Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေဒးဗစ္ဘက္ခမ္းနဲ႔ ဗစ္တိုးရီးယားတုိ႔ရဲ႕ သားႀကီး ဘရြတ္ကလင္းနဲ႔ ေဟာလိဝုဒ္မင္းသမီး ကလိုဝီဂေရ႕စ္မိုရက္စ္တုိ႔ဟာ ျပတ္သြားၿပီး တစ္ႏွစ္ခန္႔အၾကာမွာ ျပန္တြဲေနတာကို ေတြ႕ရပါတယ္။

သူတုိ႔ႏွစ္ဦးဟာ ၿပီးခဲ့တဲ့ အပတ္က ေလာ့ဆန္းဂ်လိစ္မွာ ျပဳလုပ္တဲ့ ပါတီတစ္ခုကို အတူတက္ခဲ့ၾကၿပီး သူတုိ႔ရဲ႕အခ်စ္ေရးကို ေနာက္တစ္ႀကိမ္ ႀကိဳးစားၾကည့္ဦးမယ္လို႔ ကလုိဝီက သူငယ္ခ်င္းေတြကို ပြင့္ပြင့္လင္းလင္းပဲ ေျပာခဲ့ပါတယ္။

သူတုိ႔ႏွစ္ဦးဟာ တစ္ႏွစ္ၾကာ တြဲၿပီးတဲ့ေနာက္ ၂၀၁၅ မွာ ျပတ္သြားခဲ့ၾကၿပီး ၂၀၁၆ ခုႏွစ္မွာ ငါးလခန္႔ ခဏျပန္တြဲခဲ့ၾကကာ ျပန္ျပတ္သြားတာ ျဖစ္ပါတယ္။

"ဘရြတ္ကလင္းနဲ႔ ကလိုဝီတုိ႔က အတူတူ ေရာက္လာၾကၿပီး သူတုိ႔ ဘယ္လို ျပန္တြဲေနၾကတယ္ဆုိတဲ့ အေၾကာင္းကို ကလိုဝီက လူေတြကို ေျပာျပေနတယ္" လို႔ ပါတီလာတဲ့ ဧည့္သည္တစ္ေယာက္က ေျပာျပခဲ့ပါတယ္။

ဘရြတ္ကလင္းဟာ ဓာတ္ပံုပညာသင္ယူဖို႔ နယူးေယာ့ခ္က တကၠသိုလ္တစ္ခုကို တက္ရမွာျဖစ္လို႔ မၾကာခင္မွာ အေမရိကကို သြားရမွာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း အသက္ ၂၀ အရြယ္ ကလိုဝီဟာ ေလာ့ဆန္းဂ်လိစ္မွာပဲ ေနထိုင္ေနပါတယ္။

ကလိုဝီဟာ ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လက ဘရြတ္ကလင္းနဲ႔ ျပတ္သြားၿပီးတဲ့ေနာက္ပိုင္းမွာ ဘယ္သူနဲ႔မွ တြဲတာမ်ဳိး မရွိခဲ့ပါဘူး။ ဒါေပမဲ့ အသက္ ၁၈ ႏွစ္အရြယ္ ဘရြတ္ကလင္းကေတာ့ ဆယ္လီအေတာ္မ်ားမ်ားနဲ႔ တြဲခဲ့တယ္လို႔ သတင္းထြက္ခဲ့ပါတယ္။

Source : the Sun
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Vesrion#

ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ရဲ့ သားကြီး ဘရွတ်ကလင်းနဲ့ ဟောလိဝုဒ်မင်းသမီး ကလိုဝီဂရေ့စ်မိုရက်စ်တို့ဟာ ပြတ်သွားပြီး တစ်နှစ်ခန့်အကြာမှာ ပြန်တွဲနေတာကို တွေ့ရပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ အပတ်က လော့ဆန်းဂျလိစ်မှာ ပြုလုပ်တဲ့ ပါတီတစ်ခုကို အတူတက်ခဲ့ကြပြီး သူတို့ရဲ့အချစ်ရေးကို နောက်တစ်ကြိမ် ကြိုးစားကြည့်ဦးမယ်လို့ ကလိုဝီက သူငယ်ချင်းတွေကို ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ တစ်နှစ်ကြာ တွဲပြီးတဲ့နောက် ၂၀၁၅ မှာ ပြတ်သွားခဲ့ကြပြီး ၂၀၁၆ ခုနှစ်မှာ ငါးလခန့် ခဏပြန်တွဲခဲ့ကြကာ ပြန်ပြတ်သွားတာ ဖြစ်ပါတယ်။

"ဘရွတ်ကလင်းနဲ့ ကလိုဝီတို့က အတူတူ ရောက်လာကြပြီး သူတို့ ဘယ်လို ပြန်တွဲနေကြတယ်ဆိုတဲ့ အကြောင်းကို ကလိုဝီက လူတွေကို ပြောပြနေတယ်" လို့ ပါတီလာတဲ့ ဧည့်သည်တစ်ယောက်က ပြောပြခဲ့ပါတယ်။

ဘရွတ်ကလင်းဟာ ဓာတ်ပုံပညာသင်ယူဖို့ နယူးယော့ခ်က တက္ကသိုလ်တစ်ခုကို တက်ရမှာဖြစ်လို့ မကြာခင်မှာ အမေရိကကို သွားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အသက် ၂၀ အရွယ် ကလိုဝီဟာ လော့ဆန်းဂျလိစ်မှာပဲ နေထိုင်နေပါတယ်။

ကလိုဝီဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဘရွတ်ကလင်းနဲ့ ပြတ်သွားပြီးတဲ့နောက်ပိုင်းမှာ ဘယ်သူနဲ့မှ တွဲတာမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ အသက် ၁၈ နှစ်အရွယ် ဘရွတ်ကလင်းကတော့ ဆယ်လီအတော်များများနဲ့ တွဲခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။

Source : the Sun

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top