Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေမာ္ဒယ္လ္ေလာကမွာလည္းေအာင္ျမင္မႈရွိခဲ့ေပမယ့္ သရုပ္ေဆာင္ေလာကထဲမွာေတာ့ သူက အသစ္တစ္ေယာက္အေနနဲ႔ ေအာက္ေျခ က အစႀကိဳးစားခြင့္ရတဲ့အတြက္ေက်နပ္တယ္လုိ႔ ဆုိလိုက္တဲ့ တုိင္ရြန္ကေတာ့ သရုပ္ေဆာင္အလုပ္နဲ႔ပတ္သက္ၿပီး သူ ႀကဳံေတြ႔ရတဲ့ အခက္အခဲေတြနဲ႔ သူ႔ရဲ႔ အႏုပညာအေပၚထားတဲ့ ရည္မွန္းခ်က္ေလးေတြကို Duwun Media ကေနတဆင့္ ေျပာျပ ခဲ့ပါတယ္။

'' ေမာ္ဒယ္လ္အပုိင္းကေန သရုပ္ေဆာင္အပုိင္းကုိေျပာင္းတဲ့အခါက်ေတာ့ အခက္အခဲေတြကေတာ့ရွိတယ္။ ေမာ္ဒယ္လ္ေလာက ကကုိယ္နဲ႔သိတဲ့သူေတြမ်ားေတာ့ ရႈတင္တစ္ခုသြားေတာ့မယ္ဆုိရင္ အရမ္း Relax ျဖစ္တယ္၊ဒီဘက္ကေန ရုပ္ရွင္ဘက္ကုိေျပာင္းလုိက္ တဲ့အခါက်ေတာ့ ရုပ္ရွင္ဘက္မွာဆုိရင္ေတာ့ ကၽြန္ေတာ္က လူအသစ္တစ္ေယာက္ပဲ ဘယ္သူနဲ႔မွလည္း သိကၽြမ္းျခင္း မရွိဘူး၊ ဘယ္သူ႔ ေနာက္ခံနဲ႔ မွလည္း ဝင္တာမဟုတ္ဘူးျဖစ္တဲ့အတြက္ေၾကာင့္ ကၽြန္ေတာ့္ကုိ ဘယ္သူမွမသိဘူး၊ ေမာ္ဒယ္တစ္ေယာက္ ျဖစ္ၿပီး နာမည္ ဘယ္ေလာက္ႀကီးႀကီး ေနရာတစ္ခု ရတာမ်ဳိး၊ လက္ခံတာမ်ဳိးမရွိဘူး။အသစ္တစ္ေယာက္ အေနနဲ႔ တစ္ကေန စႀကိဳးစားရမွာ ျဖစ္တဲ့ အတြက္ အဲ့ဒီအခက္အခဲေတာ့ရွိတယ္။ ေမာ္ဒယ္လ္အပုိင္းမွာ လုပ္ခဲ့တ့ဲစိတ္ႀကီးတစ္ခုဝင္ၿပီးေတာ့ သြားလုပ္ေနလုိ႔မရပါဘူး၊ ကၽြန္ေတာ္ ေအာက္ေျခသိမ္းကအစ၊ ၁ ကအစ လုပ္ရပါတယ္။ အစ ကေနသင္ယူရတာျဖစ္တဲ့အတြက္ အရမ္းလည္းေပ်ာ္တယ္'' လုိ႔ သူကဆုိ ပါတယ္။

အႏုပညာအလုပ္ဆုိတာ ငယ္စဥ္ကတည္းက အိမ္မက္တစ္ခုျဖစ္ခဲ့ၿပီး ႀကီးလာရင္မင္းသားလုပ္မယ္ဆုိတဲ့ ျဖစ္ခ်င္တ့ဲဆႏၵတစ္ခုကို အေကာင္အထည္ေဖာ္ႏုိင္ၿပီဆုိတဲ့ တုိင္ရြန္က သရုပ္ေဆာင္အလုပ္နဲ႔ ပတ္သက္တဲ့ သူ႔ရဲ႔ရည္မွန္းခ်က္ေလးကုိလည္း အခုလုိေျပာျပခဲ့ပါတယ္။

''  ကေလးဘဝမွာ မင္းသားျဖစ္ခ်င္တယ္၊ မင္းသားျဖစ္ခ်င္တယ္ေပါ့ေနာ္ ဒါက သူမ်ားေတြေျပာရင္ေတာ့ ရီစရာျဖစ္မယ္။ အႏုပညာရွင္ ျဖစ္ဖို႔ဆုိတာကလည္း လူေပါင္း အေယာက္ ၁၀၀ မွာမွ ၁၀ ေယာက္ျဖစ္ဖုိ႔ဆုိတာ မလြယ္တဲ့အခါက်ေတာ့ အိမ္မက္တစ္ခုဟာ အိမ္မက္ တစ္ခုအေနနဲ႔ပဲ ရွိမယ္လုိ႔ထင္တာ ဒါေပမယ့္ ျဖစ္ခ်င္စိတ္အရမ္းျပင္းျပခဲ့တယ္။ ငယ္ငယ္ကတည္းက ျဖစ္ခ်င္တဲ့အိမ္မက္တစ္ခုကုိ အေကာင္အထည္ေဖာ္လုိက္ႏုိင္တာေပါ့ေနာ္။ ကၽြန္ေတာ့္ရဲ႕ အႏုပညာအေပၚထားတဲ့ ခံယူခ်က္ကေတာ့ အႏုပညာအေပၚ ရုိးသားရ မယ္လုိ႔ ကၽြန္ေတာ္ခံယူထားပါတယ္'' လုိ႔ဆုိပါတယ္။

တုိင္ရြန္သာ ေအာင္ျမင္တဲ့အႏုပညာရွင္တစ္ေယာက္ျဖစ္လာခဲ့မယ္ဆုိရင္ သူ႔လုိပဲအႏုပညာရွင္တစ္ေယာက္ျဖစ္ခ်င္လုိ႔ ႀကိဳးစားေနၾကတဲ့ လူငယ္ေတြကုိ လက္ကမ္းကူညီခ်င္တယ္ဆုိတဲ့ သူ႔ရဲ႕ အိမ္မက္တစ္ခုအေၾကာင္းကုိလည္း အခုလုိေျပာျပ ခဲ့ပါတယ္။

''ကၽြန္ေတာ္ ဒီအႏုပညာအလုပ္ကုိ လုပ္တယ္ဆုိတာ ေပၚပ်ဴလာျဖစ္ခ်င္လုိ႔လည္း မဟုတ္ဘူး။နာမည္ႀကီးခ်င္လုိ႔လည္း မဟုတ္ဘူး။ က်န္တဲ့အခြင့္အေရးေတြ လုိခ်င္လုိ႔လည္း မဟုတ္ဘူး၊ အႏုပညာအလုပ္ေတြလုပ္ေနရတဲ့အခါ ကၽြန္ေတာ္ေပ်ာ္တယ္။အႏုပညာေလာက က လူေတြအကုန္လုံးကုိ ကၽြန္ေတာ္ခ်စ္တယ္။ အဲ့ဒီအတြက္ေၾကာင့္ ကၽြန္ေတာ္ အႏုပညာရွင္တစ္ေယာက္အေနနဲ႔ လုပ္ႏုိင္တဲ့ အခြင့္အေရးေတြမ်ားတာေပါ့ေနာ္။ ကၽြန္ေတာ္ႀကီးႀကီးက်ယ္က်ယ္ေျပာတာေတာ့ မဟုတ္ဘူး အကယ္၍ ကၽြန္ေတာ္ေနရာတစ္ခုကုိ ေရာက္ခဲ့မယ္ဆုိရင္ ကၽြန္ေတာ့္လုိ အႏုပညာရွင္တစ္ေယာက္ျဖစ္ခ်င္တ့ဲလူငယ္ေတြ အမ်ားႀကီး ရွိတယ္။ သူတုိ႔ေတြ ကုိ တက္ႏုိင္သေလာက္ေလး လက္ကမ္းကူညီခ်င္တာေပါ့ေနာ္။ အဲ့ဒီလုိအိမ္မက္ေလးေတြေတာ့ ရွိတယ္။'' လုိ႔ ေျပာျပခဲ့ပါတယ္။

တုိင္ရြန္ကေတာ့ လက္ရွိမွာ ဒါရုိက္တာညိဳမင္းလြင္ရုိက္ကူးထားတ့ဲ တစ္ခါက ရန္ကုန္ၿမိဳ႕ျပ ဆုိတဲ့ရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ဒါရုိက္တာ ညႊန္႔ျမန္မာညီညီေအာင္ရုိက္ကူးတဲ့ တစ္ခုလပ္ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီး ေတြကုိလည္း စီနီယာသရုပ္ေဆာင္ေတြနဲ႔အတူ ပါဝင္ ရုိက္ကူးထားတာျဖစ္ၿပီး ဗီဒီယုိဇာတ္ကားေတြလည္း ရုိက္ကူးေနၿပီလုိ႔ သိရပါတယ္။

Photo: တုိင္ရြန္ေဖ့့စ္ဘြတ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
မော်ဒယ်လ်လောကမှာလည်းအောင်မြင်မှုရှိခဲ့ပေမယ့် သရုပ်ဆောင်လောကထဲမှာတော့ သူက အသစ်တစ်ယောက်အနေနဲ့ အောက်ခြေ က အစကြိုးစားခွင့်ရတဲ့အတွက်ကျေနပ်တယ်လို့ ဆိုလိုက်တဲ့ တိုင်ရွန်ကတော့ သရုပ်ဆောင်အလုပ်နဲ့ပတ်သက်ပြီး သူ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ သူ့ရဲ့ အနုပညာအပေါ်ထားတဲ့ ရည်မှန်းချက်လေးတွေကို Duwun Media ကနေတဆင့် ပြောပြ ခဲ့ပါတယ်။

'' မော်ဒယ်လ်အပိုင်းကနေ သရုပ်ဆောင်အပိုင်းကိုပြောင်းတဲ့အခါကျတော့ အခက်အခဲတွေကတော့ရှိတယ်။ မော်ဒယ်လ်လောက ကကိုယ်နဲ့သိတဲ့သူတွေများတော့ ရှုတင်တစ်ခုသွားတော့မယ်ဆိုရင် အရမ်း Relax ဖြစ်တယ်၊ဒီဘက်ကနေ ရုပ်ရှင်ဘက်ကိုပြောင်းလိုက် တဲ့အခါကျတော့ ရုပ်ရှင်ဘက်မှာဆိုရင်တော့ ကျွန်တော်က လူအသစ်တစ်ယောက်ပဲ ဘယ်သူနဲ့မှလည်း သိကျွမ်းခြင်း မရှိဘူး၊ ဘယ်သူ့ နောက်ခံနဲ့ မှလည်း ဝင်တာမဟုတ်ဘူးဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်ကို ဘယ်သူမှမသိဘူး၊ မော်ဒယ်တစ်ယောက် ဖြစ်ပြီး နာမည် ဘယ်လောက်ကြီးကြီး နေရာတစ်ခု ရတာမျိုး၊ လက်ခံတာမျိုးမရှိဘူး။အသစ်တစ်ယောက် အနေနဲ့ တစ်ကနေ စကြိုးစားရမှာ ဖြစ်တဲ့ အတွက် အဲ့ဒီအခက်အခဲတော့ရှိတယ်။ မော်ဒယ်လ်အပိုင်းမှာ လုပ်ခဲ့တဲ့စိတ်ကြီးတစ်ခုဝင်ပြီးတော့ သွားလုပ်နေလို့မရပါဘူး၊ ကျွန်တော် အောက်ခြေသိမ်းကအစ၊ ၁ ကအစ လုပ်ရပါတယ်။ အစ ကနေသင်ယူရတာဖြစ်တဲ့အတွက် အရမ်းလည်းပျော်တယ်'' လို့ သူကဆို ပါတယ်။

အနုပညာအလုပ်ဆိုတာ ငယ်စဉ်ကတည်းက အိမ်မက်တစ်ခုဖြစ်ခဲ့ပြီး ကြီးလာရင်မင်းသားလုပ်မယ်ဆိုတဲ့ ဖြစ်ချင်တဲ့ဆန္ဒတစ်ခုကို အကောင်အထည်ဖော်နိုင်ပြီဆိုတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ရည်မှန်းချက်လေးကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

''  ကလေးဘဝမှာ မင်းသားဖြစ်ချင်တယ်၊ မင်းသားဖြစ်ချင်တယ်ပေါ့နော် ဒါက သူများတွေပြောရင်တော့ ရီစရာဖြစ်မယ်။ အနုပညာရှင် ဖြစ်ဖို့ဆိုတာကလည်း လူပေါင်း အယောက် ၁၀၀ မှာမှ ၁၀ ယောက်ဖြစ်ဖို့ဆိုတာ မလွယ်တဲ့အခါကျတော့ အိမ်မက်တစ်ခုဟာ အိမ်မက် တစ်ခုအနေနဲ့ပဲ ရှိမယ်လို့ထင်တာ ဒါပေမယ့် ဖြစ်ချင်စိတ်အရမ်းပြင်းပြခဲ့တယ်။ ငယ်ငယ်ကတည်းက ဖြစ်ချင်တဲ့အိမ်မက်တစ်ခုကို အကောင်အထည်ဖော်လိုက်နိုင်တာပေါ့နော်။ ကျွန်တော့်ရဲ့ အနုပညာအပေါ်ထားတဲ့ ခံယူချက်ကတော့ အနုပညာအပေါ် ရိုးသားရ မယ်လို့ ကျွန်တော်ခံယူထားပါတယ်'' လို့ဆိုပါတယ်။

တိုင်ရွန်သာ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့မယ်ဆိုရင် သူ့လိုပဲအနုပညာရှင်တစ်ယောက်ဖြစ်ချင်လို့ ကြိုးစားနေကြတဲ့ လူငယ်တွေကို လက်ကမ်းကူညီချင်တယ်ဆိုတဲ့ သူ့ရဲ့ အိမ်မက်တစ်ခုအကြောင်းကိုလည်း အခုလိုပြောပြ ခဲ့ပါတယ်။

''ကျွန်တော် ဒီအနုပညာအလုပ်ကို လုပ်တယ်ဆိုတာ ပေါ်ပျူလာဖြစ်ချင်လို့လည်း မဟုတ်ဘူး။နာမည်ကြီးချင်လို့လည်း မဟုတ်ဘူး။ ကျန်တဲ့အခွင့်အရေးတွေ လိုချင်လို့လည်း မဟုတ်ဘူး၊ အနုပညာအလုပ်တွေလုပ်နေရတဲ့အခါ ကျွန်တော်ပျော်တယ်။အနုပညာလောက က လူတွေအကုန်လုံးကို ကျွန်တော်ချစ်တယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော် အနုပညာရှင်တစ်ယောက်အနေနဲ့ လုပ်နိုင်တဲ့ အခွင့်အရေးတွေများတာပေါ့နော်။ ကျွန်တော်ကြီးကြီးကျယ်ကျယ်ပြောတာတော့ မဟုတ်ဘူး အကယ်၍ ကျွန်တော်နေရာတစ်ခုကို ရောက်ခဲ့မယ်ဆိုရင် ကျွန်တော့်လို အနုပညာရှင်တစ်ယောက်ဖြစ်ချင်တဲ့လူငယ်တွေ အများကြီး ရှိတယ်။ သူတို့တွေ ကို တက်နိုင်သလောက်လေး လက်ကမ်းကူညီချင်တာပေါ့နော်။ အဲ့ဒီလိုအိမ်မက်လေးတွေတော့ ရှိတယ်။'' လို့ ပြောပြခဲ့ပါတယ်။

တိုင်ရွန်ကတော့ လက်ရှိမှာ ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးထားတဲ့ တစ်ခါက ရန်ကုန်မြို့ပြ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်ရိုက်ကူးတဲ့ တစ်ခုလပ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး တွေကိုလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ပါဝင် ရိုက်ကူးထားတာဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေလည်း ရိုက်ကူးနေပြီလို့ သိရပါတယ်။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top