ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရခိုင္အသင္း၏ ပရဟိတ ရန္ပံုေငြ မိတ္ဆံုစားပြဲသို႔ တက္ ေရာက္ရန္အပါအဝင္ ေဖ်ာ္ေျဖပြဲ မ်ားအတြက္ အေမရိကန္ျပည္ ေထာင္စုသို႔ တစ္လၾကာသြား ေရာက္ျခင္းျဖစ္ေၾကာင္း အဆုိ ေတာ္ ရတနာမိုင္က ေျပာသည္။

‘‘အခု ဖို႔တ္ဝိန္းကေန ဝါရွင္ တန္ဒီစီကိုသြားေနပါၿပီ။ မေန႔က မစ္ဂ်ီဂန္မွာဆုိတယ္။ ဒီေန႔က် ေတာ့ ဝါရွင္တန္ဒီစီကို အလည္ အပတ္သြားၾကတယ္။ ေနာက္ ဆန္ဖရန္စစၥကိုရယ္၊ ေလာ့စ္အန္ ဂ်လိစ္ရယ္ဆုိဖို႔ရွိေသးတယ္။ ဒီ ေန႔က အလည္အပတ္အေနနဲ႔ လိုက္ပို႔ေပးလုိ႔ သြားျဖစ္တာပါ’’ ဟု ၎က ေျပာသည္။

ယခုခရီးစဥ္တြင္ မိုင္၊ ရခိုင္ အဆုိေတာ္ႏွင့္ ဂီတစာဆုိ ဦးသန္း ေမာင္၊ ကိုစိန္လင္းႏွင့္ နန္းခင္ခင္ ဇံတို႔လည္း ပါဝင္သည္ဟု ဆုိသည္။ ‘‘ကိုစိန္လင္းနဲ႔ဆိုထားတဲ့ ေရေျမျခားသီခ်င္းေလးလည္း ဒီမွာ အမ္တီဗီ႐ိုက္ဖို႔ရွိတယ္။ ‘သူသိ ေစ’ဗီစီဒီက အဆုိကတ္ေလးေတြ လည္း ႐ုိက္လာဖို႔ရွိပါတယ္’’ဟု ၎က ေျပာသည္။

မေရာက္ဖူးသည့္ ေနရာ ေဒသျဖစ္၍ ၎အတြက္ စိတ္ခံစားခ်က္အသစ္မ်ား ျဖစ္ေပၚေန သည္ဟု ဆုိသည္။

‘‘အေမရိကပြဲကေတာ့ ဒီပြဲ က ပထမဆံုးပါပဲ။ တျခားႏုိင္ငံ ေတြအေနနဲ႔က ဂ်ပန္၊ စင္ကာပူ၊ မေလးရွားတုိ႔မွာ သြားဆိုဖူးပါ တယ္။ ဒီႏွစ္ထဲမွာ အခုသြားတဲ့ အေမရိကခရီးစဥ္က ပထမဆံုးပါ ပဲ။ အေရွ႕မွာေတာ့ မသြားျဖစ္ပါ ဘူး’’ဟု ရတနာမိုင္က ေျပာသည္။

ရတနာမိုင္သည္ အေမရိ ကသို႔ ဩဂုတ္ ၁၀ ရက္တြင္ စတင္သြားေရာက္ခဲ့ၿပီး စက္တင္ ဘာ ၅ ရက္တြင္ ရန္ကုန္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိမည္ျဖစ္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ရခိုင်အသင်း၏ ပရဟိတ ရန်ပုံငွေ မိတ်ဆုံစားပွဲသို့ တက် ရောက်ရန်အပါအဝင် ဖျော်ဖြေပွဲ များအတွက် အမေရိကန်ပြည် ထောင်စုသို့ တစ်လကြာသွား ရောက်ခြင်းဖြစ်ကြောင်း အဆို တော် ရတနာမိုင်က ပြောသည်။

‘‘အခု ဖို့တ်ဝိန်းကနေ ဝါရှင် တန်ဒီစီကိုသွားနေပါပြီ။ မနေ့က မစ်ဂျီဂန်မှာဆိုတယ်။ ဒီနေ့ကျ တော့ ဝါရှင်တန်ဒီစီကို အလည် အပတ်သွားကြတယ်။ နောက် ဆန်ဖရန်စစ္စကိုရယ်၊ လော့စ်အန် ဂျလိစ်ရယ်ဆိုဖို့ရှိသေးတယ်။ ဒီ နေ့က အလည်အပတ်အနေနဲ့ လိုက်ပို့ပေးလို့ သွားဖြစ်တာပါ’’ ဟု ၎င်းက ပြောသည်။

ယခုခရီးစဉ်တွင် မိုင်၊ ရခိုင် အဆိုတော်နှင့် ဂီတစာဆို ဦးသန်း မောင်၊ ကိုစိန်လင်းနှင့် နန်းခင်ခင် ဇံတို့လည်း ပါဝင်သည်ဟု ဆိုသည်။ ‘‘ကိုစိန်လင်းနဲ့ဆိုထားတဲ့ ရေမြေခြားသီချင်းလေးလည်း ဒီမှာ အမ်တီဗီရိုက်ဖို့ရှိတယ်။ ‘သူသိ စေ’ဗီစီဒီက အဆိုကတ်လေးတွေ လည်း ရိုက်လာဖို့ရှိပါတယ်’’ဟု ၎င်းက ပြောသည်။

မရောက်ဖူးသည့် နေရာ ဒေသဖြစ်၍ ၎င်းအတွက် စိတ်ခံစားချက်အသစ်များ ဖြစ်ပေါ်နေ သည်ဟု ဆိုသည်။

‘‘အမေရိကပွဲကတော့ ဒီပွဲ က ပထမဆုံးပါပဲ။ တခြားနိုင်ငံ တွေအနေနဲ့က ဂျပန်၊ စင်ကာပူ၊ မလေးရှားတို့မှာ သွားဆိုဖူးပါ တယ်။ ဒီနှစ်ထဲမှာ အခုသွားတဲ့ အမေရိကခရီးစဉ်က ပထမဆုံးပါ ပဲ။ အရှေ့မှာတော့ မသွားဖြစ်ပါ ဘူး’’ဟု ရတနာမိုင်က ပြောသည်။

ရတနာမိုင်သည် အမေရိ ကသို့ ဩဂုတ် ၁၀ ရက်တွင် စတင်သွားရောက်ခဲ့ပြီး စက်တင် ဘာ ၅ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top