Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တကယ္ခ်စ္တဲ့လူဆုိရင္ အစခ်ီထားတဲ့ ေဖ့စ္ဘုတ္ေပၚက ပို႔စ္ေတြကို ဖတ္ၿပီးတိုင္း စိတ္ကူးယဥ္ေနမိတယ္ဆုိရင္ေတာ့ သိပ္ကိုမွားသြားလိမ့္မယ္ေနာ္။ ဘယ္သူေတြကေရာ အဲ့ဒီအခ်က္ေတြနဲ႔ ရာႏႈန္းျပည့္ ကိုက္ညီမွာတဲ့လဲ။ လူတစ္ေယာက္ကို တကယ့္အခ်စ္နဲ႔ ခ်စ္မိၿပီဆုိရင္ျဖင့္ ႀကိဳတင္စိတ္ကူးထားတာေတြနဲ႔ ေတာ္ေတာ္ႀကီးကို ကြဲျပားေနတတ္ပါတယ္။
၁။ ျမင္ျမင္ခ်င္းခ်စ္

ကိုယ့္ရဲ႕ဖူးစာ႐ွင္ဟာ အတိတ္ဘဝတည္းကေရစက္ပါလို႔ ျမင္ျမင္ခ်င္း သေဘာက်တယ္တုိ႔ ဘာတုိ႔ေပါ့ေနာ္။ စိတ္ကူးထဲမွာေျပာပါတယ္။ တကယ္တမ္းက်ေတာ့ ရန္ျဖစ္ၿပီးမွ ခ်စ္သြားတာေတြ၊ ခင္မင္ရင္းႏွီးၿပီးမွ သူငယ္ခ်င္းအဆင့္ကေန တက္သြားတဲ့ ခ်စ္သူဘဝ၊ အိမ္ေထာင္သည္ဘဝေတြ တပံုႀကီးပဲ။ ႐ုိမန္႔တစ္ဆန္ဖုိ႔ထက္ စစ္မွန္တဲ့စိတ္ထားေလးေတြ ႐ွိေနဖုိ႔ပဲလိုတာပါ ညီမေလးတုိ႔ေရ။
၂။ ဝါသနာတူ

ကိုယ္က စာဖတ္ဝါသနာပါတယ္၊ ကိုယ့္ခ်စ္သူကလည္း စာဖတ္ဝါသနာပါသူ ျဖစ္ရမယ္လို႔လည္း ေမွ်ာ္လင့္ခ်က္ေတြ မထားပါနဲ႔။ ကိုယ္နဲ႔ ဝါသနာမတူ႐ံုမက ဆန္႔က်င္ဘက္ျဖစ္ေနသူနဲ႔လည္း ခ်စ္သူျဖစ္ရင္ ျဖစ္သြားႏိုင္တယ္။

တူတူကစားႏိုင္တဲ႔ ေပ်ာ္စရာကစားနည္းေလးမ်ား
၃။ တကယ္ခ်စ္ရင္ ရန္မျဖစ္ဘူး

လြဲတာမွ အႀကီးႀကီးလြဲတာေနာ္။ တကယ္ခ်စ္တဲ့လူဆုိတာ ကိုယ့္ကို အေလွ်ာ့ေပးရမယ္၊ အလိုလုိက္ရမယ္လို႔ပဲ ထင္ေနမိရင္ မွားမွာပဲ။ ဘယ္ေလာက္ခ်စ္တဲ့စံုတြဲပဲျဖစ္ျဖစ္ စကားမ်ားႏိုင္တယ္၊ ရန္ျဖစ္ႏိုင္တယ္။ ဒါကို မေမ့သင့္ဘူး။ ရန္ျဖစ္တဲ့အခ်ိန္မွာသာ တစ္ေယာက္ကိုတစ္ေယာက္ နစ္နာေအာင္၊ ထိခိုက္ေအာင္ မလုပ္ၾကဖုိ႔ပဲ သတိထားပါလို႔ အၾကံေပးပါရေစ။
၄။ ႏွစ္ဖက္ေဆြမ်ိဳးအသိုင္းအဝိုင္းကိုလည္း ခ်စ္ၾကတယ္

ကိုယ္က သူ႔ကိုခ်စ္သလို သူနဲ႔ပတ္သက္တဲ့ ေဆြမ်ိဳးအသိုင္းအဝိုင္း အားလံုးကိုခ်စ္တယ္။ သူကလည္း ကိုယ့္ဘက္က သူငယ္ခ်င္း၊ ေဆြမ်ိဳး အားလံုးနဲ႔ ရင္းရင္းႏွီးႏွီးေပါင္းႏိုင္တယ္။ ဟုတ္ကဲ့... စိတ္မေကာင္းပါဘူးေနာ္။ ဒီအျဖစ္မ်ိဳးဟာ မရွိသေလာက္ကို ႐ွားပါတယ္။ အဆင္ေျပေအာင္ပဲ ေနေနေပးၾကတာပါ။ စိတ္ထဲက မခ်စ္ေပမဲ့ ကိုယ့္ခ်စ္သူအႀကိဳက္ သည္းခံေနေပး႐ံုပါပဲဆုိတာ သိေစခ်င္တယ္။
၅။ မခြဲအတူ

သူသြားတဲ့ေနာက္ တေကာက္ေကာက္လိုက္မယ္၊ ဘယ္ေတာ့မွမခြဲဘူးလို႔ ဆံုးျဖတ္မထားပါနဲ႔။ ဘဝေ႐ွ႕ေရးအတြက္ ကိုယ္စီ ႀကိဳးစားေနခ်ိန္မွာ အတူတူ႐ွိေနဖုိ႔က ခက္ခဲေကာင္း ခက္ခဲႏိုင္ပါတယ္။ ဒါကို တကယ္ခ်စ္ၾကတဲ့ ခ်စ္သူေတြကပဲ နားလည္ႏိုင္လိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
တကယ်ချစ်တဲ့လူဆိုရင် အစချီထားတဲ့ ဖေ့စ်ဘုတ်ပေါ်က ပို့စ်တွေကို ဖတ်ပြီးတိုင်း စိတ်ကူးယဉ်နေမိတယ်ဆိုရင်တော့ သိပ်ကိုမှားသွားလိမ့်မယ်နော်။ ဘယ်သူတွေကရော အဲ့ဒီအချက်တွေနဲ့ ရာနှုန်းပြည့် ကိုက်ညီမှာတဲ့လဲ။ လူတစ်ယောက်ကို တကယ့်အချစ်နဲ့ ချစ်မိပြီဆိုရင်ဖြင့် ကြိုတင်စိတ်ကူးထားတာတွေနဲ့ တော်တော်ကြီးကို ကွဲပြားနေတတ်ပါတယ်။
၁။ မြင်မြင်ချင်းချစ်

ကိုယ့်ရဲ့ဖူးစာရှင်ဟာ အတိတ်ဘဝတည်းကရေစက်ပါလို့ မြင်မြင်ချင်း သဘောကျတယ်တို့ ဘာတို့ပေါ့နော်။ စိတ်ကူးထဲမှာပြောပါတယ်။ တကယ်တမ်းကျတော့ ရန်ဖြစ်ပြီးမှ ချစ်သွားတာတွေ၊ ခင်မင်ရင်းနှီးပြီးမှ သူငယ်ချင်းအဆင့်ကနေ တက်သွားတဲ့ ချစ်သူဘဝ၊ အိမ်ထောင်သည်ဘဝတွေ တပုံကြီးပဲ။ ရိုမန့်တစ်ဆန်ဖို့ထက် စစ်မှန်တဲ့စိတ်ထားလေးတွေ ရှိနေဖို့ပဲလိုတာပါ ညီမလေးတို့ရေ။
၂။ ဝါသနာတူ

ကိုယ်က စာဖတ်ဝါသနာပါတယ်၊ ကိုယ့်ချစ်သူကလည်း စာဖတ်ဝါသနာပါသူ ဖြစ်ရမယ်လို့လည်း မျှော်လင့်ချက်တွေ မထားပါနဲ့။ ကိုယ်နဲ့ ဝါသနာမတူရုံမက ဆန့်ကျင်ဘက်ဖြစ်နေသူနဲ့လည်း ချစ်သူဖြစ်ရင် ဖြစ်သွားနိုင်တယ်။


တူတူကစားနိုင်တဲ့ ပျော်စရာကစားနည်းလေးများ
၃။ တကယ်ချစ်ရင် ရန်မဖြစ်ဘူး

လွဲတာမှ အကြီးကြီးလွဲတာနော်။ တကယ်ချစ်တဲ့လူဆိုတာ ကိုယ့်ကို အလျှော့ပေးရမယ်၊ အလိုလိုက်ရမယ်လို့ပဲ ထင်နေမိရင် မှားမှာပဲ။ ဘယ်လောက်ချစ်တဲ့စုံတွဲပဲဖြစ်ဖြစ် စကားများနိုင်တယ်၊ ရန်ဖြစ်နိုင်တယ်။ ဒါကို မမေ့သင့်ဘူး။ ရန်ဖြစ်တဲ့အချိန်မှာသာ တစ်ယောက်ကိုတစ်ယောက် နစ်နာအောင်၊ ထိခိုက်အောင် မလုပ်ကြဖို့ပဲ သတိထားပါလို့ အကြံပေးပါရစေ။
၄။ နှစ်ဖက်ဆွေမျိုးအသိုင်းအဝိုင်းကိုလည်း ချစ်ကြတယ်

ကိုယ်က သူ့ကိုချစ်သလို သူနဲ့ပတ်သက်တဲ့ ဆွေမျိုးအသိုင်းအဝိုင်း အားလုံးကိုချစ်တယ်။ သူကလည်း ကိုယ့်ဘက်က သူငယ်ချင်း၊ ဆွေမျိုး အားလုံးနဲ့ ရင်းရင်းနှီးနှီးပေါင်းနိုင်တယ်။ ဟုတ်ကဲ့... စိတ်မကောင်းပါဘူးနော်။ ဒီအဖြစ်မျိုးဟာ မရှိသလောက်ကို ရှားပါတယ်။ အဆင်ပြေအောင်ပဲ နေနေပေးကြတာပါ။ စိတ်ထဲက မချစ်ပေမဲ့ ကိုယ့်ချစ်သူအကြိုက် သည်းခံနေပေးရုံပါပဲဆိုတာ သိစေချင်တယ်။
၅။ မခွဲအတူ

သူသွားတဲ့နောက် တကောက်ကောက်လိုက်မယ်၊ ဘယ်တော့မှမခွဲဘူးလို့ ဆုံးဖြတ်မထားပါနဲ့။ ဘဝရှေ့ရေးအတွက် ကိုယ်စီ ကြိုးစားနေချိန်မှာ အတူတူရှိနေဖို့က ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ ဒါကို တကယ်ချစ်ကြတဲ့ ချစ်သူတွေကပဲ နားလည်နိုင်လိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top