Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အမ်ိဳးသမီးအမ်ားစုဟာ သူတို႔ရဲ႕ ရင္သားေတြက ေသးေနရင္ ယံုၾကည္မႈေပ်ာက္ဆံုးျပီး သိမ္ငယ္ေလ့ ရွိတတ္ပါတယ္ ။ ရင္သားၾကီးတဲ့သူေတြက သူတို႔ကိုယ္သူတို႔ ယံုၾကည္မႈရွိရွိ လွပနိုင္တယ္ဆိုေပမယ့္ ရင္သားေသးတဲ့သူေတြ မခံစားရတဲ့ ဒုကၡသုတ္ခေတြ သူတို႔မွာ ရွိပါတယ္ ။ ရင္သားေသးတဲ့သူေတြအေနနဲ႕ ပိုျပီးေကာင္းမြန္တဲ့အခ်က္ေတြ ၊ ဂုဏ္ယူစရာအခ်က္ေတြ အမ်ားၾကီးရွိပါတယ္ ။ ဒါ့ေၾကာင့္ ရင္သားေသးလို႔ ဆိုျပီး ဆိုက္ကိုဝင္ ၊ ယံုၾကည္မႈမရွိတာေတြ ရပ္တန္းကရပ္လုိက္ပါ။ ရင္သားေသးတဲ့ ပ်ိဳေမေတြဟာ

၁)ကိုယ္ခႏၶာအေနအထားမွန္တယ္
စဥ္းစားၾကည့္ေလ…၁၀ေပါင္ ေလာက္ရွိတဲ့ ခပ္ၾကီးၾကီး ရင္သားနွစ္လံုးက သင့္ရဲ႕ ရင္ဘတ္ၾကီးမွာရွိေနရင္ လမ္းေလွ်ာက္တဲ့အခါမွာ ေလးမေနဘူးလား ။ ဒီလိုအေလးၾကီးကို သယ္ျပီးသြားေနရတဲ့အတြက္ လက္ပ်ဥ္းကုန္းနိုင္ျပီး မတ္မတ္ရပ္ဖို႔ ခဲယဥ္းတတ္တယ္ ။ ဒါ့အျပင္ ခါးနာတာ ၊ လည္ပင္းနာတာမွတဆင့္ ေခါင္းကိုက္တာမ်ိဳးေတြအထိ ျဖစ္နိုင္ပါတယ္ ။ ရင္သားေသးတဲ့သူေတြကေတာ့ ဒီလိုဒုကၡေတြကင္းေဝးျပီး ကိုယ္ခႏၶာအေနအထား မတ္မတ္နဲ႕ ရဲရဲဝ့ံဝ့ံေနနိုင္ပါတယ္။

၂)ၾကီးေအာင္ပဲလုပ္လို႔ရတယ္ ၊ ေသးေအာင္လုပ္လို႔ရဘူး
သင္သာတကယ္ရင္သားၾကီးခ်င္တဲ့ပံုစံလုိခ်င္တယ္ဆုိရင္ ေလ့က်င့္ခန္းနဲ႕ပဲ ၾကီးေအာင္လုပ္မလား ၊ ေဆးလိမ္းမလား၊ ဆာဂ်ရီလုပ္မလား ၊ ဘရာေကာင္းေကာငး္ေရြးဝတ္မလား ၊ ၾကီးေအာင္လုပ္လို႔ရတဲ့ နည္းေတြအမ်ားၾကီးပဲရွိတယ္ ။ ဒါေပမယ့္ ၾကီးတဲ့သူေတြက်ေတာ့ ေသးေအာင္လုပ္လို႔ရတဲ့ နည္းလမ္း မေတြ႕ဖူးေသးပါဘူး ။ (ျဖတ္ထုတ္ပစ္မွာေပါ့လို႔ေတာ့ လာမေျပာနဲ႕ေနာ္.. :P)

၃)ရင္သားေသးတဲ့အမ်ိဳးသမီးေတြက ခ်မ္းသာတဲ့အမ်ိဳးသားေတြအတြက္ ပိုျပီးဆြဲေဆာင္မႈရွိတယ္
Psycohlogy Today ရဲ႕ ေလ့လာထုတ္ေဖ္ာခ်က္မ်ားအရ ခပ္ထြားထြား ရင္သားပိုင္ရွင္ေတြကို ကိုေရႊေယာက္်ားေတြ ၾကိဳက္ၾကတာမွန္ေပမယ့္ ခ်မ္းသာၾကြယ္ဝတဲ့ အမ်ိဳးသားေတြကေတာ့ သိပ္စိတ္မဝင္စားၾကပါဘူးတဲ့ ။ သူတိုိ႔အတြက္ ရင္သားေသးတဲ့ အမ်ိဳသမီးက ပိုျပီး ဆြဲေဆာင္မႈ ရွိေနတတ္ပါတယ္တဲ့ ။

၄)ဘယ္သူမွသတိမထားမိဘူး
ဒါလည္းရွင္းပါတယ္ ။ ရင္သားၾကီးတဲ့ မိန္းကေလးဆိုရင္ မ်က္လံုးေပါင္းေသာင္းေျခာက္ေထာင္ရဲ႕ အၾကည့္ေတြက ကိုယ့္ရဲ႕ရင္ဘတ္ေပၚမွာ တဝဲလည္လည္ျဖစ္ေနမွာ အေသခ်ာပါပဲ ။ ကိုယ့္ရဲ႕ရင္ဘတ္ကို အဲ့လိုၾကီး ၾကည့္ခံရတာကိုေတာ့ သိပ္္မၾကိဳက္လွဘူး ။ ဒါ့ေၾကာင့္ ရင္သားပိစိ မိန္းကေလးေတြကေတာ့ ဒီဒုကၡကေန ကင္းပါတယ္။ဘယ္သူ႔မွ ကိုယ့္ကို သတိထားျပီး ၾကည့္မေနေတာ့ဘူး။

၅)ပိုျပီးနုပ်ိဳငယ္ရြယ္တဲ့ပံုေပါက္တယ္
ရင္သားၾကီးထြားမႈေၾကာင့္ သာမန္ထက္ ရင္သားတြဲက်တာ ပိုျမန္ျပီး အိုတဲ့ပံုေပါက္ေစပါတယ္ ။ ရင္သားေသးတဲ့ မိန္းကေလးေတြကေတာ့ ရင္သားၾကီးတဲ့ ရြယ္တူမိန္းကေလးေတြထက္ ၅နွစ္ေလာက္ ပိုငယ္တယ္လို႔ ထင္ရေစပါတယ္ ။ကေလးေလးေတြလို ၾကိဳက္သလို လြတ္လြတ္လပ္လပ္ ခုန္ေပါက္ေဆာ့ကစားေနလို႔ရတယ္ ။ ရင္သားၾကီးတဲ့ ပ်ိဳပ်ိဳေမတို႔ကေတ့ာ ဒီလုိဘယ္ေဆာ့လို႔ ရပါ့မလဲ ^_^ ။ ( ဘာမွမရွိေတာ့ ခေလးေလးလိုပဲေလ..:D)

၆)ဘာဝတ္ဝတ္တင့္တယ္တယ္
ဟုတ္တယ္ေလ..ရင္သားေသးတဲ့ မိန္းကေလးေတြ ဘယ္အဝတ္အစားဝတ္ဝတ္ အဆင္ေျပတယ္ ။ အဝတ္အစား က်ပ္က်ပ္ဝတ္လို႔ ကိုယ့္ကိုကိုယ္ မလံုမလဲ ျဖစ္စရာလည္း မလိုဘူးေလ ။ ဘာဝတ္ဝတ္ကို အဆင္ေျပေနေရာ…

၇)နာမည္ၾကီးေတာ္ေတာ္မ်ားမ်ားလည္းရင္သားေသးၾကတယ္
ကိုယ္တစ္ေယာက္တည္း ရင္သားေသးေနတာမဟုတ္ပါဘူး ။ နိုင္ငံေက်ာ္ celebrity ေတာ္ေတာ္မ်ားမ်ားလည္း ရင္သားေသးၾကပါတယ္ ။ တကယ္ေတာ့ ရင္သားေသးတာ ၊ ၾကီးတာက ဘဝရဲ႕ အစိတ္အပိုင္းတစ္ခု မဟုတ္ပါဘူးေနာ္ ။ ဘာမွစိတ္ဓါတ္က် ၊ စိတ္ညစ္ေနစရာ မလိုပါဘူး ။ ကိုယ့္မွာရွိတာကို ယံုၾကည္မႈရွိရွိ လက္ခံျပီး လုပ္စရာရွိတာကို ဆက္လုပ္ေနပါ ။ OK ?

ရင္သားေသးတဲ့ မိန္းကေလးေတြ အားမငယ္နဲ႔ေတာ့ေနာ္ ။ ကိုယ့္မွာရွိတဲ့အရာကို လက္ခံျပီး ကိုယ့္ကိုကိုယ္ ယံုၾကည္မႈရွိရွိေနပါ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN (ေရႊအင္းေလး)

#Unicode Version#
အမျိုးသမီးအများစုဟာ သူတို့ရဲ့ ရင်သားတွေက သေးနေရင် ယုံကြည်မှုပျောက်ဆုံးပြီး သိမ်ငယ်လေ့ ရှိတတ်ပါတယ် ။ ရင်သားကြီးတဲ့သူတွေက သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိရှိ လှပနိုင်တယ်ဆိုပေမယ့် ရင်သားသေးတဲ့သူတွေ မခံစားရတဲ့ ဒုက္ခသုတ်ခတွေ သူတို့မှာ ရှိပါတယ် ။ ရင်သားသေးတဲ့သူတွေအနေနဲ့ ပိုပြီးကောင်းမွန်တဲ့အချက်တွေ ၊ ဂုဏ်ယူစရာအချက်တွေ အများကြီးရှိပါတယ် ။ ဒါ့ကြောင့် ရင်သားသေးလို့ ဆိုပြီး ဆိုက်ကိုဝင် ၊ ယုံကြည်မှုမရှိတာတွေ ရပ်တန်းကရပ်လိုက်ပါ။ ရင်သားသေးတဲ့ ပျိုမေတွေဟာ

၁)ကိုယ်ခန္ဓာအနေအထားမှန်တယ်
စဉ်းစားကြည့်လေ…၁၀ပေါင် လောက်ရှိတဲ့ ခပ်ကြီးကြီး ရင်သားနှစ်လုံးက သင့်ရဲ့ ရင်ဘတ်ကြီးမှာရှိနေရင် လမ်းလျှောက်တဲ့အခါမှာ လေးမနေဘူးလား ။ ဒီလိုအလေးကြီးကို သယ်ပြီးသွားနေရတဲ့အတွက် လက်ပျဉ်းကုန်းနိုင်ပြီး မတ်မတ်ရပ်ဖို့ ခဲယဉ်းတတ်တယ် ။ ဒါ့အပြင် ခါးနာတာ ၊ လည်ပင်းနာတာမှတဆင့် ခေါင်းကိုက်တာမျိုးတွေအထိ ဖြစ်နိုင်ပါတယ် ။ ရင်သားသေးတဲ့သူတွေကတော့ ဒီလိုဒုက္ခတွေကင်းဝေးပြီး ကိုယ်ခန္ဓာအနေအထား မတ်မတ်နဲ့ ရဲရဲဝံ့ဝံ့နေနိုင်ပါတယ်။

၂)ကြီးအောင်ပဲလုပ်လို့ရတယ် ၊ သေးအောင်လုပ်လို့ရဘူး
သင်သာတကယ်ရင်သားကြီးချင်တဲ့ပုံစံလိုချင်တယ်ဆိုရင် လေ့ကျင့်ခန်းနဲ့ပဲ ကြီးအောင်လုပ်မလား ၊ ဆေးလိမ်းမလား၊ ဆာဂျရီလုပ်မလား ၊ ဘရာကောင်းကောင်းရွေးဝတ်မလား ၊ ကြီးအောင်လုပ်လို့ရတဲ့ နည်းတွေအများကြီးပဲရှိတယ် ။ ဒါပေမယ့် ကြီးတဲ့သူတွေကျတော့ သေးအောင်လုပ်လို့ရတဲ့ နည်းလမ်း မတွေ့ဖူးသေးပါဘူး ။ (ဖြတ်ထုတ်ပစ်မှာပေါ့လို့တော့ လာမပြောနဲ့နော်.. :P)

၃)ရင်သားသေးတဲ့အမျိုးသမီးတွေက ချမ်းသာတဲ့အမျိုးသားတွေအတွက် ပိုပြီးဆွဲဆောင်မှုရှိတယ်
Psycohlogy Today ရဲ့ လေ့လာထုတ်ဖေ်ာချက်များအရ ခပ်ထွားထွား ရင်သားပိုင်ရှင်တွေကို ကိုရွှေယောက်ျားတွေ ကြိုက်ကြတာမှန်ပေမယ့် ချမ်းသာကြွယ်ဝတဲ့ အမျိုးသားတွေကတော့ သိပ်စိတ်မဝင်စားကြပါဘူးတဲ့ ။ သူတို့အတွက် ရင်သားသေးတဲ့ အမျိုသမီးက ပိုပြီး ဆွဲဆောင်မှု ရှိနေတတ်ပါတယ်တဲ့ ။

၄)ဘယ်သူမှသတိမထားမိဘူး
ဒါလည်းရှင်းပါတယ် ။ ရင်သားကြီးတဲ့ မိန်းကလေးဆိုရင် မျက်လုံးပေါင်းသောင်းခြောက်ထောင်ရဲ့ အကြည့်တွေက ကိုယ့်ရဲ့ရင်ဘတ်ပေါ်မှာ တဝဲလည်လည်ဖြစ်နေမှာ အသေချာပါပဲ ။ ကိုယ့်ရဲ့ရင်ဘတ်ကို အဲ့လိုကြီး ကြည့်ခံရတာကိုတော့ သိပ်မကြိုက်လှဘူး ။ ဒါ့ကြောင့် ရင်သားပိစိ မိန်းကလေးတွေကတော့ ဒီဒုက္ခကနေ ကင်းပါတယ်။ဘယ်သူ့မှ ကိုယ့်ကို သတိထားပြီး ကြည့်မနေတော့ဘူး။

၅)ပိုပြီးနုပျိုငယ်ရွယ်တဲ့ပုံပေါက်တယ်
ရင်သားကြီးထွားမှုကြောင့် သာမန်ထက် ရင်သားတွဲကျတာ ပိုမြန်ပြီး အိုတဲ့ပုံပေါက်စေပါတယ် ။ ရင်သားသေးတဲ့ မိန်းကလေးတွေကတော့ ရင်သားကြီးတဲ့ ရွယ်တူမိန်းကလေးတွေထက် ၅နှစ်လောက် ပိုငယ်တယ်လို့ ထင်ရစေပါတယ် ။ကလေးလေးတွေလို ကြိုက်သလို လွတ်လွတ်လပ်လပ် ခုန်ပေါက်ဆော့ကစားနေလို့ရတယ် ။ ရင်သားကြီးတဲ့ ပျိုပျိုမေတို့ကတေ့ာ ဒီလိုဘယ်ဆော့လို့ ရပါ့မလဲ ^_^ ။ ( ဘာမှမရှိတော့ ခလေးလေးလိုပဲလေ..:D)

၆)ဘာဝတ်ဝတ်တင့်တယ်တယ်
ဟုတ်တယ်လေ..ရင်သားသေးတဲ့ မိန်းကလေးတွေ ဘယ်အဝတ်အစားဝတ်ဝတ် အဆင်ပြေတယ် ။ အဝတ်အစား ကျပ်ကျပ်ဝတ်လို့ ကိုယ့်ကိုကိုယ် မလုံမလဲ ဖြစ်စရာလည်း မလိုဘူးလေ ။ ဘာဝတ်ဝတ်ကို အဆင်ပြေနေရော…

၇)နာမည်ကြီးတော်တော်များများလည်းရင်သားသေးကြတယ်
ကိုယ်တစ်ယောက်တည်း ရင်သားသေးနေတာမဟုတ်ပါဘူး ။ နိုင်ငံကျော် celebrity တော်တော်များများလည်း ရင်သားသေးကြပါတယ် ။ တကယ်တော့ ရင်သားသေးတာ ၊ ကြီးတာက ဘဝရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ပါဘူးနော် ။ ဘာမှစိတ်ဓါတ်ကျ ၊ စိတ်ညစ်နေစရာ မလိုပါဘူး ။ ကိုယ့်မှာရှိတာကို ယုံကြည်မှုရှိရှိ လက်ခံပြီး လုပ်စရာရှိတာကို ဆက်လုပ်နေပါ ။ OK ?

ရင်သားသေးတဲ့ မိန်းကလေးတွေ အားမငယ်နဲ့တော့နော် ။ ကိုယ့်မှာရှိတဲ့အရာကို လက်ခံပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနေပါ ။

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN (ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top