ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

သရုပ္ေဆာင္မုိးယုစံက သူမရဲ႕ သားဦးေလးကုိ ၾသဂုတ္ ၂၁ ရက္မွာ ေအာင္ျမင္စြာ ေမြးဖြားခဲ့ပါတယ္။ အရမ္းခ်စ္စရာေကာင္းတဲ့ ကေလးေလးေရာ၊ ေမေမ မိုးယုစံေရာ က်န္းက်န္းမာမာနဲ႔ ျမင္ေတြ႕ရတာ ဝမ္းသာစရာပါပဲ။

"Welcome baby ... ၈ေပါင္ ၃ေအာင္စ သားသားေလးပါ ေအာင္ျမင္စြာ ေမြးဖြားၿပီးပါၿပီ" လို႔ မိုးယုစံက သူမရဲ႕ေဖ့စ္ဘြတ္အေကာင့္မွာ ၾသဂုတ္လ ၂၂ ရက္ေန႔ နံနက္ ၁၂:၀၅ မိနစ္မွာ သူမရဲ႕ေဖ့စ္ဘြတ္မွာ တင္ထားခဲ့တာျဖစ္ပါတယ္။

အဲဒီပို႔စ္ဟာ ၉ နာရီအတြင္း Like သံုးေသာင္းေက်ာ္ ရရွိကာ Share အေရအတြက္ ၁၃၀၀ ေက်ာ္ရွိခဲ့ၿပီး မိုးယုစံကို Congrat ဝိုင္းလုပ္ၾကတဲ့ ကြန္မန္႔ေပါင္း ၁၅၀၀ နီးပါး ရွိခဲ့ပါတယ္။

မိုးယုစံက ကေလးကို ၾသဂုတ္လ ၂၁ ရက္ေန႔မွာ ေမြးမွာျဖစ္ေၾကာင္း အဲဒီေန႔ကညေနကပဲ ပရိသတ္ကို သူမရဲ႕ေဖ့စ္ဘြတ္ကေန အသိေပးထားခဲ့တာပါ။

"ဗိုက္ကေလးျပရင္းနဲ႔ ေဆးရံုတခါထဲတတ္လိုက္ရတယ္ ယူထားတာတစ္ရက္ေပမဲ့ သားသားက ေမေမတို႔နဲ႔ ေတြ႕ခ်င္ေနလို႔နဲ႔ တူတယ္ ဒီညေမြးဖို႔ေတာ့လုပ္ထားပါတယ္ ။ ခ်က္ခ်င္းအားခ်င္း ကူညီေပးေသာGrand Hantha hospital & Cordlife Stem Cell ,thx" ဆိုၿပီး ေျပာျပထားပါတယ္။

ကေလးေမြးရင္ အခ်င္းကုိလည္း Cordlife Family Stem Cell Bank နဲ႔ အတူ သိမ္းဆည္းသြားမယ္လုိ႔ Duwun Media ကုိ ေျပာျပခဲ့ဖူးပါတယ္။

ကေလးေမြးဖြားၿပီးတဲ့အခ်ိန္မွာလည္း အႏုပညာအလုပ္ေတြကုိ လုပ္ျဖစ္မလုပ္ျဖစ္ မေသခ်ာေသးဘူးလုိ႔ ဆုိပါတယ္။ ကေလးေမြးဖြားၿပီးခ်ိန္ ၆လအတြင္း မိခင္ႏုိ႔တုိက္ေကၽြးရမွာ ျဖစ္တဲ့အတြက္ ကေလးအတြက္ အခ်ိန္ေပးျဖစ္မယ္လုိ႔ သိရပါတယ္။

စုလ်ားရစ္ပတ္ လက္ထပ္ ထိမ္းျမား မဂၤလာပြဲ ကိုလည္း  ေအာက္တိုဘာ၂၉ရက္က Melia ဟိုတယ္မွာ က်င္းပခဲ့တာျဖစ္ၿပီး မဂၤလာညစာစားပြဲကိုေတာ့ ေအာက္တိုဘာ(၃၁)ရက္ေန႕က ႏိုဗိုတယ္ဟိုတယ္မွာ  က်င္းပခဲ့တာ ျဖစ္ပါတယ္။ မိုးယုစံတို႕ ဇနီးေမာင္ႏံွရဲ႕ မဂၤလာပြဲေတြက ေတာ့ ပရိသတ္ေတြအားက်ခဲ့ရတဲ့ ပြဲတစ္ပြဲလည္း ျဖစ္ပါတယ္။

Photo : မိုးယုစံ ေဖ့စ္ဘြတ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
သရုပ်ဆောင်မိုးယုစံက သူမရဲ့ သားဦးလေးကို သြဂုတ် ၂၁ ရက်မှာ အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။ အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးရော၊ မေမေ မိုးယုစံရော ကျန်းကျန်းမာမာနဲ့ မြင်တွေ့ရတာ ဝမ်းသာစရာပါပဲ။

"Welcome baby ... ၈ပေါင် ၃အောင်စ သားသားလေးပါ အောင်မြင်စွာ မွေးဖွားပြီးပါပြီ" လို့ မိုးယုစံက သူမရဲ့ဖေ့စ်ဘွတ်အကောင့်မှာ သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၂:၀၅ မိနစ်မှာ သူမရဲ့ဖေ့စ်ဘွတ်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီပို့စ်ဟာ ၉ နာရီအတွင်း Like သုံးသောင်းကျော် ရရှိကာ Share အရေအတွက် ၁၃၀၀ ကျော်ရှိခဲ့ပြီး မိုးယုစံကို Congrat ဝိုင်းလုပ်ကြတဲ့ ကွန်မန့်ပေါင်း ၁၅၀၀ နီးပါး ရှိခဲ့ပါတယ်။

မိုးယုစံက ကလေးကို သြဂုတ်လ ၂၁ ရက်နေ့မှာ မွေးမှာဖြစ်ကြောင်း အဲဒီနေ့ကညနေကပဲ ပရိသတ်ကို သူမရဲ့ဖေ့စ်ဘွတ်ကနေ အသိပေးထားခဲ့တာပါ။

"ဗိုက်ကလေးပြရင်းနဲ့ ဆေးရုံတခါထဲတတ်လိုက်ရတယ် ယူထားတာတစ်ရက်ပေမဲ့ သားသားက မေမေတို့နဲ့ တွေ့ချင်နေလို့နဲ့ တူတယ် ဒီညမွေးဖို့တော့လုပ်ထားပါတယ် ။ ချက်ချင်းအားချင်း ကူညီပေးသောGrand Hantha hospital & Cordlife Stem Cell ,thx" ဆိုပြီး ပြောပြထားပါတယ်။

ကလေးမွေးရင် အချင်းကိုလည်း Cordlife Family Stem Cell Bank နဲ့ အတူ သိမ်းဆည်းသွားမယ်လို့ Duwun Media ကို ပြောပြခဲ့ဖူးပါတယ်။

ကလေးမွေးဖွားပြီးတဲ့အချိန်မှာလည်း အနုပညာအလုပ်တွေကို လုပ်ဖြစ်မလုပ်ဖြစ် မသေချာသေးဘူးလို့ ဆိုပါတယ်။ ကလေးမွေးဖွားပြီးချိန် ၆လအတွင်း မိခင်နို့တိုက်ကျွေးရမှာ ဖြစ်တဲ့အတွက် ကလေးအတွက် အချိန်ပေးဖြစ်မယ်လို့ သိရပါတယ်။

စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း  အောက်တိုဘာ၂၉ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ  ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုးယုစံတို့ ဇနီးမောင်နံှရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

Photo : မိုးယုစံ ဖေ့စ်ဘွတ်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top