Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

Acne Scars ဝက္ျခံအမာရြတ္

၁။ ဆရာ မဂၤလာပါခင္ဗ်ာ။ လြန္ခ့ဲတ့ဲသံုးလေလာက္ကစျပီး ကြ်န္ေတာ္အမ်ိဳးသမီးဟာ မ်က္နွာမွာဝတ္ျခံအဖုအထစ္မ်ား လူျမင္မေကာင္းေအာင္ထြက္လာပါတယ္။ ယခုရက္အတြင္း နွာေခါင္းေဘးပါးျပင္ေပၚတြင္ မက်ီးေစ့ခန္႔ပမဏရိွ ဝတ္ျခံ အဖုထြက္လာျပီး မ်က္စိပါႀကည္လို႔မေကာင္းေသာေႀကာင့္ ေဆးေကာင္းနည္းလမ္းေကာင္းမ်ားလမ္းျပေပးပါခင္ဗ်ာ။ အသက္ (၃၃)ရိွပါျပီ။ ေက်းဇူးတင္ပါတယ္ဆရာ။

၂။ ဆရာဝက္ျခံေပါက္ျပီးရင္ ခ်ိဳင့္ေတြမက်န္ေအာင္ ဘာလုပ္ရမလဲဆရာ။ ရွိျပီးသားခ်ိဳင့္ေတြေပ်ာက္ေအာင္ေရာ ဘာလုပ္ရမလဲ။

၃။ ကြ်န္ေတာ္က အသက္၂ဝ ရွိပါျပီ။ မ်က္နွာမွာ အခုတေလာ အကြက္မည္းေတြထြက္ေနပါတယ္။ နားလည္သေလာက္ အင္တာနက္မွာရွာၾကည့္ေတာ့ zits လို႔ေခၚမလား၊ acne scars လို႔ေခၚမလား မသိဘူးခင္ဗ်။ အသားေတြက တျဖည္းျဖည္း အစားခံရသလိုျဖစ္ေနလို႔ပါ။ တျဖည္းျဖည္း အသားထဲ ဆိမ့္ဝင္လာသလို ျဖစ္ေနတာပါ။ ဝက္ျခံလည္း မဟုတ္ပါဘူးခင္ဗ်။ ၾကာလာရင္ ကြ်န္ေတာ့္မ်က္နွာၾကီး အေပါက္ေတြနဲ႔ျဖစ္ေတာ့မွာဆိုးလို႔ပါ။ ဒါကိုဘယ္လိုမ်ား ကုသရမလဲဆိုတာ သိခ်င္ပါတယ္။

ေမးခြန္းမွာ တခ်ိဳ႕က အသက္-က်ား-မ မေျပာလို႔ ရမ္းေျဖတဲ့ဆရာဝန္္ျဖစ္ေစတယ္။ တခ်ိဳ႕က အသက္ကိုေနာက္မွာ ေရးေတာ့ ၂ ခါ ထပ္ဖတ္ရတယ္။ အခ်ိန္ကုန္တဲ့ဆရာဝန္ျဖစ္ရတယ္။

ဆိမ့္ဝင္နဲ႔ ဆိုးလို႔ပါဆိုတဲ့ ကေန႔ေခတ္လူငယ္ေတြ အမ်ားၾကီးမွားေနၾကတဲ့ သတ္ပံုကိုေတာ့ အမာရြတ္ထင္သလို မက်န္ရစ္ေစျခင္တာကို အရင္ေရးပါရေစ။ စလံုးနဲ႔သာေရးရပါတယ္။

ဝက္ျခံေပါက္ျပီး နီညိဳေရာင္ အမာရြတ္က်န္ရစ္ေလ့ရွိတယ္။ ၾကာရင္ေတာ့ ေပ်ာက္သြားပါမယ္။ ဝက္ျခံအမာရြတ္ထဲမွာ ဗက္တီးရီးယားေတြနဲ႔ (စီဘမ္) ေတြအထဲမွာရွိတယ္။ ဒါေတြကိုတုန္႔ျပန္တဲ့အေနနဲ႔ ကိုယ္ကေန ေသြးျဖဴဥေတြနဲ႔ ေရာင္ရမ္းျဖစ္စဥ္ဆိုတဲ့ ေမာ္လီက်ဴးေတြ စုလာတယ္။ အမာရြတ္တိုင္းက မတူၾကပါ။ အတြင္းနက္နက္ ျဖစ္တာတိုင္းက အမာရြတ္ဆိုးတယ္၊ ေပ်ာက္ဘို႔ၾကာတယ္၊ တခ်ိဳ႕က မေပ်ာက္ႏိုင္ေတာ့ပါ။

၁။ Icepick scars ေရခဲခြဲစူးနဲ႔တူတဲ့အမာရြတ္က အမ်ားဆံုးျဖစ္တယ္။ ဆြင္းနက္နက္ေလးေတြျဖစ္တယ္။

၂။ Boxcar scars ရထားတြဲလိုအမာရြတ္ဆိုတာ အနားသတ္က ေဒါင့္ေလးေတြရွိတယ္။ ေရေက်ာက္ ေပါက္ထားသလို ျမင္ရမယ္။

၃။ Rolling scars လိႈင္းေလးေတြနဲ႔တူတယ္။ ေဘးကိုပါးသြားတယ္။

၄။ Keloid scars (ကီးလြိဳက္) အၾကည့္ရဆိုးတယ္။ ေဖါင္းေမာက္ေနတယ္။ အသီးလိုျဖစ္တယ္။ (ေရးထားပါတယ္။)

ေဆးကုနည္းေတြ အမ်ိဳးမ်ိဳးရွိတယ္။

၁။ Laser resurfacing ေလဆာနည္း။ ၂-၃ ရက္ၾကာမယ္။

၂။ Fractional laser therapy ေလဆာေနာက္တနည္း။ ၂-၃ ရက္ၾကာမယ္။

၃။ Dermabrasion လည္ေနတဲ့ ဝိုင္ယာ ဘရပ္ရွ္ သံုးနည္း။ Microdermabrasion ဆုိတာ ယာယီ အျပင္သြားကာနီး သံုးတယ္။ အမာရြတ္ေဘးနားကအေရျပားေနရာက္ေဖါင္းလာေစလို႔ အမာရြတ္ကို သိပ္မသိသာေစဘူး။ နဲနဲနာမယ္။ အေသးစားနည္းလဲရွိတယ္။ တိုက္ရိုက္ေနေရာင္ ထိတာေရွာင္ထားပါ။

၄။ Chemical peel ေဆးသံုးျပီးအခြံခြါနည္း။ အေရျပားရဲ႕ အေပၚဆံုးအလႊားေလးကို ခြါေပးလို႔ ေအာက္ကေန အသစ္ ျဖစ္လာေစမယ္။ အသစ္က အမာရြတ္မျဖစ္ေစဘူး။

၅။ Surgery ခြဲစိတ္နည္း။ ေနာက္ဆံုးနည္းအေနနဲ႔သာသံုးသင့္တယ္။ အမာရြတ္ နည္းေစေအာင္သာ တတ္ႏိုင္တယ္။

(ကီးလြိဳက္) အမာရြတ္အသီးျဖစ္တာကို Pulsed dye laser ေလဆာနည္း သံုးႏိုင္တယ္။ (ကီးလြိဳက္) မဟုတ္တဲ့ အမ်ိဳးအစားေတြအတြက္ သံုးႏိုင္တာေတြ ရွိတယ္။ Retinoic acid (ဗီတာမင္ ေအ) ပါတဲ့ေဆး။ ကိုယ္ဝန္ေဆာင္မွာ မသံုးသင့္ပါ။ Glycolic acid ေဆးသံုးႏိုင္တယ္။ Vitamin C (ဗီတာမင္ စီ) ပါတာ သံုးႏိုင္တယ္။

Glycolic Foaming Cleanser, Glycolic Acid Toner, Whitening Mask, Drying Cream, Healing & Soothing Mask, Suncare (SPF-30), Temporary Lifting Mask ေဆးေတြေရာင္းပါတယ္။ သတိနဲ႔သံုးသင့္ပါတယ္။ မ်က္ႏွာလိမ္း Fancy lotions ေၾကာ္ညာလိမ္းေဆးတိုင္းကို အားမကိုးသင့္ပါ။

ဝက္ျခံကို ခဏခဏညႇစ္ေန၊ ဆိပ္ဆြေနတာ မေကာင္းပါ။ အမာရြတ္ဆိုတာ အနာေပ်ာက္ျဖစ္စဥ္ျဖစ္ေနတာမို႔ သူ႔ကို ဆိတ္-ဆြ-ညႇစ္တာေတြ လုပ္ရင္ ဒီဒဏ္အတြက္ ေနာက္ထပ္ အမာရြတ္ေပ်ာက္ျဖစ္စဥ္ ထပ္တိုးပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာတင့္ေဆြ

#Unicode Version#
Acne Scars ဝက်ခြံအမာရွတ်

၁။ ဆရာ မင်္ဂလာပါခင်ဗျာ။ လွန်ခဲ့တဲ့သုံးလလောက်ကစပြီး ကျွန်တော်အမျိုးသမီးဟာ မျက်နှာမှာဝတ်ခြံအဖုအထစ်များ လူမြင်မကောင်းအောင်ထွက်လာပါတယ်။ ယခုရက်အတွင်း နှာခေါင်းဘေးပါးပြင်ပေါ်တွင် မကျီးစေ့ခန့်ပမဏရှိ ဝတ်ခြံ အဖုထွက်လာပြီး မျက်စိပါကြည်လို့မကောင်းသောကြောင့် ဆေးကောင်းနည်းလမ်းကောင်းများလမ်းပြပေးပါခင်ဗျာ။ အသက် (၃၃)ရှိပါပြီ။ ကျေးဇူးတင်ပါတယ်ဆရာ။

၂။ ဆရာဝက်ခြံပေါက်ပြီးရင် ချိုင့်တွေမကျန်အောင် ဘာလုပ်ရမလဲဆရာ။ ရှိပြီးသားချိုင့်တွေပျောက်အောင်ရော ဘာလုပ်ရမလဲ။

၃။ ကျွန်တော်က အသက်၂ဝ ရှိပါပြီ။ မျက်နှာမှာ အခုတလော အကွက်မည်းတွေထွက်နေပါတယ်။ နားလည်သလောက် အင်တာနက်မှာရှာကြည့်တော့ zits လို့ခေါ်မလား၊ acne scars လို့ခေါ်မလား မသိဘူးခင်ဗျ။ အသားတွေက တဖြည်းဖြည်း အစားခံရသလိုဖြစ်နေလို့ပါ။ တဖြည်းဖြည်း အသားထဲ ဆိမ့်ဝင်လာသလို ဖြစ်နေတာပါ။ ဝက်ခြံလည်း မဟုတ်ပါဘူးခင်ဗျ။ ကြာလာရင် ကျွန်တော့်မျက်နှာကြီး အပေါက်တွေနဲ့ဖြစ်တော့မှာဆိုးလို့ပါ။ ဒါကိုဘယ်လိုများ ကုသရမလဲဆိုတာ သိချင်ပါတယ်။

မေးခွန်းမှာ တချို့က အသက်-ကျား-မ မပြောလို့ ရမ်းဖြေတဲ့ဆရာဝန်ဖြစ်စေတယ်။ တချို့က အသက်ကိုနောက်မှာ ရေးတော့ ၂ ခါ ထပ်ဖတ်ရတယ်။ အချိန်ကုန်တဲ့ဆရာဝန်ဖြစ်ရတယ်။

ဆိမ့်ဝင်နဲ့ ဆိုးလို့ပါဆိုတဲ့ ကနေ့ခေတ်လူငယ်တွေ အများကြီးမှားနေကြတဲ့ သတ်ပုံကိုတော့ အမာရွတ်ထင်သလို မကျန်ရစ်စေခြင်တာကို အရင်ရေးပါရစေ။ စလုံးနဲ့သာရေးရပါတယ်။

ဝက်ခြံပေါက်ပြီး နီညိုရောင် အမာရွတ်ကျန်ရစ်လေ့ရှိတယ်။ ကြာရင်တော့ ပျောက်သွားပါမယ်။ ဝက်ခြံအမာရွတ်ထဲမှာ ဗက်တီးရီးယားတွေနဲ့ (စီဘမ်) တွေအထဲမှာရှိတယ်။ ဒါတွေကိုတုန့်ပြန်တဲ့အနေနဲ့ ကိုယ်ကနေ သွေးဖြူဥတွေနဲ့ ရောင်ရမ်းဖြစ်စဉ်ဆိုတဲ့ မော်လီကျူးတွေ စုလာတယ်။ အမာရွတ်တိုင်းက မတူကြပါ။ အတွင်းနက်နက် ဖြစ်တာတိုင်းက အမာရွတ်ဆိုးတယ်၊ ပျောက်ဘို့ကြာတယ်၊ တချို့က မပျောက်နိုင်တော့ပါ။

၁။ Icepick scars ရေခဲခွဲစူးနဲ့တူတဲ့အမာရွတ်က အများဆုံးဖြစ်တယ်။ ဆွင်းနက်နက်လေးတွေဖြစ်တယ်။

၂။ Boxcar scars ရထားတွဲလိုအမာရွတ်ဆိုတာ အနားသတ်က ဒေါင့်လေးတွေရှိတယ်။ ရေကျောက် ပေါက်ထားသလို မြင်ရမယ်။

၃။ Rolling scars လှိုင်းလေးတွေနဲ့တူတယ်။ ဘေးကိုပါးသွားတယ်။

၄။ Keloid scars (ကီးလွိုက်) အကြည့်ရဆိုးတယ်။ ဖေါင်းမောက်နေတယ်။ အသီးလိုဖြစ်တယ်။ (ရေးထားပါတယ်။)

ဆေးကုနည်းတွေ အမျိုးမျိုးရှိတယ်။

၁။ Laser resurfacing လေဆာနည်း။ ၂-၃ ရက်ကြာမယ်။

၂။ Fractional laser therapy လေဆာနောက်တနည်း။ ၂-၃ ရက်ကြာမယ်။

၃။ Dermabrasion လည်နေတဲ့ ဝိုင်ယာ ဘရပ်ရှ် သုံးနည်း။ Microdermabrasion ဆိုတာ ယာယီ အပြင်သွားကာနီး သုံးတယ်။ အမာရွတ်ဘေးနားကအရေပြားနေရာက်ဖေါင်းလာစေလို့ အမာရွတ်ကို သိပ်မသိသာစေဘူး။ နဲနဲနာမယ်။ အသေးစားနည်းလဲရှိတယ်။ တိုက်ရိုက်နေရောင် ထိတာရှောင်ထားပါ။

၄။ Chemical peel ဆေးသုံးပြီးအခွံခွါနည်း။ အရေပြားရဲ့ အပေါ်ဆုံးအလွှားလေးကို ခွါပေးလို့ အောက်ကနေ အသစ် ဖြစ်လာစေမယ်။ အသစ်က အမာရွတ်မဖြစ်စေဘူး။

၅။ Surgery ခွဲစိတ်နည်း။ နောက်ဆုံးနည်းအနေနဲ့သာသုံးသင့်တယ်။ အမာရွတ် နည်းစေအောင်သာ တတ်နိုင်တယ်။

(ကီးလွိုက်) အမာရွတ်အသီးဖြစ်တာကို Pulsed dye laser လေဆာနည်း သုံးနိုင်တယ်။ (ကီးလွိုက်) မဟုတ်တဲ့ အမျိုးအစားတွေအတွက် သုံးနိုင်တာတွေ ရှိတယ်။ Retinoic acid (ဗီတာမင် အေ) ပါတဲ့ဆေး။ ကိုယ်ဝန်ဆောင်မှာ မသုံးသင့်ပါ။ Glycolic acid ဆေးသုံးနိုင်တယ်။ Vitamin C (ဗီတာမင် စီ) ပါတာ သုံးနိုင်တယ်။

Glycolic Foaming Cleanser, Glycolic Acid Toner, Whitening Mask, Drying Cream, Healing & Soothing Mask, Suncare (SPF-30), Temporary Lifting Mask ဆေးတွေရောင်းပါတယ်။ သတိနဲ့သုံးသင့်ပါတယ်။ မျက်နှာလိမ်း Fancy lotions ကြော်ညာလိမ်းဆေးတိုင်းကို အားမကိုးသင့်ပါ။

ဝက်ခြံကို ခဏခဏညှစ်နေ၊ ဆိပ်ဆွနေတာ မကောင်းပါ။ အမာရွတ်ဆိုတာ အနာပျောက်ဖြစ်စဉ်ဖြစ်နေတာမို့ သူ့ကို ဆိတ်-ဆွ-ညှစ်တာတွေ လုပ်ရင် ဒီဒဏ်အတွက် နောက်ထပ် အမာရွတ်ပျောက်ဖြစ်စဉ် ထပ်တိုးပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာတင့်ဆွေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top