Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ပရီးမီးယားလိဂ္ဖလား ၿပိဳင္ပဲြ ကန္႔လန္႔ကာ စတင္ဖြင့္လွစ္ သည့္အေနျဖင့္ ပရီးမီးယားလိဂ္ ခ်န္ပီယံႏွင့္ အက္ဖ္ေအဖလား ခ်န္ပီယံတို႔ ယွဥ္ၿပိဳင္ရသည့္ ကြန္ ျမဴနတီဒိုင္းကို ၀င္ဘေလကြင္း၌ ယေန႔ညတြင္ ခ်ယ္လ္ဆီးႏွင့္ အာဆင္နယ္တို႔ ယွဥ္ၿပိဳင္မည္ျဖစ္ သည္။

ႏွစ္ေပါင္း ၂၀ အတြင္း ခ်န္ ပီယံလိဂ္ဖလား၀င္ခြင့္ ပထမဆံုး အႀကိမ္ လဲြေခ်ာ္ခဲ့ၿပီးေနာက္ အာ ဆင္နယ္သည္ ခ်န္ပီယံလိဂ္ဇာတ္ ခံုေပၚသို႔ ျပန္တက္ႏုိင္ေရး ႀကိဳး ပမ္းအားထုတ္စဥ္ နည္းျပအာစင္ ၀င္းဂါးက အဓိက ကစားသမား ဆန္းခ်က္ဇ္ကို အသင္း၌ ဆက္ ထိန္းထားရန္ ႀကိဳးစားလ်က္ရွိ သည္။

ခ်ယ္လ္ဆီးအေနျဖင့္လည္း ပရီးမီးယားလိဂ္ဖလားကို ကာ ကြယ္ရန္ နည္းျပကြန္တီက ၎၏ အသင္းလူစာရင္းကို တုိးျမႇင့္ရန္ စိတ္ျပင္းျပေနသည္။

ၿပီးခဲ့သည့္ ေမလက ၀င္ဘ ေလကြင္း၌ ခ်ယ္လ္ဆီးကို အႏုိင္ ယူကာ အက္ဖ္ေအဖလားဆြတ္ခူး ရာတြင္ အဖြင့္ဂုိးသြင္းခဲ့သူ ဆန္း ခ်က္ဇ္သည္ ၿပီးခဲ့သည့္ရာသီက အာဆင္နယ္အတြက္ စုစုေပါင္း ဂိုး ၃၀ သြင္းခဲ့သည့္ ထိပ္တန္း ဂုိး သြင္းရွင္ျဖစ္သည္။

ပထမဆံုးကိုင္တြယ္သည့္ ရာသီမွာပင္ ပရီးမီးယားလိဂ္ ဖလားရရွိေအာင္ စြမ္းေဆာင္ႏိုင္ ခဲ့သည့္ ခ်ယ္လ္ဆီးနည္းျပကြန္တီ ကခ်န္ပီယံလိဂ္ဖလားတြင္ေအာင္ျမင္မႈရရွိရန္ အလုိရွိေနသည္။

‘‘အခုက ကၽြန္ေတာ္တို႔အ တြက္ အသင္းရဲ႕ လူအင္အားကို အဘက္ဘက္က တိုးတက္ေအာင္ ႀကိဳးစားဖို႔ အလြန္အေရးႀကီးပါ တယ္။ ဘာေၾကာင့္လဲဆုိေတာ့ အသင္းရဲ႕လူအင္အားနည္းနည္း ပဲရွိတာေၾကာင့္ပါ။ ကစားသမား တစ္ေယာက္တည္းနဲ႔ ကၽြန္ေတာ္ တုိ႔ရဲ႕အသင္းကို တုိးတက္ေအာင္ လုပ္ဖို႔ မလံုေလာက္ပါဘူး’’ ဟု ကြန္တီက ေျပာၾကားသည္။

အတိတ္က ကြန္ျမဴနတီဒိုင္း လုပဲြမ်ားသည္ ယွဥ္ၿပိဳင္အားထုတ္ လိုစိတ္နည္းပါးၾကေသာ္လည္း ယခုပဲြမွာ လန္ဒန္ဒါဘီျဖစ္ေသာ ေၾကာင့္ ၿပိဳင္ဆိုင္မႈျပင္းထန္ႏုိင္ ေၾကာင္း ခန္႔မွန္းၾကသည္။

-Ref:AP


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
ပရီးမီးယားလိဂ်ဖလား ပြိုင်ပွဲ ကန့်လန့်ကာ စတင်ဖွင့်လှစ် သည့်အနေဖြင့် ပရီးမီးယားလိဂ် ချန်ပီယံနှင့် အက်ဖ်အေဖလား ချန်ပီယံတို့ ယှဉ်ပြိုင်ရသည့် ကွန် မြူနတီဒိုင်းကို ဝင်ဘလေကွင်း၌ ယနေ့ညတွင် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ ယှဉ်ပြိုင်မည်ဖြစ် သည်။


နှစ်ပေါင်း ၂၀ အတွင်း ချန် ပီယံလိဂ်ဖလားဝင်ခွင့် ပထမဆုံး အကြိမ် လွဲချော်ခဲ့ပြီးနောက် အာ ဆင်နယ်သည် ချန်ပီယံလိဂ်ဇာတ် ခုံပေါ်သို့ ပြန်တက်နိုင်ရေး ကြိုး ပမ်းအားထုတ်စဉ် နည်းပြအာစင် ဝင်းဂါးက အဓိက ကစားသမား ဆန်းချက်ဇ်ကို အသင်း၌ ဆက် ထိန်းထားရန် ကြိုးစားလျက်ရှိ သည်။

ချယ်လ်ဆီးအနေဖြင့်လည်း ပရီးမီးယားလိဂ်ဖလားကို ကာ ကွယ်ရန် နည်းပြကွန်တီက ၎င်း၏ အသင်းလူစာရင်းကို တိုးမြှင့်ရန် စိတ်ပြင်းပြနေသည်။

ပြီးခဲ့သည့် မေလက ဝင်ဘ လေကွင်း၌ ချယ်လ်ဆီးကို အနိုင် ယူကာ အက်ဖ်အေဖလားဆွတ်ခူး ရာတွင် အဖွင့်ဂိုးသွင်းခဲ့သူ ဆန်း ချက်ဇ်သည် ပြီးခဲ့သည့်ရာသီက အာဆင်နယ်အတွက် စုစုပေါင်း ဂိုး ၃၀ သွင်းခဲ့သည့် ထိပ်တန်း ဂိုး သွင်းရှင်ဖြစ်သည်။

ပထမဆုံးကိုင်တွယ်သည့် ရာသီမှာပင် ပရီးမီးယားလိဂ် ဖလားရရှိအောင် စွမ်းဆောင်နိုင် ခဲ့သည့် ချယ်လ်ဆီးနည်းပြကွန်တီ ကချန်ပီယံလိဂ်ဖလားတွင်အောင်မြင်မှုရရှိရန် အလိုရှိနေသည်။

‘‘အခုက ကျွန်တော်တို့အ တွက် အသင်းရဲ့ လူအင်အားကို အဘက်ဘက်က တိုးတက်အောင် ကြိုးစားဖို့ အလွန်အရေးကြီးပါ တယ်။ ဘာကြောင့်လဲဆိုတော့ အသင်းရဲ့လူအင်အားနည်းနည်း ပဲရှိတာကြောင့်ပါ။ ကစားသမား တစ်ယောက်တည်းနဲ့ ကျွန်တော် တို့ရဲ့အသင်းကို တိုးတက်အောင် လုပ်ဖို့ မလုံလောက်ပါဘူး’’ ဟု ကွန်တီက ပြောကြားသည်။

အတိတ်က ကွန်မြူနတီဒိုင်း လုပွဲများသည် ယှဉ်ပြိုင်အားထုတ် လိုစိတ်နည်းပါးကြသော်လည်း ယခုပွဲမှာ လန်ဒန်ဒါဘီဖြစ်သော ကြောင့် ပြိုင်ဆိုင်မှုပြင်းထန်နိုင် ကြောင်း ခန့်မှန်းကြသည်။

-Ref:AP


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top