အိႏၵိယနိုင္ငံက ၁၀ ႏွစ္အရြယ္ မိန္းခေလးတစ္ဦးက ဗိုက္နာတယ္ဟု မိခင္ျဖစ္သူကို ညဥ္းညဴေျပာဆိုရာမွ ေဆးခန္းသြားျပၾကည့္သည့္အခါ ကိုယ္ဝန္ ၆ လ ရွိေနေၾကာင္း ေပၚေပါက္ခဲ့သည္။

ကေလးငယ္ကို ေမးျမန္ၾကည့္ခဲ့ရာ ဦးေလးေတာ္စပ္သူက မိဘမ်ားမရွိခိုက္ အိမ္ကိုလာလည္သည့္အခ်ိန္တိုင္း သူမကို အႀကိမ္ႀကိမ္ လိင္ေစာ္ကားခဲ့ေၾကာင္း ေပၚေပါက္ခဲ့သျဖင့္ ရဲတိုင္ခဲ့ရာ ဦးေလးျဖစ္သူ ခ်က္ခ်င္းဖမ္းဆီးျခင္းခံခဲ့ရသည္။

အိႏၵိယနိုင္ငံသည္ အျခားနိုင္ငံအေတာ္မ်ားမ်ားကဲ့သို႔ပင္ ကိုယ္ဝန္ဖ်က္ခ်မွုကို တရားမဝင္အျဖစ္ သတ္မွတ္ထားဆဲ ျဖစ္သျဖင့္ ၁၀ ႏွစ္သမီးေလး၏ ကိုယ္ဝန္ကို တရားဝင္ဖ်က္ခ်ခြင့္ တရား႐ုံးတြင္ ဦးတိုက္ေလၽွာက္ထားရသည္။

ကိုယ္ဝန္ေဆာင္ရန္ အသက္အရြယ္ အလြန္ငယ္ေသးသျဖင့္ ခ်က္ခ်င္းကိုယ္ဝန္ဖ်က္ခ်ခြင့္ျပဳသင့္ေၾကာင္း နယူးေဒလီအေျခစိုက္ မီးယပ္ပါရဂူ တစ္ဦးက အိႏၵိယသတင္းတစ္ရပ္တြင္ ေျပာဆိုခဲ့သည္။

က်န္းမာေရးမွတ္တမ္းမ်ားအရ မိန္းကေလး၏ အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ေနသည္ မွန္ေသာ္လည္း တရား႐ုံးက ကိုယ္ဝန္ဖ်က္ခ်ခြင့္ကို ပယ္ခ်ခဲ့သည္။
ဘီဘီစီ၏ မွတ္တမ္းအရ ၂၀၁၅ ခုႏွစ္တစ္ခုထဲမွာတင္ အိႏၵိယနိုင္ငံ၌ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရသူ ၁၀,၀၀၀ ခန႔္ရွိၿပီး အမ်ားအားျဖင့္ သူတို႔၏ ေဆြမ်ိဳးအသိုင္းအဝိုင္း နီးစပ္သူမ်ားက က်ဴးလြန္ခဲ့ၾကေၾကာင္း ေဖာ္ျပထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
အိန္ဒိယနိုင်ငံက ၁၀ နှစ်အရွယ် မိန်းခလေးတစ်ဦးက ဗိုက်နာတယ်ဟု မိခင်ဖြစ်သူကို ညဉ်းညူပြောဆိုရာမှ ဆေးခန်းသွားပြကြည့်သည့်အခါ ကိုယ်ဝန် ၆ လ ရှိနေကြောင်း ပေါ်ပေါက်ခဲ့သည်။

ကလေးငယ်ကို မေးမြန်ကြည့်ခဲ့ရာ ဦးလေးတော်စပ်သူက မိဘများမရှိခိုက် အိမ်ကိုလာလည်သည့်အချိန်တိုင်း သူမကို အကြိမ်ကြိမ် လိင်စော်ကားခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ရဲတိုင်ခဲ့ရာ ဦးလေးဖြစ်သူ ချက်ချင်းဖမ်းဆီးခြင်းခံခဲ့ရသည်။

အိန္ဒိယနိုင်ငံသည် အခြားနိုင်ငံအတော်များများကဲ့သို့ပင် ကိုယ်ဝန်ဖျက်ချမှုကို တရားမဝင်အဖြစ် သတ်မှတ်ထားဆဲ ဖြစ်သဖြင့် ၁၀ နှစ်သမီးလေး၏ ကိုယ်ဝန်ကို တရားဝင်ဖျက်ချခွင့် တရားရုံးတွင် ဦးတိုက်လျှောက်ထားရသည်။

ကိုယ်ဝန်ဆောင်ရန် အသက်အရွယ် အလွန်ငယ်သေးသဖြင့် ချက်ချင်းကိုယ်ဝန်ဖျက်ချခွင့်ပြုသင့်ကြောင်း နယူးဒေလီအခြေစိုက် မီးယပ်ပါရဂူ တစ်ဦးက အိန္ဒိယသတင်းတစ်ရပ်တွင် ပြောဆိုခဲ့သည်။

ကျန်းမာရေးမှတ်တမ်းများအရ မိန်းကလေး၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည် မှန်သော်လည်း တရားရုံးက ကိုယ်ဝန်ဖျက်ချခွင့်ကို ပယ်ချခဲ့သည်။
ဘီဘီစီ၏ မှတ်တမ်းအရ ၂၀၁၅ ခုနှစ်တစ်ခုထဲမှာတင် အိန္ဒိယနိုင်ငံ၌ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ ၁၀,၀၀၀ ခန့်ရှိပြီး အများအားဖြင့် သူတို့၏ ဆွေမျိုးအသိုင်းအဝိုင်း နီးစပ်သူများက ကျူးလွန်ခဲ့ကြကြောင်း ဖော်ပြထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top