Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အစိုးရႏုတ္ထြက္ေပး ေရးဟုဆိုၿပီးသံဃာအခ်ိဳ႕အပါအ ဝင္ အမ်ိဳးသားေရးလႈပ္ရွားသူ ဆိုသူမ်ားသည္ သပိတ္စခန္းဒုတိ ယေျမာက္ေန႔အျဖစ္ ရန္ကုန္ၿမိဳ႕ ေၾကးသြန္းဘုရားတြင္ ဆက္လက္ ဆႏၵျပေနသည္။

သပိတ္စခန္း ဖြင့္လွစ္ထားမႈကို ၾသဂုတ္ ၃ ရက္ ဒုတိယေျမာက္ေန႔အထိ အာဏာပိုင္မ်ားဘက္က တစ္စံုတစ္ရာ အေရးယူျခင္းမရွိ ေသးေပ။

‘‘ဒလၿမိဳ႕နယ္က ၅၀ ေလာက္နဲ႔ ဧရာဝတီတိုင္း ေက်ာင္းကုန္း ဘက္က ၁၅ ေယာက္ေလာက္ ထပ္တိုးလာတယ္’’ဟု သပိတ္စခန္းဖြင့္ ဆႏၵျပေနသူမ်ားကို ေစာင့္ၾကည့္ ေနေသာ ရန္ကုန္တုိင္းရဲတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

သပိတ္စတင္သည့္ေန႔တြင္ သံဃာ ၁၀ ပါးႏွင့္ လူပုဂၢိဳလ္ ၃၅ ဦးတို႔ျဖင့္ အထိုင္သပိတ္ပံုစံျဖင့္ စတင္ခဲ့ၿပီး ၎တို႔ကို လူ ၅၀ ခန္႔က ဝန္းရံထားျခင္းျဖစ္သည္။ ယမန္ေန႔တြင္ လူ ၆၀ ခန္႔ ထပ္တိုးလာရာ စုစုေပါင္း ၁၆၀ ခန္႔ရွိလာသည္။ သပိတ္စခန္းသို႔ ယမန္ေန႔က ယခင္အမ်ိဳးသား လႊတ္ေတာ္အမတ္ေဟာင္းလည္း ျဖစ္ၿပီး ယခုေနာက္ပိုင္းတြင္ အမ်ိဳးသားေရးလႈပ္ရွားမႈမ်ား၌ မၾကာ ခဏပါဝင္လာသူ ေဒၚခင္ဝုိင္း ၾကည္လည္း သြားေရာက္ခဲ့ ေၾကာင္း ေတြ႕ရသည္။

‘တိုင္းျပည္အက်ိဳးစီးပြားကို ဆုတ္ယုတ္ပ်က္စီးေအာင္ ေဆာင္ ရြက္ေနသည့္ အစိုးရအား ဆန္႔ က်င္သပိတ္ေမွာက္ပြဲ’ဟု အမည္ ေပးကာ ၿပီးခဲ့ေသာ မဂၤလာေတာင္ၫြန္႔ပဋိပကၡျဖစ္စဥ္၌ ဖမ္းဝရမ္း ထုတ္ခံထားရသည့္ အမ်ိဳးသား ေရးဆရာေတာ္ ဦးပညာဝံသက ဦးေဆာင္၍ ၾသဂုတ္ ၂ ရက္ညေနက စတင္ကာ သပိတ္စခန္းဖြင့္ဆႏၵ ျပေနျခင္းျဖစ္သည္။

သပိတ္စခန္းကို ေၾကးသြန္း ဘုရားႀကီး၏မုခ္ဦးေရွ႕တည့္တည့္ တြင္ ဝင္ေပါက္ကိုပိတ္၍ ဖြင့္လွစ္ ထားရာ ဘုရားဖူးလာေရာက္သူ မ်ား အဆင္မေျပမႈႀကံဳေတြ႕ခဲ့ၿပီး ေနာက္ ၾသဂုတ္ ၃ ရက္ ေန႔လယ္ ၌ ဝင္ေပါက္လမ္းကို သပိတ္စခန္း ဖြင့္ထားသူမ်ားက ျပန္ဖြင့္ေပးခဲ့ သည္။

‘‘သာသနာ့အႏၲရာယ္ျဖစ္ လာႏိုင္တယ္လို႔ ယူဆတဲ့အတြက္ ေၾကာင့္ အခု မ်ိဳးခ်စ္ညီအစ္ကို ေမာင္ႏွမ ရဟန္းျပည္သူေတြ စု႐ုံးၿပီးေတာ့ ခ်စ္သံုးခ်စ္နဲ႔ ျပည့္ စံုတဲ့ ပုဂၢိဳလ္ေတြ စု႐ုံးၿပီးေတာ့ သပိတ္စခန္းဖြင့္ၾကတယ္။ အဲဒီ သပိတ္စခန္းဟာ ကိုယ္က်ိဳးအ တြက္လည္း မဟုတ္သလို၊ ေကာင္းစားဖို႔လည္း မဟုတ္သလို အဖြဲ႕အစည္းတစ္ခုအတြက္ အလုပ္လုပ္ေနတာလည္း မဟုတ္ဘူးဆိုတာကို အားလံုးကို အသိေပးလိုတယ္။ အခုလုပ္ေနတဲ့အ လုပ္သည္ အမ်ိဳးဘာသာ သာသနာက်ဆံုးမွာ ေၾကာက္လို႔ လုပ္ရတာျဖစ္တယ္’’ ဟု သပိတ္စခန္းကို အားေပးရန္ ႂကြေရာက္လာ ေသာ ဆရာေတာ္တစ္ပါးက သ ပိတ္စခန္းတြင္ မိန္႔ၾကားသည္။

သပိတ္စခန္း ဖြင့္လွစ္မႈအ ေျခအေနႏွင့္ ဆက္လက္လုပ္ ေဆာင္မည့္ အစီအစဥ္မ်ားႏွင့္ ပတ္သက္၍ ဦးေဆာင္ဆႏၵျပသူ မ်ားကို ေမးျမန္းရန္ 7Day Daily သတင္းေထာက္က ၾသဂုတ္ ၃ ရက္တြင္ ထပ္မံခြင့္ေတာင္းရာ သတင္း မီဒီယာမ်ားအား ေျဖၾကားမည္မ ဟုတ္ေၾကာင္း သပိတ္စခန္းရွိ သံဃာေတာ္တစ္ပါးက မိန္႔ၾကား သည္။ သပိတ္ေမွာက္သူ အခ်ိဳ႕သည္ အမ်ိဳးသားေရးႏွင့္ပတ္သက္ ၍ ဆႏၵျပပြဲမႈမ်ား အႀကိမ္ႀကိမ္ျပဳ လုပ္ရာ၌ ပါဝင္သူမ်ားျဖစ္သည္။

သပိတ္စခန္းဖြင့္ဆႏၵျပသူ မ်ားကို ေထာက္ပံ့ေနသူအခ်ိဳ႕က ထမင္းဘူး၊ ေရသန္႔ဘူးႏွင့္ အခ်ိဳရည္ဘူးမ်ားကို ကားမ်ားျဖင့္လာ ေရာက္ပို႔ေဆာင္ေနေၾကာင္း ၾသဂုတ္ ၃ ရက္ညေနကေတြ႕ရသည္။

 photo : facebook

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
 အစိုးရနုတ်ထွက်ပေး ရေးဟုဆိုပြီးသံဃာအချို့အပါအ ဝင် အမျိုးသားရေးလှုပ်ရှားသူ ဆိုသူများသည် သပိတ်စခန်းဒုတိ ယမြောက်နေ့အဖြစ် ရန်ကုန်မြို့ ကြေးသွန်းဘုရားတွင် ဆက်လက် ဆန္ဒပြနေသည်။


သပိတ်စခန်း ဖွင့်လှစ်ထားမှုကို သြဂုတ် ၃ ရက် ဒုတိယမြောက်နေ့အထိ အာဏာပိုင်များဘက်က တစ်စုံတစ်ရာ အရေးယူခြင်းမရှိ သေးပေ။

‘‘ဒလမြို့နယ်က ၅၀ လောက်နဲ့ ဧရာဝတီတိုင်း ကျောင်းကုန်း ဘက်က ၁၅ ယောက်လောက် ထပ်တိုးလာတယ်’’ဟု သပိတ်စခန်းဖွင့် ဆန္ဒပြနေသူများကို စောင့်ကြည့် နေသော ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သပိတ်စတင်သည့်နေ့တွင် သံဃာ ၁၀ ပါးနှင့် လူပုဂ္ဂိုလ် ၃၅ ဦးတို့ဖြင့် အထိုင်သပိတ်ပုံစံဖြင့် စတင်ခဲ့ပြီး ၎င်းတို့ကို လူ ၅၀ ခန့်က ဝန်းရံထားခြင်းဖြစ်သည်။ ယမန်နေ့တွင် လူ ၆၀ ခန့် ထပ်တိုးလာရာ စုစုပေါင်း ၁၆၀ ခန့်ရှိလာသည်။ သပိတ်စခန်းသို့ ယမန်နေ့က ယခင်အမျိုးသား လွှတ်တော်အမတ်ဟောင်းလည်း ဖြစ်ပြီး ယခုနောက်ပိုင်းတွင် အမျိုးသားရေးလှုပ်ရှားမှုများ၌ မကြာ ခဏပါဝင်လာသူ ဒေါ်ခင်ဝိုင်း ကြည်လည်း သွားရောက်ခဲ့ ကြောင်း တွေ့ရသည်။

‘တိုင်းပြည်အကျိုးစီးပွားကို ဆုတ်ယုတ်ပျက်စီးအောင် ဆောင် ရွက်နေသည့် အစိုးရအား ဆန့် ကျင်သပိတ်မှောက်ပွဲ’ဟု အမည် ပေးကာ ပြီးခဲ့သော မင်္ဂလာတောင်ညွန့်ပဋိပက္ခဖြစ်စဉ်၌ ဖမ်းဝရမ်း ထုတ်ခံထားရသည့် အမျိုးသား ရေးဆရာတော် ဦးပညာဝံသက ဦးဆောင်၍ သြဂုတ် ၂ ရက်ညနေက စတင်ကာ သပိတ်စခန်းဖွင့်ဆန္ဒ ပြနေခြင်းဖြစ်သည်။

သပိတ်စခန်းကို ကြေးသွန်း ဘုရားကြီး၏မုခ်ဦးရှေ့တည့်တည့် တွင် ဝင်ပေါက်ကိုပိတ်၍ ဖွင့်လှစ် ထားရာ ဘုရားဖူးလာရောက်သူ များ အဆင်မပြေမှုကြုံတွေ့ခဲ့ပြီး နောက် သြဂုတ် ၃ ရက် နေ့လယ် ၌ ဝင်ပေါက်လမ်းကို သပိတ်စခန်း ဖွင့်ထားသူများက ပြန်ဖွင့်ပေးခဲ့ သည်။

‘‘သာသနာ့အန္တရာယ်ဖြစ် လာနိုင်တယ်လို့ ယူဆတဲ့အတွက် ကြောင့် အခု မျိုးချစ်ညီအစ်ကို မောင်နှမ ရဟန်းပြည်သူတွေ စုရုံးပြီးတော့ ချစ်သုံးချစ်နဲ့ ပြည့် စုံတဲ့ ပုဂ္ဂိုလ်တွေ စုရုံးပြီးတော့ သပိတ်စခန်းဖွင့်ကြတယ်။ အဲဒီ သပိတ်စခန်းဟာ ကိုယ်ကျိုးအ တွက်လည်း မဟုတ်သလို၊ ကောင်းစားဖို့လည်း မဟုတ်သလို အဖွဲ့အစည်းတစ်ခုအတွက် အလုပ်လုပ်နေတာလည်း မဟုတ်ဘူးဆိုတာကို အားလုံးကို အသိပေးလိုတယ်။ အခုလုပ်နေတဲ့အ လုပ်သည် အမျိုးဘာသာ သာသနာကျဆုံးမှာ ကြောက်လို့ လုပ်ရတာဖြစ်တယ်’’ ဟု သပိတ်စခန်းကို အားပေးရန် ကြွရောက်လာ သော ဆရာတော်တစ်ပါးက သ ပိတ်စခန်းတွင် မိန့်ကြားသည်။

သပိတ်စခန်း ဖွင့်လှစ်မှုအ ခြေအနေနှင့် ဆက်လက်လုပ် ဆောင်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဦးဆောင်ဆန္ဒပြသူ များကို မေးမြန်းရန် 7Day Daily သတင်းထောက်က သြဂုတ် ၃ ရက်တွင် ထပ်မံခွင့်တောင်းရာ သတင်း မီဒီယာများအား ဖြေကြားမည်မ ဟုတ်ကြောင်း သပိတ်စခန်းရှိ သံဃာတော်တစ်ပါးက မိန့်ကြား သည်။ သပိတ်မှောက်သူ အချို့သည် အမျိုးသားရေးနှင့်ပတ်သက် ၍ ဆန္ဒပြပွဲမှုများ အကြိမ်ကြိမ်ပြု လုပ်ရာ၌ ပါဝင်သူများဖြစ်သည်။

သပိတ်စခန်းဖွင့်ဆန္ဒပြသူ များကို ထောက်ပံ့နေသူအချို့က ထမင်းဘူး၊ ရေသန့်ဘူးနှင့် အချိုရည်ဘူးများကို ကားများဖြင့်လာ ရောက်ပို့ဆောင်နေကြောင်း သြဂုတ် ၃ ရက်ညနေကတွေ့ရသည်။



 photo : facebook

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top