ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

သြားတိုက္ေဆးေၾကာ္ျငာေတြထဲမွာ ေတြ႕ဖူးမွာေပါ႔။ ေမာ္ဒယ္လွလွေလးေတြက ျဖဴဝင္းေတာက္ပတဲ႔သြားေလးေတြနဲ႔ ျပံဳးျပတာမ်ိဳးေလ။ ဘယ္သူမဆို လွပတဲ႔အျပံဳးေလးေတြ၊ ရယ္ေမာျခင္းေလးေတြကို ရဲရဲဝံ႕ဝံ႕ထုတ္ျပခ်င္မွာပါ။ မိမိရဲ႕သြားေတြက မညီမညာနဲ႔၊ အေရာင္ေတြကလည္း ဝါထိန္၊ သြားပိုးေတြလည္း စားေနမယ္ဆိုရင္ ဘယ္လိုလုပ္ၿပီး မိမိကိုယ္ကိုယ္ယံုၾကည္မႈ ရွိႏိုင္ပါ႔မလဲ။

တကယ္ေတာ႔ ျဖဴစင္လွပတဲ႔ သြားေလးေတြဆိုတာ က်န္းမာေရးေကာင္းျခင္းနဲ႔ တစ္ကိုယ္ရည္သန္႕ရွင္းေရးကို ေဖာ္ထုတ္ျပသေနတဲ႔ အရာေတြပဲျဖစ္ပါတယ္။ ဘယ္လိုအရာေတြက သြားအေပၚယံေၾကြလႊာေတြကို ထိခိုက္ေစၿပီး အေရာင္ေျပာင္းလဲျခင္းေတြကို ျဖစ္ေစလဲဆိုေတာ႔....
၁။ မ်ိဳးရီုးဗီဇ

သြားေၾကြလႊာရဲ႕အေရာင္က အျဖဴေရာင္ျဖစ္ေပမယ္႔ သြားေၾကြလႊာေအာက္က dentine လို႔ေခၚတဲ႔ သြားကို ဖြဲ႕စည္းထားတဲ႔ အရာဝတၳဳကေတာ႔ အဝါေရာင္ျဖစ္ေနတတ္ပါတယ္။ တကယ္လို႔ သြားေၾကြလႊာက dentine ထက္ပါးေနမယ္ဆိုရင္ အထဲက အဝါေရာင္က ေၾကြလႊာကိုေဖာက္ၿပီး သြားေပၚေနတတ္ပါတယ္။ အဲဒီမွာ သြားေတြဝါထိန္ျခင္းဆိုၿပီး ျဖစ္လာရပါေတာ႔တယ္။ ေနာက္ၿပီး ဒါဟာ ႀကီးထြားဖြံ႕ၿဖိဳးခ်ိန္မွာ အဆိပ္အေတာက္ေတြနဲ႕ထိေတြ႕မႈေတြ၊ အာဟာရမျပည္႔ဝမႈေတြနဲ႔လည္း သက္ဆိုင္ေနႏိုင္ပါတယ္။
၂။ အစားအေသာက္

တခ်ိဳ႕အစားအေသာက္ေတြက သြားေၾကြလႊာေပၚမွာ အေရာင္ေျပာင္းလဲျခင္းေတြကို ျဖစ္ေစပါတယ္။ အဲဒီထဲမွာ လက္ဖက္ရည္၊ ေကာ္ဖီ၊ ဘလူးဘယ္ရီ၊ ဘလက္ဘယ္ရီ၊ ဝိုင္ျဖဴ၊ ဝိုင္နီ၊ ဆိုဒါပါတဲ႔ အခ်ိဳရည္ေတြနဲ႔ သၾကားလံုးေတြပါဝင္ေနပါတယ္။ သြားေၾကႊလႊာမထိခိုက္ေစခ်င္ရင္ ဒီအစားအေသာက္ေတြစားၿပီးတိုင္း သြားေသခ်ာျပန္တိုက္ေပးသင္႔ပါတယ္။
၃။ အတြင္းလႈိက္စားျခင္း

ခံတြင္းထဲမွာ ပိုးဝင္ျခင္း (သို႔) သြားေရာဂါတခ်ိဳ႕ကလည္း သြားေၾကြလႊာအေရာင္ေျပာင္းျခင္းနဲ႔ သြားဝါျခင္းေတြကို ျဖစ္ေစပါတယ္။ ေနာက္ၿပီး တခ်ိဳ႕ ဓာတုကုထံုးေတြက ဓာတ္ေရာင္ျခည္သင္႔ျခင္း၊ ပိုးသတ္ေဆးေတြ၊ အခ်ိဳရည္ေတြ၊ ဓာတ္မတည္႔ေရာဂါေပ်ာက္ေဆးနဲ႔ အခ်ိဳ႕ေဆးဝါးေတြကလည္း သြားအေရာင္ေျပာင္းေစတဲ႔ အေၾကာင္းရင္းတခ်ိဳ႕ပဲျဖစ္ပါတယ္။
၄။ အေဖ်ာ္ယမကာေတြ

တခ်ိဳ႕အပူ၊ အေအး အေဖ်ာ္ယမကာေတြနဲ႔ အေရာင္ပါတဲ႔ ေသာက္စရာေတြ (ဥပမာ... cocktail) ေတြကလည္း သြားေၾကြလႊာကို အေရာင္ေျပာင္းလဲေစႏိုင္ပါတယ္။ ေနာက္ၿပီး တခ်ိဳ႕ဝိုင္ေတြကို ပမာဏ အတိုင္းအတာတစ္ခုထိ ေသာက္မယ္ဆိုရင္လည္း သြားကိုအေရာင္ေျပာင္းေစႏိုင္ပါတယ္။
၅။ ေဆးလိပ္ေသာက္ျခင္း

ေဆးလိပ္ေသာက္ျခင္း၊ ေဆးရြက္ႀကီးငံုျခင္းေတြကလည္း သြားက်န္းမာေရးကို ထိခိုက္ေစတဲ႔ အခ်က္တခ်ိဳ႕ပါပဲ။ နစ္ကိုတင္းနဲ႔ tar လိုမ်ိဳးအရာဝတၳဳေတြ ပါဝင္တဲ႔ ေဆးလိပ္၊ စီးကရက္နဲ႔ ေဆးရြက္ႀကီးတို႔ဟာ သြားကို ထိခိုက္ပ်က္ဆီးေစရံုတစ္ခုတည္းမဟုတ္ပါဘူး။ ခံတြင္းကင္ဆာကိုလည္း ျဖစ္ေစႏိုင္ပါတယ္။
၆။ ကြမ္းစားျခင္း

သူကလည္း ေဆးလိပ္ေသာက္ျခင္းလိုပါပဲ။ ကြမ္းရြက္၊ ထုံး၊ ကြမ္းသီးနဲ႔ ဗမာေဆးတို႔ကို ေပါင္းစပ္ထားတဲ႔ကြမ္းယာကို ပံုမွန္ဝါးျခင္းဟာ ပတ္ဝန္းက်င္ကို ညစ္ညမ္းေစရံုသာမက ခံတြင္းက်န္းမာေရးကိုလည္း ထိခိုက္ေစပါတယ္။ အထူးသျဖင္႔ သြားေၾကြလႊာကို နီရဲျခင္း၊ ညိဳမဲျခင္းျဖစ္ေစႏိုင္လို႔ အထူးေရွာင္ၾကဥ္သင္႔ပါတယ္။
၇။ သြားက်န္းမာေရးဂရုမစိုက္ျခင္း

သြားပံုမွန္မတိုက္ျခင္း၊ flossing (သြားျခစ္ျခင္း) ကို ပံုမွန္မလုပ္ေပးျခင္းဟာလည္း ခံတြင္းက်န္းမာေရးကိုလည္း ထိခိုက္ေစႏိုင္ပါတယ္။ ဒါတင္မက သြားေၾကြလႊာေတြရဲ႕ ျဖဴစင္မႈကိုလည္း အေႏွာင္႔အယွက္ ေပးႏိုင္ပါတယ္။ ဒါေၾကာင္႔ သြားပံုုမွန္တိုက္ေပးသင္႔သလို အျပင္သြားရင္လည္း Mouthwash (ခံတြင္းသန္႕စင္ေဆး) ဘူးေလး ေဆာင္ထားသင္႔ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version#
သွားတိုက်ဆေးကြော်ငြာတွေထဲမှာ တွေ့ဖူးမှာပေါ့။ မော်ဒယ်လှလှလေးတွေက ဖြူဝင်းတောက်ပတဲ့သွားလေးတွေနဲ့ ပြုံးပြတာမျိုးလေ။ ဘယ်သူမဆို လှပတဲ့အပြုံးလေးတွေ၊ ရယ်မောခြင်းလေးတွေကို ရဲရဲဝံ့ဝံ့ထုတ်ပြချင်မှာပါ။ မိမိရဲ့သွားတွေက မညီမညာနဲ့၊ အရောင်တွေကလည်း ဝါထိန်၊ သွားပိုးတွေလည်း စားနေမယ်ဆိုရင် ဘယ်လိုလုပ်ပြီး မိမိကိုယ်ကိုယ်ယုံကြည်မှု ရှိနိုင်ပါ့မလဲ။

တကယ်တော့ ဖြူစင်လှပတဲ့ သွားလေးတွေဆိုတာ ကျန်းမာရေးကောင်းခြင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဖော်ထုတ်ပြသနေတဲ့ အရာတွေပဲဖြစ်ပါတယ်။ ဘယ်လိုအရာတွေက သွားအပေါ်ယံကြွေလွှာတွေကို ထိခိုက်စေပြီး အရောင်ပြောင်းလဲခြင်းတွေကို ဖြစ်စေလဲဆိုတော့....
၁။ မျိုးရီုးဗီဇ

သွားကြွေလွှာရဲ့အရောင်က အဖြူရောင်ဖြစ်ပေမယ့် သွားကြွေလွှာအောက်က dentine လို့ခေါ်တဲ့ သွားကို ဖွဲ့စည်းထားတဲ့ အရာဝတ္ထုကတော့ အဝါရောင်ဖြစ်နေတတ်ပါတယ်။ တကယ်လို့ သွားကြွေလွှာက dentine ထက်ပါးနေမယ်ဆိုရင် အထဲက အဝါရောင်က ကြွေလွှာကိုဖောက်ပြီး သွားပေါ်နေတတ်ပါတယ်။ အဲဒီမှာ သွားတွေဝါထိန်ခြင်းဆိုပြီး ဖြစ်လာရပါတော့တယ်။ နောက်ပြီး ဒါဟာ ကြီးထွားဖွံ့ဖြိုးချိန်မှာ အဆိပ်အတောက်တွေနဲ့ထိတွေ့မှုတွေ၊ အာဟာရမပြည့်ဝမှုတွေနဲ့လည်း သက်ဆိုင်နေနိုင်ပါတယ်။
၂။ အစားအသောက်

တချို့အစားအသောက်တွေက သွားကြွေလွှာပေါ်မှာ အရောင်ပြောင်းလဲခြင်းတွေကို ဖြစ်စေပါတယ်။ အဲဒီထဲမှာ လက်ဖက်ရည်၊ ကော်ဖီ၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ၊ ဝိုင်ဖြူ၊ ဝိုင်နီ၊ ဆိုဒါပါတဲ့ အချိုရည်တွေနဲ့ သကြားလုံးတွေပါဝင်နေပါတယ်။ သွားကြွှေလွှာမထိခိုက်စေချင်ရင် ဒီအစားအသောက်တွေစားပြီးတိုင်း သွားသေချာပြန်တိုက်ပေးသင့်ပါတယ်။
၃။ အတွင်းလှိုက်စားခြင်း

ခံတွင်းထဲမှာ ပိုးဝင်ခြင်း (သို့) သွားရောဂါတချို့ကလည်း သွားကြွေလွှာအရောင်ပြောင်းခြင်းနဲ့ သွားဝါခြင်းတွေကို ဖြစ်စေပါတယ်။ နောက်ပြီး တချို့ ဓာတုကုထုံးတွေက ဓာတ်ရောင်ခြည်သင့်ခြင်း၊ ပိုးသတ်ဆေးတွေ၊ အချိုရည်တွေ၊ ဓာတ်မတည့်ရောဂါပျောက်ဆေးနဲ့ အချို့ဆေးဝါးတွေကလည်း သွားအရောင်ပြောင်းစေတဲ့ အကြောင်းရင်းတချို့ပဲဖြစ်ပါတယ်။
၄။ အဖျော်ယမကာတွေ

တချို့အပူ၊ အအေး အဖျော်ယမကာတွေနဲ့ အရောင်ပါတဲ့ သောက်စရာတွေ (ဥပမာ... cocktail) တွေကလည်း သွားကြွေလွှာကို အရောင်ပြောင်းလဲစေနိုင်ပါတယ်။ နောက်ပြီး တချို့ဝိုင်တွေကို ပမာဏ အတိုင်းအတာတစ်ခုထိ သောက်မယ်ဆိုရင်လည်း သွားကိုအရောင်ပြောင်းစေနိုင်ပါတယ်။
၅။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငုံခြင်းတွေကလည်း သွားကျန်းမာရေးကို ထိခိုက်စေတဲ့ အချက်တချို့ပါပဲ။ နစ်ကိုတင်းနဲ့ tar လိုမျိုးအရာဝတ္ထုတွေ ပါဝင်တဲ့ ဆေးလိပ်၊ စီးကရက်နဲ့ ဆေးရွက်ကြီးတို့ဟာ သွားကို ထိခိုက်ပျက်ဆီးစေရုံတစ်ခုတည်းမဟုတ်ပါဘူး။ ခံတွင်းကင်ဆာကိုလည်း ဖြစ်စေနိုင်ပါတယ်။
၆။ ကွမ်းစားခြင်း

သူကလည်း ဆေးလိပ်သောက်ခြင်းလိုပါပဲ။ ကွမ်းရွက်၊ ထုံး၊ ကွမ်းသီးနဲ့ ဗမာဆေးတို့ကို ပေါင်းစပ်ထားတဲ့ကွမ်းယာကို ပုံမှန်ဝါးခြင်းဟာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေရုံသာမက ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ အထူးသဖြင့် သွားကြွေလွှာကို နီရဲခြင်း၊ ညိုမဲခြင်းဖြစ်စေနိုင်လို့ အထူးရှောင်ကြဉ်သင့်ပါတယ်။
၇။ သွားကျန်းမာရေးဂရုမစိုက်ခြင်း

သွားပုံမှန်မတိုက်ခြင်း၊ flossing (သွားခြစ်ခြင်း) ကို ပုံမှန်မလုပ်ပေးခြင်းဟာလည်း ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါတင်မက သွားကြွေလွှာတွေရဲ့ ဖြူစင်မှုကိုလည်း အနှောင့်အယှက် ပေးနိုင်ပါတယ်။ ဒါကြောင့် သွားပုံုမှန်တိုက်ပေးသင့်သလို အပြင်သွားရင်လည်း Mouthwash (ခံတွင်းသန့်စင်ဆေး) ဘူးလေး ဆောင်ထားသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top