ကူးကရှိဟန်မတူပါဘူး။

သူငယ်ချင်းတွေက ” စာအိတ်ရလား ဘာညာမေးတော့ !စိတ်ထဲမှာတမျိုးကြီးပဲ ဝမ်းနည်းသလိုလိုဘာလိုလိုနဲ့

အဲ့ဒိခံစားချက်ကလိုချင်လို့ဖြစ်တာတော့မဟုတ်ဘူး။

မရလိုက်လို့ ဖြစ်တာ အဲ့ဒိမရတာကလည်း သူများတော့ရတယ် ငါ့ကျတော့မရဘူးဆိုတဲ့

ကလေးဆန်ဆန်ဝမ်းနည်းတာမျိုးမဟုတ်ဘူး။

” သီလရှင်ဆိုတဲ့ အမျိုးကပုထုဇဉ်လူတွေရဲ့ကြီးမြတ်တဲ့ သဒ္ဓါတရားကိုမဖြစ်စေနိုင်လို့လား?’

ဒါမှမဟုတ်

“သီလရှင်ဆိုရင်အကြွေကိုပဲအလှူခံသင့်တာလို့ထင်နေကြတာလား ?ဆိုတဲ့အတွေးကရင်ထဲမှာစူးနေတာပဲ။

ဒါကြောင့်စာဝါတက်ရတာတောင် စိတ်ကသိပ်မပါတော့ဘူး။

မျက်ရည်ကိုအတော်ထိန်းထားရတယ်

ရှက်တာရော ဝမ်းနည်းတာရော MA’ကျောင်းသားချင်းအတူတူ

ကိုယ်ကျမှ ခွဲခြားအဖယ်ခံလိုက်ရသလို နာကျင်မှုက ဘာနဲ့မတူတာတော့သေချာတယ်။

အဲ့ဒိအချိန်မှာတွေးမိတာက တချို့ဘုန်းကြီးတွေဆို ငါ့နှမငါ့ညီမလေးတွေရယ်လို့

အားပေးစောင့်ရှောက်မယ်မရှိ။

မကြည်ညိုတတ်သူတွေကို ကြည်ညိုတက်အောင် အခွင့်အခါသင့်ရင် ဟောပြောပေးဖို့အသာထား

သီလရှင်မြင်ရင် ခိုင်းစရာကျွန်ကိုမြင်နေသလိုပဲ။

လူထူရင်ပလ္လင်ပေါ်ကနေ “သီလရှင်ဆိုတာ လူနဲ့အတူတူပဲ “ဆိုတဲ့စကားလုံးတွေကိုဘုန်းကြီးတော်တော်များများက သုံးတာတွေ့ဖူးတယ်။

အထူးသဖြင့်ရိပ်သာဘုန်းကြီးတွေပဲ။

ဒါပေမဲ့အဲ့ဒိဘုန်းကြီးတွေကသီလရှင်ဆိုရင် လူကွယ်ရာမှာတော်တော်ခိုင်းပြီး လူရှေ့ဆိုသီလရှင်ကိုအတော်နှိမ်တယ်။

လူယောကျ်ားတွေလည်း မထီမဲ့မြင်နဲ့ကန်တော့ဖို့တောင်

အင်မတန်ဝန်လေးနေတာ သီလရှင်ကိုရှိခိုးတာနဲ့ မြေမြိုမယ်လို့များထင်နေသလားမသိ။

တကယ်တော့အမျိုးသမီးဆိုတာ အမေ့ဗိုက်ထဲကနေလောကအပြင်ကိုထွက်ပြီး မွေးဖွားပြီး မီးတွင်းကတည်းက ” ဘာလေး မွေးလဲ ? လို့

အမေးခံရတဲ့အချိန်က စပြီး အဖေ့ကြွေးကြော်သံက

တိုးတိမ်သွားသလို ဖြေရတဲ့အမေနဲ့လက်သည်ရဲ့အသံကလည်း အားနည်းမူတွေအပြည့်ပဲ။

“သားဦးလေးကွ”ဆိုပြီးအော်တာနဲ့

“သမီးဦးလေးကွ”ဆိုပြီးအော်တာ

ဘယ်အသံကအားအပါဆုံးလဲဆိုတဲ့မေးခွန်းက အဖြေမလိုသလိုပါပဲ။

ဒါတင်မကသေးယောကျာ်းလေးနဲ့ မိန်းကလေးဆိုရင် သွန်သင်ဆုံးမပုံကအစငယ်ငယ်လေးကတည်းကကွဲပြားခြားနားသွားတာ

“ယောကျ်ားဆိုတာ မျက်ရည်မကျရဘူး ကွ”

” ယောကျ်ားဖြစ်ပြီး ခံလာရသလား ပြန်ချ “ဘာညာ

အားပေးစကားတွေနဲ့ယုံကြည်မူနဲ့အင်အားကိုဖြစ်စေပေမဲ့

မိန်းကလေးတွေကိုတော့ ” ဗိုင်းကောင်းကျောက်ဖိ”ရွှေပေးလို့မရ “ဘာညာဆိုတာတွေနဲ့ ပြားပြားဝပ်အောင်ဖိကြနှိပ်ကြဆုံးမလွန်းတာကြောင့်

အရွယ်ရောက်လာပြန်တော့လည်း အာဝေဏိကဒုက္ခငါးပါးဆိုတာတွေကတစ်မျိုး

ပထွေးရန် လူယုတ်တမာ အထီးရန်တွေကတမျိုး ဒါ့အပြင်တခြားအရေးကြုံလာရင်ကိုယ့်အားကိုယ်မကိုးတတ်တော့ဘူး။

ပြဿ နာတွေကိုဖြေရှင်းရမှာထိတ်လန့်နေတတ်ပြီ။

ကြောက်တာရှက်တာတွေကြောင့် မိန်းကလေးတွေရဲ့ပင်ကိုယ်စွမ်းရည်တွေပျောက်ပြီး

အရှုံးပေါ် အရှုံးဆင့်ပြီး အရာရာကိုသိမ်ငယ်ရတော့တာပဲ။

ဘယ်လောက်တော်တော်ထက်ထက် မိန်းမဆိုတာ တကယ်ကို အနှိမ်ခံသက်သက်လိုပဲ။

မြန်မာယဉ်ကျေးမှုအရ မသင့်တော်လို့တားမြစ်ရပါတယ်ဆိုတဲ့

အမျိုးသမီးများအတွက်ရင်နာစရာဆိုင်းဘုတ်တွေ အမျိုးမျိုးကိုမြင်ဖူးကြမှာပါ။

ဥပမာ အများဆုံးတွေ့နိူင်တာက “ဘုရားပေါ်မတက်ရ”

ဤနေရာသည်မြင့်မြတ်သောနေရာဖြစ်သောကြောင့် အမျိုးသမီးများ မဝင်ရ “ဆိုတာတွေပေါ့။

ဒီနေရာမှာစကားမစပ်ပြောပြချင်တာက မွန်ပြည်နယ်က ကျိုက္ခမီရေလည်ဘုရားကိုဖူးရတာ

ကိုယ့်ဘဝမှာ အကုသိုလ်အဖြစ်ရဆုံးအချိန်တစ်ခုရှိခဲ့ဖူးတယ်။

ဘုရားရှိတဲ့ အဆောင်ကိုမဝင်ရမတက်ရတဲ့အပြင် အဲ့ဒိဘုရားရှိတဲ့အဆောင်နဲ့ဘေးချင်းခပ်ခွာခွာအဆောင်မှာ

ဟိုဘက်ကအမျိုးသမီးတွေဘုရားဆင်းတုကိုဖူးဖို့ ပြတင်းပေါက်အရွယ်အပေါက်တစ်ခုလုပ်ပြီး

ဒီဘက်ကအဆောင်အပေါက်ကနေဘုရားဆင်းတုကို လှမ်းပြီးဖူးရတယ်။ တော်တော်လေးဝေးတယ်။

တကယ်ကို စိတ်ထဲအလိုမကျဖြစ်မိတယ်။

တော်ရုံတန်ရုံခွဲခြားတာဆိုရပါသေးတယ် အခုဟာကတော့ တော်တော်လေးကို လွန်လွန်းပါတယ်။



ဒါကြောင့်ထက်မြတ်တဲ့အမျိုးသမီးတွေက အမျိုးသမီးများတန်းတူအခွင့်ရေးဆိုပြီး အနောက်နိူင်ငံတွေမှာ

စတင်တောင်းဆိုတိုက်ပွဲဝင်လာကြသလို မြန်မာနိူင်ငံမှာလည်းအဲ့ဒိလိုမျိုးရှိတော့ရှိနေပါပြီ။

ကိုယ်လည်းမိန်းကလေးထဲက မိန်းကလေးတစ်ယောက်ဆိုတော့ကား

မတူညီကြတဲ့လိင်တစ်ခုပေါ်ကိုဆုံးဖြတ်ပြီး အလွန်အမင်ချုပ်ချယ်ဖိနှိပ်ခံရတာမနှစ်သက်ပေမဲ့

ဒီနေရာမှာကိုယ်အမြင်ကိုပြောချင်တာက နေရာတကာမှာတော့ အမျိုးသားတွေကိုလိုက်ယှဉ်လို့တော့မရတာကိုသိသလို

သူနေရာနဲ့သူဆိုတာကိုလည်း နားလည်ပါတယ်။



ဘုရားပွင့်တဲ့ အိန္ဒိယနိူင်ငံလိုနိူင်ငံမျိုးမှာ မိန်းမဆိုတာကျွန်တစ်ပါးလို့သက်မှတ်ထားတဲ့နိူင်ငံကို

ခဏထားဦးဒီမိုကရေစီဘိုးအေကြီးလို့ခေါ်တဲ့ အနောက်နိူင်ငံကြီးတွေမှာတောင်

အဆင့်မြင့်တက္ကသိုလ်ကြီးတွေရဲ့လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာ

နောက်ခံသမိုင်းမှာ အမျိုးသမီးတွေကို ပညာသင်တက္ကသိုလ်တက်ခွင့်မပြုခဲ့ဘူးဆိုပဲ။

ဘာကြောင့်လဲဆိုတော့ ဘာကြောင့်မှမဟုတ်ဘူး။

မပြု ချင်လို့ကို မပြုတာ နောက်မှ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတွေဦးဆောင်ပြီး အဲ့ဒီဥပဒေကိုပြောင်းလဲပေးဖို့

ဆန့်ကျင်တောင်းဆိုတိုက်ပွဲဝင်ခဲ့မှပြင်ဆင်သွားတာတဲ့လေ။

ကိုယ်ကတော့ သူများတွေလို ကျားမ တန်းတူအခွင့်ရေးတွေ ဘိက္ခုနီသာသနာတွေဘာဘာညာညာမတောင်းဆိုပါဘူး။

ဒါပေမဲ့ တစ်ခုပဲ သာသနာဘောင်အတွင်းကလူချင်းချင်း လူလိုသူလိုအသိအမှတ်ပြုမူ

ယုံကြည်လေးစားမှုနဲ့ ကူညီစောင့်ရှောက်ဖေးမမူတွေပဲလိုအပ်တယ်။

သီလရှင်ဆရာလေးတွေကိုမကြည်ညိုတတ်သေးတဲ့ ပုထုဇဉ်ဒါယကာဒါယိကာမတွေရဲ့

ကြည်ညိုခြင်းသဒ္ဓါတရားကတော့းးးးးး ကံစပ်လေသမျှအထိပေါ့။

Source: Ma Esukhacari

ဖိုးသူတော် (www.phothutaw.com)
Credit: Apannpyay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top