Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တရက္က အြန္လိုင္းအေမး၊အေျဖက႑တခုမွာ အမ်ိဳးသမီးတေယာက္က ေမးထားပါတယ္။ ဆံပင္ေတြ ပ်က္ဆီးတာ (၂)နွစ္ေလာက္ ရွိျပီ။ ေခါင္းဖီးလိုက္ရင္ ဆံပင္ေတြ ကၽြတ္က်၊ျပတ္က်လာပါသတဲ့။ ေဆးေတြ သံုးတာလဲ စံုေနျပီ။ အခု ဘာေဆးေသာက္သင့္လဲ။ ဘာဆက္လုပ္ရမွာလဲ။ ေဆာင္ရန္၊ေရွာင္ရန္ ေမးထားပါတယ္။

ဟုတ္ပါျပီ။ ဒီေတာ့ ဆံပင္ဘာ့ေၾကာင့္ ကၽြတ္ေစပါသလဲ။ ျဖစ္နိုင္တဲ့အေၾကာင္းအရင္း သီအိုရီမ်ားစြာရွိပါတယ္။ မ်ိဳးရိုး၊ေဟာ္မုန္း၊စိတ္ဖိစီးမႈ၊အာဟာရခ်ိဳ႕တဲ့မႈ၊အသက္အရြယ္၊ေဆးဝါးစသည္ျဖင့္ မာတိကာမ်ားစြာေတြ႕ရပါမယ္။ အသက္အရြယ္ေပၚလိုက္ျပီး အေၾကာင္းရင္း တခုနဲ႕တခု မတူညီၾကဘူး။ အမ်ိဳးသမီးေတြဟာ အလွအပေရးရာ ကရိကထမ်ားသလို ျပဳျပင္ေျပာင္းလဲခ်င္တာကလည္း ထိပ္ဆံုးမွာရွိေနတယ္။ တကယ့္ ျပဳျပင္ေျပာင္းလဲေရးသမားစစ္စစ္ေတြလည္း ျဖစ္ပါတယ္။ ဆံပင္ေကာက္တာ၊ေျဖာင့္တာ၊ေဆးဆိုး၊ေဆးခၽြတ္ ဒီၾကားထဲ စိတ္ညစ္ညဴးရင္ ဆံပင္ကို ကိုင္ၾက၊လိမ္ၾကေသးတယ္။
အမ်ိဳးသားေတြမွာေတာ့ အသက္ၾကီးလာတဲ့အခါ ထိပ္ေျပာင္တာ၊ထိပ္ကြက္တာမ်ိဳး အျဖစ္မ်ားတယ္။ androgen ေခၚတဲ့ အမ်ိဳးသားေဟာ္မုန္းတမ်ိဳးေၾကာင့္ပါ။ androgenic alopeciaလို႕လည္းေခၚပါတယ္။ အသက္(၄၀)အရြယ္ေတြမွာ စေတြ႕ရတယ္။ အမ်ိဳးသမီးေတြက်ေတာ့ အပ်ိဳဝင္ျပီဆိုကတည္းက ဆံပင္ကၽြတ္တာ၊ဆံသားပါးတာရွိပါတယ္။ စိတ္ဖိစီးမႈ၊ေသြးသားအေျပာင္းအလဲ အမ်ိဳးသမီးေတြမွာ ပိုမ်ားတယ္။ chemical ဓာတုေဆးဝါးေတြ သံုးတာလဲ သူတို႕ပဲ။ ဆံပင္ေခ်းခၽြတ္၊ဆံႏြယ္ျပဳျပင္ လွခ်င္သူမ်ားစာရင္းမွာ ထိပ္ဆံုးက ရပ္တည္ေနတယ္။ လူတိုင္း သူ႕မ်ိဳးရိုး၊သူ႕ဗီဇနဲ႕သူ ဆံပင္ေကာက္တာ၊ဆံပင္တြန္႕တာမ်ိဳး ရွိပါတယ္။

ဆံပင္ေတြကို ေယဘုယ် သံုးသပ္ရရင္ သံုးမ်ိဳး ျဖစ္နိုင္တယ္။ ဆံလံုး(ဆံပင္)ဝိုင္းတဲ့သူက ဆံပင္ေျဖာင့္တယ္။ ဆံလံုးက ဘဲဥပံုျဖစ္ရင္ လိႈင္းတြန္႕ပံု(wave) ရွိတယ္။ အကယ္၍ ဆံပင္လံုးက ျပားတယ္(flat)ဆိုရင္ ကပၸလီဆံပင္၊စပရိန္လို တြန္႕ခ်ိတ္ေနမယ္။ ဒီထဲမွာ ဆံလံုး ဝိုင္းသူနဲ႕ ဘဲဥပံု ဆံႏြယ္ေတြက ပိုုကၽြတ္လြယ္တယ္။ ဆံပင္ေျဖာင့္ေလ ဆံပင္ကၽြတ္ဖို႕လြယ္ကူေလ ျဖစ္ပါတယ္။ ဒီေတာ့ မိမိဆံပင္ကို ျပန္သံုးသပ္ၾကည့္ပါ။ ဆံပင္ေျဖာင့္သူလား၊ေကာက္သူလားေပါ့။ ဒီေနရာမွာေတာ့ သိပ္ေျဖာင့္လြန္းရင္ မေကာင္းျပန္ဘူး။

ေနာက္အေရးၾကီးတဲ့အခ်က္တခုက ေဆးဝါးေတြ၊ဓာတုပစၥည္းေတြ စဥ္ဆက္မျပတ္ သံုးစြဲတတ္သူလား။ ဒါလည္း အေရးၾကီးတယ္။ အလွအပကို ျပဳျပင္ရတဲ့အခါ ဆိုးက်ိဳးေတြ ရွိနိုင္တယ္။ အထူးသျဖင့္ ဓာတုေဆးဝါးေတြ အသံုးျပဳရသူေတြမွာေပါ့။ ဒီေန႕ေခတ္မွာ ပညာရွင္မဟုတ္ဘဲ အလွအပျပဳျပင္သူ၊ကုသသူေတြ အမ်ားအျပားေတြ႕ရတယ္။ ဒါ့ေၾကာင့္ ကၽြမ္းက်င္ပညာရွင္မဟုတ္ဘဲ အလွအပျပဳျပင္သူေတြ အထူးဂရုစိုက္သင့္တယ္။ ေနာက္အေရးပါတာက အာဟာရဓာတ္ပါ။ အာဟာရဓာတ္ခ်ိဳ႕တဲ့သူေတြမွာ ဆံပင္ကၽြတ္လြယ္တယ္။ ဗီတာမင္၊သတၱဳဓာတ္ မွ်တဖို႕ လိုအပ္တယ္။ vitamin A,B5,B6,B7,B12,folic acid,iron,zinc စတဲ့ဓာတ္ေတြက ဆံပင္အတြက္ အေရးပါတယ္။ ဗီတာမင္ စီက ဆံပင္ျဖဴျခင္းကို တားဆီးေပးမယ္။ ဆံပင္ကၽြတ္လြယ္တဲ့အမ်ိဳးသမီးအမ်ားစုကို ေလ့လာၾကည့္တဲ့အခါ သံဓာတ္ခ်ိဳ႕တဲ့တာမ်ိဳး ေတြ႕ရတယ္။ ဒါ့ျပင္ မဂၢနီစီယမ္၊သြပ္ဓာတ္ေတြကလည္း ဆံပင္ရဲ႕အခန္းက႑အတြက္ အေရးပါတဲ့ သတၱဳဓာတ္ေတြ ျဖစ္ပါတယ္။ ဆံပင္ဆိုတာ ပရိုတင္းဓာတ္နဲ႕ ဖြဲ႕စည္းထားတာျဖစ္လို႕ သူ႕ရဲ႕ အေရးပါမႈကိုလည္း မေမ့အပ္ဘူး။

ဆံပင္အေၾကာင္း ေျပာရင္ hair follicleေခၚတဲ့ ဆံႏြယ္ေပါက္ေစတဲ့ ေမြးညွင္းေပါက္ေတြကို ခ်န္ထားလို႕မရဘူး။ ဆံပင္ပါးတာ၊က်ဲတာ၊ထူတာကို သူက ဆံုးျဖတ္ေပးတယ္။ ဆံပင္ေပါက္မလာေတာ့ဘူးဆိုရင္ hair follicleပ်က္ဆီးေနလား စတင္စဥ္းစားရတယ္။ ဥပမာ နွစ္လ၊သံုးလၾကာျပီ ေပါက္မလာေတာ့ဘူးဆိုရင္ အေၾကာင္းရင္းက follicleမွာ ျဖစ္ဖို႕မ်ားတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ သီအိုရီအရ တစ္လမွာ ဆံပင္ လက္မဝက္ေလာက္ ရွည္ထြက္တယ္။ ဒီလိုရွည္ထြက္မလာရင္ ဆံပင္အေျခအရင္းကို စစ္ၾကည့္သင့္တယ္။ အရင္းကမေပါက္ရင္ အဖ်ားကို ၾကည့္လို႕မရနိုင္ေတာ့ဘူး။ ေနာက္အေရးပါတဲ့အခ်က္က ဆံသားေတြ ေျခာက္ေသြ႕ေနလား ဆိုတာပါ။ အရာဝတၱဳတိုင္းမွာ ေျခာက္ေသြ႕တယ္ဆိုရင္ ဘာမွမေကာင္းဘူး။ဥပမာ သစ္ပင္တစ္ပင္ ေျခာက္ေသြ႕ေနရင္ ဆက္လက္ၾကီးထြားမလာေတာ့ဘူး။ ပ်က္ဆီးသြားတယ္။ ျမိဳ႕ၾကီး၊ျပၾကီးေတြမွာလည္း ေျခာက္ကပ္တယ္ဆိုတာ တိုးတက္မႈမရွိတာကို ဆိုလိုတယ္။ အလားတူ ဆံပင္ေတြကိုလည္း ေျခာက္ေသြ႕ေအာင္ မထားသင့္ဘူး။ ပ်က္ဆီးလြယ္လို႕ ျဖစ္တယ္။ ေကာင္းတာက မိမိဆံႏြယ္ကို ဆီလိမ္းတာ၊သပ္ရပ္သန္႕ရွင္းေအာင္ အျမဲဖီးလိမ္းတာမ်ိဳး လုပ္ေပးသင့္တယ္။ ပိုအေရးၾကီးတာက ဆံသားေတြကို ဆြဲတာ၊လိမ္တာ၊ကိုင္တာ ဘာမွမျပဳလုပ္သင့္ဘူး။ ဆံပင္ကို အျမဲကလိေနသူေတြဟာ ဆံပင္ပ်က္ဆီးဖို႕ ပိုလြယ္ကူတယ္။ ဆံသဆိုင္ေတြ၊beauty spaေတြမွာ ဆံပင္ဆြဲတာ၊လိမ္တာ ျပဳလုပ္တတ္ၾကတယ္။ ေကာင္းတာေျပာရရင္ ဦးေရျပားကို နွိပ္ေပးနိုင္ပါတယ္။ ဒါေပမယ့္ ဆြဲသူ၊လိမ္သူ၊အၾကမ္းပတမ္းကိုင္တြယ္သူမ်ားကို ေဝးေဝးက ေရွာင္ပါ။ အကိုင္အတြယ္ညံ့သူေတြ ျဖစ္ရင္ သတိထားပါ။

ဒီေတာ့ ပါးလႊာတဲ့ဆံပင္၊ဆံသားေတြကို မကၽြတ္ေအာင္၊ျပတ္က်မလာေအာင္ ဘယ္လိုကာကြယ္လုပ္ေဆာင္နိုင္မလဲ။ အလြယ္ဆံုးနည္းက အုန္းဆီသံုးပါ။ အုန္းဆီမွာ ဆံပင္အတြက္လိုအပ္တဲ့ အာဟာရဓာတ္ျပည့္ဝစြာပါဝင္လို႕ ဆံသားကၽြတ္တာ၊ျပတ္တာမ်ိဳးကို သက္သာေစတယ္။ ရွားေစာင္းလက္ပက္ အသံုးျပဳၾကည့္ပါ။ ဒီဖက္ေခတ္ ဝင္လာတဲ့ shampooေတြ၊gelလိမ္းေဆးေတြမွာ ရွားေစာင္းလက္ပက္ကို အသံုးျပဳလာၾကတယ္။ အစိုဓာတ္ထိန္းျပီး ဦးေရျပားေျခာက္ေသြ႕ျခင္းကို ကာကြယ္ေပးတယ္။ရွားေစာင္းလက္ပက္သံုးျပီး ဦးေရျပားကို နွိပ္ေပးပါ။ နာရီဝက္ေလာက္ေနတဲ့အခါ ေရေႏြးနဲ႕ ေခါင္းေလွ်ာ္ေပးပါ။ ဒီနည္းက ဦးေရျပားေျခာက္ေသြ႕၊ယားယံျခင္းအတြက္ သင့္ေတာ္ပါတယ္။ ေခါင္းေလွ်ာ္တဲ့အခါ တမာရြက္သံုးျပီး ေခါင္းေလွ်ာ္တာကို ဖြံ႔ျဖိဳးျပီး နိုင္ငံေတြမွာလည္း လက္ခံလာၾကပါျပီ။ တမာရြက္ကို ေရေႏြးပြက္ပြက္ဆူထဲမွာ ထည့္ျပဳတ္ပါ။ ေရတဝက္ေလာက္ခမ္းတဲ့အခါ အေအးခံပါ။ ျပီးရင္ ေခါင္းကိုေလာင္း၍ ေသခ်ာေလွ်ာ္ပါ။ တပတ္ကို တၾကိမ္ေလာက္ ေလွ်ာ္သင့္တယ္လို႕ အၾကံေပးထားတယ္။

ဆံပင္ကၽြတ္တဲ့အခါ လက္ဖက္စိမ္းနဲ႕ ၾကက္ဥအနွစ္ေရာျပီး လိမ္းေပးနိုင္တယ္။လက္ဖက္စိမ္းက ဆံသားေတြကို ႏူးညံ့ေပ်ာ့ေပ်ာင္းေစတယ္။ ၾကက္ဥအနွစ္က ဆံပင္ေတြ က်န္းမာသန္စြမ္းေစတယ္။ အေစ့အဆန္ေတြကရတဲ့ အဆီ(Jojoba oil, almond oil, mustard oil, lavender oi)ကို သံုးျပီး ဦးေရျပားကို နွိပ္ေပးနိုင္တယ္။ေဗာက္ေပ်ာက္ခ်င္ရင္ jojoba oilကုိ အသံုးျပဳသင့္တယ္။ အာယုေဗဒေဆးက်မ္းမွာ ဆီးျဖဴသီးကို အုန္းဆီနဲ႕ေရာ၊ၾကိဳခ်က္ျပီး လိမ္းရင္ ဆံသားေတြကို အထူးေကာင္းမြန္ေစတယ္လို႕ ဖတ္ရတယ္။ ဆံပင္ကၽြတ္တာကိုလည္း ကာကြယ္ေပးမယ္လို႕ဆုိထားတယ္။

ဆံႏြယ္ကၽြတ္ျခင္း၊ပါးျခင္းအတြက္ အမွန္တကယ္ေသာက္သံုးနိုင္တဲ့ ေဆးဝါးမ်ိဳးမရွိေသးပါဘူး။ လိမ္းေဆးလာတာေတာ့ ရွိပါတယ္။ ထိပ္ေျပာင္သူ၊ဆံပင္ပါးသူအတြက္ minoxidil 2% လိမ္းေဆးကို အသံုးျပဳနိုင္ပါတယ္။ သို႕ေသာ္ ေဆးျပန္ျဖတ္တဲ့အခါ ၆လ အတြင္း ဆံႏြယ္ေတြဟာ နဂိုအတိုင္း ျပန္ကၽြတ္ၾကတာမို႕ ယာယီေဆးေပးျပီး အခ်ိဳသတ္ထားသလို ျဖစ္ေနျပန္တယ္။ မရွိတာထက္စာရင္ ေတာ္လွျပီ ေအာက္ေမ့ေနရတယ္။ ေနာက္ပိုင္းမွာ ေရရွည္အာနိသင္ရွိတဲ့၊အာမခံနိုင္တဲ့ ေဆးမ်ိဳး ေပၚပါက္လာနိုင္မလား ဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

မေပၚခင္စပ္ၾကားမွာ ဆံကၽြတ္သူတို႕ သတိထားေရွာင္ၾကဥ္သင့္တဲ့ အခ်က္ေတြကို ေဖာ္ျပပါရေစ။ ဆံပင္ဆိုးေဆးသံုးတဲ့အခါ သတိထားပါ။ Chemicalပါဝင္တဲ့ လိမ္းေဆး၊ဆိုးေဆးေတြက ဆံသားကို ပိုမိုပ်က္ဆီးေစတယ္။ အမ်ိဳးသမီးေတြ ဆံပင္ေျဖာင့္တာ၊ ေကာက္တာ၊လိမ္တာ ဘယ္ဟာမွ အားမေပးခ်င္ဘူး။ သဘာဝအတိုင္းပဲေကာင္းတယ္။ အညစ္အေၾကး၊ဖုန္၊ေဗာက္ကင္းစင္ျပီး ဦးေရျပားသန္႕ရွင္းေအာင္ ၃ရက္တၾကိမ္ ေခါင္းေလွ်ာ္ေပးသင့္တယ္။ ဆံပင္စိုစြတ္ေနစဥ္မွာ ေခါင္းမဖီးပါနဲ႕။ ေျခာက္ေသြ႕မွဖီးပါ။ ေခါင္းေလွ်ာ္ျပီးေနာက္ က်ဲတဲ့ဘီးစိတ္နဲ႕အရင္ဖီးပါ။ ျပီးမွ ပံုမွန္ဘီးနဲ႕ပံုသြင္းပါ။ ေရသုတ္တဲ့အခါ တဘက္နဲ႕ ၾကမ္းၾကမ္းတမ္းတမ္း ဖိမသုတ္ပါနဲ႕။ ဖြဖြေလးသုတ္ပါ။ ဆံပင္ကို အလြန္အကၽြံ တင္းက်ပ္ေနေအာင္ ဆြဲစုမထားပါနဲ႕။ ဆံသားေတြ ပ်က္ဆီးနိုင္တယ္။ ဆံႏြယ္ေတြ က်န္းမာသန္စြမ္းေအာင္ ဆီတမ်ိဳးမ်ိဳး လိမ္းပါ။ သဘာဝေခါင္းလိမ္းဆီ တမ်ိဳးမ်ိဳး(coconut, olive, canola, jojoba, sesame oil) ကို တပတ္မွာ နွစ္ၾကိမ္ေလာက္ လိမ္းေပးသင့္တယ္။

အစားအေသာက္ေတြထဲမွာ အဆီမ်ားတဲ့အစားအစာ၊ေၾကာ္ခ်က္စာေတြက ဦးေရျပားကို ပ်က္ဆီးေစတယ္။အလြယ္တကူစားသံုးနိုင္တဲ့ junk food၊ေခါက္ဆြဲေျခာက္ေတြက ဆံပင္အတြက္ အာဟာရမျဖစ္ဘူး။ ဒီေနရာမွာ လတ္ဆတ္တဲ့ အသီးအရြက္၊သစ္သီးဝလံေတြ စားေပးသင့္တယ္။ ပန္းသီးတလံုးကို ခြဲထားျပီး ေနာက္ရက္မွစားတာမ်ိဳးကို လတ္ဆတ္တယ္လို႕ မေခၚနိုင္ဘူး။ ဘာ့ေၾကာင့္လဲဆိုေတာ့ ေလထဲကေအာက္ဆီဂ်င္နဲ႕ေပါင္းျပီး ဓာတ္တိုးသြားလို႕ ျဖစ္တယ္။ ၾကည့္လိုက္ရင္လတ္ဆက္မေနဘဲ အညိုေရာင္သမ္းေနမယ္။ ဒီအစားအစာမ်ိဳးကို အတတ္နိုင္ဆံုးေရွာင္ၾကဥ္သင့္တယ္။ ေၾကာ္ခ်က္ထားတဲ့အစားအစာေတြကို စားသံုးတဲ့အခါ နွစ္ျပန္ေၾကာ္တာလည္း မေကာင္းဘူး။ ထပ္ေႏြးတာ၊ျပန္ေၾကာ္တာကအာဟာရဓာတ္ကို ပိုမိုပ်က္ဆီးေစတယ္။ ဆံပင္ကၽြတ္သူေတြ စားအပ္တဲ့ super food ထိပ္တန္း အစားအစာ ဆိုတာလည္း ရွိေသးတယ္။ အမဲသား၊ငါး၊ၾကက္ဥ၊ပဲ၊ဟင္းနုႏြယ္၊စပ်စ္သီးေျခာက္၊ပဲနီေလးစတာေတြ ျဖစ္ပါတယ္။ဆံပင္ကၽြတ္တာ၊ပါးတာကို ကာကြယ္ဖို႕ ဗီတာမင္အားေဆး ေသာက္ေပး၊ျဖည့္ေပးနိုင္တယ္။ ပါဝင္သင့္တဲ့ဓာတ္ေတြက vitamin A,B6,Biotin,C,E, iron,zinc,magnesium, omega 3 စတာေတြ ျဖစ္ပါတယ္။

အၾကံျပဳခ်က္မ်ား
-ေလ့က်င့္ခန္းလုပ္ပါ။
-အိပ္ေရးဝဝ အိပ္ပါ။
-စိတ္ဖိစီးမႈေလွ်ာ့ခ်ပါ။
-ေရမ်ားမ်ားေသာက္ပါ။
-အသားဓာတ္မ်ားမ်ားစားပါ။
-အဆီေလွ်ာ့စားပါ။
-အသီးအရြက္ ပံုမွန္ထက္ပိုစားသင့္တယ္။
-သစ္သီးေဖ်ာ္ရည္ ေသာက္ေပးနိုင္တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာ ေအးမင္းထူး

#Unicode Version#
တရက်က အွန်လိုင်းအမေး၊အဖြေကဏ္ဍတခုမှာ အမျိုးသမီးတယောက်က မေးထားပါတယ်။ ဆံပင်တွေ ပျက်ဆီးတာ (၂)နှစ်လောက် ရှိပြီ။ ခေါင်းဖီးလိုက်ရင် ဆံပင်တွေ ကျွတ်ကျ၊ပြတ်ကျလာပါသတဲ့။ ဆေးတွေ သုံးတာလဲ စုံနေပြီ။ အခု ဘာဆေးသောက်သင့်လဲ။ ဘာဆက်လုပ်ရမှာလဲ။ ဆောင်ရန်၊ရှောင်ရန် မေးထားပါတယ်။

ဟုတ်ပါပြီ။ ဒီတော့ ဆံပင်ဘာ့ကြောင့် ကျွတ်စေပါသလဲ။ ဖြစ်နိုင်တဲ့အကြောင်းအရင်း သီအိုရီများစွာရှိပါတယ်။ မျိုးရိုး၊ဟော်မုန်း၊စိတ်ဖိစီးမှု၊အာဟာရချို့တဲ့မှု၊အသက်အရွယ်၊ဆေးဝါးစသည်ဖြင့် မာတိကာများစွာတွေ့ရပါမယ်။ အသက်အရွယ်ပေါ်လိုက်ပြီး အကြောင်းရင်း တခုနဲ့တခု မတူညီကြဘူး။ အမျိုးသမီးတွေဟာ အလှအပရေးရာ ကရိကထများသလို ပြုပြင်ပြောင်းလဲချင်တာကလည်း ထိပ်ဆုံးမှာရှိနေတယ်။ တကယ့် ပြုပြင်ပြောင်းလဲရေးသမားစစ်စစ်တွေလည်း ဖြစ်ပါတယ်။ ဆံပင်ကောက်တာ၊ဖြောင့်တာ၊ဆေးဆိုး၊ဆေးချွတ် ဒီကြားထဲ စိတ်ညစ်ညူးရင် ဆံပင်ကို ကိုင်ကြ၊လိမ်ကြသေးတယ်။
အမျိုးသားတွေမှာတော့ အသက်ကြီးလာတဲ့အခါ ထိပ်ပြောင်တာ၊ထိပ်ကွက်တာမျိုး အဖြစ်များတယ်။ androgen ခေါ်တဲ့ အမျိုးသားဟော်မုန်းတမျိုးကြောင့်ပါ။ androgenic alopeciaလို့လည်းခေါ်ပါတယ်။ အသက်(၄၀)အရွယ်တွေမှာ စတွေ့ရတယ်။ အမျိုးသမီးတွေကျတော့ အပျိုဝင်ပြီဆိုကတည်းက ဆံပင်ကျွတ်တာ၊ဆံသားပါးတာရှိပါတယ်။ စိတ်ဖိစီးမှု၊သွေးသားအပြောင်းအလဲ အမျိုးသမီးတွေမှာ ပိုများတယ်။ chemical ဓာတုဆေးဝါးတွေ သုံးတာလဲ သူတို့ပဲ။ ဆံပင်ချေးချွတ်၊ဆံနွယ်ပြုပြင် လှချင်သူများစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတယ်။ လူတိုင်း သူ့မျိုးရိုး၊သူ့ဗီဇနဲ့သူ ဆံပင်ကောက်တာ၊ဆံပင်တွန့်တာမျိုး ရှိပါတယ်။

ဆံပင်တွေကို ယေဘုယျ သုံးသပ်ရရင် သုံးမျိုး ဖြစ်နိုင်တယ်။ ဆံလုံး(ဆံပင်)ဝိုင်းတဲ့သူက ဆံပင်ဖြောင့်တယ်။ ဆံလုံးက ဘဲဥပုံဖြစ်ရင် လှိုင်းတွန့်ပုံ(wave) ရှိတယ်။ အကယ်၍ ဆံပင်လုံးက ပြားတယ်(flat)ဆိုရင် ကပ္ပလီဆံပင်၊စပရိန်လို တွန့်ချိတ်နေမယ်။ ဒီထဲမှာ ဆံလုံး ဝိုင်းသူနဲ့ ဘဲဥပုံ ဆံနွယ်တွေက ပိုုကျွတ်လွယ်တယ်။ ဆံပင်ဖြောင့်လေ ဆံပင်ကျွတ်ဖို့လွယ်ကူလေ ဖြစ်ပါတယ်။ ဒီတော့ မိမိဆံပင်ကို ပြန်သုံးသပ်ကြည့်ပါ။ ဆံပင်ဖြောင့်သူလား၊ကောက်သူလားပေါ့။ ဒီနေရာမှာတော့ သိပ်ဖြောင့်လွန်းရင် မကောင်းပြန်ဘူး။

နောက်အရေးကြီးတဲ့အချက်တခုက ဆေးဝါးတွေ၊ဓာတုပစ္စည်းတွေ စဉ်ဆက်မပြတ် သုံးစွဲတတ်သူလား။ ဒါလည်း အရေးကြီးတယ်။ အလှအပကို ပြုပြင်ရတဲ့အခါ ဆိုးကျိုးတွေ ရှိနိုင်တယ်။ အထူးသဖြင့် ဓာတုဆေးဝါးတွေ အသုံးပြုရသူတွေမှာပေါ့။ ဒီနေ့ခေတ်မှာ ပညာရှင်မဟုတ်ဘဲ အလှအပပြုပြင်သူ၊ကုသသူတွေ အများအပြားတွေ့ရတယ်။ ဒါ့ကြောင့် ကျွမ်းကျင်ပညာရှင်မဟုတ်ဘဲ အလှအပပြုပြင်သူတွေ အထူးဂရုစိုက်သင့်တယ်။ နောက်အရေးပါတာက အာဟာရဓာတ်ပါ။ အာဟာရဓာတ်ချို့တဲ့သူတွေမှာ ဆံပင်ကျွတ်လွယ်တယ်။ ဗီတာမင်၊သတ္တုဓာတ် မျှတဖို့ လိုအပ်တယ်။ vitamin A,B5,B6,B7,B12,folic acid,iron,zinc စတဲ့ဓာတ်တွေက ဆံပင်အတွက် အရေးပါတယ်။ ဗီတာမင် စီက ဆံပင်ဖြူခြင်းကို တားဆီးပေးမယ်။ ဆံပင်ကျွတ်လွယ်တဲ့အမျိုးသမီးအများစုကို လေ့လာကြည့်တဲ့အခါ သံဓာတ်ချို့တဲ့တာမျိုး တွေ့ရတယ်။ ဒါ့ပြင် မဂ္ဂနီစီယမ်၊သွပ်ဓာတ်တွေကလည်း ဆံပင်ရဲ့အခန်းကဏ္ဍအတွက် အရေးပါတဲ့ သတ္တုဓာတ်တွေ ဖြစ်ပါတယ်။ ဆံပင်ဆိုတာ ပရိုတင်းဓာတ်နဲ့ ဖွဲ့စည်းထားတာဖြစ်လို့ သူ့ရဲ့ အရေးပါမှုကိုလည်း မမေ့အပ်ဘူး။

ဆံပင်အကြောင်း ပြောရင် hair follicleခေါ်တဲ့ ဆံနွယ်ပေါက်စေတဲ့ မွေးညှင်းပေါက်တွေကို ချန်ထားလို့မရဘူး။ ဆံပင်ပါးတာ၊ကျဲတာ၊ထူတာကို သူက ဆုံးဖြတ်ပေးတယ်။ ဆံပင်ပေါက်မလာတော့ဘူးဆိုရင် hair follicleပျက်ဆီးနေလား စတင်စဉ်းစားရတယ်။ ဥပမာ နှစ်လ၊သုံးလကြာပြီ ပေါက်မလာတော့ဘူးဆိုရင် အကြောင်းရင်းက follicleမှာ ဖြစ်ဖို့များတယ်။ ဘာ့ကြောင့်လဲဆိုတော့ သီအိုရီအရ တစ်လမှာ ဆံပင် လက်မဝက်လောက် ရှည်ထွက်တယ်။ ဒီလိုရှည်ထွက်မလာရင် ဆံပင်အခြေအရင်းကို စစ်ကြည့်သင့်တယ်။ အရင်းကမပေါက်ရင် အဖျားကို ကြည့်လို့မရနိုင်တော့ဘူး။ နောက်အရေးပါတဲ့အချက်က ဆံသားတွေ ခြောက်သွေ့နေလား ဆိုတာပါ။ အရာဝတ္တုတိုင်းမှာ ခြောက်သွေ့တယ်ဆိုရင် ဘာမှမကောင်းဘူး။ဥပမာ သစ်ပင်တစ်ပင် ခြောက်သွေ့နေရင် ဆက်လက်ကြီးထွားမလာတော့ဘူး။ ပျက်ဆီးသွားတယ်။ မြို့ကြီး၊ပြကြီးတွေမှာလည်း ခြောက်ကပ်တယ်ဆိုတာ တိုးတက်မှုမရှိတာကို ဆိုလိုတယ်။ အလားတူ ဆံပင်တွေကိုလည်း ခြောက်သွေ့အောင် မထားသင့်ဘူး။ ပျက်ဆီးလွယ်လို့ ဖြစ်တယ်။ ကောင်းတာက မိမိဆံနွယ်ကို ဆီလိမ်းတာ၊သပ်ရပ်သန့်ရှင်းအောင် အမြဲဖီးလိမ်းတာမျိုး လုပ်ပေးသင့်တယ်။ ပိုအရေးကြီးတာက ဆံသားတွေကို ဆွဲတာ၊လိမ်တာ၊ကိုင်တာ ဘာမှမပြုလုပ်သင့်ဘူး။ ဆံပင်ကို အမြဲကလိနေသူတွေဟာ ဆံပင်ပျက်ဆီးဖို့ ပိုလွယ်ကူတယ်။ ဆံသဆိုင်တွေ၊beauty spaတွေမှာ ဆံပင်ဆွဲတာ၊လိမ်တာ ပြုလုပ်တတ်ကြတယ်။ ကောင်းတာပြောရရင် ဦးရေပြားကို နှိပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဆွဲသူ၊လိမ်သူ၊အကြမ်းပတမ်းကိုင်တွယ်သူများကို ဝေးဝေးက ရှောင်ပါ။ အကိုင်အတွယ်ညံ့သူတွေ ဖြစ်ရင် သတိထားပါ။

ဒီတော့ ပါးလွှာတဲ့ဆံပင်၊ဆံသားတွေကို မကျွတ်အောင်၊ပြတ်ကျမလာအောင် ဘယ်လိုကာကွယ်လုပ်ဆောင်နိုင်မလဲ။ အလွယ်ဆုံးနည်းက အုန်းဆီသုံးပါ။ အုန်းဆီမှာ ဆံပင်အတွက်လိုအပ်တဲ့ အာဟာရဓာတ်ပြည့်ဝစွာပါဝင်လို့ ဆံသားကျွတ်တာ၊ပြတ်တာမျိုးကို သက်သာစေတယ်။ ရှားစောင်းလက်ပက် အသုံးပြုကြည့်ပါ။ ဒီဖက်ခေတ် ဝင်လာတဲ့ shampooတွေ၊gelလိမ်းဆေးတွေမှာ ရှားစောင်းလက်ပက်ကို အသုံးပြုလာကြတယ်။ အစိုဓာတ်ထိန်းပြီး ဦးရေပြားခြောက်သွေ့ခြင်းကို ကာကွယ်ပေးတယ်။ရှားစောင်းလက်ပက်သုံးပြီး ဦးရေပြားကို နှိပ်ပေးပါ။ နာရီဝက်လောက်နေတဲ့အခါ ရေနွေးနဲ့ ခေါင်းလျှော်ပေးပါ။ ဒီနည်းက ဦးရေပြားခြောက်သွေ့၊ယားယံခြင်းအတွက် သင့်တော်ပါတယ်။ ခေါင်းလျှော်တဲ့အခါ တမာရွက်သုံးပြီး ခေါင်းလျှော်တာကို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း လက်ခံလာကြပါပြီ။ တမာရွက်ကို ရေနွေးပွက်ပွက်ဆူထဲမှာ ထည့်ပြုတ်ပါ။ ရေတဝက်လောက်ခမ်းတဲ့အခါ အအေးခံပါ။ ပြီးရင် ခေါင်းကိုလောင်း၍ သေချာလျှော်ပါ။ တပတ်ကို တကြိမ်လောက် လျှော်သင့်တယ်လို့ အကြံပေးထားတယ်။

ဆံပင်ကျွတ်တဲ့အခါ လက်ဖက်စိမ်းနဲ့ ကြက်ဥအနှစ်ရောပြီး လိမ်းပေးနိုင်တယ်။လက်ဖက်စိမ်းက ဆံသားတွေကို နူးညံ့ပျော့ပျောင်းစေတယ်။ ကြက်ဥအနှစ်က ဆံပင်တွေ ကျန်းမာသန်စွမ်းစေတယ်။ အစေ့အဆန်တွေကရတဲ့ အဆီ(Jojoba oil, almond oil, mustard oil, lavender oi)ကို သုံးပြီး ဦးရေပြားကို နှိပ်ပေးနိုင်တယ်။ဗောက်ပျောက်ချင်ရင် jojoba oilကို အသုံးပြုသင့်တယ်။ အာယုဗေဒဆေးကျမ်းမှာ ဆီးဖြူသီးကို အုန်းဆီနဲ့ရော၊ကြိုချက်ပြီး လိမ်းရင် ဆံသားတွေကို အထူးကောင်းမွန်စေတယ်လို့ ဖတ်ရတယ်။ ဆံပင်ကျွတ်တာကိုလည်း ကာကွယ်ပေးမယ်လို့ဆိုထားတယ်။

ဆံနွယ်ကျွတ်ခြင်း၊ပါးခြင်းအတွက် အမှန်တကယ်သောက်သုံးနိုင်တဲ့ ဆေးဝါးမျိုးမရှိသေးပါဘူး။ လိမ်းဆေးလာတာတော့ ရှိပါတယ်။ ထိပ်ပြောင်သူ၊ဆံပင်ပါးသူအတွက် minoxidil 2% လိမ်းဆေးကို အသုံးပြုနိုင်ပါတယ်။ သို့သော် ဆေးပြန်ဖြတ်တဲ့အခါ ၆လ အတွင်း ဆံနွယ်တွေဟာ နဂိုအတိုင်း ပြန်ကျွတ်ကြတာမို့ ယာယီဆေးပေးပြီး အချိုသတ်ထားသလို ဖြစ်နေပြန်တယ်။ မရှိတာထက်စာရင် တော်လှပြီ အောက်မေ့နေရတယ်။ နောက်ပိုင်းမှာ ရေရှည်အာနိသင်ရှိတဲ့၊အာမခံနိုင်တဲ့ ဆေးမျိုး ပေါ်ပါက်လာနိုင်မလား ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မပေါ်ခင်စပ်ကြားမှာ ဆံကျွတ်သူတို့ သတိထားရှောင်ကြဉ်သင့်တဲ့ အချက်တွေကို ဖော်ပြပါရစေ။ ဆံပင်ဆိုးဆေးသုံးတဲ့အခါ သတိထားပါ။ Chemicalပါဝင်တဲ့ လိမ်းဆေး၊ဆိုးဆေးတွေက ဆံသားကို ပိုမိုပျက်ဆီးစေတယ်။ အမျိုးသမီးတွေ ဆံပင်ဖြောင့်တာ၊ ကောက်တာ၊လိမ်တာ ဘယ်ဟာမှ အားမပေးချင်ဘူး။ သဘာဝအတိုင်းပဲကောင်းတယ်။ အညစ်အကြေး၊ဖုန်၊ဗောက်ကင်းစင်ပြီး ဦးရေပြားသန့်ရှင်းအောင် ၃ရက်တကြိမ် ခေါင်းလျှော်ပေးသင့်တယ်။ ဆံပင်စိုစွတ်နေစဉ်မှာ ခေါင်းမဖီးပါနဲ့။ ခြောက်သွေ့မှဖီးပါ။ ခေါင်းလျှော်ပြီးနောက် ကျဲတဲ့ဘီးစိတ်နဲ့အရင်ဖီးပါ။ ပြီးမှ ပုံမှန်ဘီးနဲ့ပုံသွင်းပါ။ ရေသုတ်တဲ့အခါ တဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်း ဖိမသုတ်ပါနဲ့။ ဖွဖွလေးသုတ်ပါ။ ဆံပင်ကို အလွန်အကျွံ တင်းကျပ်နေအောင် ဆွဲစုမထားပါနဲ့။ ဆံသားတွေ ပျက်ဆီးနိုင်တယ်။ ဆံနွယ်တွေ ကျန်းမာသန်စွမ်းအောင် ဆီတမျိုးမျိုး လိမ်းပါ။ သဘာဝခေါင်းလိမ်းဆီ တမျိုးမျိုး(coconut, olive, canola, jojoba, sesame oil) ကို တပတ်မှာ နှစ်ကြိမ်လောက် လိမ်းပေးသင့်တယ်။

အစားအသောက်တွေထဲမှာ အဆီများတဲ့အစားအစာ၊ကြော်ချက်စာတွေက ဦးရေပြားကို ပျက်ဆီးစေတယ်။အလွယ်တကူစားသုံးနိုင်တဲ့ junk food၊ခေါက်ဆွဲခြောက်တွေက ဆံပင်အတွက် အာဟာရမဖြစ်ဘူး။ ဒီနေရာမှာ လတ်ဆတ်တဲ့ အသီးအရွက်၊သစ်သီးဝလံတွေ စားပေးသင့်တယ်။ ပန်းသီးတလုံးကို ခွဲထားပြီး နောက်ရက်မှစားတာမျိုးကို လတ်ဆတ်တယ်လို့ မခေါ်နိုင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ လေထဲကအောက်ဆီဂျင်နဲ့ပေါင်းပြီး ဓာတ်တိုးသွားလို့ ဖြစ်တယ်။ ကြည့်လိုက်ရင်လတ်ဆက်မနေဘဲ အညိုရောင်သမ်းနေမယ်။ ဒီအစားအစာမျိုးကို အတတ်နိုင်ဆုံးရှောင်ကြဉ်သင့်တယ်။ ကြော်ချက်ထားတဲ့အစားအစာတွေကို စားသုံးတဲ့အခါ နှစ်ပြန်ကြော်တာလည်း မကောင်းဘူး။ ထပ်နွေးတာ၊ပြန်ကြော်တာကအာဟာရဓာတ်ကို ပိုမိုပျက်ဆီးစေတယ်။ ဆံပင်ကျွတ်သူတွေ စားအပ်တဲ့ super food ထိပ်တန်း အစားအစာ ဆိုတာလည်း ရှိသေးတယ်။ အမဲသား၊ငါး၊ကြက်ဥ၊ပဲ၊ဟင်းနုနွယ်၊စပျစ်သီးခြောက်၊ပဲနီလေးစတာတွေ ဖြစ်ပါတယ်။ဆံပင်ကျွတ်တာ၊ပါးတာကို ကာကွယ်ဖို့ ဗီတာမင်အားဆေး သောက်ပေး၊ဖြည့်ပေးနိုင်တယ်။ ပါဝင်သင့်တဲ့ဓာတ်တွေက vitamin A,B6,Biotin,C,E, iron,zinc,magnesium, omega 3 စတာတွေ ဖြစ်ပါတယ်။

အကြံပြုချက်များ
-လေ့ကျင့်ခန်းလုပ်ပါ။
-အိပ်ရေးဝဝ အိပ်ပါ။
-စိတ်ဖိစီးမှုလျှော့ချပါ။
-ရေများများသောက်ပါ။
-အသားဓာတ်များများစားပါ။
-အဆီလျှော့စားပါ။
-အသီးအရွက် ပုံမှန်ထက်ပိုစားသင့်တယ်။
-သစ်သီးဖျော်ရည် သောက်ပေးနိုင်တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာ အေးမင်းထူး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top