Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×







Credit:  PannPwint

#Unicode Version#
အသက်ငယ်ငယ်နှင့် ဆယ်တန်းမအောင်ခင် အနုပညာလောကတွင် အောင်မြင်လာသူ သရုပ်ဆောင် ရွှေမှုံရတီတစ်ယောာက်ကတော့ ချစ်သူဖြစ်တဲ့ စတီဗင်ချောင်နှင့်အတူ ဓာတ်ပုံရိုက်ရလို့ပျော်နေပါတယ်။

ပရိတ်သတ်အခိုင်အမာရရှိထားသူ ရွှေမှုံရတီက ငယ်ငယ်ရွယ်ရွယ်နှင့် ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်နေခဲ့သည်။ သူ့ရဲ့နေထိုင် ဝတ်စားပုံ လွတ်လွတ်လပ်လပ်ရှိတာကြောင့် ဝေဖန်သူအချို့ရှိသည်။

သို့သော်လည်း ကောင်းကောင်းဆိုးဆိုး မင်းသမီးလေးကတော့ လူတွေပါးစပ်ဖျားမှာ ခဏခဏပေါ်လာတတ်သူဖြစ်သည်။ လူစိတ်ဝင်စားခံရသည့်အနုပညာရှင်တစ်ယောက်လည်းဖြစ်သည်။ ချစ်စဖွယ်ဟန်အမူအယာလေးများနှင့်အတူ အမျိုးသား အမျိုးသမီးပရိသတ်တို့ အားပေးခံရသည့် အနည်းငယ်ထူးခြားသူလည်းဖြစ်သည်။

သူမဟာ ရည်းစားရှိနေခဲ့တာ ကြာခဲ့ပြီဖြစ်သော်လည်း အစပိုင်းတွင် ဓာတ်ပုံများ မပြခဲ့သဖြင့် ပရိတ်သတ်များမသိခဲ့ရပေ။ နောက်ပိုင်းတော့ ကိုယ်တစ်ပိုင်းပုံများ ပြလာသည်။ ထို့နောက် ဖေ့စ်ဘွက် တိုက်ရိုက်ဗွီဒီယိုဖိုင်များတွင်ပါ ပါဝင်လာသည်ကို တွေ့ရသည်။

ပရိသတ်များက ရွှေမှုံရတီ တင်လိုက်သော ဓာတ်ပုံများ ဗွီဒီယိုဖိုင်များကို စိတ်ဝင်းလေ့ရှိကြသည်။ သူမချစ်သူနှင့်အတူ ပူးကပ်ကာ ဖေ့စ်ဘွက်တိုက်ရိုက်လွှင့်ခဲ့သော ဗွီဒီယိုဖိုင်ဟာလည်း လူကြည့်များခဲ့သည်။

ခပ်ဟော့ဟော့နေထိုင်မှုများဖြင့် မင်းသမီးလေးရွှေမှုံရတီကတော့ လူစိတ်ဝင်စားမှုကို မပြတ်တမ်း လုပ်နေခဲ့သည်။ ဒီနေ့လည်း သူမချစ်သူနဲ့တူ ဓာတ်ပုံသုံးပုံတင်ခဲ့တာဖြစ်ပါတယ်။

ပရိတ်သတ်က စိတ်ဝင်စားကြပြီး Like လုပ်သူအရေအတွက် ၁၄ဝဝဝ ကျော်ရှိခဲ့သည်။ ချစ်သူဖြစ်သူက ရှက်နေပြီး မျက်နှာမပြရဲခဲ့ပေ။ ရွှေမှုံရတီက အငယ်ဖြစ်သော်လည်း ချစ်သူကို သူက ပို၍ချစ်ပြနေသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:  PannPwint


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top