ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

လာမည့္လ ကမၻာ့ဖလား ေျခစစ္ပြဲမ်ားတြင္ အသင္း၌ ပါ ဝင္ရန္ ဆင့္ေခၚမႈကို ျငင္းဆုိၿပီး ေနာက္ ႏိုင္ငံတကာေဘာလံုး ေလာကမွ အနားယူၿပီျဖစ္ ေၾကာင္း အဂၤလန္၏ စံခ်ိန္တင္ ဂုိးသြင္းရွင္ တုိက္စစ္မွဴးရြန္းေန က ေၾကညာသည္။

ေမာ္လတာႏွင့္ ဆလိုဗက္ကီးယားတုိ႔ႏွင့္ ပဲြစဥ္မ်ားတြင္ ပါဝင္ ကစားရန္ အဂၤလန္အသင္းမန္ေန ဂ်ာေဆာက္သ္ဂိတ္က ရြန္းေနကုိ ေခၚယူခဲ့သည္။

‘‘ကြၽန္ေတာ့္ကို ေရြးခ်ယ္တဲ့ အႀကိမ္တုိင္းဟာ အထူးအခြင့္အ ေရးပါပဲ။ ဒါေပမဲ့လည္း ယခု အခ်ိန္ဟာ အနားယူရမယ့္အခ်ိန္ လုိ႔ ကြၽန္ေတာ္ယံုၾကည္ပါတယ္’’ ဟု အဂၤလန္အတြက္ ႏုိင္ငံတကာပြဲ ေပါင္း ၁၁၉ ပဲြတြင္ ၅၃ ဂုိးသြင္းယူ ခဲ့ေသာ မန္ယူအသင္းေခါင္း ေဆာင္ေဟာင္းက ေျပာသည္။

ရြန္းေနသည္ ၂၀၀၃  ေဖေဖာ္ဝါရီတြင္ အဂၤလန္က ၾသစေၾတးလ် ကို ၃-၁ ဂုိးျဖင့္ ႐ႈံးေသာပြဲတြင္ လက္ေရြးစင္အသင္း၌ ပထမ ဆံုးပါဝင္ကစားခဲ့သည္။ အသက္(၁၈)ႏွစ္အရြယ္တြင္ ၂၀၀၄ ယူ႐ုိၿပိဳင္ပြဲ၌ ပါဝင္ခဲ့ၿပီး ေနာက္ဆံုးႏုိင္ငံတကာပဲြသည္ ၿပီးခဲ့သည့္ႏွစ္ႏုိဝင္ဘာက စေကာ့တလန္ကုိ၃-၀ ဂုိးျဖင့္ ႏုိင္ေသာ ပဲြျဖစ္သည္။

ဝိန္းရြန္းေန (၃၁)ႏွစ္သည္ ေႏြရာသီက ၎၏ ငယ္ေမြးၿခံ ေပါက္ အဲဗာတန္အသင္းသို႔ ျပန္ လည္ေျပာင္းေရႊ႕ခဲ့ကာ လြန္ခဲ့ ေသာ ႏွစ္ရက္က မန္စီးတီးႏွင့္ တစ္ဂုိးစီသေရက်ေသာ ပဲြ၌ ပရီးမီးယားလိဂ္ ဂုိး ၂၀၀ ေျမာက္ကုိ သြင္းယူခဲ့သည္။

အဂၤလန္အသင္းမွ အနား ယူျခင္းသည္  ခက္ခဲေသာ ဆံုးျဖတ္ ခ်က္ျဖစ္ၿပီး မိမိ၏ မိသားစု၊ အဲဗာ တန္မန္ေနဂ်ာႏွင့္ အရင္းႏွီးဆံုး လူမ်ားႏွင့္ တုိင္ပင္ေဆြးေႏြးၿပီး ေနာက္ ဆံုးျဖတ္ခဲ့ျခင္းျဖစ္သည္ ဟု ရြန္းေန၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

    ႏုိင္ငံတကာေဘာလံုးေလာကမွ အၿပီးတုိင္အနားယူရန္ ဆံုးျဖတ္ခဲ့ေၾကာင္းကုိ အဂၤလန္မန္ေနဂ်ာ ေဆာက္သ္ဂိတ္ ေျပာၾကားခဲ့ သည္ဟု ရြန္းေနက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
လာမည့်လ ကမ္ဘာ့ဖလား ခြေစစ်ပွဲများတွင် အသင်း၌ ပါ ဝင်ရန် ဆင့်ခေါ်မှုကို ငြင်းဆိုပြီး နောက် နိုင်ငံတကာဘောလုံး လောကမှ အနားယူပြီဖြစ် ကြောင်း အင်္ဂလန်၏ စံချိန်တင် ဂိုးသွင်းရှင် တိုက်စစ်မှူးရွန်းနေ က ကြေညာသည်။

မော်လတာနှင့် ဆလိုဗက်ကီးယားတို့နှင့် ပွဲစဉ်များတွင် ပါဝင် ကစားရန် အင်္ဂလန်အသင်းမန်နေ ဂျာဆောက်သ်ဂိတ်က ရွန်းနေကို ခေါ်ယူခဲ့သည်။

‘‘ကျွန်တော့်ကို ရွေးချယ်တဲ့ အကြိမ်တိုင်းဟာ အထူးအခွင့်အ ရေးပါပဲ။ ဒါပေမဲ့လည်း ယခု အချိန်ဟာ အနားယူရမယ့်အချိန် လို့ ကျွန်တော်ယုံကြည်ပါတယ်’’ ဟု အင်္ဂလန်အတွက် နိုင်ငံတကာပွဲ ပေါင်း ၁၁၉ ပွဲတွင် ၅၃ ဂိုးသွင်းယူ ခဲ့သော မန်ယူအသင်းခေါင်း ဆောင်ဟောင်းက ပြောသည်။

ရွန်းနေသည် ၂၀၀၃  ဖေဖော်ဝါရီတွင် အင်္ဂလန်က သြစတြေးလျ ကို ၃-၁ ဂိုးဖြင့် ရှုံးသောပွဲတွင် လက်ရွေးစင်အသင်း၌ ပထမ ဆုံးပါဝင်ကစားခဲ့သည်။ အသက်(၁၈)နှစ်အရွယ်တွင် ၂၀၀၄ ယူရိုပြိုင်ပွဲ၌ ပါဝင်ခဲ့ပြီး နောက်ဆုံးနိုင်ငံတကာပွဲသည် ပြီးခဲ့သည့်နှစ်နိုဝင်ဘာက စကော့တလန်ကို၃-၀ ဂိုးဖြင့် နိုင်သော ပွဲဖြစ်သည်။

ဝိန်းရွန်းနေ (၃၁)နှစ်သည် နွေရာသီက ၎င်း၏ ငယ်မွေးခြံ ပေါက် အဲဗာတန်အသင်းသို့ ပြန် လည်ပြောင်းရွှေ့ခဲ့ကာ လွန်ခဲ့ သော နှစ်ရက်က မန်စီးတီးနှင့် တစ်ဂိုးစီသရေကျသော ပွဲ၌ ပရီးမီးယားလိဂ် ဂိုး ၂၀၀ မြောက်ကို သွင်းယူခဲ့သည်။

အင်္ဂလန်အသင်းမှ အနား ယူခြင်းသည်  ခက်ခဲသော ဆုံးဖြတ် ချက်ဖြစ်ပြီး မိမိ၏ မိသားစု၊ အဲဗာ တန်မန်နေဂျာနှင့် အရင်းနှီးဆုံး လူများနှင့် တိုင်ပင်ဆွေးနွေးပြီး နောက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည် ဟု ရွန်းနေ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    နိုင်ငံတကာဘောလုံးလောကမှ အပြီးတိုင်အနားယူရန် ဆုံးဖြတ်ခဲ့ကြောင်းကို အင်္ဂလန်မန်နေဂျာ ဆောက်သ်ဂိတ် ပြောကြားခဲ့ သည်ဟု ရွန်းနေက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top