Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

    ဦးၿဖိဳးမင္းသိန္းႏွင့္ေဒါက္တာမ်ဳိးသိမ္းႀကီးတုိ႔ကုိ ယမန္ေန႔ကေတြ႕ရစဥ္ (ဓာတ္ပုံ−စုိင္းေဇာ္)
ေက်ာင္းေနအရြယ္ က ေလးငယ္မ်ား ေက်ာင္းမထြက္ေရး ေက်ာင္းသား၊ေက်ာင္းသူမ်ားကို မ႐ိုက္ရန္ႏွင့္ နားလည္ေပးရန္ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီး က ၾသဂုတ္ ၁၂ ရက္တြင္ ရန္ကုန္ တိုင္းေဒသႀကီး အထက (၂) လႈိင္သာယာမွ ဆရာ၊ ဆရာမမ်ား ႏွင့္ ေတြ႕ဆံုစဥ္ ေျပာၾကားသည္။

‘‘ပညာေရးဝန္ႀကီးဌာနရဲ႕ ဒီ ႏွစ္ေဆာင္ပုဒ္ကိုက ေက်ာင္းထြက္ သူ ပေပ်ာက္ေရးျဖစ္ပါတယ္။ ဒါ ေၾကာင့္ ဆရာ၊ ဆရာမေတြနဲ႔ေတြ႕ တုန္း အထူးမွာၾကားလိုပါတယ္။ ေက်ာင္းသား၊ ေက်ာင္းသူေတြကို မ႐ိုက္ပါနဲ႔။ မည္သည့္အေၾကာင္း ျပခ်က္နဲ႔မွ ေက်ာင္းမထြက္ပါေစ နဲ႔။ ေက်ာင္းေခၚခ်ိန္မျပည့္ဘူး၊ စာမလိုက္ႏိုင္ဘူးဆိုရင္ ဇူလိုင္လက တည္းက ျဖည့္ဆည္းသင္ၾကားမႈ ကို ေဆာင္ရြက္ေပးပါ။ ေက်ာင္း  သား၊ေက်ာင္းသူကို နားလည္ေပး ပါလို႔ ေမတၱာရပ္ခံလိုပါတယ္’’ ဟု ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာ သည္။

အေျခခံပညာေက်ာင္းမ်ား တြင္ တက္ေရာက္ေနဆဲေက်ာင္း  သား၊ေက်ာင္းသူမ်ား ေက်ာင္း ထြက္သြားရသည့္ အဓိကအ ေၾကာင္းရင္းမ်ားတြင္ ဆင္းရဲျခင္း၊ သြားေရး၊ လာေရး ခက္ခဲျခင္း၊ ေက်ာင္းမေပ်ာ္ျခင္းစသည့္ အ ခ်က္သံုးခ်က္ပါဝင္ေနၿပီး ေက်ာင္းသား ေက်ာင္းမေပ်ာ္ျခင္းသည္ ဆရာ၊ ဆရာမမ်ား၏ ႐ိုက္ႏွက္မႈ ေၾကာင့္လည္းျဖစ္ေၾကာင္း ၎က ဆိုသည္။

‘‘ေက်ာင္းေတြကို သြားၾကည့္ တဲ့အခါမွာ ဆရာ၊ ဆရာမေတြက ေက်ာင္းသံုးဖတ္စာအုပ္ကို အား လံုးၿပီးေအာင္ တြန္းသင္တယ္။ ဆရာ၊ ေက်ာင္းသားအခ်ိဳးက လည္း မမွ်တဲ့အခါမွာ တစ္တန္း လံုးက ေက်ာင္းသား၊ ေက်ာင္းသူ အားလံုး သင္ယူတတ္ေျမာက္မႈ အရည္အေသြး မရႏိုင္ပါဘူး။ ၾကာလာေတာ့ ကေလးက စာလိုက္ ႏိုင္ဖို႔ အခက္အခဲျဖစ္လာတယ္။ဆရာမက ႐ိုက္လိုက္မိတယ္။ အဲဒါေၾကာင့္ပဲ ကေလးက ခ်က္ခ်င္း ေက်ာင္းထြက္သြားတာမ်ိဳး ျဖစ္ေန ပါတယ္’’ ဟု ေဒါက္တာမ်ိဳးသိမ္း ႀကီးက ေျပာသည္။

ယခုပညာသင္ႏွစ္တြင္ ပညာ ေရးဝန္ႀကီးဌာနအေနျဖင့္ ေက်ာင္းထြက္သူ ပေပ်ာက္ေရး စီမံခ်က္ခ် ေဆာင္ရြက္ေနၿပီး ဇူလိုင္လကုန္အထိ တစ္ႏိုင္ငံလံုးရွိ အေျခခံ ပညာေက်ာင္းမ်ား၌ ေက်ာင္း သား၊ ေက်ာင္းသူကိုးသန္းေက်ာ္ရွိ ရာ ယခင္ပညာသင္ႏွစ္ထက္ သံုး သိန္းေက်ာ္တိုးလာေၾကာင္း သိရ သည္။

၂၀၁၄ သန္းေခါင္စာရင္းအ ရ ျမန္မာႏိုင္ငံတြင္ လူဦးေရ ၅၁ ဒသမ ၄၉ သန္းရွိၿပီး ယင္းအနက္အသက္ (၅)ႏွစ္မွ (၁၆) ႏွစ္အတြင္းကေလးငယ္ ၂ ဒသမ ၇ သန္း သည္ ေက်ာင္းေနႏိုင္ျခင္းမရွိ ေၾကာင္း သိရသည္။ ေက်ာင္း ထြက္သူအမ်ားဆံုး အာရွႏုိင္ငံမ်ားတြင္ ျမန္မာႏိုင္ငံသည္ ဒုတိယ ေနရာ၌ ရွိေနသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ဦးဖြိုးမင်းသိန်းနှင့်ဒေါက်တာမျိုးသိမ်းကြီးတို့ကို ယမန်နေ့ကတွေ့ရစဉ် (ဓာတ်ပုံ−စိုင်းဇော်)

 ကျောင်းနေအရွယ် က လေးငယ်များ ကျောင်းမထွက်ရေး ကျောင်းသား၊ကျောင်းသူများကို မရိုက်ရန်နှင့် နားလည်ပေးရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က သြဂုတ် ၁၂ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး အထက (၂) လှိုင်သာယာမှ ဆရာ၊ ဆရာမများ နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

‘‘ပညာရေးဝန်ကြီးဌာနရဲ့ ဒီ နှစ်ဆောင်ပုဒ်ကိုက ကျောင်းထွက် သူ ပပျောက်ရေးဖြစ်ပါတယ်။ ဒါ ကြောင့် ဆရာ၊ ဆရာမတွေနဲ့တွေ့ တုန်း အထူးမှာကြားလိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေကို မရိုက်ပါနဲ့။ မည်သည့်အကြောင်း ပြချက်နဲ့မှ ကျောင်းမထွက်ပါစေ နဲ့။ ကျောင်းခေါ်ချိန်မပြည့်ဘူး၊ စာမလိုက်နိုင်ဘူးဆိုရင် ဇူလိုင်လက တည်းက ဖြည့်ဆည်းသင်ကြားမှု ကို ဆောင်ရွက်ပေးပါ။ ကျောင်း  သား၊ကျောင်းသူကို နားလည်ပေး ပါလို့ မေတ္တာရပ်ခံလိုပါတယ်’’ ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြော သည်။

အခြေခံပညာကျောင်းများ တွင် တက်ရောက်နေဆဲကျောင်း  သား၊ကျောင်းသူများ ကျောင်း ထွက်သွားရသည့် အဓိကအ ကြောင်းရင်းများတွင် ဆင်းရဲခြင်း၊ သွားရေး၊ လာရေး ခက်ခဲခြင်း၊ ကျောင်းမပျော်ခြင်းစသည့် အ ချက်သုံးချက်ပါဝင်နေပြီး ကျောင်းသား ကျောင်းမပျော်ခြင်းသည် ဆရာ၊ ဆရာမများ၏ ရိုက်နှက်မှု ကြောင့်လည်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ကျောင်းတွေကို သွားကြည့် တဲ့အခါမှာ ဆရာ၊ ဆရာမတွေက ကျောင်းသုံးဖတ်စာအုပ်ကို အား လုံးပြီးအောင် တွန်းသင်တယ်။ ဆရာ၊ ကျောင်းသားအချိုးက လည်း မမျှတဲ့အခါမှာ တစ်တန်း လုံးက ကျောင်းသား၊ ကျောင်းသူ အားလုံး သင်ယူတတ်မြောက်မှု အရည်အသွေး မရနိုင်ပါဘူး။ ကြာလာတော့ ကလေးက စာလိုက် နိုင်ဖို့ အခက်အခဲဖြစ်လာတယ်။ဆရာမက ရိုက်လိုက်မိတယ်။ အဲဒါကြောင့်ပဲ ကလေးက ချက်ချင်း ကျောင်းထွက်သွားတာမျိုး ဖြစ်နေ ပါတယ်’’ ဟု ဒေါက်တာမျိုးသိမ်း ကြီးက ပြောသည်။

ယခုပညာသင်နှစ်တွင် ပညာ ရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းထွက်သူ ပပျောက်ရေး စီမံချက်ချ ဆောင်ရွက်နေပြီး ဇူလိုင်လကုန်အထိ တစ်နိုင်ငံလုံးရှိ အခြေခံ ပညာကျောင်းများ၌ ကျောင်း သား၊ ကျောင်းသူကိုးသန်းကျော်ရှိ ရာ ယခင်ပညာသင်နှစ်ထက် သုံး သိန်းကျော်တိုးလာကြောင်း သိရ သည်။

၂၀၁၄ သန်းခေါင်စာရင်းအ ရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၄၉ သန်းရှိပြီး ယင်းအနက်အသက် (၅)နှစ်မှ (၁၆) နှစ်အတွင်းကလေးငယ် ၂ ဒသမ ၇ သန်း သည် ကျောင်းနေနိုင်ခြင်းမရှိ ကြောင်း သိရသည်။ ကျောင်း ထွက်သူအများဆုံး အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် ဒုတိယ နေရာ၌ ရှိနေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top