လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

 ေသြးပ်စ္ခဲျခင္းေၾကာင့္ ႏွလံုးေရာဂါ အျဖစ္မ်ားႏိုင္ၿပီး ခႏၶာကိုယ္တြင္းကလီစာေတြနဲ႔ တစ္သွ်ဴးေတြကို ေရာင္ရမ္းေစႏုိင္ပါတယ္။ ဒါေၾကာင့္ အေကာင္းဆံုး သဘာ၀ေသြးက်ဲေဆးေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

(၁)        တိရစာၦန္မွရတဲ့ အိုမီဂါ 3 အက္ဆစ္အဆီ (ဥပမာ - ငါး၊ အသည္း) ေတြဟာ အေကာင္းဆံုး သဘာ၀ေသြးက်ဲေဆး ျဖစ္ပါတယ္။

(၂)        အပင္မွရတဲ့ အိုမီဂါ 3 ေတြကိုေတာ့ ခႏၶာကိုယ္မွ အလြယ္တကူ မစုပ္ယူႏိုင္ေပမယ့္လည္း ေသြးပ်စ္ခဲျခင္းအတြက္ေတာ့ အလြန္ေကာင္းမြန္တဲ့ေဆး၀ါးေတြ ျဖစ္ပါတယ္။ ႏွမ္းဆီ၊ ေထာပတ္သီး၊ ေျမပဲ စတာေတြဟာ အိုမီဂါ ၃ ၾကြယ္၀တဲ့အစားအစာေတြပဲ ျဖစ္ပါတယ္။

(၃)        ေနာက္တစ္မ်ိဳးကေတာ့ ဂ်င္းပဲ ျဖစ္ပါတယ္။ ဂ်င္းကို အေၾကာ္၊ အသုတ္ေတြထဲမွာ ထည့္စားလို႔ရတဲ့အျပင္ ေဖ်ာ္ရည္အေနနဲ႔လည္း ေဖ်ာ္ေသာက္လို႔ ရပါေသးတယ္။

(၄)        ေသြးခဲတဲ့သူေတြဟာ ပံုမွန္သူေတြထက္ ေရကို သတိထားၿပီး ေသခ်ာေသာက္ေပးသင့္ပါတယ္။ ေရ လံုလံုေလာက္ေလာက္ မေသာက္ပါက အဆမတန္ ေသြးပ်စ္ခဲလာႏိုင္ပါတယ္။

(၅)        ဟင္းခတ္အေမႊးအႀကိဳင္ေတြျဖစ္တဲ့ င႐ုတ္သီးမႈန္႔၊ င႐ုတ္ေကာင္း၊ သစ္ၾကမ္းပိုးေခါက္၊ ဇီယာေစ့၊ နႏြင္းမႈန္႔ စတာေတြဟာလည္း ေသြးက်ဲေစႏုိင္ပါတယ္။

(၆)        ဘယ္ရီသီးအပါအ၀င္ အျခားသစ္သီးေျခာက္ေတြျဖစ္တဲ့ စပ်စ္သီး၊ ဆီးသီး၊ ခ်ယ္ရီသီးေတြဟာ ဓာတ္တိုးဆန္႔က်င္ပစၥည္းပါ၀င္မႈ ျမင့္မားတာေၾကာင့္ ႏွလံုးက်န္းမာေရးအတြက္ အလြန္ပင္ သင့္ေတာ္ပါတယ္။

(၇)        ေလ့က်င့္ခန္း ျပဳလုပ္ျခင္းဟာလည္း ေသြးလည္ပတ္မႈ ေကာင္းမြန္ေစ၍ ေသြးခဲျခင္းကို ေလ်ာ့က်ေစႏုိင္ ပါ တယ္။ ေပါ့ေပါ့ပါးပါး ေလ့က်င့္ခန္းမ်ိဳးကို ပံုမွန္ျပဳလုပ္ျခင္းျဖင့္ စတင္သင့္ပါတယ္။

(၈)        ဗီတာမင္ဘီ 6 က ေသြးလႊတ္ေၾကာနံရံေတြကိုမာေစ၍ ႏွလံုးေရာဂါျဖစ္ေစႏုိင္တဲ့ အလြန္အကၽြံေသြးခဲျခင္းကို သက္သာေစႏုိင္ပါတယ္။ အေစ့အႏွံေတြ၊ ကန္စြန္းဥနဲ႔ ပဲပင္ေပါက္ေတြဟာ ဗီတာမင္ဘီ 6 ၾကြယ္၀စြာပါ၀င္တဲ့ အစားအစာေတြ ျဖစ္ပါတယ္။

            သဘာ၀ေသြးက်ဲေစတာေတြ ရွိသကဲ့သို႔ပင္ ဆန္႔က်င္ဘက္အေနနဲ႔ ေသြးခဲေစႏိုင္တဲ့ အစားအစာေတြလည္း ရွိပါတယ္။ ဗီတာမင္ K ပါ၀င္တဲ့ အစားအစာေတြျဖစ္တဲ့ အစိမ္းေရာင္ရွိတဲ့ ဟင္းသီးဟင္ရြက္မ်ား၊ ပန္းေဂၚဖီစိမ္း၊ ေဂၚဖီထုပ္ စတာေတြဟာ ေသြးခဲျခင္းျဖစ္စဥ္မွာ ပါ၀င္တာေၾကာင့္ အနာက်က္ျမန္ေစပါတယ္။ ဗီတာမင္ေတြထဲမွာ အေရးႀကီးတဲ့ ဗီတာမင္ K ဟာ ေသြးက်ဲေဆးေတြရဲ႕ အစြမ္းအာနိသင္ကို ပ်က္ျပယ္ေစႏုိင္တာေၾကာင့္ ပံုမွန္စားသံုးသင့္တဲ့ ဗီတာမင္ K ပမာဏကို ဆရာ၀န္ႏွင့္ တိုင္ပင္၍ အႀကံဉာဏ္ ရယူသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Thinzar Wynn (www.drmyanmar.com)
#Unicode Version#
 သွေးပျစ်ခဲခြင်းကြောင့် နှလုံးရောဂါ အဖြစ်များနိုင်ပြီး ခန္ဓာကိုယ်တွင်းကလီစာတွေနဲ့ တစ်သျှူးတွေကို ရောင်ရမ်းစေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံး သဘာဝသွေးကျဲဆေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)        တိရစ္ဆာန်မှရတဲ့ အိုမီဂါ 3 အက်ဆစ်အဆီ (ဥပမာ - ငါး၊ အသည်း) တွေဟာ အကောင်းဆုံး သဘာဝသွေးကျဲဆေး ဖြစ်ပါတယ်။

(၂)        အပင်မှရတဲ့ အိုမီဂါ 3 တွေကိုတော့ ခန္ဓာကိုယ်မှ အလွယ်တကူ မစုပ်ယူနိုင်ပေမယ့်လည်း သွေးပျစ်ခဲခြင်းအတွက်တော့ အလွန်ကောင်းမွန်တဲ့ဆေးဝါးတွေ ဖြစ်ပါတယ်။ နှမ်းဆီ၊ ထောပတ်သီး၊ မြေပဲ စတာတွေဟာ အိုမီဂါ ၃ ကြွယ်ဝတဲ့အစားအစာတွေပဲ ဖြစ်ပါတယ်။

(၃)        နောက်တစ်မျိုးကတော့ ဂျင်းပဲ ဖြစ်ပါတယ်။ ဂျင်းကို အကြော်၊ အသုတ်တွေထဲမှာ ထည့်စားလို့ရတဲ့အပြင် ဖျော်ရည်အနေနဲ့လည်း ဖျော်သောက်လို့ ရပါသေးတယ်။

(၄)        သွေးခဲတဲ့သူတွေဟာ ပုံမှန်သူတွေထက် ရေကို သတိထားပြီး သေချာသောက်ပေးသင့်ပါတယ်။ ရေ လုံလုံလောက်လောက် မသောက်ပါက အဆမတန် သွေးပျစ်ခဲလာနိုင်ပါတယ်။

(၅)        ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်း၊ သစ်ကြမ်းပိုးခေါက်၊ ဇီယာစေ့၊ နနွင်းမှုန့် စတာတွေဟာလည်း သွေးကျဲစေနိုင်ပါတယ်။

(၆)        ဘယ်ရီသီးအပါအဝင် အခြားသစ်သီးခြောက်တွေဖြစ်တဲ့ စပျစ်သီး၊ ဆီးသီး၊ ချယ်ရီသီးတွေဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှု မြင့်မားတာကြောင့် နှလုံးကျန်းမာရေးအတွက် အလွန်ပင် သင့်တော်ပါတယ်။

(၇)        လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာလည်း သွေးလည်ပတ်မှု ကောင်းမွန်စေ၍ သွေးခဲခြင်းကို လျော့ကျစေနိုင် ပါ တယ်။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းမျိုးကို ပုံမှန်ပြုလုပ်ခြင်းဖြင့် စတင်သင့်ပါတယ်။

(၈)        ဗီတာမင်ဘီ 6 က သွေးလွှတ်ကြောနံရံတွေကိုမာစေ၍ နှလုံးရောဂါဖြစ်စေနိုင်တဲ့ အလွန်အကျွံသွေးခဲခြင်းကို သက်သာစေနိုင်ပါတယ်။ အစေ့အနှံတွေ၊ ကန်စွန်းဥနဲ့ ပဲပင်ပေါက်တွေဟာ ဗီတာမင်ဘီ 6 ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။

            သဘာဝသွေးကျဲစေတာတွေ ရှိသကဲ့သို့ပင် ဆန့်ကျင်ဘက်အနေနဲ့ သွေးခဲစေနိုင်တဲ့ အစားအစာတွေလည်း ရှိပါတယ်။ ဗီတာမင် K ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်ရွက်များ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် စတာတွေဟာ သွေးခဲခြင်းဖြစ်စဉ်မှာ ပါဝင်တာကြောင့် အနာကျက်မြန်စေပါတယ်။ ဗီတာမင်တွေထဲမှာ အရေးကြီးတဲ့ ဗီတာမင် K ဟာ သွေးကျဲဆေးတွေရဲ့ အစွမ်းအာနိသင်ကို ပျက်ပြယ်စေနိုင်တာကြောင့် ပုံမှန်စားသုံးသင့်တဲ့ ဗီတာမင် K ပမာဏကို ဆရာဝန်နှင့် တိုင်ပင်၍ အကြံဉာဏ် ရယူသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Thinzar Wynn (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top