ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ခရစ္ယာန္ဘုရားေက်ာင္းဟူသည္မွာ တစ္ပတ္တစ္ခါ သြားေရာက္ဝတ္ျပဳၾကသည့္ေနရာဟု အမ်ားက သိထားၾကသည္။ ကခ်င္ေဒသ ဘုရားေက်ာင္း အမ်ားအျပားမွာမူ ထိုဓေလ့ထက္ ပိုေနသည္။

ကခ်င္ျပည္နယ္၊ တႏိုင္းၿမိဳ႕ရိွ ကခ်င္ ႏွစ္ျခင္းခရစ္ယာန္အသင္းေတာ္ (KBC) ဘုရားေက်ာင္းတြင္ ခိုလႈံေနၾကသူမ်ားအနက္မွ ၂၂ ႏွစ္ အရြယ္ မထြယ္လွ်ား ဖ်ားနာေနသည္မွာ ၅ ရက္ ၾကာၿပီ ျဖစ္သည္။ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းေတြ႔ရစဥ္ စခန္းအတြင္း အသက္အငယ္ဆံုး မိခင္မ်ားထဲမွ တစ္ဦးျဖစ္သည့္ မထြယ္လွ်ားက ၿမိဳ႕ေဆးရံုတြင္ သြားေရာက္ကုသမႈခံယူရန္ ျပင္ဆင္ေနသည္။  



နန႔္ပ်ိဳေက်းရြာမွ  ၄၈ ႏွစ္အရြယ္ ေဒၚအားနီသည္ တႏိုင္းၿမိဳ႕ရိွ  ဧဝံေဂလိအသင္းေတာ္တြင္ ခိုလႈံလ်က္ရိွသည္

၃၆ ႏွစ္အရြယ္ မရီႏြိဳင္းကေတာ့ သံုးလအတြင္း ၿမိဳ႕ေဆးရံုသို႔ ႏွစ္ႀကိမ္ေရာက္ခဲ့ၿပီးျဖစ္သည္။ က်န္းမာေရးေကာင္းၿပီး ဝင္ေငြရွိ သည့္ အလုပ္အကိုင္ရလွ်င္  ၎ႏွင့္ကေလးအတြက္  လိုအပ္သည္မ်ားကို ဝယ္ယူႏိုင္မည္ဟု ႏို႔ထြက္နည္းေနသည့္ ႏို႔တိုက္ မိခင္က ေမွ်ာ္လင့္ေနသည္။

ဤအမ်ဳိးသမီးႏွစ္ဦးသည္ KBC စခန္းတြင္ ခိုလႈံေနသူ ၄၂၅ ဦးထဲတြင္ ပါဝင္သည္။ စခန္းတြင္ေနထိုင္သူတို႔ အာဟာရခ်ဳိ႕တဲ့ သျဖင့္ ၎တို႔၏ က်န္းမာေရးအေျခအေနႏွင့္ပတ္သက္ၿပီး စခန္းတာဝန္ရွိသူတစ္ဦးျဖစ္သည့္ သင္းအုပ္ဆရာ ဦးတူးရွန္က စိုးရိမ္မကင္း ျဖစ္ေနသည္။

“လူမ်ားေတာ့ တစ္ေယာက္ဖ်ားရင္ ေနာက္ထပ္ ေလးငါးေယာက္ေလာက္က ဆက္တိုက္ကူးသြားတာေပါ့။ တစ္ေယာက္ ဝမ္း ပ်က္တယ္ဆိုရင္လည္း ထပ္ၿပီးကူးကုန္တာေပါ့” ဟု သင္းအုပ္ဆရာက ေျပာသည္။

အမ်ဳိးသမီး ၅ဝ ခန္႔ ေဆးရံုတက္ေနရရာ ထက္ဝက္ေက်ာ္မွာ ကေလးမိခင္မ်ားျဖစ္သည္ဟု သင္းအုပ္ဆရာက ေျပာသည္။

 
နန္႔ပ်ိဳေက်းရြာမွ  ၄၃ ႏွစ္အရြယ္ ေဒၚအေလးမီးသည္ တႏိုင္းၿမိဳ႕ရိွ ဧဝံေဂလိအသင္းေတာ္တြင္ ခိုလံႈလ်က္ရိွသည္

ျမန္မာျပည္ေျမာက္ပိုင္း စစ္ေရးပဋိပကၡေၾကာင့္ ေနရပ္မွတိမ္းေရွာင္လာၾကသူမ်ား က်န္းမာေရးထိခိုက္လာၾကျခင္းမွာ အာ ဟာရခ်ဳိ႕တဲ့မႈ၏ ေနာက္ဆက္တဲြအေျခအေနျဖစ္သည္ဟု စခန္းတြင္ေနထိုင္သူတို႔က ယူဆေနၾကသည္။ ဒုကၡသည္စခန္း မ်ားတြင္ က်န္းမာေရးေစာင့္ေရွာက္မႈ လိုအပ္လ်က္ရိွရာ ႏို႔တိုက္မိခင္တို႔သည္ အထူးဂရုစိုက္ၿပီး ေစာင့္ေရွာက္မႈ လိုအပ္လာ သူမ်ား ျဖစ္လာသည္။

ဤအေတာအတြင္း ကူညီမႈ အမွန္တကယ္လိုအပ္ေနသူမ်ားထံသို႔ေရာက္လာသည့္ ျပင္ပလွဴဒါန္းမႈတခ်ဳိ႕က လမ္းတြင္ ဟန္႔တား ပိတ္ဆို႔မႈႏွင့္ ရင္ဆိုင္ေနရသည္။

● ဟင္းရည္၊ ငါးပိႏွင့္ ဆန္ျပဳတ္
တႏိုင္းရိွ ခရစ္ယာန္ဘုရားေက်ာင္းမ်ားတြင္ ခိုလံႈေနၾကသူ စုစုေပါင္း ၉၃၇ ဦး ရွိရာ ၎တို႔မွာ အင္းဂါးဂါး၊ နမ္းခမ္း၊ နမ္းပ်ိဳ ရြာတို႔မွ ထြက္ေျပးတိမ္းေရွာင္လာရသူမ်ား ျဖစ္ေၾကာင္း သိရသည္။

တံုမရီ (COC) ဒုကၡသည္စခန္းတြင္ ေရာက္ေနသည့္  ေနာင္ပ်ိဳေက်းရြာမွ ၄၈ ႏွစ္ အရြယ္ မအားနီက အလုပ္အကိုင္ႏွင့္ဝင္ေငြ မရိွျခင္း၊ မီွခိုေနရျခင္းတို႔ေၾကာင့္ စိတ္အားငယ္ရသည္ဟု ေျပာသည္။

“ကေလးအတြက္ကေတာ့ အဟာရဓာတ္ ျပည့္စံုေအာင္ မေကြၽးႏုိင္ဘူး။  ဆန္ျပဳတ္က်ိဳၿပီးမွပဲ ေကြၽးႏုိုင္တယ္။ ႏို႔က သူ႔အတြက္ ဝေအာင္ေတာ့ မထြက္ဘူး။ အဆာေျပသေဘာေလာက္ပဲ ထြက္တယ္” ဟု  ကေလးငယ္ကို ၾကည့္ရင္း ေျပာျပသည္။

ကေလးငယ္မ်ားႏွင့္မိခင္မ်ားအတြက္ ေဆးဝါး၊ ႏို႔မႈန္႔ႏွင့္ အာဟာရရွိမည့္ အစားအေသာက္မ်ားလိုအပ္ေနေသာ္လည္း  စစ္ ေရွာင္သူ ရာႏွင့္ခ်ီ ခိုလႈံေနေသာ စခန္းမ်ားတြင္ ထမင္း၊ ငါးပိႏွင့္ဟင္းရည္ကိုသာ ေကြၽးေမြးႏုိင္ေၾကာင္း ၿပီးခဲ့သည့္ ရက္ပိုင္း အတြင္း ေတြ႔ရသည္။  အစားအေသာက္ မျပည့္စံုမႈဒဏ္ကို အႀကီးအက်ယ္ခံရသူမ်ားထဲတြင္ ရင္ခြင္ပိုက္ကေလးမ်ား ပါဝင္ သည္။

ဧဝံေဂလိ အသင္းေတာ္ ပရဝုဏ္သို႔ေရာက္ရွိေနသူ   နန႔္ပ်ိဳေက်းရြာမွ  ၄၈ ႏွစ္ အရြယ္ ေဒၚအားနီက ၈ လအရြယ္ ကေလးငယ္ ကို ႏို႔ခ်ိဳတိုက္ေကြၽးေနရသူျဖစ္သည္။

“ႏို႔က သူ႔အတြက္ ဝေအာင္ေတာ့ မထြက္ဘူး။ အဆာေျပသေဘာေလာက္ပဲ ထြက္တယ္” ဟု ကေလးေပြ႔ခ်ီထားသည့္ ေဒၚ အားနီက ဆိုသည္။

● စစ္ေရွာင္စခန္းမ်ား
စစ္ေဘးဒုကၡသည္မ်ား တႏုိင္းၿမိဳ႕ ဒုကၡသည္စခန္းမ်ားသို႔ေရာက္ရွိေနသည္မွာ သံုးလနီးပါးရွိေနၿပီးျဖစ္ၿပီး ကနဦးတြင္ အစိုးရ အာဏာပိုင္မ်ားထံမွ ဖိအားေပးမႈမ်ားရွိခဲ့သည္ဟု ကခ်င္ႏွစ္ျခင္းအသင္းေတာ္ KBC က သိကၡာေတာ္ရ ဆရာေတာ္ ဦးဒါ့ဘန္ ဂ်ယ္ဒီက ေျပာသည္။

အစိုးရအာဏာပိုင္တို႔က စစ္ေဘးဒုကၡသည္မ်ားကို တႏိုင္းၿမိဳ႕တြင္ မထားရွိဘဲ ျမစ္ႀကီးနားၿမိဳ႕ သို႔ပို႔ေဆာင္ရန္ ေျပာဆိုခဲ့ေသာ္ လည္း  ထပ္မံဖိအားေပးျခင္းမရွိေတာ့ဟု ဆိုသည္။

ျမစ္ႀကီးနား၊ ဗန္းေမာ္၊ မန္စီ စသည့္ ကခ်င္ျပည္နယ္ၿမိဳ႕မ်ားတြင္ စစ္ေရွာင္စခန္းမ်ား ေပၚေပါက္လာသည္မွာ ႏွစ္အတန္ၾကာ ၿပီျဖစ္သည္။

ကခ်င္ေဒသ တေက်ာ့ျပန္စစ္ပဲြ ၄ ႏွစ္အၾကာတြင္  ေနရပ္စြန္႔ခြာထြက္ေျပးရသူ အရပ္သားအေရအတြက္ တစ္သိန္းေက်ာ္ရိွ လာေၾကာင္း၊ ၎တို႔ထဲမွ ထက္ဝက္ခန္႔သည္ ၿမိဳ႕ႀကီးၿမိဳ႕ငယ္မ်ားအနီးရိွ ဒုကၡသည္စခန္းတို႔တြင္  ေနထုိင္ၾကၿပီး က်န္ထက္ဝက္ သည္ ကခ်င္လက္နက္ကိုင္အဖဲြ႔ ထိန္းခ်ဳပ္နယ္ေျမရိွ စခန္းမ်ားတြင္  ခိုလံႈေနၾကသည္ဟု ရန္ကုန္ၿမိဳ႕ ကုလသမဂၢ လူသားခ်င္း စာနာ ေထာက္ထားမႈဆိုင္ရာ ညိႏိႈင္းေဆာင္ရြက္ေရးရံုး (UNOCHA) ၏စာရင္းမ်ားအရ သိရသည္။ ဤခန္႔မွန္းခ်က္မွာ လြန္ ခဲ့ေသာ ၃ ႏွစ္ ထြက္ရိွထားျခင္း ျဖစ္ၿပီး ယခု ေနာက္ဆံုးရကိန္းဂဏန္း မဟုတ္ေသးေပ။

တႏိုင္းၿမိဳ႕စခန္းမ်ားသို႔ လာေရာက္လွဴဒါန္းသူမ်ားရိွေသာ္လည္း  အလွဴပစၥည္းတင္ ေမာ္ေတာ္ယာဥ္တို႔သည္ ၾသဂုတ္ ၂၁ ရက္ေန႔အထိ ဝင္ေရာက္ခြင့္မရေသးေပ။

ပဋိပကၡနယ္ေျမ ျဖစ္ေသာေၾကာင့္ လံုျခဳံေရးတင္းက်ပ္ထားျခင္းကို နားလည္ေသာ္လည္း အမွန္တကယ္ လိုအပ္ေနသူမ်ားထံ သို႔ အလွဴပစၥည္းမ်ား ေရာက္ရိွသြားမည္ဟု ေမွ်ာ္လင့္ေၾကာင္း ေဒသတြင္း ဘာသာေရးေခါင္းေဆာင္မ်ားထဲတြင္ ပါဝင္သည့္ သိကၡာေတာ္ရ ဆရာေတာ္ ဦးဒါ့ဘန္ဂ်ယ္ဒီက ေျပာသည္။



တႏိုင္းၿမိဳ႕မွ အသက္ ၂ဝ အရြယ္ စစ္ေရွာင္ဒုကၡသည္ လီဆူးတိုင္းရင္းသူ မအာတူးဆာ
ဤအလွဴပစၥည္းမ်ားမွာ ဧဝံေဂလိ အသင္းေတာ္နယ္ေျမေရာက္ ၄၃ ႏွစ္အရြယ္ ေဒၚအေလးမီးကဲ့သို႔ ကေလးအေမမ်ားအတြက္ အထူး အက်ဳိးျဖစ္မည္ျဖစ္သည္။ နန္႔ပ်ိဳေက်းရြာသူ ေဒၚအေလးမီးက မၾကာခင္ကမွ နာလန္ထလာသူျဖစ္ေသာ္လည္း အမ်ား နည္းတူ ထမင္း၊ ငါးပိ၊ ဟင္းရည္တို႔ကိုသာ အားထားေနရသူျဖစ္သည္။

ကေလးအတြက္ အာဟာရမွာ မိခင္ႏို႔ၿပီးလွ်င္ ဆန္ျပဳတ္သာ ရိွသည္။

“လူႀကီးလည္း ဘာမွ ဝယ္မစားႏုိင္သလို ကေလးကိုလည္း ဘာမွမေကြၽးႏုိင္ဘူး” ဟု ေဒၚအေလးမီးက ဆိုသည္။

● အိမ္ျပန္ခ်င္ၿပီ

ဘုရားေက်ာင္းနယ္ေျမမ်ားတြင္ ခိုလႈံေနရသူမ်ားထဲမွ ရင္ခြင္ပိုက္ကေလးမိခင္မ်ား၏ တူညီေသာအခ်က္မ်ားထဲတြင္ ရင္ေသြး ငယ္အတြက္ ႐ုန္းကန္လိုျခင္း၊ အိမ္လြမ္းစိတ္တို႔ ပါဝင္သည္။

တံုမရီ ႏွစ္ျခင္း အသင္းေတာ္တြင္ ေတြ႔ရသည့္ လီဆူတိုင္းရင္းသူလည္း မၾကာေသးခင္ကမွ ေဆး႐ံုဆင္းလာသူျဖစ္သည္။   အသက္ ၂ဝ အရြယ္ မအာတူးဆာ သာမက သူ၏ ရင္ခြင္ပိုက္သားငယ္လည္း တႏိုင္းေဆး႐ံုတြင္ ကုသမႈခံယူခဲ့ရသည္။ တ ႏိုင္း၊ နမ့္ပ်ိဳေက်းရြာတြင္ ေနထိုင္ခဲ့သည့္ လီဆူတိုင္းရင္းသူက အလွဴရွင္မ်ားကိုသာ အားကိုးေနရသည့္အတြက္  စိတ္အားငယ္ ရသည္ဟု ေျပာသည္။ ရြာျပန္ရန္ အေျခအေနမေပးသည့္အေျခအေနတြင္ သူက ဝင္ေငြရွိသည့္ အလုပ္အကုိင္တစ္ခုကို လုပ္ ကိုင္လိုသူျဖစ္သည္။ 



၃၆ ႏွစ္အရြယ္ ရင္ခြင္ပိုက္ကေလးမိခင္ မရီႏြိဳင္းသည္ သံုးလအတြင္း ေဆး႐ံု ႏွစ္ႀကိမ္တက္ၿပီးေနာက္ အစားအေသာက္ ဆင္းရဲေသာ  စစ္ေရွာင္စခန္းသို႔ ျပန္ေရာက္လာသည္

သူႏွင့္ အသက္ မတိမ္းမယိမ္းရိွသူ  မထြယ္လွ်ားကလည္း မိရိုးဖလာ ေရြ႕ေျပာင္းေတာင္ယာလုပ္ငန္းကိုပစ္ၿပီး စခန္းတြင္ ခို လႈံစဥ္ က်န္းမာေရးမေကာင္းသျဖင့္ အားငယ္စိတ္က ပိုမိုႀကီးထြားလာသည္။

လူက စစ္ေရွာင္စခန္းအတြင္း ေရာက္ေနေသာ္လည္း သူ႔စိတ္က  နမ္းခမ္းေက်းရြာသို႔ ေရာက္ေနသည္။

“ေဆး႐ံုတက္ရမယ္လို႔ ေျပာပါတယ္။ ဖ်ားတဲ့အခ်ိန္ အိမ္မွာလည္း မဟုတ္ေတာ့ စိတ္ဓာတ္က်ပါတယ္။  ရြာကိုျပန္ခ်င္တယ္၊ ရြာက အိမ္ကိုလြမ္းတယ္” ဟု နမ္းခမ္းေက်းရြာမွ ထြက္ေျပးလာသူ ငယ္ရြယ္သည့္ႏို႔တိုက္မိခင္ မထြယ္လွ်ားက ငိုရႈိက္ၿပီး ေျပာလုိက္ေလသည္။  ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျဖိဳးသီဟခ်ိဳ (Myanmar Now)

#Unicode Version#
ရစ်ယာန်ဘုရားကျောင်းဟူသည်မှာ တစ်ပတ်တစ်ခါ သွားရောက်ဝတ်ပြုကြသည့်နေရာဟု အများက သိထားကြသည်။ ကချင်ဒေသ ဘုရားကျောင်း အများအပြားမှာမူ ထိုဓလေ့ထက် ပိုနေသည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့ရှိ ကချင် နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဘုရားကျောင်းတွင် ခိုလှုံနေကြသူများအနက်မှ ၂၂ နှစ် အရွယ် မထွယ်လျှား ဖျားနာနေသည်မှာ ၅ ရက် ကြာပြီ ဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွေ့ရစဉ် စခန်းအတွင်း အသက်အငယ်ဆုံး မိခင်များထဲမှ တစ်ဦးဖြစ်သည့် မထွယ်လျှားက မြို့ဆေးရုံတွင် သွားရောက်ကုသမှုခံယူရန် ပြင်ဆင်နေသည်။ 



နန့်ပျိုကျေးရွာမှ  ၄၈ နှစ်အရွယ် ဒေါ်အားနီသည် တနိုင်းမြို့ရှိ  ဧဝံဂေလိအသင်းတော်တွင် ခိုလှုံလျက်ရှိသည်

၃၆ နှစ်အရွယ် မရီနွိုင်းကတော့ သုံးလအတွင်း မြို့ဆေးရုံသို့ နှစ်ကြိမ်ရောက်ခဲ့ပြီးဖြစ်သည်။ ကျန်းမာရေးကောင်းပြီး ဝင်ငွေရှိ သည့် အလုပ်အကိုင်ရလျှင်  ၎င်းနှင့်ကလေးအတွက်  လိုအပ်သည်များကို ဝယ်ယူနိုင်မည်ဟု နို့ထွက်နည်းနေသည့် နို့တိုက် မိခင်က မျှော်လင့်နေသည်။

ဤအမျိုးသမီးနှစ်ဦးသည် KBC စခန်းတွင် ခိုလှုံနေသူ ၄၂၅ ဦးထဲတွင် ပါဝင်သည်။ စခန်းတွင်နေထိုင်သူတို့ အာဟာရချို့တဲ့ သဖြင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်ပြီး စခန်းတာဝန်ရှိသူတစ်ဦးဖြစ်သည့် သင်းအုပ်ဆရာ ဦးတူးရှန်က စိုးရိမ်မကင်း ဖြစ်နေသည်။

“လူများတော့ တစ်ယောက်ဖျားရင် နောက်ထပ် လေးငါးယောက်လောက်က ဆက်တိုက်ကူးသွားတာပေါ့။ တစ်ယောက် ဝမ်း ပျက်တယ်ဆိုရင်လည်း ထပ်ပြီးကူးကုန်တာပေါ့” ဟု သင်းအုပ်ဆရာက ပြောသည်။

အမျိုးသမီး ၅ဝ ခန့် ဆေးရုံတက်နေရရာ ထက်ဝက်ကျော်မှာ ကလေးမိခင်များဖြစ်သည်ဟု သင်းအုပ်ဆရာက ပြောသည်။

နန့်ပျိုကျေးရွာမှ  ၄၃ နှစ်အရွယ် ဒေါ်အလေးမီးသည် တနိုင်းမြို့ရှိ ဧဝံဂေလိအသင်းတော်တွင် ခိုလှုံလျက်ရှိသည်

မြန်မာပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခကြောင့် နေရပ်မှတိမ်းရှောင်လာကြသူများ ကျန်းမာရေးထိခိုက်လာကြခြင်းမှာ အာ ဟာရချို့တဲ့မှု၏ နောက်ဆက်တွဲအခြေအနေဖြစ်သည်ဟု စခန်းတွင်နေထိုင်သူတို့က ယူဆနေကြသည်။ ဒုက္ခသည်စခန်း များတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လျက်ရှိရာ နို့တိုက်မိခင်တို့သည် အထူးဂရုစိုက်ပြီး စောင့်ရှောက်မှု လိုအပ်လာ သူများ ဖြစ်လာသည်။

ဤအတောအတွင်း ကူညီမှု အမှန်တကယ်လိုအပ်နေသူများထံသို့ရောက်လာသည့် ပြင်ပလှူဒါန်းမှုတချို့က လမ်းတွင် ဟန့်တား ပိတ်ဆို့မှုနှင့် ရင်ဆိုင်နေရသည်။

● ဟင်းရည်၊ ငါးပိနှင့် ဆန်ပြုတ်
တနိုင်းရှိ ခရစ်ယာန်ဘုရားကျောင်းများတွင် ခိုလှုံနေကြသူ စုစုပေါင်း ၉၃၇ ဦး ရှိရာ ၎င်းတို့မှာ အင်းဂါးဂါး၊ နမ်းခမ်း၊ နမ်းပျို ရွာတို့မှ ထွက်ပြေးတိမ်းရှောင်လာရသူများ ဖြစ်ကြောင်း သိရသည်။

တုံမရီ (COC) ဒုက္ခသည်စခန်းတွင် ရောက်နေသည့်  နောင်ပျိုကျေးရွာမှ ၄၈ နှစ် အရွယ် မအားနီက အလုပ်အကိုင်နှင့်ဝင်ငွေ မရှိခြင်း၊ မှီခိုနေရခြင်းတို့ကြောင့် စိတ်အားငယ်ရသည်ဟု ပြောသည်။

“ကလေးအတွက်ကတော့ အဟာရဓာတ် ပြည့်စုံအောင် မကျွေးနိုင်ဘူး။  ဆန်ပြုတ်ကျိုပြီးမှပဲ ကျွေးနိုင်တယ်။ နို့က သူ့အတွက် ဝအောင်တော့ မထွက်ဘူး။ အဆာပြေသဘောလောက်ပဲ ထွက်တယ်” ဟု  ကလေးငယ်ကို ကြည့်ရင်း ပြောပြသည်။

ကလေးငယ်များနှင့်မိခင်များအတွက် ဆေးဝါး၊ နို့မှုန့်နှင့် အာဟာရရှိမည့် အစားအသောက်များလိုအပ်နေသော်လည်း  စစ် ရှောင်သူ ရာနှင့်ချီ ခိုလှုံနေသော စခန်းများတွင် ထမင်း၊ ငါးပိနှင့်ဟင်းရည်ကိုသာ ကျွေးမွေးနိုင်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်း အတွင်း တွေ့ရသည်။  အစားအသောက် မပြည့်စုံမှုဒဏ်ကို အကြီးအကျယ်ခံရသူများထဲတွင် ရင်ခွင်ပိုက်ကလေးများ ပါဝင် သည်။

ဧဝံဂေလိ အသင်းတော် ပရဝုဏ်သို့ရောက်ရှိနေသူ   နန့်ပျိုကျေးရွာမှ  ၄၈ နှစ် အရွယ် ဒေါ်အားနီက ၈ လအရွယ် ကလေးငယ် ကို နို့ချိုတိုက်ကျွေးနေရသူဖြစ်သည်။

“နို့က သူ့အတွက် ဝအောင်တော့ မထွက်ဘူး။ အဆာပြေသဘောလောက်ပဲ ထွက်တယ်” ဟု ကလေးပွေ့ချီထားသည့် ဒေါ် အားနီက ဆိုသည်။

● စစ်ရှောင်စခန်းများ
စစ်ဘေးဒုက္ခသည်များ တနိုင်းမြို့ ဒုက္ခသည်စခန်းများသို့ရောက်ရှိနေသည်မှာ သုံးလနီးပါးရှိနေပြီးဖြစ်ပြီး ကနဦးတွင် အစိုးရ အာဏာပိုင်များထံမှ ဖိအားပေးမှုများရှိခဲ့သည်ဟု ကချင်နှစ်ခြင်းအသင်းတော် KBC က သိက္ခာတော်ရ ဆရာတော် ဦးဒါ့ဘန် ဂျယ်ဒီက ပြောသည်။

အစိုးရအာဏာပိုင်တို့က စစ်ဘေးဒုက္ခသည်များကို တနိုင်းမြို့တွင် မထားရှိဘဲ မြစ်ကြီးနားမြို့ သို့ပို့ဆောင်ရန် ပြောဆိုခဲ့သော် လည်း  ထပ်မံဖိအားပေးခြင်းမရှိတော့ဟု ဆိုသည်။

မြစ်ကြီးနား၊ ဗန်းမော်၊ မန်စီ စသည့် ကချင်ပြည်နယ်မြို့များတွင် စစ်ရှောင်စခန်းများ ပေါ်ပေါက်လာသည်မှာ နှစ်အတန်ကြာ ပြီဖြစ်သည်။

ကချင်ဒေသ တကျော့ပြန်စစ်ပွဲ ၄ နှစ်အကြာတွင်  နေရပ်စွန့်ခွာထွက်ပြေးရသူ အရပ်သားအရေအတွက် တစ်သိန်းကျော်ရှိ လာကြောင်း၊ ၎င်းတို့ထဲမှ ထက်ဝက်ခန့်သည် မြို့ကြီးမြို့ငယ်များအနီးရှိ ဒုက္ခသည်စခန်းတို့တွင်  နေထိုင်ကြပြီး ကျန်ထက်ဝက် သည် ကချင်လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေရှိ စခန်းများတွင်  ခိုလှုံနေကြသည်ဟု ရန်ကုန်မြို့ ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) ၏စာရင်းများအရ သိရသည်။ ဤခန့်မှန်းချက်မှာ လွန် ခဲ့သော ၃ နှစ် ထွက်ရှိထားခြင်း ဖြစ်ပြီး ယခု နောက်ဆုံးရကိန်းဂဏန်း မဟုတ်သေးပေ။

တနိုင်းမြို့စခန်းများသို့ လာရောက်လှူဒါန်းသူများရှိသော်လည်း  အလှူပစ္စည်းတင် မော်တော်ယာဉ်တို့သည် သြဂုတ် ၂၁ ရက်နေ့အထိ ဝင်ရောက်ခွင့်မရသေးပေ။

ပဋိပက္ခနယ်မြေ ဖြစ်သောကြောင့် လုံခြုံရေးတင်းကျပ်ထားခြင်းကို နားလည်သော်လည်း အမှန်တကယ် လိုအပ်နေသူများထံ သို့ အလှူပစ္စည်းများ ရောက်ရှိသွားမည်ဟု မျှော်လင့်ကြောင်း ဒေသတွင်း ဘာသာရေးခေါင်းဆောင်များထဲတွင် ပါဝင်သည့် သိက္ခာတော်ရ ဆရာတော် ဦးဒါ့ဘန်ဂျယ်ဒီက ပြောသည်။



တနိုင်းမြို့မှ အသက် ၂ဝ အရွယ် စစ်ရှောင်ဒုက္ခသည် လီဆူးတိုင်းရင်းသူ မအာတူးဆာ

ဤအလှူပစ္စည်းများမှာ ဧဝံဂေလိ အသင်းတော်နယ်မြေရောက် ၄၃ နှစ်အရွယ် ဒေါ်အလေးမီးကဲ့သို့ ကလေးအမေများအတွက် အထူး အကျိုးဖြစ်မည်ဖြစ်သည်။ နန့်ပျိုကျေးရွာသူ ဒေါ်အလေးမီးက မကြာခင်ကမှ နာလန်ထလာသူဖြစ်သော်လည်း အများ နည်းတူ ထမင်း၊ ငါးပိ၊ ဟင်းရည်တို့ကိုသာ အားထားနေရသူဖြစ်သည်။

ကလေးအတွက် အာဟာရမှာ မိခင်နို့ပြီးလျှင် ဆန်ပြုတ်သာ ရှိသည်။

“လူကြီးလည်း ဘာမှ ဝယ်မစားနိုင်သလို ကလေးကိုလည်း ဘာမှမကျွေးနိုင်ဘူး” ဟု ဒေါ်အလေးမီးက ဆိုသည်။

● အိမ်ပြန်ချင်ပြီ
ဘုရားကျောင်းနယ်မြေများတွင် ခိုလှုံနေရသူများထဲမှ ရင်ခွင်ပိုက်ကလေးမိခင်များ၏ တူညီသောအချက်များထဲတွင် ရင်သွေး ငယ်အတွက် ရုန်းကန်လိုခြင်း၊ အိမ်လွမ်းစိတ်တို့ ပါဝင်သည်။

တုံမရီ နှစ်ခြင်း အသင်းတော်တွင် တွေ့ရသည့် လီဆူတိုင်းရင်းသူလည်း မကြာသေးခင်ကမှ ဆေးရုံဆင်းလာသူဖြစ်သည်။   အသက် ၂ဝ အရွယ် မအာတူးဆာ သာမက သူ၏ ရင်ခွင်ပိုက်သားငယ်လည်း တနိုင်းဆေးရုံတွင် ကုသမှုခံယူခဲ့ရသည်။ တ နိုင်း၊ နမ့်ပျိုကျေးရွာတွင် နေထိုင်ခဲ့သည့် လီဆူတိုင်းရင်းသူက အလှူရှင်များကိုသာ အားကိုးနေရသည့်အတွက်  စိတ်အားငယ် ရသည်ဟု ပြောသည်။ ရွာပြန်ရန် အခြေအနေမပေးသည့်အခြေအနေတွင် သူက ဝင်ငွေရှိသည့် အလုပ်အကိုင်တစ်ခုကို လုပ် ကိုင်လိုသူဖြစ်သည်။



၃၆ နှစ်အရွယ် ရင်ခွင်ပိုက်ကလေးမိခင် မရီနွိုင်းသည် သုံးလအတွင်း ဆေးရုံ နှစ်ကြိမ်တက်ပြီးနောက် အစားအသောက် ဆင်းရဲသော  စစ်ရှောင်စခန်းသို့ ပြန်ရောက်လာသည်

သူနှင့် အသက် မတိမ်းမယိမ်းရှိသူ  မထွယ်လျှားကလည်း မိရိုးဖလာ ရွေ့ပြောင်းတောင်ယာလုပ်ငန်းကိုပစ်ပြီး စခန်းတွင် ခို လှုံစဉ် ကျန်းမာရေးမကောင်းသဖြင့် အားငယ်စိတ်က ပိုမိုကြီးထွားလာသည်။

လူက စစ်ရှောင်စခန်းအတွင်း ရောက်နေသော်လည်း သူ့စိတ်က  နမ်းခမ်းကျေးရွာသို့ ရောက်နေသည်။

“ဆေးရုံတက်ရမယ်လို့ ပြောပါတယ်။ ဖျားတဲ့အချိန် အိမ်မှာလည်း မဟုတ်တော့ စိတ်ဓာတ်ကျပါတယ်။  ရွာကိုပြန်ချင်တယ်၊ ရွာက အိမ်ကိုလွမ်းတယ်” ဟု နမ်းခမ်းကျေးရွာမှ ထွက်ပြေးလာသူ ငယ်ရွယ်သည့်နို့တိုက်မိခင် မထွယ်လျှားက ငိုရှိုက်ပြီး ပြောလိုက်လေသည်။  ။




ဖိုးသူတော် (www.phothutaw.com)
Credit: ဖြိုးသီဟချို (Myanmar Now)


 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top