ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

အခု​ေဆာင္​းပါး​ေတြက ပုတီးစိပ္​တာနဲ႔ ပတ္​သက္​ၿပီး​ေတာ့ က်​ေနာ္​သိသ​ေလာက္​ျပန္​လည္​ ​ေဝမ်ွ ျခင္​းပဲ ျဖစ္​ပါတယ္​ ။ ႐ွည္​႐ွည္​​ေဝး​ေဝးႀကီး ႐ွင္​းျပမ​ေန​ေတာ့ပဲ ပုတီးစိပ္​ျခင္​းနဲ႔ သက္​ဆိုင္​တဲ့အ​ေၾကာင္​း​ေတြကိုသာ ​ေရးသားသြားမွာ ျဖစ္​ပါတယ္​။
ပုတီးစိပ္​ခါစ အမ်ားသူငါအတြက္​ အက်ိဳးျပဳ သြားမယ္​ဆိုရင္​ပဲ​က်​ေနာ္​​ေရးသားရက်ိဳး နပ္​ပါၿပီလို႔ ယူဆပါတယ္​ ။
ပုတီးစိပ္​တာက အ​ေၾကာင္​းအမ်ိဳးမ်ိဳး႐ွိၾကပါလိမ္​့မယ္​ ။ ဘယ္​လိုပဲ စိပ္​ၾကသည္​ျဖစ္​​ေစ။ ကုသိုလ္​တရား​ေတြ ပြားမ်ားျခင္​းျဖစ္​လို႔ သာဓု​ေခၚရပါတယ္​ ။
ပုတီးလမ္​းမွာ ပထမဦးဆုံး အ​ေရးႀကီးတာက​ေတာ့ ပရိကံျပဳ ရတဲ့အပိုင္​း​ေပါ့။ စာအုပ္​​ေတြမွာ​ေတာ့ ပရိကံအ႐ွည္​ႀကီး​ေတြ ​ေရးထားတာ​ေတြ႔ရပါလိမ္​့မယ္​ ။

"ပုတီးစိပ္​တာပဲကြာ...ဂုဏ္​​ေတာ္​ပြား ၿပီး​ေရာ​ေပါ့...ဘာ​ေတြ ညာ​ေတြ မလိုဘူး..."စသည္​ျဖင္​့ ​စနစ္​မက်တဲ့သူ​ေတြ ​ေျပာတတ္​ၾကတာ ၾကားဘူးၾကမွာပါ...။ က်​ေနာ္​လည္​း ဟိုးအရင္​ ပုတီးစတင္ ​စိပ္​တဲ့အခါတုန္​းက အဲဒီလိုစကား​ေတြကိုနား​ေယာင္​ဘူးပါတယ္​ ။ စနစ္​မက်​​ေတာ့ ခရီးက ထင္​သ​ေလာက္​ မ​ေရာက္​ပါဘူး​ ။ေနာက္​ပိုင္​း ပုတီးစိပ္​ရင္​း စိပ္​ရင္​း... ​ေလ့လာရင္​း ​ေလ့လာရင္​းနဲ႔ အ​ေတြ႔အၾကဳံက သင္​​ေပး​ေတာ့မွ အရင္​က သိခဲ့တာ​ေတြက အတားအဆီးတစ္​ခုလို ျဖစ္​မွန္​း နားလည္​မိပါတယ္​ ။လမ္​းစဥ္​​ေတြက သူ႔လမ္​းနဲ႔သူ ႐ွိ​ေနပါတယ္​ ။ ပုတီးစိပ္​တာက အက်ိဳးတရား အနႏၱ႐ွိမွန္​း လက္​​ေတြ႔စိပ္​ဘူးတဲ့သူ​ေတြ သိၾကပါတယ္​။ ပညာ႐ွိသူ​ေတာ္​​ေကာင္​း​ေတြလည္​း လက္​ခံၾကတဲ့အရာပါ ။

ပုတီးမစိပ္​ခင္​မွာ ပထမဦးဆုံး လုပ္​ရမယ္​့ ပရိကံအပိုင္​း​ေပါ့ ။က်​ေနာ္​က​ေတာ့ ပရိကံအ႐ွည္​ႀကီး မလုပ္​ပါဘူး။ လိုရင္​းကိုပဲျပဳ လုပ္​ၿပီး ပုတီးစိပ္​ပါတယ္​ ။ အခု က်​ေနာ္​ပရိကံျပဳ လုပ္​ပုံကိုအရင္​​ေရးသားလိုက္​ပါတယ္​...။

ဦးစြာပထမ ဘုရား႐ွိခိုးဝတ္​ျပဳ သီလခံယူၿပီး ကိုယ္​ရြတ္​ဖတ္​​ေနၾက သရဏဂုံ​ေတြ၊ ဂုဏ္​​ေတာ္​​​ေတြ၊ ဂါထာ​ေတြ ရြတ္​ဖတ္​ရပါတယ္​ ။ ၿပီးမွ လက္​အုပ္​ခ်ီၿပီး ပရိကံျပဳ ရပါတယ္​။ က်​ေနာ္​က​ေတာ့ ႏွစ္​ခ်က္​ပဲ ပရိကံျပဳ ပါတယ္​ ။
႐ုိ႐ုိ​ေသ​ေသ လက္​အုပ္​ခ်ီၿပီး မိမိအ​ေရႇ႕တလံအကြာ​ေလာက္​မွာအင္​မတန္​ၾကည္​ညိဳ ဖြယ္​​ေကာင္​းတဲ့ ဗုဒၶ႐ုပ္​ပြား​ေတာ္​တည္​႐ွိ​ေနသလို အာ႐ုံျပဳ ရပါတယ္​ ။ ​ေဗာဓိပင္​နဲ႔ ​ေရႊပလႅင္​မွာ သဗၺညဳတဉာဏ္​​ေတာ္​ႀကီး ထိုးထြင္​းျမင္​​ေနတဲ့ ျမတ္​ဗုဒၶ႐ုပ္​ပြား​ေတာ္​ကို အာ႐ုံျပဳ ႏိုင္​ရင္​ ပို​ေကာင္​းပါတယ္​။ ဒီလို အာ႐ုံျပဳ ရလြယ္​​ေအာင္​ မိမိစိတ္​ထဲမွာ ၾကည္​ညိဳ ဖြယ္​ရာ ျမတ္​ဗုဒၶပုံ​ေတာ္​႐ွိရင္​ပိုမိုၿပီး ​ေကာင္​းမြန္​ပါတယ္​ ။
အဲဒီလို အာ႐ုံျပဳ ၿပီးတာနဲ႔ ႏႈတ္​က​ေန
"၁ ။ ဘုန္​း​ေတာ္​အနႏၱ၊ ကံ​ေတာ္​အနႏၱ၊ ဉာဏ္​​ေတာ္​ အနႏၱ၊ တန္​ခိုး​ေတာ္​အနႏၱ၊ ပါရမီ​ေတာ္​အနႏၱ ၊ သဗၺညဳ တဉာဏ္​ပိုင္​႐ွင္​ ျမတ္​စြာဘုရား႐ွင္​ကိုယ္​​ေတာ္​ျမတ္​ႀကီးဘုရား... ဘုရားတပည္​့​ေတာ္​၏ ဦး​ေခါင္​းထက္​၌ ႂကြ​ေရာက္​၍ သီတင္​းသုံး​ေန​ေတာ္​မူပါဘုရား..... ဤဦး​ေခါင္​းကို ျမတ္​စြာဘုရား႐ွင္​၏ပလႅင္​အျဖစ္​ လႉဒါန္​းပူ​ေဇာ္​ပါ၏ဘုရား......."
လို႔ တိုးတိုးသာသာ ရြတ္​ဆိုၿပီး လႉဒါန္​းရပါတယ္​ ။
မိမိစိတ္​မွာလည္​း မိမိဦး​ေခါင္​းထက္​တြင္​ ျမတ္​စြာဘုရားသီတင္​းသုံး​ေနသလို အာ႐ုံျပဳ ရပါတယ္​ ။ ဒါဆိုရင္​ ပုတီးစိပ္​ရင္​းနဲ႔ အႏၱရာယ္​အ​ေပါင္​းက​ေန ကာကြယ္​ၿပီးသား ျဖစ္​သြားပါတယ္​ ။ ယုံၾကည္​ရဲ႕ရင္​့တည္​ၾကည္​တဲ့စိတ္​လည္​း ျဖစ္​သြားပါတယ္​...။

ႏွစ္​အခ်က္​က
"၂ ။ အစမထင္​ သံသရာမွစၿပီး ယခုဘဝ ယခုအခ်ိန္​တိုင္​​ေအာင္​ ျမတ္​စြာဘုရားအစ႐ွိ​ေသာ အရိယာသူ​ေတာ္​​ေကာင္​းမ်ား ၊ ခင္​ပြန္​းႀကီးဆယ္​ပါးတို႔အ​ေပၚ၌ ကာယကံ ၊ ဝစီကံ၊မ​ေနာကံတည္​းဟူ​ေသာ ကံသုံးပါးတို႔တြင္​ တစ္​ပါးပါး​ေသာ ကံတို႔ျဖင္​့ လြန္​ၾကဴ းျပစ္​မွားမိခဲ့သည္​႐ွိ​ေသာ္​(အတိတ္​) လြန္​ၾကဴ း ျပစ္​မွားမိသည္​ ႐ွိ​ေသာ္​(ပစၥဳပၸန္​) လြန္​ၾကဴ းျပစ္​မွားလတၱံ႕သည္​႐ွိ​ေသာ္​ (အနာဂါတ္​) ... ထိုအျပစ္​တို႔ကို ​ေပ်ာက္​ပါ​ေစျခင္​းအက်ိဳးငွါ ျမတ္​စြာဘုရားထံမွ တစ္​ဆင္​့ ဝန္​ခ်ကန္​​ေတာ့​ေတာင္​းပန္​ပါ၏ဘုရား.......
ဘုရားအစ႐ွိ​ေသာ အရိယာသူ​ေတာ္​​ေကာင္​းတို႔သည္​ဘုရားတပည္​့​ေတာ္​အား သနား​ေသာအားျဖင္​့ ခြင္​့လြတ္​​ေတာ္​မူပါ ၊ ​ေက်​ေအး​ေတာ္​မူပါ အ႐ွင္​ျမတ္​တို႔ဘုရား....."
လို႔ ရြတ္​ဆို ​ေတာင္​းပန္​ကန္​​ေတာ့ရပါတယ္​ ။ ခင္​ပြန္​းႀကီးဆယ္​ပါး ကန္​​ေတာ့လိုက္​ျခင္​းအားျဖင္​့ ခႏၶာကိုယ္​မွာ နာက်င္​ကိုက္​ခဲတာ​ေတြ အားနည္​းသြားတတ္​ပါတယ္​ ။ အျပစ္​ႀကီးတဲ့သူ​ေတြက်​ေတာ့ ​ေဝဒနာျပင္​းထန္​တတ္​ပါတယ္​ ။ မျဖစ္​မ​ေနဝန္​ခ်ကန္​​ေတာ့ဖို႔ လိုပါတယ္​ ။ လမ္​းမႇာ ခလုတ္​ဆူး​ေျငာင္​့​ေတြအားနည္​းသြားတဲ့အခါ လိုရာခရီး အျမန္​​သြား​ေရာက္​ႏိုင္​သလိုပဲ ခင္​ပြန္​းႀကီးဆယ္​ပါးကို ကန္​​ေတာ့ၿပီး ပုတီးစိပ္​ရတဲ့အခါ သမာဓိျဖစ္​လြယ္​သြားပါတယ္​ ။
ဒီႏွစ္​ခ်က္​နဲ႔ ပုတီး ပရိကံအစီအစဥ္​ လုံ​ေလာက္​သြားပါၿပီ ။ က်​ေနာ္​က​ေတာ့ အဲဒီႏွစ္​ခ်က္​ပဲ ပရိကံျပဳ ​ေလ့႐ွိပါတယ္​ ။
အဲဒီပရိကံႏွစ္​ခ်က္​ျပဳ ၿပီးတာနဲ႔ ​ေခါင္​းမတ္​တတ္​ထား ၊ ခါးမတ္​မတ္​ထားၿပီး စိတ္​​ေလ်ွာ့လိုက္​ပါ ။ ၿပီးရင္​ ​ေမတၱာအရင္​ပို႔ရပါတယ္​ ။ လိုရင္​း ​ေမတၱာပို႔ပုံ သုံးခ်က္​နဲ႔ ​​ေမတၱာပို႔ရင္​ ျပည္​့စုံလုံ​ေလာက္​ပါတယ္​။ တတ္​ႏိုင္​ရင္​​ေတာ့ အရပ္​မ်က္​ႏွာလွည္​့​ေမတၱာပြားရင္​ ပိုၿပီး အဆင္​​ေျပပါတယ္​ ။ မတတ္​ႏိုင္​သူမ်ားက​ေတာ့ အခု​ေျပာမယ္​့ ​ေမတၱာပို႔သုံးခ်က္​နဲ႔လုံ​ေလာက္​ပါ
တယ္​ ။
​ေမတၱာပြားပုံသုံးခ်က္​က​ေတာ့
၁ ။ မိမိကိုယ္​ကို အာ႐ုံျပဳ ၿပီး ငါသည္​ ​ေဘးရန္​ခပ္​သိမ္​း ကင္​းၿငိမ္​းရပါလို၏...။ ​ေဒါသခပ္သိမ္​း ကင္​းၿငိမ္​းရပါလို၏။ ဆင္​းရဲခပ္​သိမ္​းကင္​းၿငိမ္​းရပါလို၏။ ​ေရာဂါခပ္​သိမ္​း ကင္​းၿငိမ္​းရပါလို၏။ ႏွလုံး စိတ္​ ဝမ္​း ​ေအးခ်မ္​းရပါလို၏ ။
ဆိုၿပီး စိတ္​နဲ႔ပြားရပါတယ္​ ။ စိတ္​နဲ႔ပြားတဲ့အခ်ိန္​မွာ တကယ္​စိတ္​ပါဝင္​စားစြာ ပြားဖို႔ လိုပါတယ္​။ ဥပမာ...ငါသည္​ ​ေဘးရန္​ခပ္​သိမ္​း ကင္​းၿငိမ္​းရပါလို၏ လို႔ ပြားတဲ့အခါမွာ မိမိမ်က္​ႏွာ​ေပၚ ​ေဘး​ေတြ ရန္​​ေတြ ကင္​းၿငိမ္​း​ေနတဲ့ပုံ ​ဝမ္​းသာအားရၾကည္​ႏူး​ေနတဲ့ပုံကို အာ႐ုံျပဳ ရပါတယ္​။ က်န္​တဲ့အခ်က္​​ေတြလည္​း အတူတူသ​ေဘာထားၿပီး ပြားလို႔ရပါၿပီ ။ ​မိမိက စိတ္​ႏွလုံး ​ေအးခ်မ္​း​ေနမွ သူတစ္​ပါး​ေတြကို ​ေမတၱာစိတ္​ထားလို႔ရပါတယ္​။ မိမိကိုယ္​ကို သက္​​ေသထားၿပီး ပြားရတာကိုး ။
အဲဒါကို သုံးခါ ပြား​ေပးပါ ။ ၿပီးရင္​
၂။ မိမိကိုယ္​​ေစာင္​့နတ္​ကို အာ႐ုံျပဳ ၿပီး ဤငါ၏ ႐ုပ္​ နာမ္​ႏွစ္​ပါးကို ​ေစာင္​့​ေ႐ွာက္​ၾကကုန္​​ေသာ ကိုယ္​​ေစာင္​့နတ္​ အ​ေပါင္​းတို႔သည္​ ​ေဘးရန္​ခပ္​သိမ္​း ကင္​းၿငိမ္​းၾကပါ​ေစ။ ​ေဒါသခပ္​သိမ္​း ကင္​းၿငိမ္​းၾကပါ​ေစ ။ ဆင္​းရဲ.........။ ​ေရာဂါ .......။ႏွလုံး စိတ္​ ဝမ္​း ​ေအးခ်မ္​းၾကပါ​ေစ...။
သုံးခါ ပြား​ေပးပါ ။ ၿပီး​ေတာ့မွ
၃ ။ နတ္​လူ သတၱဝါအ​ေပါင္​းတို႔သည္​ ​ေဘးရန္​ခပ္​သိမ္​း ကင္​းၿငိမ္​းၾကပါ​ေစ ။ ​ေဒါသ......။ ဆင္​းရဲ......။ ​ေရာဂါ.....။ ႏွလုံးစိတ္​ ဝမ္​း ​ေအးခ်မ္​းၾကပါ​ေစ ။
ဆိုၿပီး သုံးခါ ပြားရပါတယ္​ ။
ဒါဆိုရင္​ ​ေမတၱာနဲ႔ပတ္​သက္​ၿပီး အ​ေတာ္​လုံ​ေလာက္​သြားပါၿပီ။ ​ေမတၱာက ပုတီးစိပ္​ရင္​ အလြန္​လိုအပ္​ပါတယ္​ ။ ​ေလာကီျဖစ္​ျဖစ္​ ​ေလာကုတ္​ျဖစ္​ျဖစ္​​ေပါ့ ။ ​ေလာကီပုတီးလမ္​းမွာ​ေတာ့ ပိုလိုအပ္​ပါတယ္​ ။ ဘာ​ေၾကာင္​့လဲဆိုရင္​ ပုတီးစိပ္​လို႔ ဂုဏ္​​ေတာ္​​ေတြ အား​ေကာင္​းလာၿပီး ဟိတ္​ တန္​ခိုး
အာႏု​ေဘာ္​ႀကီးမားလာတဲ့အခါ မျမင္​အပ္​တဲ့​ေလာကသား​ေတြအတြက္​ ဒုကၡ​ေရာက္​တတ္​ၿပီး အ​ေႏွာင္​့အယွက္​​ ေပးတတ္​လို႔ပါ ။ ကိုယ္​က မသိ​ေပမယ္​့ သူတို႔က သိတယ္​။ အဲဒီလို မျဖစ္​ရ​ေလ​ေအာင္​ ​ေမတၱာစည္​းနဲ႔ ႀကိဳတင္​ကာကြယ္​ေမတၱာပြား​ေပးလိုက္​​ေတာ့ အ​ေႏွာင္​့အယွက္​ မ႐ွိ​ေတာ့ပါဘူး ။ ဒါ​ေၾကာင္​့ပုတီးမစိပ္​ခင္​မွာ အထက္​ပါ ​ေမတၱာသုံးခ်က္​ကို အရင္​ပြားရျခင္​း ျဖစ္​ပါတယ္​ ။
​ေမတၱာပြားၿပီးတာနဲ႔ ပုတီး စတင္​ စိပ္​လို႔ရပါၿပီ ။
( ပုတီးသမားက်င္​့ဝတ္​​ေလး​ေတြကို အားတဲ့အခါ ​ေရး​ေပးပါဦးမယ္​)။
ပုတီးကို စိတ္​တည္​ၿငိမ္​​ေအာင္​ စိပ္​ၿပီးရင္​ ျပဳ သမ်ွကုသိုလ္​အဖို႔ဘာဂကို အမ်ွ​ေဝပါ ။ အမ်ွ​ေဝျဖစ္​​ေအာင္​ ​ေဝပါ ။ ဒါဆိုရင္​ စိပ္​ပုတီးလမ္​းနဲ႔ လိုရာခရီး အျမန္​ ​ေရာက္​ၾကပါလိမ္​့မယ္​ ။ အထက္​ပါ စည္​းကမ္​း​ေလး​ေတြ သတိျပဳ ၿပီး စိပ္​ၾကပါလို႔ တိုက္​တြန္​းရင္​း သိသမ်ွ ​ေလးကို မ်ွ​ေဝလိုက္​ပါတယ္​ ။ လိုရာခရီး အျမန္​ ​ေရာက္​ႏိုင္​ၾကပါ​ေစ...။

ပုတီးႏွင္​့ ခရီး ( ၂ )
********

အခု ဆက္​​​ေရးမွာက ပုတီးသမား​ေတြရဲ႕ က်င္​့ဝတ္​အပိုင္​းပါ။
ဒီပိုစ္​့ကို ဖတ္​မိတဲ့သူ အ​ေတာ္​မ်ားမ်ားက ပုတီးသမား​ေတြ၊ အထက္​လမ္​းဆရာ​ေတြ၊ ပုတီးလမ္​းကို စိတ္​ဝင္​စားၾကတဲ့သူ​ေတြ ျဖစ္​လိမ္​့မယ္​လို႔ ယုံၾကည္​ပါတယ္​ ။
ဘာရည္​ရြယ္​ခ်က္​နဲ႔ပုတီးစိပ္​ရတာလဲ...လို႔ ​ေမးရင္​ တိတိက်က် ​ေျဖ​ေပးႏိုင္​သူ ႐ွားလိမ္​့မယ္​လို႔ထင္​ပါတယ္​။ အမ်ားဆုံးက​ေတာ့ စားဝတ္​​ေန​ေရး အဆင္​​ေျပ​ေအာင္​လို႔၊ အ​ေႂကြးအျမန္​ ​ေၾကသြား​ေအာင္​လို႔၊ သိန္​းထီဆုႀကီး ​ေပါက္​ခ်င္​လို႔ စသည္​ျဖင္​့​ေျဖ​ေပးမယ္​့သူ​ေတြသာ မ်ားၾကပါလိမ့္မယ္​။ အထက္​လမ္​းဆရာမ်ားအတြက္​​ေတာ့ ပညာခရီးနဲ႔အာဏာစက္​ႀကီးမား​သြား​ေအာင္​ ပုတီးစိပ္​​ေလ့႐ွိၾကပါတယ္​ ။ တစ္​ခ်ိဳ႕က ဘာရယ္​မဟုတ္​ဘူး... ကုသိုလ္​ျဖစ္​​ေအာင္​ စိပ္​တာပါ ဆိုၿပီး ​ေျဖၾကပါလိမ္​့မယ္​။
က်​ေနာ္​အရင္​က ​ေျပာဘူးပါတယ္​။ ဘယ္​လိုရည္​ရြယ္​ခ်က္​နဲ႔ ပုတီးစိပ္​ၾကသည္​ ျဖစ္​ပါ​ေစ ။ ကုသိုလ္​ပြားမ်ား​ေနၾကတဲ့အတြက္​ သာဓု​ေခၚရပါတယ္​ ။ လူတိုင္​း လိုလိုက အကုသိုလ္​အလုပ္​​ေတြနဲ႔သာ ​ေပ်ာ္​​ေမြ႔​ေနတတ္​ၾကၿပီး ကုသိုလ္​အလုပ္​မွာ ​ေႏွး​ေကြး​ေနတတ္​ၾကပါတယ္​ ။ ဒါ​ေၾကာင္​့ သာဓု ​ေခၚရတာပါ။
တစ္​ခ်ိဳ႕က​ေတာ့ 'သိန္​းထီ​ေပါက္​ခ်င္​လို႔ ပုတီးစိပ္​တာ မလုပ္​နဲ႔ရည္​ရြယ္​ခ်က္​ မ​ေကာင္​းရင္​ ရလာဘ္​မ​ေကာင္​းဘူး ။ အက်ိဳး​ေပး မ​ေကာင္​းဘူး ' စသည္​ျဖင္​့ ကဲ့ရဲ႕ႏွိမ္​ခ်တတ္​ပါတယ္​ ။ အဲဒီစကားက ဟုတ္​သလိုလိုနဲ႔ ႐ွိ​ေန​ေတာ့ ပုတီးစတင္​စိပ္​ခါစသူမ်ားအတြက္​ နား​ေယာင္​ၿပီး စိတ္​အားငယ္​သြားတတ္​ပါတယ္​ ။ အဲဒီလိုမဟုတ္​ပါဘူး ။
တကယ္​​ေတာ့ ကုသိုလ္​အလုပ္​က လုပ္​ရင္​းနဲ႔ လူကို သင္​ျပသြားတတ္​ပါတယ္​။ ကမၻာ့သာသနာျပဳ ဂု႐ုႀကီး ဦးဂိုအင္​ကာဆိုရင္​ ​ေရာဂါ​ေပ်ာက္​ခ်င္​တဲ့စိတ္​နဲ႔သာ ဆရာႀကီးဦးဘခင္​ထံမွာ တရားလာထုတ္​တဲ့သူပါ ။ မူလရည္​ရြယ္​ခ်က္​က မ​ေကာင္​းဘူး​ေပါ့။ သို႔​ေသာ္​...တရားအား​ေကာင္​းလာတဲ့အခါ မူလရည္​ရြယ္​​ခ်က္ေပ်ာက္​သြားၿပီး တရားဓမၼနဲ႔သာ ​ေပ်ာ္​​ေမြ႔သြားခဲ့ပါတယ္​။ ကမၻာ့ဝိပႆနာ သာသနာျပဳ ပုဂၢိဳလ္​ထူးတစ္​ဦးအျဖစ္​ ကမ႓ာ​ေက်ာ္​သြားၿပီး သူ႔​ေက်ဇူး​ေတြ​ေၾကာင္​့ ဗုဒၶဘာသာအ​ေၾကာင္​း၊ ဝိပႆနာအ​ေၾကာင္​း​ေတြကို ကမၻာက စိတ္​ဝင္​စားျခင္​းခံခဲ့ရပါတယ္​ ။ အကယ္​၍ သူအားထုတ္​ခါစမွာ မင္​း ရည္​ရြယ္​ခ်က္​မ​ေကာင္​းဘူး... အားမထုတ္​နဲ႔လို႔ တားျမစ္​ခဲ့မယ္​ဆိုရင္​ အဲဒီလို
အ​က်ိဳးတရာ​ေတြ ျဖစ္​လာႏိုင္​ပါ့မလား​ေပါ့ ။ ဒါက ကုသိုလ္​လုပ္​ျဖစ္​ဖို႔ အဓိကဆိုတဲ့စကားကို ႐ွင္​းျပရတာပါ ။
ပုတီးစိပ္​တာက ပုတီးအား​ေကာင္​းလာရင္​
လမ္​းေၾကာင္​းမွန္​​ေတြ အလိုလိုျမင္​​ေတြ႔တတ္​ပါတယ္​ ။ ဓမၼက လူကို သင္​ျပသြားတာ​ေတြပါ ။
ပုတီးသမား​ေတြရဲ႕ က်င္​့ဝတ္​အ​ေၾကာင္​း နည္​းနည္​း ​ေျပာျပပါရ​ေစ ။ သိၿပီးသား ဆရာမ်ားလည္​း အမ်ားႀကီး႐ွိ​ေနပါလိမ္​့မယ္​ ။ က်င္​့ဝတ္​ဆိုတာက တစ္​ျခား မဟုတ္​ပါဘူး။ ​ေန႔စဥ္​ ​ေနထိုင္​​ေျပာဆိုျခင္​း​ေတြပါပဲ ။
ပထမဆုံးက အဝတ္​အစား​ေပါ့။ ပုတီးစိပ္​ရင္​ အသင္​့​ေတာ္​ဆုံးက အျဖဴ ​ေရာင္​အဝတ္​အစားပါ။ အ​ေတာ္​မ်ားမ်ား ပုတီးသမား​ေတြလည္​း အျဖဴ ​ေရာင္​အက်ႌပဲ ဝတ္​ေလ့႐ွိၾကပါတယ္​။
အဘဘိုးဘိုး​ေအာင္​ပုံဆိုရင္​ အျဖဴ ​ေရာင္​ဝတ္​စုံနဲ႔ပဲ ​ေတြ႔ျမင္​ရပါလိမ္​့မယ္​။ အျဖဴ ​ေရာင္​က ျမင္​ရတဲ့သူ​ေတြရဲ႕စိတ္​ကို ၾကည္​လင္​​ေစပါတယ္​ ။ စိတ္​ၾကည္​တဲ့အခါ သမာဓိျဖစ္​လြယ္​ပါတယ္​။ ပုတီးသမားနဲ႔အသင္​့​ေတာ္​ဆုံးက​ေတာ့ အျဖဴ ​ေရာင္​အဝတ္​အစားပါပဲ ။ အျဖဴ ​ေရာင္​ဝတ္​ရင္​ အ​ေပမခံတဲ့အတြက္​ သတိျပဳတတ္​တဲ့ အက်င္​့​ေလး​ေတြ ႐ွိတတ္​လာပါတယ္​ ။ သန္​႔သန္​႔ျပန္​႔ျပန္​႔ ​ေနထိုင္​တတ္​လာတယ္​။ အတြင္​းအျပင္​ သန္​႔ျပန္​႔လို႔ စိတ္​ၾကည္​လင္​လာတဲ့အခါ ႐ုပ္​​ေရအဆင္​းကလည္​း ၾကည္​လင္​လာပါတယ္​ ။ ပုတီးစိပ္​ရတာလည္​း သမာဓိျဖစ္​လြယ္​သြားပါတယ္​။ အ​ေျခခံက်င္​့ဝတ္​​ေလးက သတိျပဳ မိရင္​ ျပဳမိသ​ေလာက္​ အက်ိဳးထူး​ေတြ ခံစားရတတ္​ပါတယ္​ ။ ဒါက တစ္​ခ်က္​။

​ေနာက္​တစ္​ခုက ပုတီးကို ႐ုိ​ေသျခင္​းပါပဲ ။
ပုတီးသမားအတြက္​ ပုတီးက လက္​နက္​ဆိုရင္​လည္​း မမွားပါဘူး။ စစ္​ပြဲဝင္​တဲ့စစ္​သား​ေတြအတြက္​ လက္​နက္​က အ​ေရးႀကီးသလို ပုတီးသမားအတြက္​ ပုတီးက အေရးႀကီးပါတယ္​ ။ လက္​နက္​တစ္​ခုလို ျဖစ္​​ေနတဲ့ပုတီးကို ႐ုိ​ေသ​ေလးစားဖို႔ လိုပါတယ္​။
က်​ေနာ္​အရင္​ကဆိုရင္​ စိပ္​ၿပီး ၿပီး ...​ေတြ႔တဲ့​ေနရာခ်ိတ္​ ...ပစ္​ထားတတ္​တဲ့ အက်င္​့႐ွိပါတယ္​ ။
သို႔​ေသာ္​...​ေနာက္​ပိုင္​းမွပုတီးကို အ​ေလးထားရမွန္​း သိလာရပါတယ္​။ ဘယ္​လို အ​ေလးထားရမလဲ...။
အကယ္​၍ မိမိအိမ္​မွာ ပုတီးစိပ္​တယ္​ဆိုရင္​ ဘုရား​ေက်ာင္​း​ေဆာင္​ ႐ုပ္​ပြား​ေတာ္​နားမွာ ​ေႂကြပုဂံျပားနဲ႔ ပုဝါျဖဴ ျဖဴ ​ေလးတစ္​ထည္​ ခင္​းထားရပါမယ္​။ ပုတီးကို ပုဝါ​ေပၚမွာ တင္​ထားပါ ။ ပုတီးစိပ္​တဲ့အခါ အသာ​ေလး ယူစိပ္​ပါ။ ၿပီးရင္​ ႐ုိ႐ုိ​ေသ​ေသ ျပန္​ထားပါ ။ ဒါက ပုတီးထားတာနဲ႔ ပတ္​သက္​ၿပီး ​ေျပာျပတာပါ ။
အကယ္​၍ နယ္​​ေဝး ခရီးသြားလို႔ ယူသြားရမယ္​ဆိုရင္​ ပုဝါျဖဴ ​ေလးတစ္​ထည္​နဲ႔ ​ေသ​ေသခ်ာခ်ာ ထုတ္​ၿပီး အိတ္​ထဲထည္​့ ယူသြားပါ ။ ဒီအတိုင္​း ျဖစ္​သလို ယူသြားတာနဲ႔စာရင္​ ပိုၿပီးက်က္​သ​ေရ႐ွိပါတယ္​ ။ ပုတီးသမားပီသတယ္​လို႔ ​ေခၚရပါတယ္​ ။

​ေနာက္​ၿပီး ပုတီးစိပ္​တဲ့အခါ​ေပါ့ ။
ပရိကံျပဳ ၊ ​ေမတၱာပို႔ၿပီးလို႔ ပုတီးစိပ္​​ေတာ့မယ္​ဆိုရင္​ တင္​ပလႅင္​​ေခြနဲ႔ သက္​​ေတာင္​့သက္​သာ​ေလး ထိုင္​ပါ ။ တင္​းၾကပ္​တဲ့စိတ္​ ၊ မြန္​းၾကပ္​တဲ့စိတ္​​ေတြ ​ေလ်ွာ့ၿပီး ထိုင္​ပါ ။
ၿပီးရင္​ ပုတီးမစိပ္​ခင္​မွာ တင္​ပလႅင္​​ေခြထိုင္​ထားတဲ့ ပုဆိုး​ေပၚမွာ ပုဝါျဖဴ ​ေလးတစ္​ထည္​ ခင္​းထားပါ ။ ပုဝါတစ္​ထပ္​ခံထားတဲ့ သ​ေဘာ​ေပါ့ ။ မဟုတ္​ရင္​ ပုတီးနဲ႔ ​ေျခ​ေထာက္​ ထိလိုထိ ၊ပုဆိုးနဲ႔ ၿငိလို ၿငိတတ္​ပါတယ္​ ။ ​ေအာက္​ပိုင္​းဝတ္​တဲ့ပုဆိုးဆို​ေတာ့ မသန္​႔သလိုျဖစ္​​ေနတတ္​ပါတယ္​ ။
ဒါ​ေၾကာင္​့ ပုတီးကို​ေလးစား​ေသာအားျဖင္​့ ပုဝါတစ္​ထည္​ခံၿပီး စိပ္​ရပါတယ္​။ ပုတီးကို ၾကမ္​းျပင္​နဲ႔လည္​း မထိပါ​ေစနဲ႔ ။ ခုနတုန္​းက ပုဝါ​ေပၚမွာသာ စိပ္​ပါ ။ ဒါဆိုရင္​ အဆင္​​ေျပသြားပါၿပီ ။
ဒါ​ေတြက ပုတီးနဲ႔ဆိုင္​တဲ့ က်င္​့ဝတ္​​ေလး​ေတြပါ ။ သတိမထားမိဘူးဆိုရင္​ သတိထားလို႔ရ​ေအာင္​ က်​ေနာ္​​ေျပာျပ​ေပးတာပါ ။ တစ္​ခ်ိဳ႕သူ​ေတြအတြက္​ သိၿပီးသား ျဖစ္​ပါလိမ္​့မယ္​။ လိုရင္​းအခ်က္​က မိမိရဲ႕လက္​နက္​သဖြယ္​ျဖစ္​တဲ့ ပုတီးကို ႐ုိ​ေသ​ေလးစားရမွာပါပဲ ။
အကယ္​၍ ဆရာ​ေကာင္​းတစ္​ဦး႐ွိမယ္​ဆိုရင္​ စမ ပုတီး​ေလး လုပ္​ခိုင္​းၿပီး ​ေဆာင္​ထား စိပ္​ရင္​ ပို​ေကာင္​းပါတယ္​။ စမပုတီးလုပ္​တဲ့နည္​းက စာအုပ္​​ေတြမွာ ႐ွိပါတယ္​ ။
ပုတီးကို ဂုဏ္​​ေတာ္​နဲ႔ ထုံ​ေန​ေအာင္​ စိပ္​ထားရင္​ ဒီသက္​မဲ့ပုတီး​ေလးက အစြမ္​း​ေတြ ႐ွိလာတတ္​ပါတယ္​။ ပ​ေယာဂအ​ေႏွာင္​့အယွက္​ အဟန္​႔အတား​ေတြကို ​ေၾကာက္​စရာမလိုပါဘူး။ ​​ေရစိမ္​တိုက္​ရင္​ ​ေပ်ာက္​တဲ့အထိ စြမ္​းလာပါတယ္​ ။
​ေနာက္​ၿပီး နတ္​​ေတြ ဝိဇၨာ​ေတြက သန္​႔ျပန္​႔စြာ ​ေနထိုင္​တတ္​သူ​ေတြကို သ​ေဘာက်ၾကပါတယ္​။
ခုနတုန္​းက ​ေျပာခဲ့တဲ့က်င္​့ဝတ္​​ေလး​ေတြနဲ႔ ပုတီးစိပ္​ခဲ့မယ္​ဆိုရင္​ ပုတီးအား​ေကာင္​းလာတဲ့အခါ နတ္​​ေတြ ဝိဇၨာ​ေတြရဲ႕အကူအညီက ရလာတတ္​ပါတယ္​ ။ လူခ်စ္​နတ္​ခ်စ္​ၿပီဆိုရင္​ လိုရာကိစၥ ၿပီး​ေျမာက္​ဖို႔ လြယ္​သြားၿပီ​ေပါ့ဗ်ာ...။
ဒါ​ေၾကာင္​့မို႔လို႔ ပုတီးစိပ္​ၾကတဲ့အခါ
အခု ​ေျပာခဲ့တဲ့ က်င္​့ဝတ္​​ေလး​ေတြကို သတိထားၿပီး
စိပ္​ၾကပါလို႔ တိုက္​တြန္​းအပ္​ပါတယ္​ခင္​ဗ်ာ...။

https://m.facebook.com/groups/357203587979338?view=permalink&id=479650662401296
Crd မင္းကံ စည္ဝင္း

Phyo Thu.

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရြတ္ဆိုပြားမ်ား ဂါထာေတာ္မ်ား

#Unicode Version#
 အခုဆောင်းပါးတွေက ပုတီးစိပ်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်သိသလောက်ပြန်လည် ဝေမျှ ခြင်းပဲ ဖြစ်ပါတယ် ။ ရှည်ရှည်ဝေးဝေးကြီး ရှင်းပြမနေတော့ပဲ ပုတီးစိပ်ခြင်းနဲ့ သက်ဆိုင်တဲ့အကြောင်းတွေကိုသာ ရေးသားသွားမှာ ဖြစ်ပါတယ်။
ပုတီးစိပ်ခါစ အများသူငါအတွက် အကျိုးပြု သွားမယ်ဆိုရင်ပဲကျနော်ရေးသားရကျိုး နပ်ပါပြီလို့ ယူဆပါတယ် ။
ပုတီးစိပ်တာက အကြောင်းအမျိုးမျိုးရှိကြပါလိမ့်မယ် ။ ဘယ်လိုပဲ စိပ်ကြသည်ဖြစ်စေ။ ကုသိုလ်တရားတွေ ပွားများခြင်းဖြစ်လို့ သာဓုခေါ်ရပါတယ် ။
ပုတီးလမ်းမှာ ပထမဦးဆုံး အရေးကြီးတာကတော့ ပရိကံပြု ရတဲ့အပိုင်းပေါ့။ စာအုပ်တွေမှာတော့ ပရိကံအရှည်ကြီးတွေ ရေးထားတာတွေ့ရပါလိမ့်မယ် ။

"ပုတီးစိပ်တာပဲကွာ...ဂုဏ်တော်ပွား ပြီးရောပေါ့...ဘာတွေ ညာတွေ မလိုဘူး..."စသည်ဖြင့် စနစ်မကျတဲ့သူတွေ ပြောတတ်ကြတာ ကြားဘူးကြမှာပါ...။ ကျနော်လည်း ဟိုးအရင် ပုတီးစတင် စိပ်တဲ့အခါတုန်းက အဲဒီလိုစကားတွေကိုနားယောင်ဘူးပါတယ် ။ စနစ်မကျတော့ ခရီးက ထင်သလောက် မရောက်ပါဘူး ။နောက်ပိုင်း ပုတီးစိပ်ရင်း စိပ်ရင်း... လေ့လာရင်း လေ့လာရင်းနဲ့ အတွေ့အကြုံက သင်ပေးတော့မှ အရင်က သိခဲ့တာတွေက အတားအဆီးတစ်ခုလို ဖြစ်မှန်း နားလည်မိပါတယ် ။လမ်းစဉ်တွေက သူ့လမ်းနဲ့သူ ရှိနေပါတယ် ။ ပုတီးစိပ်တာက အကျိုးတရား အနန္တရှိမှန်း လက်တွေ့စိပ်ဘူးတဲ့သူတွေ သိကြပါတယ်။ ပညာရှိသူတော်ကောင်းတွေလည်း လက်ခံကြတဲ့အရာပါ ။

ပုတီးမစိပ်ခင်မှာ ပထမဦးဆုံး လုပ်ရမယ့် ပရိကံအပိုင်းပေါ့ ။ကျနော်ကတော့ ပရိကံအရှည်ကြီး မလုပ်ပါဘူး။ လိုရင်းကိုပဲပြု လုပ်ပြီး ပုတီးစိပ်ပါတယ် ။ အခု ကျနော်ပရိကံပြု လုပ်ပုံကိုအရင်ရေးသားလိုက်ပါတယ်...။

ဦးစွာပထမ ဘုရားရှိခိုးဝတ်ပြု သီလခံယူပြီး ကိုယ်ရွတ်ဖတ်နေကြ သရဏဂုံတွေ၊ ဂုဏ်တော်တွေ၊ ဂါထာတွေ ရွတ်ဖတ်ရပါတယ် ။ ပြီးမှ လက်အုပ်ချီပြီး ပရိကံပြု ရပါတယ်။ ကျနော်ကတော့ နှစ်ချက်ပဲ ပရိကံပြု ပါတယ် ။
ရိုရိုသေသေ လက်အုပ်ချီပြီး မိမိအရှေ့တလံအကွာလောက်မှာအင်မတန်ကြည်ညို ဖွယ်ကောင်းတဲ့ ဗုဒ္ဓရုပ်ပွားတော်တည်ရှိနေသလို အာရုံပြု ရပါတယ် ။ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ သဗ္ဗညုတဉာဏ်တော်ကြီး ထိုးထွင်းမြင်နေတဲ့ မြတ်ဗုဒ္ဓရုပ်ပွားတော်ကို အာရုံပြု နိုင်ရင် ပိုကောင်းပါတယ်။ ဒီလို အာရုံပြု ရလွယ်အောင် မိမိစိတ်ထဲမှာ ကြည်ညို ဖွယ်ရာ မြတ်ဗုဒ္ဓပုံတော်ရှိရင်ပိုမိုပြီး ကောင်းမွန်ပါတယ် ။
အဲဒီလို အာရုံပြု ပြီးတာနဲ့ နှုတ်ကနေ
"၁ ။ ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော် အနန္တ၊ တန်ခိုးတော်အနန္တ၊ ပါရမီတော်အနန္တ ၊ သဗ္ဗညု တဉာဏ်ပိုင်ရှင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဘုရား... ဘုရားတပည့်တော်၏ ဦးခေါင်းထက်၌ ကြွရောက်၍ သီတင်းသုံးနေတော်မူပါဘုရား..... ဤဦးခေါင်းကို မြတ်စွာဘုရားရှင်၏ပလ္လင်အဖြစ် လှူဒါန်းပူဇော်ပါ၏ဘုရား......."
လို့ တိုးတိုးသာသာ ရွတ်ဆိုပြီး လှူဒါန်းရပါတယ် ။
မိမိစိတ်မှာလည်း မိမိဦးခေါင်းထက်တွင် မြတ်စွာဘုရားသီတင်းသုံးနေသလို အာရုံပြု ရပါတယ် ။ ဒါဆိုရင် ပုတီးစိပ်ရင်းနဲ့ အန္တရာယ်အပေါင်းကနေ ကာကွယ်ပြီးသား ဖြစ်သွားပါတယ် ။ ယုံကြည်ရဲ့ရင့်တည်ကြည်တဲ့စိတ်လည်း ဖြစ်သွားပါတယ်...။

နှစ်အချက်က
"၂ ။ အစမထင် သံသရာမှစပြီး ယခုဘဝ ယခုအချိန်တိုင်အောင် မြတ်စွာဘုရားအစရှိသော အရိယာသူတော်ကောင်းများ ၊ ခင်ပွန်းကြီးဆယ်ပါးတို့အပေါ်၌ ကာယကံ ၊ ဝစီကံ၊မနောကံတည်းဟူသော ကံသုံးပါးတို့တွင် တစ်ပါးပါးသော ကံတို့ဖြင့် လွန်ကြူ းပြစ်မှားမိခဲ့သည်ရှိသော်(အတိတ်) လွန်ကြူ း ပြစ်မှားမိသည် ရှိသော်(ပစ္စုပ္ပန်) လွန်ကြူ းပြစ်မှားလတ္တံ့သည်ရှိသော် (အနာဂါတ်) ... ထိုအပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှါ မြတ်စွာဘုရားထံမှ တစ်ဆင့် ဝန်ချကန်တော့တောင်းပန်ပါ၏ဘုရား.......
ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည်ဘုရားတပည့်တော်အား သနားသောအားဖြင့် ခွင့်လွတ်တော်မူပါ ၊ ကျေအေးတော်မူပါ အရှင်မြတ်တို့ဘုရား....."
လို့ ရွတ်ဆို တောင်းပန်ကန်တော့ရပါတယ် ။ ခင်ပွန်းကြီးဆယ်ပါး ကန်တော့လိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲတာတွေ အားနည်းသွားတတ်ပါတယ် ။ အပြစ်ကြီးတဲ့သူတွေကျတော့ ဝေဒနာပြင်းထန်တတ်ပါတယ် ။ မဖြစ်မနေဝန်ချကန်တော့ဖို့ လိုပါတယ် ။ လမ်းမှာ ခလုတ်ဆူးငြောင့်တွေအားနည်းသွားတဲ့အခါ လိုရာခရီး အမြန်သွားရောက်နိုင်သလိုပဲ ခင်ပွန်းကြီးဆယ်ပါးကို ကန်တော့ပြီး ပုတီးစိပ်ရတဲ့အခါ သမာဓိဖြစ်လွယ်သွားပါတယ် ။
ဒီနှစ်ချက်နဲ့ ပုတီး ပရိကံအစီအစဉ် လုံလောက်သွားပါပြီ ။ ကျနော်ကတော့ အဲဒီနှစ်ချက်ပဲ ပရိကံပြု လေ့ရှိပါတယ် ။
အဲဒီပရိကံနှစ်ချက်ပြု ပြီးတာနဲ့ ခေါင်းမတ်တတ်ထား ၊ ခါးမတ်မတ်ထားပြီး စိတ်လျှော့လိုက်ပါ ။ ပြီးရင် မေတ္တာအရင်ပို့ရပါတယ် ။ လိုရင်း မေတ္တာပို့ပုံ သုံးချက်နဲ့ မေတ္တာပို့ရင် ပြည့်စုံလုံလောက်ပါတယ်။ တတ်နိုင်ရင်တော့ အရပ်မျက်နှာလှည့်မေတ္တာပွားရင် ပိုပြီး အဆင်ပြေပါတယ် ။ မတတ်နိုင်သူများကတော့ အခုပြောမယ့် မေတ္တာပို့သုံးချက်နဲ့လုံလောက်ပါ
တယ် ။
မေတ္တာပွားပုံသုံးချက်ကတော့
၁ ။ မိမိကိုယ်ကို အာရုံပြု ပြီး ငါသည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းရပါလို၏...။ ဒေါသခပ်သိမ်း ကင်းငြိမ်းရပါလို၏။ ဆင်းရဲခပ်သိမ်းကင်းငြိမ်းရပါလို၏။ ရောဂါခပ်သိမ်း ကင်းငြိမ်းရပါလို၏။ နှလုံး စိတ် ဝမ်း အေးချမ်းရပါလို၏ ။
ဆိုပြီး စိတ်နဲ့ပွားရပါတယ် ။ စိတ်နဲ့ပွားတဲ့အချိန်မှာ တကယ်စိတ်ပါဝင်စားစွာ ပွားဖို့ လိုပါတယ်။ ဥပမာ...ငါသည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းရပါလို၏ လို့ ပွားတဲ့အခါမှာ မိမိမျက်နှာပေါ် ဘေးတွေ ရန်တွေ ကင်းငြိမ်းနေတဲ့ပုံ ဝမ်းသာအားရကြည်နူးနေတဲ့ပုံကို အာရုံပြု ရပါတယ်။ ကျန်တဲ့အချက်တွေလည်း အတူတူသဘောထားပြီး ပွားလို့ရပါပြီ ။ မိမိက စိတ်နှလုံး အေးချမ်းနေမှ သူတစ်ပါးတွေကို မေတ္တာစိတ်ထားလို့ရပါတယ်။ မိမိကိုယ်ကို သက်သေထားပြီး ပွားရတာကိုး ။
အဲဒါကို သုံးခါ ပွားပေးပါ ။ ပြီးရင်
၂။ မိမိကိုယ်စောင့်နတ်ကို အာရုံပြု ပြီး ဤငါ၏ ရုပ် နာမ်နှစ်ပါးကို စောင့်ရှောက်ကြကုန်သော ကိုယ်စောင့်နတ် အပေါင်းတို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ ။ ဆင်းရဲ.........။ ရောဂါ .......။နှလုံး စိတ် ဝမ်း အေးချမ်းကြပါစေ...။
သုံးခါ ပွားပေးပါ ။ ပြီးတော့မှ
၃ ။ နတ်လူ သတ္တဝါအပေါင်းတို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ ။ ဒေါသ......။ ဆင်းရဲ......။ ရောဂါ.....။ နှလုံးစိတ် ဝမ်း အေးချမ်းကြပါစေ ။
ဆိုပြီး သုံးခါ ပွားရပါတယ် ။
ဒါဆိုရင် မေတ္တာနဲ့ပတ်သက်ပြီး အတော်လုံလောက်သွားပါပြီ။ မေတ္တာက ပုတီးစိပ်ရင် အလွန်လိုအပ်ပါတယ် ။ လောကီဖြစ်ဖြစ် လောကုတ်ဖြစ်ဖြစ်ပေါ့ ။ လောကီပုတီးလမ်းမှာတော့ ပိုလိုအပ်ပါတယ် ။ ဘာကြောင့်လဲဆိုရင် ပုတီးစိပ်လို့ ဂုဏ်တော်တွေ အားကောင်းလာပြီး ဟိတ် တန်ခိုး
အာနုဘော်ကြီးမားလာတဲ့အခါ မမြင်အပ်တဲ့လောကသားတွေအတွက် ဒုက္ခရောက်တတ်ပြီး အနှောင့်အယှက် ပေးတတ်လို့ပါ ။ ကိုယ်က မသိပေမယ့် သူတို့က သိတယ်။ အဲဒီလို မဖြစ်ရလေအောင် မေတ္တာစည်းနဲ့ ကြိုတင်ကာကွယ်မေတ္တာပွားပေးလိုက်တော့ အနှောင့်အယှက် မရှိတော့ပါဘူး ။ ဒါကြောင့်ပုတီးမစိပ်ခင်မှာ အထက်ပါ မေတ္တာသုံးချက်ကို အရင်ပွားရခြင်း ဖြစ်ပါတယ် ။
မေတ္တာပွားပြီးတာနဲ့ ပုတီး စတင် စိပ်လို့ရပါပြီ ။
( ပုတီးသမားကျင့်ဝတ်လေးတွေကို အားတဲ့အခါ ရေးပေးပါဦးမယ်)။
ပုတီးကို စိတ်တည်ငြိမ်အောင် စိပ်ပြီးရင် ပြု သမျှကုသိုလ်အဖို့ဘာဂကို အမျှဝေပါ ။ အမျှဝေဖြစ်အောင် ဝေပါ ။ ဒါဆိုရင် စိပ်ပုတီးလမ်းနဲ့ လိုရာခရီး အမြန် ရောက်ကြပါလိမ့်မယ် ။ အထက်ပါ စည်းကမ်းလေးတွေ သတိပြု ပြီး စိပ်ကြပါလို့ တိုက်တွန်းရင်း သိသမျှ လေးကို မျှဝေလိုက်ပါတယ် ။ လိုရာခရီး အမြန် ရောက်နိုင်ကြပါစေ...။

ပုတီးနှင့် ခရီး ( ၂ )
********

အခု ဆက်ရေးမှာက ပုတီးသမားတွေရဲ့ ကျင့်ဝတ်အပိုင်းပါ။
ဒီပိုစ့်ကို ဖတ်မိတဲ့သူ အတော်များများက ပုတီးသမားတွေ၊ အထက်လမ်းဆရာတွေ၊ ပုတီးလမ်းကို စိတ်ဝင်စားကြတဲ့သူတွေ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။
ဘာရည်ရွယ်ချက်နဲ့ပုတီးစိပ်ရတာလဲ...လို့ မေးရင် တိတိကျကျ ဖြေပေးနိုင်သူ ရှားလိမ့်မယ်လို့ထင်ပါတယ်။ အများဆုံးကတော့ စားဝတ်နေရေး အဆင်ပြေအောင်လို့၊ အကြွေးအမြန် ကြေသွားအောင်လို့၊ သိန်းထီဆုကြီး ပေါက်ချင်လို့ စသည်ဖြင့်ဖြေပေးမယ့်သူတွေသာ များကြပါလိမ့်မယ်။ အထက်လမ်းဆရာများအတွက်တော့ ပညာခရီးနဲ့အာဏာစက်ကြီးမားသွားအောင် ပုတီးစိပ်လေ့ရှိကြပါတယ် ။ တစ်ချို့က ဘာရယ်မဟုတ်ဘူး... ကုသိုလ်ဖြစ်အောင် စိပ်တာပါ ဆိုပြီး ဖြေကြပါလိမ့်မယ်။
ကျနော်အရင်က ပြောဘူးပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ ပုတီးစိပ်ကြသည် ဖြစ်ပါစေ ။ ကုသိုလ်ပွားများနေကြတဲ့အတွက် သာဓုခေါ်ရပါတယ် ။ လူတိုင်း လိုလိုက အကုသိုလ်အလုပ်တွေနဲ့သာ ပျော်မွေ့နေတတ်ကြပြီး ကုသိုလ်အလုပ်မှာ နှေးကွေးနေတတ်ကြပါတယ် ။ ဒါကြောင့် သာဓု ခေါ်ရတာပါ။
တစ်ချို့ကတော့ 'သိန်းထီပေါက်ချင်လို့ ပုတီးစိပ်တာ မလုပ်နဲ့ရည်ရွယ်ချက် မကောင်းရင် ရလာဘ်မကောင်းဘူး ။ အကျိုးပေး မကောင်းဘူး ' စသည်ဖြင့် ကဲ့ရဲ့နှိမ်ချတတ်ပါတယ် ။ အဲဒီစကားက ဟုတ်သလိုလိုနဲ့ ရှိနေတော့ ပုတီးစတင်စိပ်ခါစသူများအတွက် နားယောင်ပြီး စိတ်အားငယ်သွားတတ်ပါတယ် ။ အဲဒီလိုမဟုတ်ပါဘူး ။
တကယ်တော့ ကုသိုလ်အလုပ်က လုပ်ရင်းနဲ့ လူကို သင်ပြသွားတတ်ပါတယ်။ ကမ္ဘာ့သာသနာပြု ဂုရုကြီး ဦးဂိုအင်ကာဆိုရင် ရောဂါပျောက်ချင်တဲ့စိတ်နဲ့သာ ဆရာကြီးဦးဘခင်ထံမှာ တရားလာထုတ်တဲ့သူပါ ။ မူလရည်ရွယ်ချက်က မကောင်းဘူးပေါ့။ သို့သော်...တရားအားကောင်းလာတဲ့အခါ မူလရည်ရွယ်ချက်ပျောက်သွားပြီး တရားဓမ္မနဲ့သာ ပျော်မွေ့သွားခဲ့ပါတယ်။ ကမ္ဘာ့ဝိပဿနာ သာသနာပြု ပုဂ္ဂိုလ်ထူးတစ်ဦးအဖြစ် ကမ္ဘာကျော်သွားပြီး သူ့ကျေဇူးတွေကြောင့် ဗုဒ္ဓဘာသာအကြောင်း၊ ဝိပဿနာအကြောင်းတွေကို ကမ္ဘာက စိတ်ဝင်စားခြင်းခံခဲ့ရပါတယ် ။ အကယ်၍ သူအားထုတ်ခါစမှာ မင်း ရည်ရွယ်ချက်မကောင်းဘူး... အားမထုတ်နဲ့လို့ တားမြစ်ခဲ့မယ်ဆိုရင် အဲဒီလို
အကျိုးတရာတွေ ဖြစ်လာနိုင်ပါ့မလားပေါ့ ။ ဒါက ကုသိုလ်လုပ်ဖြစ်ဖို့ အဓိကဆိုတဲ့စကားကို ရှင်းပြရတာပါ ။
ပုတီးစိပ်တာက ပုတီးအားကောင်းလာရင်
လမ်းကြောင်းမှန်တွေ အလိုလိုမြင်တွေ့တတ်ပါတယ် ။ ဓမ္မက လူကို သင်ပြသွားတာတွေပါ ။
ပုတီးသမားတွေရဲ့ ကျင့်ဝတ်အကြောင်း နည်းနည်း ပြောပြပါရစေ ။ သိပြီးသား ဆရာများလည်း အများကြီးရှိနေပါလိမ့်မယ် ။ ကျင့်ဝတ်ဆိုတာက တစ်ခြား မဟုတ်ပါဘူး။ နေ့စဉ် နေထိုင်ပြောဆိုခြင်းတွေပါပဲ ။
ပထမဆုံးက အဝတ်အစားပေါ့။ ပုတီးစိပ်ရင် အသင့်တော်ဆုံးက အဖြူ ရောင်အဝတ်အစားပါ။ အတော်များများ ပုတီးသမားတွေလည်း အဖြူ ရောင်အကျႌပဲ ဝတ်လေ့ရှိကြပါတယ်။
အဘဘိုးဘိုးအောင်ပုံဆိုရင် အဖြူ ရောင်ဝတ်စုံနဲ့ပဲ တွေ့မြင်ရပါလိမ့်မယ်။ အဖြူ ရောင်က မြင်ရတဲ့သူတွေရဲ့စိတ်ကို ကြည်လင်စေပါတယ် ။ စိတ်ကြည်တဲ့အခါ သမာဓိဖြစ်လွယ်ပါတယ်။ ပုတီးသမားနဲ့အသင့်တော်ဆုံးကတော့ အဖြူ ရောင်အဝတ်အစားပါပဲ ။ အဖြူ ရောင်ဝတ်ရင် အပေမခံတဲ့အတွက် သတိပြုတတ်တဲ့ အကျင့်လေးတွေ ရှိတတ်လာပါတယ် ။ သန့်သန့်ပြန့်ပြန့် နေထိုင်တတ်လာတယ်။ အတွင်းအပြင် သန့်ပြန့်လို့ စိတ်ကြည်လင်လာတဲ့အခါ ရုပ်ရေအဆင်းကလည်း ကြည်လင်လာပါတယ် ။ ပုတီးစိပ်ရတာလည်း သမာဓိဖြစ်လွယ်သွားပါတယ်။ အခြေခံကျင့်ဝတ်လေးက သတိပြု မိရင် ပြုမိသလောက် အကျိုးထူးတွေ ခံစားရတတ်ပါတယ် ။ ဒါက တစ်ချက်။

နောက်တစ်ခုက ပုတီးကို ရိုသေခြင်းပါပဲ ။
ပုတီးသမားအတွက် ပုတီးက လက်နက်ဆိုရင်လည်း မမှားပါဘူး။ စစ်ပွဲဝင်တဲ့စစ်သားတွေအတွက် လက်နက်က အရေးကြီးသလို ပုတီးသမားအတွက် ပုတီးက အရေးကြီးပါတယ် ။ လက်နက်တစ်ခုလို ဖြစ်နေတဲ့ပုတီးကို ရိုသေလေးစားဖို့ လိုပါတယ်။
ကျနော်အရင်ကဆိုရင် စိပ်ပြီး ပြီး ...တွေ့တဲ့နေရာချိတ် ...ပစ်ထားတတ်တဲ့ အကျင့်ရှိပါတယ် ။
သို့သော်...နောက်ပိုင်းမှပုတီးကို အလေးထားရမှန်း သိလာရပါတယ်။ ဘယ်လို အလေးထားရမလဲ...။
အကယ်၍ မိမိအိမ်မှာ ပုတီးစိပ်တယ်ဆိုရင် ဘုရားကျောင်းဆောင် ရုပ်ပွားတော်နားမှာ ကြွေပုဂံပြားနဲ့ ပုဝါဖြူ ဖြူ လေးတစ်ထည် ခင်းထားရပါမယ်။ ပုတီးကို ပုဝါပေါ်မှာ တင်ထားပါ ။ ပုတီးစိပ်တဲ့အခါ အသာလေး ယူစိပ်ပါ။ ပြီးရင် ရိုရိုသေသေ ပြန်ထားပါ ။ ဒါက ပုတီးထားတာနဲ့ ပတ်သက်ပြီး ပြောပြတာပါ ။
အကယ်၍ နယ်ဝေး ခရီးသွားလို့ ယူသွားရမယ်ဆိုရင် ပုဝါဖြူ လေးတစ်ထည်နဲ့ သေသေချာချာ ထုတ်ပြီး အိတ်ထဲထည့် ယူသွားပါ ။ ဒီအတိုင်း ဖြစ်သလို ယူသွားတာနဲ့စာရင် ပိုပြီးကျက်သရေရှိပါတယ် ။ ပုတီးသမားပီသတယ်လို့ ခေါ်ရပါတယ် ။

နောက်ပြီး ပုတီးစိပ်တဲ့အခါပေါ့ ။
ပရိကံပြု ၊ မေတ္တာပို့ပြီးလို့ ပုတီးစိပ်တော့မယ်ဆိုရင် တင်ပလ္လင်ခွေနဲ့ သက်တောင့်သက်သာလေး ထိုင်ပါ ။ တင်းကြပ်တဲ့စိတ် ၊ မွန်းကြပ်တဲ့စိတ်တွေ လျှော့ပြီး ထိုင်ပါ ။
ပြီးရင် ပုတီးမစိပ်ခင်မှာ တင်ပလ္လင်ခွေထိုင်ထားတဲ့ ပုဆိုးပေါ်မှာ ပုဝါဖြူ လေးတစ်ထည် ခင်းထားပါ ။ ပုဝါတစ်ထပ်ခံထားတဲ့ သဘောပေါ့ ။ မဟုတ်ရင် ပုတီးနဲ့ ခြေထောက် ထိလိုထိ ၊ပုဆိုးနဲ့ ငြိလို ငြိတတ်ပါတယ် ။ အောက်ပိုင်းဝတ်တဲ့ပုဆိုးဆိုတော့ မသန့်သလိုဖြစ်နေတတ်ပါတယ် ။
ဒါကြောင့် ပုတီးကိုလေးစားသောအားဖြင့် ပုဝါတစ်ထည်ခံပြီး စိပ်ရပါတယ်။ ပုတီးကို ကြမ်းပြင်နဲ့လည်း မထိပါစေနဲ့ ။ ခုနတုန်းက ပုဝါပေါ်မှာသာ စိပ်ပါ ။ ဒါဆိုရင် အဆင်ပြေသွားပါပြီ ။
ဒါတွေက ပုတီးနဲ့ဆိုင်တဲ့ ကျင့်ဝတ်လေးတွေပါ ။ သတိမထားမိဘူးဆိုရင် သတိထားလို့ရအောင် ကျနော်ပြောပြပေးတာပါ ။ တစ်ချို့သူတွေအတွက် သိပြီးသား ဖြစ်ပါလိမ့်မယ်။ လိုရင်းအချက်က မိမိရဲ့လက်နက်သဖွယ်ဖြစ်တဲ့ ပုတီးကို ရိုသေလေးစားရမှာပါပဲ ။
အကယ်၍ ဆရာကောင်းတစ်ဦးရှိမယ်ဆိုရင် စမ ပုတီးလေး လုပ်ခိုင်းပြီး ဆောင်ထား စိပ်ရင် ပိုကောင်းပါတယ်။ စမပုတီးလုပ်တဲ့နည်းက စာအုပ်တွေမှာ ရှိပါတယ် ။
ပုတီးကို ဂုဏ်တော်နဲ့ ထုံနေအောင် စိပ်ထားရင် ဒီသက်မဲ့ပုတီးလေးက အစွမ်းတွေ ရှိလာတတ်ပါတယ်။ ပယောဂအနှောင့်အယှက် အဟန့်အတားတွေကို ကြောက်စရာမလိုပါဘူး။ ရေစိမ်တိုက်ရင် ပျောက်တဲ့အထိ စွမ်းလာပါတယ် ။
နောက်ပြီး နတ်တွေ ဝိဇ္ဇာတွေက သန့်ပြန့်စွာ နေထိုင်တတ်သူတွေကို သဘောကျကြပါတယ်။
ခုနတုန်းက ပြောခဲ့တဲ့ကျင့်ဝတ်လေးတွေနဲ့ ပုတီးစိပ်ခဲ့မယ်ဆိုရင် ပုတီးအားကောင်းလာတဲ့အခါ နတ်တွေ ဝိဇ္ဇာတွေရဲ့အကူအညီက ရလာတတ်ပါတယ် ။ လူချစ်နတ်ချစ်ပြီဆိုရင် လိုရာကိစ္စ ပြီးမြောက်ဖို့ လွယ်သွားပြီပေါ့ဗျာ...။
ဒါကြောင့်မို့လို့ ပုတီးစိပ်ကြတဲ့အခါ
အခု ပြောခဲ့တဲ့ ကျင့်ဝတ်လေးတွေကို သတိထားပြီး
စိပ်ကြပါလို့ တိုက်တွန်းအပ်ပါတယ်ခင်ဗျာ...။

https://m.facebook.com/groups/357203587979338?view=permalink&id=479650662401296
Crd မင်းကံ စည်ဝင်း

Phyo Thu.



ဖိုးသူတော် (www.phothutaw.com)
Credit: ရွတ်ဆိုပွားများ ဂါထာတော်များ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top