ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

႐ွမ္းျပည္နယ္ (အေ႐ွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္တြင္ ဩဂုတ္လ ၁၄ ရက္ေန႔ နံနက္ ၆ နာရီခြဲခန္႔က အသက္ ၂၆ ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦး ႀကိဳးဆြဲခ် ေသဆုံးခဲ့ေၾကာင္း တာခ်ီလိတ္ ၿမိဳ႕မရဲစခန္းထံမွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕႐ွိ ဝပ္ေ႐ွာ့တစ္ခုတြင္ လုပ္ကိုင္ေနသည့္ ေတာင္ႀကီးၿမိဳ႕ ေဒသခံ အသက္ ၂၆ ႏွစ္အရြယ္ ဦးရာဇာမိုး ဆိုသူသည္ အဆိုပါေန႔ရက္က အခင္းျဖစ္ လူမေနသည့္ ၿခံအတြင္း႐ွိ ကြၽန္းပင္တြင္ ခါးပတ္ႀကိဳးႏွင့္ ႏြယ္ႀကိဳးမ်ားကို အသုံးျပဳ၍ ျပင္ပဒဏ္ရာမ်ား မရ႐ွိဘဲ ႀကိဳးဆြဲခ် ေသဆုံးခဲ့ျခင္း ျဖစ္ေၾကာင္း က်ဳိင္းတုံၿမိဳ႕ ျပည္နယ္ဒုတိယရဲတပ္ဖြဲ႔မွဴး႐ုံးမွ တာဝန္႐ွိသူတစ္ဦးက ေျပာၾကားသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဓမၼတာအတိုင္း ေသဆုံးျခင္းဟုတ္ မဟုတ္ သိ႐ွိရန္အတြက္ စစ္ေဆးေနၿပီး ေသမႈေသခင္း အမွတ္စဥ္ (၃၆/၂၀၁၇) ေရးဖြင့္ကာ စုံးစမ္းစစ္ေဆးေနေၾကာင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဩဂုတ္လ ၅ ရက္ေန႔မွ ၁၄ ရက္ေန႔အထိ အမ်ဳိးသမီးတစ္ဦးႏွင့္ အမ်ဳိးသားသုံးဦး ႀကိဳးဆြဲခ် ေသဆုံးမႈ ဆက္တိုက္ျဖစ္ေပၚခဲ့ေၾကာင္း တာခ်ီလိတ္ ၿမိဳ႕မရဲစခန္းထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thevoicemynamar

#Unicode Version#
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲခန့်က အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။

တာချီလိတ်မြို့ရှိ ဝပ်ရှော့တစ်ခုတွင် လုပ်ကိုင်နေသည့် တောင်ကြီးမြို့ ဒေသခံ အသက် ၂၆ နှစ်အရွယ် ဦးရာဇာမိုး ဆိုသူသည် အဆိုပါနေ့ရက်က အခင်းဖြစ် လူမနေသည့် ခြံအတွင်းရှိ ကျွန်းပင်တွင် ခါးပတ်ကြိုးနှင့် နွယ်ကြိုးများကို အသုံးပြု၍ ပြင်ပဒဏ်ရာများ မရရှိဘဲ ကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ် သိရှိရန်အတွက် စစ်ဆေးနေပြီး သေမှုသေခင်း အမှတ်စဉ် (၃၆/၂၀၁၇) ရေးဖွင့်ကာ စုံးစမ်းစစ်ဆေးနေကြောင်း၊ တာချီလိတ်မြို့တွင် ဩဂုတ်လ ၅ ရက်နေ့မှ ၁၄ ရက်နေ့အထိ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦး ကြိုးဆွဲချ သေဆုံးမှု ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: thevoicemynamar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top