ပါဝင်ပစ္စည်းများ
ပုစွန်၃၀ ကျပ်သား
ကြက်သား၂၀ ကျပ်သား
ပဲပြားတစ်ခု
ကြက်ဥတစ်လုံး
ရော၍ကြိတ်ထားပါ။
အရသာအတွက်
သကြားအနည်းငယ်
ဆားအနည်းငယ်
အသားပေါင်းရန်
Credit: 7Day Daily
#Unicode Version#
ပိတ်ရက်လေးမှာ အိမ်သားတွေကို ကိုယ်တိုင်လုပ်လက်ရာ ပုစွန် အသားပေါင်းလေး လုပ်ကျွေးရ အောင်လို့ ဖော်ပြလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ပုစွန်၃၀ ကျပ်သား
ကြက်သား၂၀ ကျပ်သား
မုန်လာဥနီအနည်းငယ် (ခြစ်ထားပါ)
ရှီတာကီမှိုခြောက်ငါးခု (ရေစိမ်ထားပါ)
ပဲပြားတစ်ခု
ကြက်သွန်မြိတ်အနည်းငယ် (နုပ်နုပ်စဉ်းထားပါ)
ကြက်ဥတစ်လုံး
ပထမဦးစွာပါဝင်ပစ္စည်းများအားလုံးကို
ရော၍ကြိတ်ထားပါ။
အရသာအတွက်
ပဲငံပြာရည်အကျဲစားပွဲတင်ဇွန်း တစ်ဇွန်း
နှမ်းဆီမွှေးစားပွဲတင်ဇွန်း တစ်ဇွန်း
Chinese Rice Wineစားပွဲတင်ဇွန်း တစ်ဇွန်း
ကော်မှုန့်စားပွဲတင်ဇွန်း တစ်ဇွန်း
ငရုတ်ကောင်းဖြူမှုန့်အနည်းငယ်
သကြားအနည်းငယ်
ဆားအနည်းငယ်
ပထမကြိတ်ထားသော အသားအနှစ်ထဲသို့ အကုန်ရောထည့်၍ စေးနေအောင်နယ်ပါ။
အသားပေါင်းရန်
၁။ ကြွေဇွန်းလေးများကို နှမ်းဆီမွှေးအနည်းငယ်စီသုတ်၍ အသားနှစ်ကို တစ်ဇွန်းစာစီ သိပ်ထည့်ပေးပါ။
၂။ ထို့နောက် ပေါင်းအိုးထဲသို့စီထည့်၍ ရေနွေးငွေ့ဖြင့် ၁၅ မိနစ်ခန့် ပေါင်းပေးပါ။
၃။ ပုစွန်အသားလုံးများ ကျက်လာလျှင် မိမိနှစ်သက်ရာ ဆော့စ်ဖြင့် ပူပူ နွေးနွေး တွဲဖက် သုံးဆောင်နိုင်ပါပြီ။
Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
Home
»
စားသောက်ဖွယ်
»
ဗဟုသုတ
»
ပြည်တွင်း
»
လူမှု့ဘဝ
» ရုံးပိတ်ရက်လေးမှာ အိမ်သားတွေကိုယ်တိုင်လုပ်ကျွေးနိုင်မဲ့ ပုစွန်အသားပေါင်း ...!
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။