ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကမၻာ့ဘာသာေပါင္းစုံ ၿငိမ္းခ်မ္းေရး ညီၫြတ္ေရးႏွင့္ လုံၿခဳံေရးဆုိင္ရာညီလာခံကို ၾသဂုတ္ ၅ရက္က သီတဂူဗုဒၶတကၠသုိလ္၌ က်င္းပေနစဥ္ (ဓာတ္ပံု − စုိင္းေဇာ္)
တတိယအႀကိမ္ေျမာက္ ကမၻာ့ဘာသာေပါင္းစံု ၿငိမ္းခ်မ္း ေရး၊ ညီၫြတ္ေရးႏွင့္ လံုၿခံဳေရး ဆုိင္ရာ ညီလာခံကို ရန္ကုန္ၿမိဳ႕ သီတဂူ  ဗုဒၶတကၠသိုလ္တြင္ ဩဂုတ္ ၅ ရက္၌ က်င္းပခဲ့သည္။

ျမန္မာႏုိင္ငံတြင္ ပထမဆံုး အႀကိမ္ လက္ခံျပဳလုပ္သည့္ အဆိုပါညီလာခံကို ႏွစ္ရက္ က်င္းပမည္ ျဖစ္ၿပီး ကမၻာ့ဘာသာေပါင္းစံု ကိုး ကြယ္သူမ်ားအတြင္း ၿငိမ္းခ်မ္း ေရး၊ တည္ၿငိမ္ေရးႏွင့္ လံုၿခံဳေရး ဆုိင္ရာကိစၥမ်ား ပိုမိုေဆာင္ရြက္ ႏုိင္ရန္ ရည္ရြယ္သည္။

အဆုိပါ ညီလာခံကို သီတဂူ ဆရာေတာ္ႀကီး ေဒါက္တာဘဒၵႏၲ ဉာဏိႆရက ဦးေဆာင္၍ ညီလာခံ ပထမေန႔ ဩဂုတ္ ၅ ရက္တြင္ ကမၻာ့ႏုိင္ငံ ၃၂ ႏုိင္ငံမွ ဘာသာ ေရး ေခါင္းေဆာင္မ်ား၊ သာသနာ ေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီး သူရဦးေအာင္ကိုႏွင့္ အစိုးရအဖြဲ႕ ဝင္မ်ား တက္ေရာက္သည္။ ထို႔အျပင္ ႏုိင္ငံတကာပညာရွင္ႏွင့္ ျမန္မာႏုိင္ငံမွ ဘာသာေရးေခါင္းေဆာင္ ၂၅၀ ေက်ာ္ တက္ေရာက္ခဲ့သည္။

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အဆုိပါညီလာခံသုိ႔ သဝဏ္လႊာ ေပးပုိ႔ခဲ့ၿပီး အမ်ိဳးသားလံုၿခံဳေရး ႏွင့္ အႀကံေပးပုဂၢိဳလ္ ဦးေသာင္း ထြန္းက  ကိုယ္စားဖတ္ၾကားခဲ့ သည္။

ကြဲျပားျခားနားသည့္ ဘာ သာတရားကိုးကြယ္ယံုၾကည္မႈ မ်ားအၾကား တူညီသည့္ အခ်က္ မ်ားကို အေျခခံ၍ ေအးခ်မ္းသာ ယာမႈကို ပူးေပါင္းေဖာ္ေဆာင္ႏုိင္ ေၾကာင္း၊ ကမၻာေပၚရွိ ဘာသာ တရားတုိင္းသည္ ေလာကေအး ခ်မ္းသာယာ  တည္ၿငိမ္ေရးကို ဦးတည္ခ်က္ထားရွိေၾကာင္း၊ တစ္ဦးႏွင့္တစ္ဦး သည္းခံတတ္ၾကရန္၊ အၾကမ္းဖက္မႈကို ေရွာင္ရွားၾကရန္ သြန္သင္ေပးေၾကာင္း၊ မြန္ျမတ္သည့္ တရားဓမၼမ်ားတြင္ လူလူခ်င္း  သင့္ျမတ္သဟဇာတျဖစ္သည့္ ညီၫြတ္မႈရွိေရးကို ေဟာ ေျပာဆံုးမထားေၾကာင္း၊ မိမိတုိ႔ အားလံုးသည္ ၿငိမ္းခ်မ္းမႈ၊ မိတ္ ေဆြသဂၤဟျဖစ္မႈ၊ ေလးစားမႈတို႔ ကို လိုလားၾကေၾကာင္း၊ ဘာသာ ေရးအႀကီးအကဲမ်ားအေနျဖင့္ တပည့္တပန္းမ်ားအား အထက္ ပါ ၿငိမ္းခ်မ္းေရးဆုိင္ရာ ‘မူ’မ်ားကို ေဟာေျပာသြန္သင္ဆံုးမေပးျခင္း ျဖင့္ မုန္းတီးသူမ်ား၏ ပ်က္စီးရာ ပ်က္စီးေၾကာင္း ဝါဒျဖန္႔မႈမ်ားကို ေရွာင္ရွားႏုိင္မည့္ လမ္းေၾကာင္း အမွန္ကို ျပသေပးရန္ လိုအပ္ ေၾကာင္း ေျပာၾကားပါသည္။

ထို႔အျပင္ ျမန္မာႏိုင္ငံအေန ျဖင့္ အစြန္းေရာက္အၾကမ္းဖက္မႈ မ်ားကို အစဥ္တြန္းလွန္ဆန္႔က်င္ လ်က္ရွိေၾကာင္းႏွင့္ ႏုိင္ငံအတြင္း လြတ္လပ္စြာ ကိုးကြယ္မႈကိုလည္း အေလးထားေဖာ္ေဆာင္လ်က္ရွိ ေၾကာင္း  ဘာသာတရားလြတ္လပ္ မႈကို ထိန္းသိမ္းေဖာ္ေဆာင္ေပး ရန္ ဆံုးျဖတ္ခ်က္ရွိထားသကဲ့သို႔ တစ္ဖက္၌လည္း ဆင္းရဲဒုကၡကင္း ေဝးေစေရးအတြက္ ၿငိမ္းခ်မ္းေရး ကုိ တည္ေဆာက္ရန္ ဆံုးျဖတ္ခ်က္ အခုိင္အမာရွိထားပါေၾကာင္း၊ ေန႔ စဥ္ႏွင့္အမွ် အစြန္းေရာက္အၾကမ္း ဖက္မႈမ်ားကို တြန္းလွန္တိုက္ခိုက္ ေနေၾကာင္း၊ အမုန္းတရားမ်ား ျဖစ္ေပၚပြားမ်ားေစမည့္ မဟုတ္ မမွန္လိမ္လည္လုပ္ဇာတ္မ်ားကို လည္း ရင္ဆုိင္ေျဖရွင္းေနရ ေၾကာင္း၊ ထိုလိမ္လည္ဇာတ္လမ္း မ်ားသည္ ျပည္တြင္း၊ ျပည္ပ မည္ သည့္ေနရာက ထြက္ရွိလာသည္ ျဖစ္ေစ ဆုိးရြားသည့္ ျပႆနာကို ျဖစ္ေပၚေစေၾကာင္း၊ သို႔ျဖစ္၍ အ ေရာင္စံု၊ အလႊာစံုေသာ လူ႔ေဘာင္အဖြဲ႕အစည္းအတြင္း မရွိအပ္ သည့္အရာျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္၏ သဝဏ္လႊာတြင္ ပါရွိသည္။

ထို႔အျပင္ အိႏၵိယဝန္ႀကီး ခ်ဳပ္ႏွင့္ ဂ်ပန္ဝန္ႀကီးခ်ဳပ္တို႔က သဝဏ္လႊာမ်ား အသီးသီးေပးပို႔ခဲ့ သည္။

အဆိုပါ ညီလာခံတြင္ သီတ ဂူဆရာေတာ္ႀကီးက ကမၻာ့ႏုိင္ငံမ်ား၌ ဘာသာေရးေၾကာင့္ျဖစ္သည့္ စစ္ပြဲမ်ား၊ ပဋိပကၡမ်ား၊ ဆူပူေသာင္းက်န္းမႈမ်ား ျဖစ္ေပၚေန ေၾကာင္း ကနဦးဩဝါဒအစျပဳ၍ ဘာသာတရားမ်ား တိုးတက္က်ယ္ျပန္႔ေအာင္ ေဆာင္ရြက္ရန္ ဘာသာေခါင္းေဆာင္မ်ား အသီးသီးႏွင့္ ေဆြးေႏြးခဲ့သည္။

ထို႔အျပင္ ကိုးကြယ္ရာ ဘာ သာတရားမ်ားကို မယံုၾကည္ဘဲ ဘာသာမဲ့မ်ား၊ တုိးပြားလာျခင္းက အဆုိပါထိတ္လန္႔ဖြယ္ အနိ႒ာ႐ံု အေျခအေနမ်ားကို ျဖစ္ပြားေစ ေၾကာင္း သီတဂူဆရာေတာ္ႀကီး က မိန္႔ၾကားခဲ့သည္။ မ်က္ေမွာက္ ေခတ္ လူငယ္မ်ားသည္ မိမိတို႔ ကိုးကြယ္ယံုၾကည္ရာ ဘာသာတရား မ်ား၏ အဆံုးအမကို လိုက္နာျခင္းမရွိ၍ ယခုကဲ့သို႔ျဖစ္ရေၾကာင္း ဆရာေတာ္ႀကီးက မိန္႔သည္။

သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီး သူရဦးေအာင္ကိုက ႀကိဳဆိုႏႈတ္ခြန္းဆက္စကားေျပာၾကားခဲ့ၿပီး မိမိတတ္ႏုိင္သည့္ဘက္ကေန၍ သာသနာျပန္႔ပြားမႈအတြက္ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ႏုိင္ငံေပါင္းစံုမွ ဘာသာေရး ေခါင္းေဆာင္မ်ားက ကမၻာႀကီးအ တြင္း အစြန္းေရာက္ဘာသာ တရားမ်ား က်ယ္ျပန္႔လာၿပီး စစ္ မွန္ေသာ ဘာသာတရားမ်ားကို ေႏွာင္းလူမ်ား သိရွိရန္လိုအပ္ ေၾကာင္း ေဆြးေႏြးခဲ့သည္။

ယခုညီလာခံကေန၍ ဘာသာအသီးသီးအတြက္ သင့္ေလ်ာ္ေသာ ဆံုးျဖတ္ခ်က္မ်ားကိုခ်ကာ ေရွ႕ဆက္လုပ္ေဆာင္မည့္ ဘာသာေရးလုပ္ငန္းစဥ္မ်ားအတြက္ တူညီေသာ ရည္ရြယ္ခ်က္တစ္ခုရ ေအာင္ေဆြးေႏြးမည္ဟု ညီလာခံႀကီးက ရည္ရြယ္ထားသည္။

အဆုိပါ ညီလာခံကို သီတဂူ ဗုဒၶတကၠသိုလ္၊ ဂ်ပန္ေဖာင္ေဒး ရွင္း၊ အိႏၵိယႏုိင္ငံ ဝိေဝကာနႏၵ အ ျပည္ျပည္ဆုိင္ရာေဖာင္ေဒးရွင္း၊ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ ႀကီးဌာနတုိ႔ ပူးေပါင္းက်င္းပျခင္းျဖစ္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ကမ္ဘာ့ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ညီညွတ်ရေးနှင့် လုံခြုံရေးဆိုင်ရာညီလာခံကို သြဂုတ် ၅ရက်က သီတဂူဗုဒ္ဓတက္ကသိုလ်၌ ကျင်းပနေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

တတိယအကြိမ်မြောက် ကမ္ဘာ့ဘာသာပေါင်းစုံ ငြိမ်းချမ်း ရေး၊ ညီညွတ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ ညီလာခံကို ရန်ကုန်မြို့ သီတဂူ  ဗုဒ္ဓတက္ကသိုလ်တွင် ဩဂုတ် ၅ ရက်၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် လက်ခံပြုလုပ်သည့် အဆိုပါညီလာခံကို နှစ်ရက် ကျင်းပမည် ဖြစ်ပြီး ကမ္ဘာ့ဘာသာပေါင်းစုံ ကိုး ကွယ်သူများအတွင်း ငြိမ်းချမ်း ရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေး ဆိုင်ရာကိစ္စများ ပိုမိုဆောင်ရွက် နိုင်ရန် ရည်ရွယ်သည်။

အဆိုပါ ညီလာခံကို သီတဂူ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရက ဦးဆောင်၍ ညီလာခံ ပထမနေ့ ဩဂုတ် ၅ ရက်တွင် ကမ္ဘာ့နိုင်ငံ ၃၂ နိုင်ငံမှ ဘာသာ ရေး ခေါင်းဆောင်များ၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုနှင့် အစိုးရအဖွဲ့ ဝင်များ တက်ရောက်သည်။ ထို့အပြင် နိုင်ငံတကာပညာရှင်နှင့် မြန်မာနိုင်ငံမှ ဘာသာရေးခေါင်းဆောင် ၂၅၀ ကျော် တက်ရောက်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါညီလာခံသို့ သဝဏ်လွှာ ပေးပို့ခဲ့ပြီး အမျိုးသားလုံခြုံရေး နှင့် အကြံပေးပုဂ္ဂိုလ် ဦးသောင်း ထွန်းက  ကိုယ်စားဖတ်ကြားခဲ့ သည်။

ကွဲပြားခြားနားသည့် ဘာ သာတရားကိုးကွယ်ယုံကြည်မှု များအကြား တူညီသည့် အချက် များကို အခြေခံ၍ အေးချမ်းသာ ယာမှုကို ပူးပေါင်းဖော်ဆောင်နိုင် ကြောင်း၊ ကမ္ဘာပေါ်ရှိ ဘာသာ တရားတိုင်းသည် လောကအေး ချမ်းသာယာ  တည်ငြိမ်ရေးကို ဦးတည်ချက်ထားရှိကြောင်း၊ တစ်ဦးနှင့်တစ်ဦး သည်းခံတတ်ကြရန်၊ အကြမ်းဖက်မှုကို ရှောင်ရှားကြရန် သွန်သင်ပေးကြောင်း၊ မွန်မြတ်သည့် တရားဓမ္မများတွင် လူလူချင်း  သင့်မြတ်သဟဇာတဖြစ်သည့် ညီညွတ်မှုရှိရေးကို ဟော ပြောဆုံးမထားကြောင်း၊ မိမိတို့ အားလုံးသည် ငြိမ်းချမ်းမှု၊ မိတ် ဆွေသင်္ဂဟဖြစ်မှု၊ လေးစားမှုတို့ ကို လိုလားကြကြောင်း၊ ဘာသာ ရေးအကြီးအကဲများအနေဖြင့် တပည့်တပန်းများအား အထက် ပါ ငြိမ်းချမ်းရေးဆိုင်ရာ ‘မူ’များကို ဟောပြောသွန်သင်ဆုံးမပေးခြင်း ဖြင့် မုန်းတီးသူများ၏ ပျက်စီးရာ ပျက်စီးကြောင်း ဝါဒဖြန့်မှုများကို ရှောင်ရှားနိုင်မည့် လမ်းကြောင်း အမှန်ကို ပြသပေးရန် လိုအပ် ကြောင်း ပြောကြားပါသည်။

ထို့အပြင် မြန်မာနိုင်ငံအနေ ဖြင့် အစွန်းရောက်အကြမ်းဖက်မှု များကို အစဉ်တွန်းလှန်ဆန့်ကျင် လျက်ရှိကြောင်းနှင့် နိုင်ငံအတွင်း လွတ်လပ်စွာ ကိုးကွယ်မှုကိုလည်း အလေးထားဖော်ဆောင်လျက်ရှိ ကြောင်း  ဘာသာတရားလွတ်လပ် မှုကို ထိန်းသိမ်းဖော်ဆောင်ပေး ရန် ဆုံးဖြတ်ချက်ရှိထားသကဲ့သို့ တစ်ဖက်၌လည်း ဆင်းရဲဒုက္ခကင်း ဝေးစေရေးအတွက် ငြိမ်းချမ်းရေး ကို တည်ဆောက်ရန် ဆုံးဖြတ်ချက် အခိုင်အမာရှိထားပါကြောင်း၊ နေ့ စဉ်နှင့်အမျှ အစွန်းရောက်အကြမ်း ဖက်မှုများကို တွန်းလှန်တိုက်ခိုက် နေကြောင်း၊ အမုန်းတရားများ ဖြစ်ပေါ်ပွားများစေမည့် မဟုတ် မမှန်လိမ်လည်လုပ်ဇာတ်များကို လည်း ရင်ဆိုင်ဖြေရှင်းနေရ ကြောင်း၊ ထိုလိမ်လည်ဇာတ်လမ်း များသည် ပြည်တွင်း၊ ပြည်ပ မည် သည့်နေရာက ထွက်ရှိလာသည် ဖြစ်စေ ဆိုးရွားသည့် ပြဿနာကို ဖြစ်ပေါ်စေကြောင်း၊ သို့ဖြစ်၍ အ ရောင်စုံ၊ အလွှာစုံသော လူ့ဘောင်အဖွဲ့အစည်းအတွင်း မရှိအပ် သည့်အရာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ပါရှိသည်။

ထို့အပြင် အိန္ဒိယဝန်ကြီး ချုပ်နှင့် ဂျပန်ဝန်ကြီးချုပ်တို့က သဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ သည်။

အဆိုပါ ညီလာခံတွင် သီတ ဂူဆရာတော်ကြီးက ကမ္ဘာ့နိုင်ငံများ၌ ဘာသာရေးကြောင့်ဖြစ်သည့် စစ်ပွဲများ၊ ပဋိပက္ခများ၊ ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေ ကြောင်း ကနဦးဩဝါဒအစပြု၍ ဘာသာတရားများ တိုးတက်ကျယ်ပြန့်အောင် ဆောင်ရွက်ရန် ဘာသာခေါင်းဆောင်များ အသီးသီးနှင့် ဆွေးနွေးခဲ့သည်။

ထို့အပြင် ကိုးကွယ်ရာ ဘာ သာတရားများကို မယုံကြည်ဘဲ ဘာသာမဲ့များ၊ တိုးပွားလာခြင်းက အဆိုပါထိတ်လန့်ဖွယ် အနိဋ္ဌာရုံ အခြေအနေများကို ဖြစ်ပွားစေ ကြောင်း သီတဂူဆရာတော်ကြီး က မိန့်ကြားခဲ့သည်။ မျက်မှောက် ခေတ် လူငယ်များသည် မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရား များ၏ အဆုံးအမကို လိုက်နာခြင်းမရှိ၍ ယခုကဲ့သို့ဖြစ်ရကြောင်း ဆရာတော်ကြီးက မိန့်သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မိမိတတ်နိုင်သည့်ဘက်ကနေ၍ သာသနာပြန့်ပွားမှုအတွက် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များက ကမ္ဘာကြီးအ တွင်း အစွန်းရောက်ဘာသာ တရားများ ကျယ်ပြန့်လာပြီး စစ် မှန်သော ဘာသာတရားများကို နှောင်းလူများ သိရှိရန်လိုအပ် ကြောင်း ဆွေးနွေးခဲ့သည်။

ယခုညီလာခံကနေ၍ ဘာသာအသီးသီးအတွက် သင့်လျော်သော ဆုံးဖြတ်ချက်များကိုချကာ ရှေ့ဆက်လုပ်ဆောင်မည့် ဘာသာရေးလုပ်ငန်းစဉ်များအတွက် တူညီသော ရည်ရွယ်ချက်တစ်ခုရ အောင်ဆွေးနွေးမည်ဟု ညီလာခံကြီးက ရည်ရွယ်ထားသည်။

အဆိုပါ ညီလာခံကို သီတဂူ ဗုဒ္ဓတက္ကသိုလ်၊ ဂျပန်ဖောင်ဒေး ရှင်း၊ အိန္ဒိယနိုင်ငံ ဝိဝေကာနန္ဒ အ ပြည်ပြည်ဆိုင်ရာဖောင်ဒေးရှင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top