Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အဲဗာတန္တိုက္စစ္မွဴး ဝိန္းရြန္းေနသည္ ၁၉၉၂-၉၃ ေဘာလံုးရာသီက စတင္သေႏၶ တည္ခဲ့ေသာ ပရီးမီးယားလိဂ္ သမုိင္းတြင္ လိဂ္သြင္းဂုိး ၂၀၀ ျပည့္ေျမာက္သည့္ ဒုတိယေျမာက္ ကစားသမားျဖစ္လာသည္။

ရြန္းေနသည္ ၾသဂုတ္ ၂၂ ရက္က ယွဥ္ၿပိဳင္ခဲ့ေသာ မန္စီးတီး ႏွင့္ပြဲတြင္ ၃၅ မိနစ္၌ အဲဗာတန္ အတြက္ ဂုိးသြင္းႏုိင္သျဖင့္ ဘလက္ဘန္းႏွင့္ နယူးကာဆယ္ ကစားသမားေဟာင္း အလန္ရိွီး ရားၿပီးေနာက္ လိဂ္ဂုိး ၂၀၀ ျပည့္သြင္းယူႏိုင္ေသာ ဒုတိယေျမာက္ကစားသမားျဖစ္လာသည္။

ယင္းဂုိးသည္ မန္ယူမွ အဲဗာ တန္သုိ႔ ျပန္လည္ေျပာင္းေရႊ႕ၿပီးေနာက္ ဒုတိယေျမာက္ဂုိးလည္း ျဖစ္သည္။

အဂၤလန္လက္ေရြးစင္ ေဟာင္း အလန္ရွီးရားယားသည္ ကစားသမားဘဝတြင္ ပရီးမီး ယားလိဂ္သြင္းဂုိး ၂၆၀ ျဖင့္ ဂုိးအ မ်ားဆံုးသြင္းသူအျဖစ္ ရပ္တည္ေနၿပီး  ယခုကဲ့သို႔ ဂုိး ၂၀၀ ျပည့္ေအာင္ သြင္းႏုိင္ခဲ့သျဖင့္ ဝိန္းရြန္းေနအတြက္ ဂုဏ္ယူပါေၾကာင္းတြစ္တာ၌ ေရးသားခဲ့သည္။

၂၀၀၂ ေအာက္တုိဘာက အသက္ (၁၆)ႏွစ္အရြယ္၌ အာ ဆင္နယ္ႏွင့္ ကစားခဲ့ေသာပြဲတြင္ ပရီးမီးယားလိဂ္ဂုိး စတင္သြင္း ယူႏိုင္ခဲ့ေသာ ရြန္းေနသည္ ယခု အခါလိဂ္ပြဲ ၄၆၂ ပြဲ၌ ဂုိး ၂၀၀ျပည့္ေျမာက္ခဲ့ၿပီး ယင္းကဲ့သို႔ မွတ္တုိင္သစ္စိုက္ထူႏုိင္ျခင္းက အလြန္ခ်ိဳၿမိန္ေသာ အခိုက္အတန္႔ျဖစ္ ေၾကာင္း ၎ကေျပာၾကားသည္။တစ္ဖက္တစ္ဂုိးစီသေရက် သည့္ ယင္းပြဲတြင္ မန္စီးတီးမွ ကုိင္လီေဝၚလ္ကာသည္ ၄၄ မိနစ္၌ႏွစ္ဝါ၊ တစ္နီျဖင့္ ထုတ္ပယ္ခံရသ လို အဲဗာတန္မွ ရွႏုိက္ဒါလင္း လည္း ၈၈ မိနစ္တြင္ ႏွစ္ဝါ တစ္နီ ျဖင့္ ထုတ္ပယ္ခံရသည္။ မန္စီး တီးအတြက္ အဖိုးတန္ ေခ်ပဂုိးကုိ ၈၂ မိနစ္တြင္ စတာလင္က သြင္း ယူခဲ့ၿပီး ယင္းပြဲ၏အေကာင္းဆံုး ေဘာလံုးသမားဆုကို အဲဗာတန္ မွ ကယ္လ္ဗာ့တ္လီဝန္က ရရိွခဲ့ သည္။

ထုိအေတာအတြင္း ကုိင္လီ ေဝၚလ္ကာ ထုတ္ပယ္ခံရမႈႏွင့္ ပတ္သက္၍ ေဆြးေႏြးရန္ မန္စီး တီးနည္းျပ ဂြာဒီယုိလာက ပြဲအၿပီး တြင္  ျငင္းဆန္ခဲ့သည္။

—Ref:Goal/BBC
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
အဲဗာတန်တိုက်စစ်မှူး ဝိန်းရွန်းနေသည် ၁၉၉၂-၉၃ ဘောလုံးရာသီက စတင်သန္ဓေ တည်ခဲ့သော ပရီးမီးယားလိဂ် သမိုင်းတွင် လိဂ်သွင်းဂိုး ၂၀၀ ပြည့်မြောက်သည့် ဒုတိယမြောက် ကစားသမားဖြစ်လာသည်။

ရွန်းနေသည် သြဂုတ် ၂၂ ရက်က ယှဉ်ပြိုင်ခဲ့သော မန်စီးတီး နှင့်ပွဲတွင် ၃၅ မိနစ်၌ အဲဗာတန် အတွက် ဂိုးသွင်းနိုင်သဖြင့် ဘလက်ဘန်းနှင့် နယူးကာဆယ် ကစားသမားဟောင်း အလန်ရှီး ရားပြီးနောက် လိဂ်ဂိုး ၂၀၀ ပြည့်သွင်းယူနိုင်သော ဒုတိယမြောက်ကစားသမားဖြစ်လာသည်။

ယင်းဂိုးသည် မန်ယူမှ အဲဗာ တန်သို့ ပြန်လည်ပြောင်းရွှေ့ပြီးနောက် ဒုတိယမြောက်ဂိုးလည်း ဖြစ်သည်။

အင်္ဂလန်လက်ရွေးစင် ဟောင်း အလန်ရှီးရားယားသည် ကစားသမားဘဝတွင် ပရီးမီး ယားလိဂ်သွင်းဂိုး ၂၆၀ ဖြင့် ဂိုးအ များဆုံးသွင်းသူအဖြစ် ရပ်တည်နေပြီး  ယခုကဲ့သို့ ဂိုး ၂၀၀ ပြည့်အောင် သွင်းနိုင်ခဲ့သဖြင့် ဝိန်းရွန်းနေအတွက် ဂုဏ်ယူပါကြောင်းတွစ်တာ၌ ရေးသားခဲ့သည်။

၂၀၀၂ အောက်တိုဘာက အသက် (၁၆)နှစ်အရွယ်၌ အာ ဆင်နယ်နှင့် ကစားခဲ့သောပွဲတွင် ပရီးမီးယားလိဂ်ဂိုး စတင်သွင်း ယူနိုင်ခဲ့သော ရွန်းနေသည် ယခု အခါလိဂ်ပွဲ ၄၆၂ ပွဲ၌ ဂိုး ၂၀၀ပြည့်မြောက်ခဲ့ပြီး ယင်းကဲ့သို့ မှတ်တိုင်သစ်စိုက်ထူနိုင်ခြင်းက အလွန်ချိုမြိန်သော အခိုက်အတန့်ဖြစ် ကြောင်း ၎င်းကပြောကြားသည်။တစ်ဖက်တစ်ဂိုးစီသရေကျ သည့် ယင်းပွဲတွင် မန်စီးတီးမှ ကိုင်လီဝေါ်လ်ကာသည် ၄၄ မိနစ်၌နှစ်ဝါ၊ တစ်နီဖြင့် ထုတ်ပယ်ခံရသ လို အဲဗာတန်မှ ရှနိုက်ဒါလင်း လည်း ၈၈ မိနစ်တွင် နှစ်ဝါ တစ်နီ ဖြင့် ထုတ်ပယ်ခံရသည်။ မန်စီး တီးအတွက် အဖိုးတန် ချေပဂိုးကို ၈၂ မိနစ်တွင် စတာလင်က သွင်း ယူခဲ့ပြီး ယင်းပွဲ၏အကောင်းဆုံး ဘောလုံးသမားဆုကို အဲဗာတန် မှ ကယ်လ်ဗာ့တ်လီဝန်က ရရှိခဲ့ သည်။

ထိုအတောအတွင်း ကိုင်လီ ဝေါ်လ်ကာ ထုတ်ပယ်ခံရမှုနှင့် ပတ်သက်၍ ဆွေးနွေးရန် မန်စီး တီးနည်းပြ ဂွာဒီယိုလာက ပွဲအပြီး တွင်  ငြင်းဆန်ခဲ့သည်။

—Ref:Goal/BBC

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top