ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

နတ္ေမာက္တြင္ ေတာင္က်ေရက်ဆင္းေနခ်ိန္ျဖတ္သန္းရန္ႀကိဳးစားေနေသာယာဥ္မ်ား (ဓာတ္ပံု − Than Htay FB)

 ေပ်ာ္ဘြယ္ကား လမ္းပုိင္းတြင္ ေတာင္က်ေရက် ဆင္းေနခ်ိန္ လမ္းျဖတ္ကူးေသာ ကုန္တင္ကားတစ္စီး လမ္းလယ္ ၌ စက္ရပ္သြားစဥ္ ကားေပၚမွခုန္ ဆင္းခဲ့ေသာ ယာဥ္ေမာင္းသည္ ေရစီးႏွင့္ ေမ်ာပါေပ်ာက္ဆုံးေန သည္။

နတ္ေမာက္ၿမိဳ႕နယ္ ေလး အိမ္ေက်းရြာရွိ ေလးအိမ္ေခ်ာင္း သည္ ၾသဂုတ္ ၂၁ ရက္ နံနက္ ၇ နာရီခန္႔ကစတင္ကာ ေတာင္က်ေရက်ဆင္းလာ၍ ကားလမ္းေပၚေရေက်ာ္ခဲ့သည္။ ယင္းအေျခအေနတြင္ ဆန္အိတ္သုံးရာေက်ာ္တင္ေဆာင္လာေသာ ကုန္တင္ကားတစ္စီးသည္ လမ္းျဖတ္ကူးစဥ္ လမ္းလယ္၌ စက္ရပ္သြားၿပီး ယာဥ္ေမာင္းက စိုးရိမ္စိတ္လြန္ကဲကာ ကားေပၚမွခုန္ဆင္းသျဖင့္ ေရစီးႏွင့္  ေမ်ာပါျခင္းျဖစ္ေၾကာင္း မေကြးတုိင္းေဒသႀကီး မီးသတ္တပ္ဖဲြ႕မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

‘‘ျဖစ္ခဲ့တာက မနက္ကပါ။ ရွာေဖြကယ္ဆယ္ေရးလုပ္ေနေပ မယ့္ ညေနအထိ မေတြ႕ေသးပါ ဘူး’’ဟု မေကြးတုိင္းေဒသႀကီး မီး သတ္တပ္ဖဲြ႕ ဒုတိယၫႊန္ၾကားေရး မွဴးဦးေအာင္၀င္းစိန္က ေျပာ သည္။ေပ်ာက္ဆုံးသူသည္ မႏၲ ေလးၿမိဳ႕မွ ကိုေဇာ္မိုးလြင္ဆုိသူ ျဖစ္ၿပီး ဆန္အိတ္ ၃၂၀ တင္ေဆာင္၍ ျပည္ၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ပို႔ေဆာင္စဥ္ ယင္းျဖစ္စဥ္ကို ႀကံဳေတြ႕ခဲ့ရသည္။ ယာဥ္ေနာက္ လုိက္ ကိုေဇာ္မင္းထြန္းသည္ ကားေပၚတြင္ေနခဲ့၍ ကယ္ဆယ္ေရးအဖဲြ႕က သြားေရာက္ေခၚေဆာင္ ႏုိင္ခဲ့သည္။ နံနက္ ၁၀ နာရီခန္႔တြင္ ေရျပန္က်သြားၿပီး ကားကိုေရလြတ္ရာသို႔ ဆဲြယူထားေၾကာင္း ကယ္ဆယ္ေရးအဖဲြ႕က ေျပာၾကားသည္။

နတ္ေမာက္ၿမိဳ႕အပါအ၀င္ မေကြးတုိင္းေဒသႀကီးရွိ ၿမိဳ႕နယ္ အခ်ဳိ႕၊ စစ္ကုိင္းႏွင့္ မႏၲေလးတုိင္း ေဒသႀကီးအတြင္း ဆက္သြယ္ ထားေသာ လမ္းပိုင္းအခ်ဳိ႕၌ ေန ရာကြက္မိုးႀကီးျခင္းႏွင့္ ျမစ္ေရ မ်ား ျမင့္တက္ေန၍ ၾသဂုတ္ ၂၁ ရက္ နံနက္မွစကာ ေရႀကီးေရလွ်ံ မႈ ျဖစ္ခဲ့သည္။

စစ္ကိုင္းတုိင္းေဒသႀကီး ထီး ခ်ဳိင့္ၿမိဳ႕နယ္ ၿမိဳ႕ေရွာင္လမ္းတြင္  လမ္းေပၚေရေက်ာ္ေနစဥ္ ျဖတ္ ကူးေသာ ကုန္တင္ကားတစ္စီး ေျမကြၽံမႈၾသဂုတ္ ၁၉ ရက္က ျဖစ္ခဲ့၍ ေဒသခံမ်ား ရဲတပ္ဖဲြ႕ႏွင့္ မီးသတ္တပ္ဖဲြ႕က ကူညီကယ္ဆယ္ေရး လုပ္ေဆာင္ခဲ့ရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
နတ်မောက်တွင် တောင်ကျရေကျဆင်းနေချိန်ဖြတ်သန်းရန်ကြိုးစားနေသောယာဉ်များ (ဓာတ်ပုံ − Than Htay FB)

 ပျော်ဘွယ်ကား လမ်းပိုင်းတွင် တောင်ကျရေကျ ဆင်းနေချိန် လမ်းဖြတ်ကူးသော ကုန်တင်ကားတစ်စီး လမ်းလယ် ၌ စက်ရပ်သွားစဉ် ကားပေါ်မှခုန် ဆင်းခဲ့သော ယာဉ်မောင်းသည် ရေစီးနှင့် မျောပါပျောက်ဆုံးနေ သည်။

နတ်မောက်မြို့နယ် လေး အိမ်ကျေးရွာရှိ လေးအိမ်ချောင်း သည် သြဂုတ် ၂၁ ရက် နံနက် ၇ နာရီခန့်ကစတင်ကာ တောင်ကျရေကျဆင်းလာ၍ ကားလမ်းပေါ်ရေကျော်ခဲ့သည်။ ယင်းအခြေအနေတွင် ဆန်အိတ်သုံးရာကျော်တင်ဆောင်လာသော ကုန်တင်ကားတစ်စီးသည် လမ်းဖြတ်ကူးစဉ် လမ်းလယ်၌ စက်ရပ်သွားပြီး ယာဉ်မောင်းက စိုးရိမ်စိတ်လွန်ကဲကာ ကားပေါ်မှခုန်ဆင်းသဖြင့် ရေစီးနှင့်  မျောပါခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ဖြစ်ခဲ့တာက မနက်ကပါ။ ရှာဖွေကယ်ဆယ်ရေးလုပ်နေပေ မယ့် ညနေအထိ မတွေ့သေးပါ ဘူး’’ဟု မကွေးတိုင်းဒေသကြီး မီး သတ်တပ်ဖွဲ့ ဒုတိယညွှန်ကြားရေး မှူးဦးအောင်ဝင်းစိန်က ပြော သည်။ပျောက်ဆုံးသူသည် မန္တ လေးမြို့မှ ကိုဇော်မိုးလွင်ဆိုသူ ဖြစ်ပြီး ဆန်အိတ် ၃၂၀ တင်ဆောင်၍ ပြည်မြို့မှ မန္တလေးမြို့သို့ ပို့ဆောင်စဉ် ယင်းဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသည်။ ယာဉ်နောက် လိုက် ကိုဇော်မင်းထွန်းသည် ကားပေါ်တွင်နေခဲ့၍ ကယ်ဆယ်ရေးအဖွဲ့က သွားရောက်ခေါ်ဆောင် နိုင်ခဲ့သည်။ နံနက် ၁၀ နာရီခန့်တွင် ရေပြန်ကျသွားပြီး ကားကိုရေလွတ်ရာသို့ ဆွဲယူထားကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောကြားသည်။

နတ်မောက်မြို့အပါအဝင် မကွေးတိုင်းဒေသကြီးရှိ မြို့နယ် အချို့၊ စစ်ကိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်း ဆက်သွယ် ထားသော လမ်းပိုင်းအချို့၌ နေ ရာကွက်မိုးကြီးခြင်းနှင့် မြစ်ရေ များ မြင့်တက်နေ၍ သြဂုတ် ၂၁ ရက် နံနက်မှစကာ ရေကြီးရေလျှံ မှု ဖြစ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ထီး ချိုင့်မြို့နယ် မြို့ရှောင်လမ်းတွင်  လမ်းပေါ်ရေကျော်နေစဉ် ဖြတ် ကူးသော ကုန်တင်ကားတစ်စီး မြေကျွံမှုသြဂုတ် ၁၉ ရက်က ဖြစ်ခဲ့၍ ဒေသခံများ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့က ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top