ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ခႏၶာကိုယ္ထဲက ေသြး ဘာေၾကာင့္ နီတာလဲ

တကယ္ေတာ့ က်ေနာ္တို႔ အေရျပားရဲ႕ေအာက္မွာ မထင္မွတ္ေလာက္ေအာင္ မ်ားျပားတဲ့ အေရာင္ေတြ ရွိေနပါတယ္။ ပန္း ေရာင္ရွိတဲ့ အဆုတ္ေတြ၊ နီညိုေရာင္ အသည္းနဲ႕ အျခား အစိတ္အပိုင္းေတြေပါ့။

ေသြးလႊတ္ေၾကာ၊ ေသြးျပန္ေၾကာေတြထဲမွာ ေသြးေတြ စီးဆင္းေနေတာ့ အဆိုပါ ေသြးေၾကာေတြကလည္း အနီေရာင္ေတြ ျဖစ္ ေနပါတယ္။ ဒါေပမယ့္ ဘာေၾကာင့္ ေသြးက နီတာလဲ ဆိုတာေတာ့ သင္သိပါသလား။

တကယ္ေတာ့ လူရဲ႕ေသြးဆိုတာက အရည္မဟုတ္ပါဘူး။ သူ႕မွာ ခႏၵာကိုယ္တြင္း အေကာင္းဆုံး လည္ပတ္သြားလာေန ေအာင္ ပါဝင္ပစၥည္းမ်ားစြာ ေပါင္းစပ္ဖြဲ႕စည္းထားပါတယ္။

ေသြးရဲ႕ရာခိုင္ႏႈန္း အမ်ားစုကိုေတာ့ Plasma လို႔ ေခၚတဲ့ ေသြးရည္ၾကည္ေတြနဲ႕ ဖြဲ႕စည္းထားပါတယ္။ ဒီေသြးရည္ၾကည္ထဲ မွာေတာ့ ေသြးဆဲလ္ေပါင္းမ်ားစြာ ပါဝင္ေမ်ာပါေနပါတယ္။ ေအာက္ဆီဂ်င္နဲ႕အတူ အျခား ဓာတ္ေတြလည္း ေရာပါေနပါ တယ္။

ေသြးရည္ၾကည္ဟာ ေသြးရဲ႕အမ်ားဆုံး ပါဝင္မႈ ျဖစ္ေပမယ့္ သူ႕ရဲ႕အေရာင္ကေတာ့ ေဖ်ာ့ေဖ်ာ့ေလးပဲ ရွိပါတယ္။ တကယ္ ေတာ့ ေသြးရဲ႕အေရာင္က သူထဲမွာပါရွိတဲ့ ဓာတ္ေတြရဲ႕အေရာင္ျဖစ္သြားတာပါလို႔ Make Science Easy မွာ တာဝန္ခံ အျဖစ္ လုပ္ကိုင္ေနတဲ့ Jonathan Polley က ေျပာပါတယ္။

ေသြးရည္ၾကည္ထဲမွာ နစ္ျမႇုပ္ပါရွိေနတဲ့ ေသြးဆဲလ္ေတြရဲ႕အေရာင္က အနီေရာင္ပါ။ ေဟမိုဂလိုဗင္နဲ႕ အသားဓာတ္ ပူးေပါင္း ဖြဲ႕စည္းမႈကေန အဆိုပါ ေသြးဆဲလ္ ျဖစ္လာၿပီး အနီေရာင္ ျဖစ္လာတယ္လို႔ ေျပာပါတယ္။

ေသြးနီဆဲလ္ နည္းေနရင္ေတာ့ သင့္အတြက္ က်န္းမာေရး ပိုဂ႐ုစိုက္ဖို႔ လိုအပ္လာမွာပါလို႔လည္း ရွင္းျပပါတယ္။ ပုံမွန္ယူဆ ခ်က္ေတြ အရ ေဟမိုဂလိုဗင္မွာ သံဓာတ္ပါတယ္၊ ဒီအတြက္ ေသြးက နီတယ္လို႔ ဆိုေပမယ့္ အမွန္ေတာ့ မဟုတ္ပါဘူး။

အမွန္ကေတာ့ သံဓာတ္နဲ႕အတူ ေရာပါရွိေနတဲ့ အသားဓာတ္ တမ်ိဳး Hemes ေတြေၾကာင့္ ေသြးက နီတာ ျဖစ္တယ္လို႔ သိ ရပါတယ္။

အဆိုပါ Hemesနဲ႕ သံဓာတ္ အေရာမွာ ေအာက္ဆီဂ်င္နဲ႕ ေတြ႕ၿပီး ဓာတ္တိုးမႈ ျဖစ္လာသလို ေသြးလည္း နီသြားေစတာ ျဖစ္ တယ္လို႔ Polleyက ရွင္းျပပါတယ္။

အျခား က်န္ရွိ ေသြးတြင္းပါ ပစၥည္းေတြက ေသြး အေရာင္အတြက္ ထူးျခားမႈ မရွိေစဘူးလို႔ သိရပါတယ္။ ေအာက္ဆီဂ်င္ ပို မ်ားတဲ့ ေသြးဟာ ပိုၿပီး အေရာင္ရင့္မွာလည္း ျဖစ္ပါတယ္။

ေအာက္ဆီဂ်င္ ပါဝင္မႈ နည္းတဲ့ ေသြးကေတာ့ အေရာင္ နည္းနည္း ပိုရင့္ ညစ္မယ္လို႔ သိရပါတယ္။

တခ်ိဳ႕ အျပာေရာင္ဆန္တဲ့ေသြးေတြ ရွိၿပီး အဆိုုပါ ေသြးေတြကေတာ့ ေသြးတြင္း ေအာက္ဆီဂ်င္ ပါရွိမႈ အထူးနည္းတာ ေၾကာင့္ စိုးရိမ္ရတယ္လို႔ ဆိုပါတယ္။ ၿပီးေတာ့ အဆိုပါ ေသြးျပာခ်င္သူေတြရဲ႕ ေသြးမွာ Copper ပါရွိလို႔ ေသြးျပာခ်င္တာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ေနာက္ဆုံးအေနနဲ႕ေတာ့ အစိမ္းေရာင္ဆန္တဲ့ ေသြးေတြ ရွိေသးၿပီး က်န္းမာေရးနဲ႕ မညီၫြတ္သလို ေသြးဟာ နီၿပီး ရဲေနမွ အေကာင္းဆုံး ျဖစ္မွာပါ။

Ref: http://www.rd.com/health/healthcare/why-is-blood-red/

 ခ်စ္ေဖ (ေတာင္တြင္းေျမ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burma.irrawaddy

#Unicode Version#
ခန္ဓာကိုယ်ထဲက သွေး ဘာကြောင့် နီတာလဲ

တကယ်တော့ ကျနော်တို့ အရေပြားရဲ့အောက်မှာ မထင်မှတ်လောက်အောင် များပြားတဲ့ အရောင်တွေ ရှိနေပါတယ်။ ပန်း ရောင်ရှိတဲ့ အဆုတ်တွေ၊ နီညိုရောင် အသည်းနဲ့ အခြား အစိတ်အပိုင်းတွေပေါ့။

သွေးလွှတ်ကြော၊ သွေးပြန်ကြောတွေထဲမှာ သွေးတွေ စီးဆင်းနေတော့ အဆိုပါ သွေးကြောတွေကလည်း အနီရောင်တွေ ဖြစ် နေပါတယ်။ ဒါပေမယ့် ဘာကြောင့် သွေးက နီတာလဲ ဆိုတာတော့ သင်သိပါသလား။

တကယ်တော့ လူရဲ့သွေးဆိုတာက အရည်မဟုတ်ပါဘူး။ သူ့မှာ ခန္ဒာကိုယ်တွင်း အကောင်းဆုံး လည်ပတ်သွားလာနေ အောင် ပါဝင်ပစ္စည်းများစွာ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။

သွေးရဲ့ရာခိုင်နှုန်း အများစုကိုတော့ Plasma လို့ ခေါ်တဲ့ သွေးရည်ကြည်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီသွေးရည်ကြည်ထဲ မှာတော့ သွေးဆဲလ်ပေါင်းများစွာ ပါဝင်မျောပါနေပါတယ်။ အောက်ဆီဂျင်နဲ့အတူ အခြား ဓာတ်တွေလည်း ရောပါနေပါ တယ်။

သွေးရည်ကြည်ဟာ သွေးရဲ့အများဆုံး ပါဝင်မှု ဖြစ်ပေမယ့် သူ့ရဲ့အရောင်ကတော့ ဖျော့ဖျော့လေးပဲ ရှိပါတယ်။ တကယ် တော့ သွေးရဲ့အရောင်က သူထဲမှာပါရှိတဲ့ ဓာတ်တွေရဲ့အရောင်ဖြစ်သွားတာပါလို့ Make Science Easy မှာ တာဝန်ခံ အဖြစ် လုပ်ကိုင်နေတဲ့ Jonathan Polley က ပြောပါတယ်။

သွေးရည်ကြည်ထဲမှာ နစ်မြှုပ်ပါရှိနေတဲ့ သွေးဆဲလ်တွေရဲ့အရောင်က အနီရောင်ပါ။ ဟေမိုဂလိုဗင်နဲ့ အသားဓာတ် ပူးပေါင်း ဖွဲ့စည်းမှုကနေ အဆိုပါ သွေးဆဲလ် ဖြစ်လာပြီး အနီရောင် ဖြစ်လာတယ်လို့ ပြောပါတယ်။

သွေးနီဆဲလ် နည်းနေရင်တော့ သင့်အတွက် ကျန်းမာရေး ပိုဂရုစိုက်ဖို့ လိုအပ်လာမှာပါလို့လည်း ရှင်းပြပါတယ်။ ပုံမှန်ယူဆ ချက်တွေ အရ ဟေမိုဂလိုဗင်မှာ သံဓာတ်ပါတယ်၊ ဒီအတွက် သွေးက နီတယ်လို့ ဆိုပေမယ့် အမှန်တော့ မဟုတ်ပါဘူး။

အမှန်ကတော့ သံဓာတ်နဲ့အတူ ရောပါရှိနေတဲ့ အသားဓာတ် တမျိုး Hemes တွေကြောင့် သွေးက နီတာ ဖြစ်တယ်လို့ သိ ရပါတယ်။

အဆိုပါ Hemesနဲ့ သံဓာတ် အရောမှာ အောက်ဆီဂျင်နဲ့ တွေ့ပြီး ဓာတ်တိုးမှု ဖြစ်လာသလို သွေးလည်း နီသွားစေတာ ဖြစ် တယ်လို့ Polleyက ရှင်းပြပါတယ်။

အခြား ကျန်ရှိ သွေးတွင်းပါ ပစ္စည်းတွေက သွေး အရောင်အတွက် ထူးခြားမှု မရှိစေဘူးလို့ သိရပါတယ်။ အောက်ဆီဂျင် ပို များတဲ့ သွေးဟာ ပိုပြီး အရောင်ရင့်မှာလည်း ဖြစ်ပါတယ်။

အောက်ဆီဂျင် ပါဝင်မှု နည်းတဲ့ သွေးကတော့ အရောင် နည်းနည်း ပိုရင့် ညစ်မယ်လို့ သိရပါတယ်။

တချို့ အပြာရောင်ဆန်တဲ့သွေးတွေ ရှိပြီး အဆိုုပါ သွေးတွေကတော့ သွေးတွင်း အောက်ဆီဂျင် ပါရှိမှု အထူးနည်းတာ ကြောင့် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ပြီးတော့ အဆိုပါ သွေးပြာချင်သူတွေရဲ့ သွေးမှာ Copper ပါရှိလို့ သွေးပြာချင်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နောက်ဆုံးအနေနဲ့တော့ အစိမ်းရောင်ဆန်တဲ့ သွေးတွေ ရှိသေးပြီး ကျန်းမာရေးနဲ့ မညီညွတ်သလို သွေးဟာ နီပြီး ရဲနေမှ အကောင်းဆုံး ဖြစ်မှာပါ။

Ref: http://www.rd.com/health/healthcare/why-is-blood-red/


 ချစ်ဖေ (တောင်တွင်းမြေ)


ဖိုးသူတော် (www.phothutaw.com)
Credit: Burma.irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top