ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

မိန္းကေလးေတြရဲ႕ ခႏၶာကိုယ္အစိတ္အပိုင္းမွာ ရင္သားက အနုနယ္ဆံုးနဲ႕ ထိခိုက္အလြယ္ဆံုး ေနရာျဖစ္ပါတယ္ ။ ရင္သားက မိန္းကေလးေတြရဲ႕ အလွအပတစ္ခုလည္းျဖစ္ျပီး ရင္သားက်န္းမာေရးကလည္း အထူးဂရုစိုက္ရပါတယ္ ။ ကမၻာေပၚမွာ ဒုတိယအျဖစ္မ်ားေနတဲ့ ရင္သားကင္ဆာ အႏၱရာယ္ဟာ အမ်ိဳးသမီးေတြရဲ႕ အသက္အႏၱရာယ္ကို ျခိမ္းေျခာက္ေနပါတယ္။ ဒါ့ေၾကာင့္ ရင္သားက်န္းမာေရးအတြက္ ဘရာဝတ္ဆင္တဲ့အခါလည္း သတိခ်ပ္ဖို႔ လိုပါယ္ ။ အသက္၃၅ နွစ္အထက္ ျဖစ္လာျပီဆိုရင္ တင္းက်ပ္တဲ့ဘရာေတြ လံုးဝ မဝတ္သင့္ေတာ့ဘဲ လြတ္လပ္ေပ့ါပါးတဲ့ ဘရာအမ်ိဳးအစားကိုသာ ဝတ္သင့္ပါျပီ ။
အမ်ိဳးသမီးေတြ သတိမထားမိတဲ့ ရင္သားကင္ဆာရဲ႕ ကနဦးအစပိုင္းလကၡဏာေတြကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

၁)ရင္သားအရြယ္အစားေျပာင္းလဲလာျခင္း
ပံုမွန္အားျဖင့္ ေလ့က်င့္ခန္းလုပ္ျခင္း ၊ ေနထိုင္စားေသာက္မႈေတြဆင္ျခင္ျခင္းျဖင့္လည္း ရင္သားအရြယ္အစား ၾကီးလာတာမိ်ဳးေတြ ရွိတတ္ပါတယ္ ။ သို႔ေသာ္ ရင္သားတစ္ဖက္တည္းက ပိုျပီးၾကီးလာတာမ်ိဳးဆိုရင္ေတာ့ ဆရာဝန္နဲ႕ ျပသၾကည့္ပါ ။ ဒါဟာ ကနဦး ရင္သားကင္ဆာလကၡဏာ ျဖစ္ေနနိုင္ပါတယ္။ Nipple အေရာင္ကိုလည္း သတိထားၾကည့္ေပးပါ ။ အေရာင္က နီျမန္းလာတာမ်ိဳး ၊ ပံုမွန္အေရာင္ မဟုတ္ေတာ့တာမ်ိဳးေတြကိုလည္း ေစာင့္ၾကည့္သင့္ပါတယ္။

၂)ရင္သားခံစားမႈေျပာင္းလဲေနျခင္း
ဓမၼတာခ်ိန္နီးေနတာေတာင္ သင့္ရဲ႕ ရင္သားထိပ္ (Nipple)ဟာ အၿမဲတမ္း ေပ်ာ့ေျပာင္းေျပာင္း ျဖစ္ေနပါသလား? ဒါဟာ ရင္သားကင္ဆာရဲ႕ အျဖစ္အမ်ားဆံုး လကၡဏာတစ္ရပ္ျဖစ္ျပီး ေသခ်ာ ေစာင့္ၾကည့္သင့္တဲ့ အေနအထားပဲ ျဖစ္ပါတယ္ ။ ေနာက္ျပီး ရင္သားမွာ အဖု (သို႔ ) အသီးေလးေတြ ျဖစ္လာတာ ၊ လက္ေမာင္းေအာက္ ရင္သားတဝိုက္ေနရာမွာ ထူထဲထဲ ခံစားခ်က္မ်ိဳး ျဖစ္လာရင္လည္း ရင္သားကင္ဆာ ၾကိဳတင္နိမိတ္ ျဖစ္ေနနိုင္ပါတယ္ ။ ဒီလိုအေျခအေနမ်ိဳးမွာ နားလည္တက္ကြ်မ္းတဲ့ ဆရာဝန္နဲ႕ ျပသျပီး ရင္သားတဝိုက္ အဖုအက်ိတ္(သို႔) အသီးေတြျဖစ္ေနရင္လည္း ေသခ်ာ စစ္ေဆးၾကည့္သင့္ပါတယ္။

၃)ေရာင္ရမ္းျခင္းနွင့္ ယားယံျခင္း
သင့္ရင္သားမွာ အေကာင္ကိုက္ျခင္းေၾကာင့္ ရလာတဲ့ ေရာင္ရမ္းျခင္းမဟုတ္ဘဲ အလိုလို ေယာင္ရမ္းနာၾကင္မႈေတြ ခံစားရေလ့ရွိတယ္ဆိုရင္ေတာ့ မေပ့ါသင့္ေတာ့ပါဘူး ။ ဒါ့အျပင္ ယားယံျခင္းေတြ ျဖစ္လာလွ်င္လည္း သတိထားသင့္ပါတယ္ ။တစ္ခါတစ္ေလမွာ ရင္သားကင္ဆာရဲ႕ လကၡဏာဟာ အက်ိတ္အဖုေတြကို အရင္မျပဘဲ ဒီလိုလကၡဏာမ်ိဳးေတြကိုလည္း ျပသေလ့ ရွိပါတယ္။

၄)နာၾကင္ျခင္း
အခ်ိန္ေတာ္ေတ္ာမ်ားမ်ားမွာ ရင္သားဟာ ေႏြးျပီး ေနလို႔ထိုင္လို႔မေကာင္းတာ ၊ လွဲအိပ္တဲ့အခါမ်ိဳးမွာ အစာအိမ္နာသလို ခံစားရတာ ၊ ထိလိုက္တိုင္း ရင္သားမွာလည္း နာၾကင္ေနတတ္တဲ့ လကၡဏာမ်ိဳးဟာ ရင္သားကင္ဆာျဖစ္တဲ့အခါ ေသခ်ာေပါက္ ျပသတတ္တဲ့ လကၡဏာတစ္ခုပါပဲ ။
အထက္ေဖာ္ျပပါ လကၡဏာရပ္ေတြဟာ ရင္သားကင္ဆာရဲ႕ ကနဦးလကၡဏာရပ္ေတြျဖစ္ျပီး အမ်ိဳးသမီးမ်ား မိမိရဲ႕ ရင္သားက်န္းမာေရးကို အၿမဲမျပတ္ ၾကည့္ရႈေစာင့္ၾကည့္ေနေပးဖို႔ လိုပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:CHAN (ေရႊအင္းေလး)

#Unicode Version#
မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းမှာ ရင်သားက အနုနယ်ဆုံးနဲ့ ထိခိုက်အလွယ်ဆုံး နေရာဖြစ်ပါတယ် ။ ရင်သားက မိန်းကလေးတွေရဲ့ အလှအပတစ်ခုလည်းဖြစ်ပြီး ရင်သားကျန်းမာရေးကလည်း အထူးဂရုစိုက်ရပါတယ် ။ ကမ္ဘာပေါ်မှာ ဒုတိယအဖြစ်များနေတဲ့ ရင်သားကင်ဆာ အန္တရာယ်ဟာ အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေပါတယ်။ ဒါ့ကြောင့် ရင်သားကျန်းမာရေးအတွက် ဘရာဝတ်ဆင်တဲ့အခါလည်း သတိချပ်ဖို့ လိုပါယ် ။ အသက်၃၅ နှစ်အထက် ဖြစ်လာပြီဆိုရင် တင်းကျပ်တဲ့ဘရာတွေ လုံးဝ မဝတ်သင့်တော့ဘဲ လွတ်လပ်ပေ့ါပါးတဲ့ ဘရာအမျိုးအစားကိုသာ ဝတ်သင့်ပါပြီ ။
အမျိုးသမီးတွေ သတိမထားမိတဲ့ ရင်သားကင်ဆာရဲ့ ကနဦးအစပိုင်းလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

၁)ရင်သားအရွယ်အစားပြောင်းလဲလာခြင်း
ပုံမှန်အားဖြင့် လေ့ကျင့်ခန်းလုပ်ခြင်း ၊ နေထိုင်စားသောက်မှုတွေဆင်ခြင်ခြင်းဖြင့်လည်း ရင်သားအရွယ်အစား ကြီးလာတာမျိုးတွေ ရှိတတ်ပါတယ် ။ သို့သော် ရင်သားတစ်ဖက်တည်းက ပိုပြီးကြီးလာတာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ပါ ။ ဒါဟာ ကနဦး ရင်သားကင်ဆာလက္ခဏာ ဖြစ်နေနိုင်ပါတယ်။ Nipple အရောင်ကိုလည်း သတိထားကြည့်ပေးပါ ။ အရောင်က နီမြန်းလာတာမျိုး ၊ ပုံမှန်အရောင် မဟုတ်တော့တာမျိုးတွေကိုလည်း စောင့်ကြည့်သင့်ပါတယ်။

၂)ရင်သားခံစားမှုပြောင်းလဲနေခြင်း
ဓမ္မတာချိန်နီးနေတာတောင် သင့်ရဲ့ ရင်သားထိပ် (Nipple)ဟာ အမြဲတမ်း ပျော့ပြောင်းပြောင်း ဖြစ်နေပါသလား? ဒါဟာ ရင်သားကင်ဆာရဲ့ အဖြစ်အများဆုံး လက္ခဏာတစ်ရပ်ဖြစ်ပြီး သေချာ စောင့်ကြည့်သင့်တဲ့ အနေအထားပဲ ဖြစ်ပါတယ် ။ နောက်ပြီး ရင်သားမှာ အဖု (သို့ ) အသီးလေးတွေ ဖြစ်လာတာ ၊ လက်မောင်းအောက် ရင်သားတဝိုက်နေရာမှာ ထူထဲထဲ ခံစားချက်မျိုး ဖြစ်လာရင်လည်း ရင်သားကင်ဆာ ကြိုတင်နိမိတ် ဖြစ်နေနိုင်ပါတယ် ။ ဒီလိုအခြေအနေမျိုးမှာ နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး ရင်သားတဝိုက် အဖုအကျိတ်(သို့) အသီးတွေဖြစ်နေရင်လည်း သေချာ စစ်ဆေးကြည့်သင့်ပါတယ်။

၃)ရောင်ရမ်းခြင်းနှင့် ယားယံခြင်း
သင့်ရင်သားမှာ အကောင်ကိုက်ခြင်းကြောင့် ရလာတဲ့ ရောင်ရမ်းခြင်းမဟုတ်ဘဲ အလိုလို ယောင်ရမ်းနာကြင်မှုတွေ ခံစားရလေ့ရှိတယ်ဆိုရင်တော့ မပေ့ါသင့်တော့ပါဘူး ။ ဒါ့အပြင် ယားယံခြင်းတွေ ဖြစ်လာလျှင်လည်း သတိထားသင့်ပါတယ် ။တစ်ခါတစ်လေမှာ ရင်သားကင်ဆာရဲ့ လက္ခဏာဟာ အကျိတ်အဖုတွေကို အရင်မပြဘဲ ဒီလိုလက္ခဏာမျိုးတွေကိုလည်း ပြသလေ့ ရှိပါတယ်။

၄)နာကြင်ခြင်း
အချိန်တော်တေ်ာများများမှာ ရင်သားဟာ နွေးပြီး နေလို့ထိုင်လို့မကောင်းတာ ၊ လှဲအိပ်တဲ့အခါမျိုးမှာ အစာအိမ်နာသလို ခံစားရတာ ၊ ထိလိုက်တိုင်း ရင်သားမှာလည်း နာကြင်နေတတ်တဲ့ လက္ခဏာမျိုးဟာ ရင်သားကင်ဆာဖြစ်တဲ့အခါ သေချာပေါက် ပြသတတ်တဲ့ လက္ခဏာတစ်ခုပါပဲ ။
အထက်ဖော်ပြပါ လက္ခဏာရပ်တွေဟာ ရင်သားကင်ဆာရဲ့ ကနဦးလက္ခဏာရပ်တွေဖြစ်ပြီး အမျိုးသမီးများ မိမိရဲ့ ရင်သားကျန်းမာရေးကို အမြဲမပြတ် ကြည့်ရှုစောင့်ကြည့်နေပေးဖို့ လိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:CHAN (ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top