ကန်တော်ကြီးအနီး နိုင်ငံတကာအဆင့်မီ Royal Garden View ကွန်ဒို အထူးအရောင်းပြပွဲ
×
 ရေ ၃ ခွက်
 သံပုရာသီး တစ်ခြမ်း
Credit:  MyFood Myanmar
#Unicode Version#
အချိန်မနှောင်းခင်လေး ကျောက်ကပ်ကို ကြိုတင်ကာကွယ်ဖို့ ကျောက်ကပ်သန့်စင်ပေးမယ့် သဘာဝအိမ်တွင်းဆေး
ကျောက်ကပ်ကျန်းမာရေးက သိပ်ကိုအရေးကြီးပါတယ်။ ခန္တာကိုယ်အတွက် အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ချို့ကို ကျောက်ကပ်က ဆောင်ရွက်ပေးတာပါ။ ကျောက်ကပ်ဟာ သွေးတွေကို သန့်စင်ပေးနိုင်တဲ့အရာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအသောက်တွေဟာ ကျောက်ကပ်လုပ်ဆောင်ချက်ကို လျှော့ကျစေပါတယ်။
ဒါ့အပြင် ခန္တာကိုယ်အတွင်းမှာ အဆိပ်အတောက် ဖြစ်စေပါတယ်။ ဒါ့အပြင် ကျောက်ကပ်အတွင် ကျောက်တည်တာနဲ့ ကျောက်ကပ်ရောဂါဖြစ်စေပါတယ်။ ဒါ့ကြောင့်လည်း ခန္တာကိုယ်အတွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးဖို့လိုအပ်ပါတယ်။
ကျောက်ကပ်ရောဂါကိုလျှော့ချနိုင်မယ့် သဘာဝအစားအစာတွေ ရှိနေတာက သိပ်ကိုကောင်းတဲ့အချက်ပါ။ အထူးသဖြင့် နံနံပင် (တရုတ်နံနံပင်) မှာဆိုရင် ကျောက်ကပ်ကို သန့်စင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ အများအပြားပါဝင်ပြီး ကျောက်ကပ်ကို ကျန်းမာစေပါတယ်။
ကျောက်ကပ်သန့်စင်ဖို့ အိမ်တွင်းဆေး
 တရုတ်နံနံ ပင် ၄ ချောင်း ၅ချောင်း
 ရေ ၃ ခွက်
 သံပုရာသီး တစ်ခြမ်း
 ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရင်ဆုံး တရုတ်နံနံ ရွက်ကို ရေဆေးပြီး ပါးပါးလှီးလိုက်ပါ။ ပြီးရင် အိုးအနေတော်အရွယ်ကို ရွေးလိုက်ပြီး ရေလောင်းထည့်ပါ။ ပြီးရင် ရေကို ပွက်ပွက်ဆူအောင်သည်ပါ။ တရုတ်နံနံ ထည့်လိုက်ပါ။ အပူကို နည်းနည်းလျှော့လိုက်ပြီး ၁၀ မိနစ်လောက် ထပ်တည်ထားပါ။ ၁၀ မိနစ်ပြီးရင် မီးဖိုပေါ်ကချပြီး အအေးခံပါ။ ပြီးရင် ပျားရည်နဲ့ သံပုရာသီးညှစ်ထည့်ပါ။
သောက်လို့ရပါပြီ။ ကျောက်ကပ်ကိုသန့်စင်ပေးနိုင်ပြီး ကျောက်ကပ်နဲ့ပတ်သတ်တဲ့ရောဂါအမျိုးမျိုးကနေ ကင်းဝေးစေမှာပါ။ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ကြပါစို့။
ဖိုးသူတော်  (www.phothutaw.com)
Credit:  MyFood Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top