လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ကမာရြတ္စခန္းမွဴးအား ၀င္တုိက္မိသည့္ ေမာ္ေတာ္ယာဥ္အား အခင္းျဖစ္ပြားၿပီး ေတြ႕ရစဥ္ (ဓာတ္ပံု − ကမာရြတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕)

တကၠသိုလ္ရိပ္သာလမ္း တြင္ ျဖစ္ပြားသည့္ ယာဥ္တုိက္မႈကုိ သြားေရာက္ရွင္းလင္းေပးသည့္ ကမာရြတ္ၿမိဳ႕မရဲစခန္းမွဴးသည္ အဆုိပါေနရာ၌ပင္ ယာဥ္တုိက္ခံရ၍  ေသဆုံးခဲ့ေၾကာင္း ကမာရြတ္ၿမိဳ႕နယ္ရဲတပ္ဖဲြ႕မွ ရဲအရာရွိတစ္ဦးက ဆုိသည္။

ကမာရြတ္ၿမိဳ႕နယ္ တကၠသိုလ္ရိပ္သာလမ္းေပၚရွိ အဓိပတိလမ္း ၀င္ေပါက္အလြန္တြင္ျဖစ္ပြားသည့္ ယာဥ္တုိက္မႈကို ယာဥ္ထိန္းတပ္ဖဲြ႕၀င္မ်ားႏွင့္အ တူ သြားေရာက္ရွင္းလင္းရာမွ ၾသဂုတ္ ၇ ရက္ နံနက္ ၂ နာရီေက်ာ္တြင္  ယာဥ္တုိက္ခံရျခင္းျဖစ္ေၾကာင္း ၎ကဆက္လက္ရွင္းျပသည္။

‘‘အရွိန္ကေတာ္ေတာ္ျပင္း တယ္။ ေမာင္းတဲ့သူကလည္း မူးေနတာ။ စခန္းမွဴးက ပထမယာဥ္ တုိက္မႈေၾကာင့္ လမ္းေပၚမွာျပန္႔ က်ဲေနတဲ့ ေက်ာက္ခဲေတြကို ကား ေတြျဖတ္ေမာင္းရင္ စလစ္ျဖစ္မွာဆုိးလို႔ရွင္းေနတုန္း ေနာက္က၀င္ တုိက္တာ။ အျပင္မွာေျပာေနသ လို တမင္၀င္တုိက္တာေတာ့ မဟုတ္ဘူး။ မူးၿပီးမဆင္မျခင္ ေမာင္းလုိ႔ျဖစ္တာပါ’’ဟု ၎က ဆုိသည္။

စခန္းမွဴးကုိ တုိက္ခဲ့ေသာ ဟြန္ဒါစီဗစ္ယာဥ္ကုိ ကမာရြတ္ၿမိဳ႕နယ္ (၂)ရပ္ကြက္တြင္ ေနထုိင္သည့္ အသက္(၃၀) အရြယ္ ခ်မ္းေျမ႕ေဇာ္ဆုိသူက ဗဟန္းၿမိဳ႕နယ္ဘက္မွ ေမာင္းႏွင္လာၿပီး စခန္းမွဴးကုိ တုိက္မိၿပီးေနာက္ေရွ႕မွ ပ႐ိုေဘာက္စ္ယာဥ္ကုိ  ထပ္မံတုိက္မိကာ   တိမ္းေမွာက္ခဲ့ ေၾကာင္း ကမာရြတ္ၿမိဳ႕နယ္ ရဲစ ခန္းမွ ရဲတပ္ဖဲြ႕၀င္တစ္ဦးက ဆုိ သည္။

‘‘ကားက လမ္းလယ္တုံး ေတြကုိ တုိက္ၿပီး လူပါတစ္ခါတည္း ညပ္ပါသြားတာ။ ၿပီးေတာ့မွ ကား ေအာက္က
ျပန္ဆဲြထုတ္ၿပီး ေဆး ႐ုံပို႔လုိက္တာ။ ေဆး႐ုံေရာက္ၿပီး ႏွစ္နာရီ၀န္းက်င္ေလာက္မွာ ဆုံး သြားတယ္။ တရားခံကိုလည္း မိ ထားၿပီးပါၿပီ’’ဟု ကမာရြတ္ၿမိဳ႕နယ္ရဲတပ္ဖဲြ႕မွ ရဲအရာရွိတစ္ဦးက ဆုိသည္။

‘‘သူကလွည့္ကင္း လွည့္ေနရင္းျဖစ္တာ။ လွည့္ကင္းက မီးတန္းကားနဲ႔ လွည့္တာဆိုေတာ့ ေရာင္ျပန္
အက်ႌဝတ္ထားတာ ေတာ့မရွိဘူး။ ယာဥ္စစ္အဖြဲ႕ကေတာ့ဝတ္တယ္။ ေနာက္ၿပီးယာဥ္တိုက္မႈက ကိုယ့္ေမဂ်ာေတာ့မဟုတ္ဘူး။ ယာဥ္ထိန္းက လုပ္ရမွာေလ။ ဒါေပမဲ့ ကိုယ့္နယ္ေျမထဲမွာျဖစ္တာဆိုေတာ့ သြားရတာေပါ့’’ဟုကမာရြတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ဆိုသည္။

ယာဥ္တုိက္ခံရသူ အသက္(၅၁)ႏွစ္အရြယ္ ဒုရဲမွဴးစိုးေအာင္သည္ ကမာရြတ္ရဲစခန္းသို႔ ေျပာင္းေရႊ႕
လာသည္မွာ ေလးလခန္႔သာရွိေသးၿပီး လွည့္ကင္းတာ၀န္ ထမ္းေဆာင္ေနစဥ္ ျဖစ္ပြားခဲ့ ေၾကာင္း ၎ကဆက္လက္ေျပာသည္။

ယာဥ္တိုက္မႈက်ဴးလြန္ခဲ့ သည့္  ယာဥ္ေမာင္းခ်မ္းေျမ႕ေဇာ္ ကို ကမာရြတ္ၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၂၇၉ ျဖင့္ အမႈဖြင့္အေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
ကမာရွတ်စခန်းမှူးအား ဝင်တိုက်မိသည့် မော်တော်ယာဉ်အား အခင်းဖြစ်ပွားပြီး တွေ့ရစဉ် (ဓာတ်ပုံ − ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့)

တက္ကသိုလ်ရိပ်သာလမ်း တွင် ဖြစ်ပွားသည့် ယာဉ်တိုက်မှုကို သွားရောက်ရှင်းလင်းပေးသည့် ကမာရွတ်မြို့မရဲစခန်းမှူးသည် အဆိုပါနေရာ၌ပင် ယာဉ်တိုက်ခံရ၍  သေဆုံးခဲ့ကြောင်း ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ အဓိပတိလမ်း ဝင်ပေါက်အလွန်တွင်ဖြစ်ပွားသည့် ယာဉ်တိုက်မှုကို ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့်အ တူ သွားရောက်ရှင်းလင်းရာမှ သြဂုတ် ၇ ရက် နံနက် ၂ နာရီကျော်တွင်  ယာဉ်တိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

‘‘အရှိန်ကတော်တော်ပြင်း တယ်။ မောင်းတဲ့သူကလည်း မူးနေတာ။ စခန်းမှူးက ပထမယာဉ် တိုက်မှုကြောင့် လမ်းပေါ်မှာပြန့် ကျဲနေတဲ့ ကျောက်ခဲတွေကို ကား တွေဖြတ်မောင်းရင် စလစ်ဖြစ်မှာဆိုးလို့ရှင်းနေတုန်း နောက်ကဝင် တိုက်တာ။ အပြင်မှာပြောနေသ လို တမင်ဝင်တိုက်တာတော့ မဟုတ်ဘူး။ မူးပြီးမဆင်မခြင် မောင်းလို့ဖြစ်တာပါ’’ဟု ၎င်းက ဆိုသည်။

စခန်းမှူးကို တိုက်ခဲ့သော ဟွန်ဒါစီဗစ်ယာဉ်ကို ကမာရွတ်မြို့နယ် (၂)ရပ်ကွက်တွင် နေထိုင်သည့် အသက်(၃၀) အရွယ် ချမ်းမြေ့ဇော်ဆိုသူက ဗဟန်းမြို့နယ်ဘက်မှ မောင်းနှင်လာပြီး စခန်းမှူးကို တိုက်မိပြီးနောက်ရှေ့မှ ပရိုဘောက်စ်ယာဉ်ကို  ထပ်မံတိုက်မိကာ   တိမ်းမှောက်ခဲ့ ကြောင်း ကမာရွတ်မြို့နယ် ရဲစ ခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆို သည်။

‘‘ကားက လမ်းလယ်တုံး တွေကို တိုက်ပြီး လူပါတစ်ခါတည်း ညပ်ပါသွားတာ။ ပြီးတော့မှ ကား အောက်ကပြန်ဆွဲထုတ်ပြီး ဆေး ရုံပို့လိုက်တာ။ ဆေးရုံရောက်ပြီး နှစ်နာရီဝန်းကျင်လောက်မှာ ဆုံး သွားတယ်။ တရားခံကိုလည်း မိ ထားပြီးပါပြီ’’ဟု ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

‘‘သူကလှည့်ကင်း လှည့်နေရင်းဖြစ်တာ။ လှည့်ကင်းက မီးတန်းကားနဲ့ လှည့်တာဆိုတော့ ရောင်ပြန်အကျႌဝတ်ထားတာ တော့မရှိဘူး။ ယာဉ်စစ်အဖွဲ့ကတော့ဝတ်တယ်။ နောက်ပြီးယာဉ်တိုက်မှုက ကိုယ့်မေဂျာတော့မဟုတ်ဘူး။ ယာဉ်ထိန်းက လုပ်ရမှာလေ။ ဒါပေမဲ့ ကိုယ့်နယ်မြေထဲမှာဖြစ်တာဆိုတော့ သွားရတာပေါ့’’ဟုကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ယာဉ်တိုက်ခံရသူ အသက်(၅၁)နှစ်အရွယ် ဒုရဲမှူးစိုးအောင် သည် ကမာရွတ်ရဲစခန်းသို့ ပြောင်းရွှေ့လာသည်မှာ လေးလခန့်သာရှိသေးပြီး လှည့်ကင်းတာဝန် ထမ်းဆောင်နေစဉ် ဖြစ်ပွားခဲ့ ကြောင်း ၎င်းကဆက်လက်ပြော သည်။

ယာဉ်တိုက်မှုကျူးလွန်ခဲ့ သည့်  ယာဉ်မောင်းချမ်းမြေ့ဇော် ကို ကမာရွတ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top