ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္၊ (၆၇) ရပ္ကြက္တြင္ အသက္ ၃၀ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို လမ္းခင္းေက်ာက္ခဲျဖင့္ ထု႐ိုက္သတ္ခဲ့ေသာ ညီအစ္ကို ႏွစ္ဦးကို ဩဂုတ္လ ၁၈ ရက္ေန႔က အေရွ႕ပိုင္းခ႐ိုင္ တရား႐ံုးက အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၀ ႏွစ္စီ က်ခံေစရန္ အမိန္႔ခ်မွတ္ခဲ့ေၾကာင္း ယင္းတရား႐ံုးထံမွ သိရသည္။

အမိန္႔ခ်မွတ္ခံရသူမ်ားမွာ ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္၊ (၆၇)ရပ္ကြက္၊ ဒု႒ဝတီ ၃ လမ္းတြင္ ေနထိုင္ေသာ အသက္ ၂၃ ႏွစ္ ေက်ာ္ေဆြဝင္း(ခ) ကရင္ႏွင့္ ၎၏ ညီျဖစ္သူ အသက္ ၂၁ ႏွစ္ ဆန္းဦး(ခ) အရွည္ႀကီးတို႔ျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ စက္တင္ဘာလ ၂၀ ရက္ ညပိုင္းက ဒု႒ဝတီ (၁) လမ္းထိပ္တြင္ အသက္ ၃၀ ႏွစ္ ကိုသက္ေဇာ္ (ခ) ၾကက္႐ိုးကို လမ္းခင္းေက်ာက္ခဲျဖင့္ ထု႐ိုက္သတ္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

“ေသဆံုးသူက ဒု႒ဝတီ ၁ လမ္းမွာ ေနတဲ့သူ။ ၾကက္ကင္ ေရာင္းတယ္။ အခင္းျဖစ္ညက ေမွာင္ထဲမွာ ေသဆံုးသူကို သူတို႔ ညီအစ္ကို ႏွစ္ေယာက္က လမ္းခင္းေက်ာက္ခဲနဲ႔ ထု႐ိုက္ၿပီး ထြက္ေျပးခ်ိန္ လူတစ္ေယာက္က အသံၾကားလို႔ ထြက္ၾကည့္ရာက လူသတ္မႈ က်ဴးလြန္သူေတြကို သိခဲ့ရတာပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ ရန္ၿငိဳး ရန္စရွိလို႔ လူသတ္မႈအထိ က်ဴးလြန္ခဲ့တာလို႔ စစ္ေဆးခ်က္အရ သိရတယ္”ဟု ရဲအရာရွိက ရွင္းျပသည္။

အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၀ ႏွစ္စီ က်ခံေစရန္ အမိန္႔ခ်မွတ္ခဲ့သည့္ ညီအစ္ကို ႏွစ္ဦး၏ အမႈမွာ ၂၀၁၆ ခုႏွစ္ စက္တင္ဘာလ ၂၀ ရက္ေန႔က ဒဂံုဆိပ္ကမ္းၿမိဳ႕မ ရဲစခန္းတြင္ (ပ) ၉၁၃/ ၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ အေရးယူခဲ့ေသာ အမႈျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thevoicemyanmar

#Unicode Version#
ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၇) ရပ်ကွက်တွင် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးကို လမ်းခင်းကျောက်ခဲဖြင့် ထုရိုက်သတ်ခဲ့သော ညီအစ်ကို နှစ်ဦးကို ဩဂုတ်လ ၁၈ ရက်နေ့က အရှေ့ပိုင်းခရိုင် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

အမိန့်ချမှတ်ခံရသူများမှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၇)ရပ်ကွက်၊ ဒုဋ္ဌဝတီ ၃ လမ်းတွင် နေထိုင်သော အသက် ၂၃ နှစ် ကျော်ဆွေဝင်း(ခ) ကရင်နှင့် ၎င်း၏ ညီဖြစ်သူ အသက် ၂၁ နှစ် ဆန်းဦး(ခ) အရှည်ကြီးတို့ဖြစ်ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက် ညပိုင်းက ဒုဋ္ဌဝတီ (၁) လမ်းထိပ်တွင် အသက် ၃၀ နှစ် ကိုသက်ဇော် (ခ) ကြက်ရိုးကို လမ်းခင်းကျောက်ခဲဖြင့် ထုရိုက်သတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

“သေဆုံးသူက ဒုဋ္ဌဝတီ ၁ လမ်းမှာ နေတဲ့သူ။ ကြက်ကင် ရောင်းတယ်။ အခင်းဖြစ်ညက မှောင်ထဲမှာ သေဆုံးသူကို သူတို့ ညီအစ်ကို နှစ်ယောက်က လမ်းခင်းကျောက်ခဲနဲ့ ထုရိုက်ပြီး ထွက်ပြေးချိန် လူတစ်ယောက်က အသံကြားလို့ ထွက်ကြည့်ရာက လူသတ်မှု ကျူးလွန်သူတွေကို သိခဲ့ရတာပါ။ တစ်ယောက်နဲ့ တစ်ယောက် ရန်ငြိုး ရန်စရှိလို့ လူသတ်မှုအထိ ကျူးလွန်ခဲ့တာလို့ စစ်ဆေးချက်အရ သိရတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည့် ညီအစ်ကို နှစ်ဦး၏ အမှုမှာ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းတွင် (ပ) ၉၁၃/ ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူခဲ့သော အမှုဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: thevoicemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top