ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ခ်ားလ္စ္ဒါဝင္ (Charles Darwin) (၁၈၀၉-၁၈၈၂)ကို ဆင့္ကဲေျပာင္းလဲျခင္းျဖစ္စဉ္ သီအိုရီ (Evolution Theory) နွင့္ ပတ္သက္ျပီး ေက်ာ္ေဇာထင္ရွားသူျဖစ္သည္။ ၁၂ ေဖေဖာ္ဝါရီ ၁၈၀၉ အဂၤလန္နိုင္ငံ၊ ရွရူဘူရီ (shrewsbury) တြင္ဖြားျမင္သည္။ အသက္၁၆နွစ္တြင္ အီဒင္ဘတ္တကၠသိုလ္ (Edinburg) တြင္ ေဆးပညာကို စတင္သင္ယူသည္။ သို့ေသာ္ ေဆးပညာနွင့္ ခနၵာေဗဒ (Anatomy) တြင္ စိတ္ပါဝင္စားမႈ သိပ္မရွိသျဖင့္ ကိန္းဘရစ္ခ်္တကၠသိုလ္ (Cambridge) သို့ ေျပာင္းေရႊ႕ျပီး က်မ္းစာသင္ယူသည္။ သို့ေသာ္ မ်ားစြာအားစိုက္သင္ယူျခင္း မရွိပဲ ျမင္းစီး၊ အမဲလိုက္ စသည့္ အေပ်ာ္အပါးမ်ားျဖင့္သာ အခ်ိန္ျဖုန္းေနေလ့ရွိသည္ဟု ဆိုသည္။ ထို႔အတြက္ ဖခင္ျဖစ္သူနွင့္ မျကာခဏပင္ အေျခတင္ စကားမ်ားျကသည္။ ေနာက္မၾကာမွီ ဆရာတစ္ဦးအား အပိုင္စည္းရံုးျပီး မိမိအား သဘာဝပညာရွင္ (Nuturalist) အျဖစ္ေထာက္ခံခ်က္ေပးေစသည္။ ထိုေထာက္ခံခ်က္ကို အသံုးျပုကာ ဘီဂဲလ္သေဘၤာ (H.M.S Beagle) ျဖင့္ ေရလမ္းစူးစမ္းရွာေဖြေရးခရီးတြင္ လိုက္ပါသြားခဲ့သည္။ ထိုခရီးမွာ ဒါဝင့္အတြက္ သာမက သူ၏ဘဝေနာက္ပိုင္း ေတြ႕ရွိခ်က္မ်ားကိုပါ အလြန္အက်ိုးရွိေစသည္ကို ေတြ႔ရပါသည္။ ၁၈၃၁ ခုနွစ္တြင္ စတင္သည့္ ထိုခရီးစဉ္တြင္လိုက္ပါခဲ့စဉ္က ဒါဝင့္အသက္မွာ ၂၂နွစ္သား သာရွိေသးသည္။

 
ထိုမွစတင္ျပီးခရီးထြက္ရာ ၅နွစ္လံုးလံုး ေတာင္အေမရိကတိုက္ကမ္းေျခမ်ား၊ အိႏၵိယသမုဒၵရာ နွင့္ ေတာင္ဖက္ အတၱလန္တိတ္ေဒသမ်ားတြင္ ေအးေအးလူလူ ေလ့လာခြင့္ရသည္။ ထို့ျပင္ လူသူမနီးသည့္ ကြ်န္းမ်ား၊ လူရိုင္းဆန္ဆန္မ်ိုးနြယ္စုမ်ား (တိုးတက္မႈမ်ားစြာမရွိေသးသည့္ ေရွးက်က်န္ရစ္သည့္ လူမ်ိုးနြယ္စုမ်ား) (Primitive tribes)၊ ေက်ာက္ျဖစ္ရုပ္ၾကြင္း (Fossil)၊ အပင္မ်ား၊ သတၱဝါမ်ားကို အမ်ိုးစံုလင္ေအာင္ ေတြ႔ရွိကာ ေလ့လာခြင့္ရခဲ့သည္။ ေတြ့ရွိခ်က္မွန္သမွ်ကို စာအုပ္မ်ားတြင္ မွတ္တမ္းမွတ္ရာအစံုအလင္ ေရးမွတ္ထားခဲ့ပါသည္။ ထိုမွတ္စုမ်ားမွာ ေနာင္တစ္ခ်ိန္တြင္ေရးသားမည့္ က်မ္းမ်ားအတြက္ အေရးပါသည့္ အရင္းအနွီးမ်ား ျဖစ္ေပေတာ့သည္။

 
၁၈၃၆ ဒါဝင္ အိမ္ ျပန္ေရာက္ျပီးေနာက္တြင္ မိမိ၏ေတြ႔ရွိခ်က္မ်ားကို အေျခခံကာ သတၱဝါနွင့္ အပင္မ်ားသည္ မည္သည့္နည္းနွင့္မွ် မေျပာင္းမလဲပဲ တပံုစံတည္း တည္ရွိမေနနိုင္ေျကာင္း နားလည္ခဲ့သည္။ သို႔ေသာ္ ထိုအခ်က္အားမည္သူ့ကိုမွ ေျပာျပခဲ့ျခင္း၊ ရွင္းျပခဲ့ျခင္း မရွိခဲ့ေပ။ အေျကာင္းမွာ အမ်ားကကန္႔ကြက္မည္မွာ ေသခ်ာလွသည္ ျဖစ္ေသာေၾကာင့္ပင္။ သို့ေသာ္ ဘူမိေဗဒ သေဘာအရ ေတာင္မ်ား၊ ခ်ိုင့္ဝွမ္းမ်ား၊ ပင္လယ္မ်ား၊ ကုန္းေျမမ်ား အားလံုးသည္ အခ်ိန္ကာလနွင့္ အေျခအေနမ်ားအရ ေျပာင္းလဲၿမဲျဖစ္သကဲ့သို႔ သတၱဝါမ်ား၊ အပင္မ်ားတြင္လည္း ထိုကဲ့သို့ပင္ျဖစ္မည္ကို သက္ေသျပႏုိင္ရန္ အႀကီးအက်ယ္ပင္ လံု့လထုတ္ေတာ့သည္။ သိုျဖင့္ ပညာရွင္မ်ား အသိုင္းအဝန္းျကားတြင္ ဒါဝင္၏အမည္မွာ ထင္ရွားလာခဲ့သည္။ ၁၈၃၈ တြင္ ေသာမက္စ္မားလ္သပ္စ္၏ လူဦးေရ အေျခခံသေဘာတရားအေျကာင္း အမည္ရွိ ႔စာအုပ္ကို ဖတ္ရႈမိျပီးေနာက္ မိမိစိတ္ကူးကို မည္သို႔သက္ေသျပရမည္ကို အေတြးရသြားခဲ့သည္။ သို့ျဖင့္ သဘာဝအလိုက္ ေရြးခ်ယ္ျခင္း အေျခခံ သေဘာတရား (Principle of natural selection) ကိုေရးသားခဲ့ျပီး ျဖန္႔ေ၀ျခင္းမျပဳပဲ သက္ေသျပနိုင္ရန္ အေထာက္အထားမ်ားကို စုေဆာင္းေနခဲ့သည္။ ျပီးမွ စနစ္တက်ထုတ္ေဝတင္ျပနိုင္ရန္ မူျကမ္း(Hypothesis) ကို စီစဉ္သည္။

 
သီအိုရီ အက်ဉ္းခ်ုပ္ကို ၁၈၄၂ ေစာေစာကပင္ ေရးသားျပီးစီးခဲ့ျပီးေနာက္ အက်ယ္ကို ၁၈၄၄ တြင္ျပီးစီးသည္။ ထိုသို့ အက်ယ္ေရးေနခ်ိန္အတြင္း အေရွ့အင္ဒိစ္ (ယေန႔ အင္ဒိုနီးရွား) သို့ ေရာက္ရွိေနသည့္ အဲဖရက္ရပ္ဆဲလ္ေဝါေလ့စ္ (Alfred Russel Wallace) ထံမွ ဆင့္ကဲျဖစ္စဉ္ သီအိုရီ နွင့္ပတ္သက္သည့္ စာမူျကမ္းတစ္ခု ေရာက္လာသျဖင့္ တိုက္ဆိုင္စစ္ေဆးရာ နွစ္ဦးသား၏ ေတြ႔ရွိမ်ားမွာ အဓိက အေျကာင္းအရာအားျဖင့္ အေတာ္မ်ားမ်ား တူညီမႈရွိေၾကာင္း ေတြ႔ရသည္။ နွစ္ဦးသားအေနျဖင့္ တူညီသည့္ အေၾကာင္းအရာ တစ္ခုအတြက္ မည္သူကအလ်င္ေတြ႔ရွိသည္ကို ျငင္းခုန္ရေတာ့မယ့္ အေျခအေနသို့ ေရာက္ေနရျပီျဖစ္သည္။

 
သို့ေသာ္ ဒါဝင္က ထိုအေျခအေနသို့ အေရာက္မခံေတာ့ပဲ နွစ္ဦးလံုး၏ စာမူမ်ားကို သိပၸံအဖြဲ႔ႀကီးတစ္ခုသို့ ပို့ျပီးတင္ျပလိုက္သည္။ ထိုတင္ျပခ်က္မ်ားအား မည္သူမွ် အေရးတယူ ေျပာဆိုေဆြးေႏြးျခင္း မရွိခဲ့ေသာ္လည္း ၁၈၅၉တြင္ ဒါဝင္၏ မ်ိုးရိုးဗီဇမ်ား (The Origin of Species) ကိုပံုနွိပ္ထုတ္ေဝေသာအခါတြင္မူ ပညာရွင္အသိုင္းအဝန္းျကားတြင္သာမက အရပ္သားမ်ားၾကားတြင္ပါ အျကီးအက်ယ္ ပြက္ေလာညံသြားခဲ့သည္။ ထို႔ျပင္ ၁၈၇၁ တြင္ လူဆင္းသက္လာပံုနွင့္ လိင္အလိုက္ ေရြးခ်ယ္ပံု”‘ (The Descent of Men and Selection to Sex) ကို ထပ္မံထုတ္ေဝေသာအခါတြင္လည္း အႀကီးအက်ယ္ အျငင္းပြားျကျပန္သည္။ ထိုေနာက္ လူသည္ လူဝံ (Ape) ကဲ့သို့ေသာသတၱဝါမ်ိုးမွ ဆင္းသက္လာသည္ ဟူေသာ္ အဆိုျပုခ်က္ကို ဖတ္ရေသာအခါ ေလာင္ေနသည့္ မီးေတာက္ထဲသို႔ ဆီေလာင္းထည့္လိုက္သကဲ့သို့ပင္ ျဖစ္ေတာ့သည္။

 
ဒါဝင္သည္ သူ၏သီအိုရီနွင့္ ပတ္သက္ျပီး ျငင္းခုန္ၾကသည့္ ပြဲမ်ားတြင္ ကိုယ္တိုင္ပါဝင္ေလ့မရွိေပ။ အေၾကာင္းမွာ ဘီဂဲလ္သေဘၤာျဖင့္ ခရီးလိုက္ပါစဉ္က၊ ေလ့လာစူးစမ္းစဥ္က အေမရိကတြင္ အဆိပ္ရွိပိုး အကိုက္ခံရသျဖင့္ ရွာဂါေရာဂါ(Chaga’ Diseaes) ျဖစ္ခဲ့ဖူးျပီး ခရီးပန္းသည့္ဒဏ္မ်ားေျကာင့္ အေတာ္ပင္ က်န္းမာေရးခ်ို႕တဲ့ရွာေသာေျကာင့္ အျပင္ထြက္ေလ့မရွိသည္က တစ္ေျကာင္း၊ သူ၏သီအိုရီမ်ားနွင့္ ပက္သတ္လွ်င္ အလြန္ေရွ႕ေနအလိုက္ေကာင္းသည္ဟု ေျပာၾကသည့္ ေသာမက္စ္ အိတ္ခ်္ ဟက္စ္ေလ(Thomas H. Huxley) ရွိေနေသာေၾကာင့္ တစ္ေၾကာင္းျဖစ္သည္။

 
သို့နွင့္ ခ်ားလ္စ္ဒါဝင္ကြယ္လြန္သည့္ ၁၈၈၂ တြင္ သူ၏သီအိုရီမ်ားမွာ အမွန္ျဖစ္သည္ဟု အမ်ားကလက္ခံယံုျကည္သည့္ အေျခအေနသို႔ ေရာက္ရွိေနျပီျဖစ္သည္။ အမွန္ဆိုရလွ်င္ ဆင့္ကဲေျပာင္းလဲျခင္းျဖစ္စဉ္ သီအိုရီကို စတင္ေဖာ္ထုတ္သူမွာ ဒါဝင္တစ္ဦးတည္း မဟုတ္ေပ။ ေရွ့တြင္လည္း လက္ဦးက ေျပာဆိုေနမႈမ်ား ရွိေနျပီးျဖစ္သည္။ (ထိုသူမ်ားထဲတြင္ ဒါဝင့္အဖိုးကိုယ္တိုင္ပါဝင္သည္။) သို့ေသာ္ မည္သူကမွ လက္မခံခဲ့ေပ။ အေၾကာင္းမွာ ဒါဝင္ကဲ့သို့ အခ်က္အလက္ သက္ေသခိုင္ခိုင္ျဖင့္ မတင္ျပနိုင္ေသာေၾကာင့္ျဖစ္ပါသည္။


ေနာက္နွစ္ ၂၀ အျကာတြင္ ေပၚေပါက္လာသည့္ ဂရီဂိုမန္ဒဲလ္ (Gregor Mendel) ၏ မ်ဳိးရိုးဗီဇ အေမြဆက္ခံျခင္း နိယာမ(Law of Genetic Ingeritance) က ဒါဝင္၏သီအိုရီကို ပိုမိုအားေကာင္း ခိုင္မာလာေစသည္ဟု ဆိုရမည္ျဖစ္သည္။ ဒါဝင္၏ သဘာဝေရြးခ်ယ္ျခင္း သီအိုရီကို သိပၸံပညာရပ္ေတာ္ေတာ္မ်ားမ်ားတြင္သာမက နိုင္ငံေရး၊ ေဘာဂေဗဒ အစရွိသည့္ ဘာသာရပ္မ်ားတြင္လည္း အလ်ဉ္းသင့္သလို အသံုးခ်ၾကေသးသည္။ ဘာသာေရးအေနျဖင့္ျကည့္လွ်င္ ဘာသာမဲ့ျဖစ္သူ ဒါဝင္၏ သီအိုရီကို ဘာသာေရးသမားမ်ား၊ ေလးနက္ယံုျကည္သူမ်ားက အေတာ္ပင္စိုးရြံခဲ့ၾကသည္ဟုဆိုနိုင္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထာဝရဘုရား အယူဝါဒအရ “အရာရာကို ဘုရားသခင္က ဖန္ဆင္းသည္။”ဆိုသည့္ယံုၾကည္မႈကို အႀကီးအက်ယ္ပင္ ျခိမ္းေျခာက္ေနေသာေျကာင့္ပင္ ျဖစ္သည္။

သို႔နွင့္ ဘဝရပ္တည္ေရးအတြက္ ရုန္းကန္ဆဲနွင့္ အေတာ္ဆံုးသာလွ်င္ က်န္ရစ္မည္။ ဆိုသည့္စကားမွာ လူသားတို႔အတြက္ သတိေပးစကားျဖစ္လာခဲ့ကာ သိပၸံ၊ မနုႆနွင့္ ဇီဝေဗဒ ဆိုင္ရာမ်ားတြင္ ဒါဝင္၏ သီအိုရီမ်ားမွာ မရွိမျဖစ္ဆိုသလိုပင္ အသံုးျပဳေနရေသာေၾကာင့္ ဒါဝင္၏ေက်းဇူးမွာ ေခတ္လူသားတို့အေပၚတြင္ မ်ားစြာတင္ရွိေနသည္ဟု ဆိုရေတာ့မည္ျဖစ္သည္။

Ref: ေဒါက္တာသန္းထြန္း – ေက်ာ္စြာ ၁၀၀


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမန္မာ့စြယ္စုံက်မ္း

#Unicode Version#
ချားလ်စ်ဒါဝင် (Charles Darwin) (၁၈၀၉-၁၈၈၂)ကို ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီ (Evolution Theory) နှင့် ပတ်သက်ပြီး ကျော်ဇောထင်ရှားသူဖြစ်သည်။ ၁၂ ဖေဖော်ဝါရီ ၁၈၀၉ အင်္ဂလန်နိုင်ငံ၊ ရှရူဘူရီ (shrewsbury) တွင်ဖွားမြင်သည်။ အသက်၁၆နှစ်တွင် အီဒင်ဘတ်တက္ကသိုလ် (Edinburg) တွင် ဆေးပညာကို စတင်သင်ယူသည်။ သို့သော် ဆေးပညာနှင့် ခန္ဒာဗေဒ (Anatomy) တွင် စိတ်ပါဝင်စားမှု သိပ်မရှိသဖြင့် ကိန်းဘရစ်ချ်တက္ကသိုလ် (Cambridge) သို့ ပြောင်းရွှေ့ပြီး ကျမ်းစာသင်ယူသည်။ သို့သော် များစွာအားစိုက်သင်ယူခြင်း မရှိပဲ မြင်းစီး၊ အမဲလိုက် စသည့် အပျော်အပါးများဖြင့်သာ အချိန်ဖြုန်းနေလေ့ရှိသည်ဟု ဆိုသည်။ ထို့အတွက် ဖခင်ဖြစ်သူနှင့် မကြာခဏပင် အခြေတင် စကားများကြသည်။ နောက်မကြာမှီ ဆရာတစ်ဦးအား အပိုင်စည်းရုံးပြီး မိမိအား သဘာဝပညာရှင် (Nuturalist) အဖြစ်ထောက်ခံချက်ပေးစေသည်။ ထိုထောက်ခံချက်ကို အသုံးပြုကာ ဘီဂဲလ်သင်္ဘော (H.M.S Beagle) ဖြင့် ရေလမ်းစူးစမ်းရှာဖွေရေးခရီးတွင် လိုက်ပါသွားခဲ့သည်။ ထိုခရီးမှာ ဒါဝင့်အတွက် သာမက သူ၏ဘဝနောက်ပိုင်း တွေ့ရှိချက်များကိုပါ အလွန်အကျိုးရှိစေသည်ကို တွေ့ရပါသည်။ ၁၈၃၁ ခုနှစ်တွင် စတင်သည့် ထိုခရီးစဉ်တွင်လိုက်ပါခဲ့စဉ်က ဒါဝင့်အသက်မှာ ၂၂နှစ်သား သာရှိသေးသည်။

ထိုမှစတင်ပြီးခရီးထွက်ရာ ၅နှစ်လုံးလုံး တောင်အမေရိကတိုက်ကမ်းခြေများ၊ အိန္ဒိယသမုဒ္ဒရာ နှင့် တောင်ဖက် အတ္တလန်တိတ်ဒေသများတွင် အေးအေးလူလူ လေ့လာခွင့်ရသည်။ ထို့ပြင် လူသူမနီးသည့် ကျွန်းများ၊ လူရိုင်းဆန်ဆန်မျိုးနွယ်စုများ (တိုးတက်မှုများစွာမရှိသေးသည့် ရှေးကျကျန်ရစ်သည့် လူမျိုးနွယ်စုများ) (Primitive tribes)၊ ကျောက်ဖြစ်ရုပ်ကြွင်း (Fossil)၊ အပင်များ၊ သတ္တဝါများကို အမျိုးစုံလင်အောင် တွေ့ရှိကာ လေ့လာခွင့်ရခဲ့သည်။ တွေ့ရှိချက်မှန်သမျှကို စာအုပ်များတွင် မှတ်တမ်းမှတ်ရာအစုံအလင် ရေးမှတ်ထားခဲ့ပါသည်။ ထိုမှတ်စုများမှာ နောင်တစ်ချိန်တွင်ရေးသားမည့် ကျမ်းများအတွက် အရေးပါသည့် အရင်းအနှီးများ ဖြစ်ပေတော့သည်။

၁၈၃၆ ဒါဝင် အိမ်ပြန်ရောက်ပြီးနောက်တွင် မိမိ၏တွေ့ရှိချက်များကို အခြေခံကာ သတ္တဝါနှင့် အပင်များသည် မည်သည့်နည်းနှင့်မျှ မပြောင်းမလဲပဲ တပုံစံတည်း တည်ရှိမနေနိုင်ကြောင်း နားလည်ခဲ့သည်။ သို့သော် ထိုအချက်အားမည်သူ့ကိုမှ ပြောပြခဲ့ခြင်း၊ ရှင်းပြခဲ့ခြင်း မရှိခဲ့ပေ။ အကြောင်းမှာ အများကကန့်ကွက်မည်မှာ သေချာလှသည် ဖြစ်သောကြောင့်ပင်။ သို့သော် ဘူမိဗေဒ သဘောအရ တောင်များ၊ ချိုင့်ဝှမ်းများ၊ ပင်လယ်များ၊ ကုန်းမြေများ အားလုံးသည် အချိန်ကာလနှင့် အခြေအနေများအရ ပြောင်းလဲမြဲဖြစ်သကဲ့သို့ သတ္တဝါများ၊ အပင်များတွင်လည်း ထိုကဲ့သို့ပင်ဖြစ်မည်ကို သက်သေပြနိုင်ရန် အကြီးအကျယ်ပင် လုံ့လထုတ်တော့သည်။ သိုဖြင့် ပညာရှင်များ အသိုင်းအဝန်းကြားတွင် ဒါဝင်၏အမည်မှာ ထင်ရှားလာခဲ့သည်။ ၁၈၃၈ တွင် သောမက်စ်မားလ်သပ်စ်၏ လူဦးရေ အခြေခံသဘောတရားအကြောင်း အမည်ရှိ့စာအုပ်ကို ဖတ်ရှုမိပြီးနောက် မိမိစိတ်ကူးကို မည်သို့သက်သေပြရမည်ကို အတွေးရသွားခဲ့သည်။ သို့ဖြင့် သဘာဝအလိုက် ရွေးချယ်ခြင်း အခြေခံ သဘောတရား (Principle of natural selection) ကိုရေးသားခဲ့ပြီး ဖြန့်ဝေခြင်းမပြုပဲ သက်သေပြနိုင်ရန် အထောက်အထားများကို စုဆောင်းနေခဲ့သည်။ ပြီးမှ စနစ်တကျထုတ်ဝေတင်ပြနိုင်ရန် မူကြမ်း(Hypothesis) ကို စီစဉ်သည်။

သီအိုရီ အကျဉ်းချုပ်ကို ၁၈၄၂ စောစောကပင် ရေးသားပြီးစီးခဲ့ပြီးနောက် အကျယ်ကို ၁၈၄၄ တွင်ပြီးစီးသည်။ ထိုသို့ အကျယ်ရေးနေချိန်အတွင်း အရှေ့အင်ဒိစ် (ယနေ့ အင်ဒိုနီးရှား) သို့ ရောက်ရှိနေသည့် အဲဖရက်ရပ်ဆဲလ်ဝေါလေ့စ် (Alfred Russel Wallace) ထံမှ ဆင့်ကဲဖြစ်စဉ် သီအိုရီ နှင့်ပတ်သက်သည့် စာမူကြမ်းတစ်ခု ရောက်လာသဖြင့် တိုက်ဆိုင်စစ်ဆေးရာ နှစ်ဦးသား၏ တွေ့ရှိများမှာ အဓိက အကြောင်းအရာအားဖြင့် အတော်များများ တူညီမှုရှိကြောင်း တွေ့ရသည်။ နှစ်ဦးသားအနေဖြင့် တူညီသည့် အကြောင်းအရာ တစ်ခုအတွက် မည်သူကအလျင်တွေ့ရှိသည်ကို ငြင်းခုန်ရတော့မယ့် အခြေအနေသို့ ရောက်နေရပြီဖြစ်သည်။

သို့သော် ဒါဝင်က ထိုအခြေအနေသို့ အရောက်မခံတော့ပဲ နှစ်ဦးလုံး၏ စာမူများကို သိပ္ပံအဖွဲ့ကြီးတစ်ခုသို့ ပို့ပြီးတင်ပြလိုက်သည်။ ထိုတင်ပြချက်များအား မည်သူမျှ အရေးတယူ ပြောဆိုဆွေးနွေးခြင်း မရှိခဲ့သော်လည်း ၁၈၅၉တွင် ဒါဝင်၏ မျိုးရိုးဗီဇများ (The Origin of Species) ကိုပုံနှိပ်ထုတ်ဝေသောအခါတွင်မူ ပညာရှင်အသိုင်းအဝန်းကြားတွင်သာမက အရပ်သားများကြားတွင်ပါ အကြီးအကျယ် ပွက်လောညံသွားခဲ့သည်။ ထို့ပြင် ၁၈၇၁ တွင် လူဆင်းသက်လာပုံနှင့် လိင်အလိုက် ရွေးချယ်ပုံ”‘ (The Descent of Men and Selection to Sex) ကို ထပ်မံထုတ်ဝေသောအခါတွင်လည်း အကြီးအကျယ် အငြင်းပွားကြပြန်သည်။ ထိုနောက် လူသည် လူဝံ (Ape) ကဲ့သို့သောသတ္တဝါမျိုးမှ ဆင်းသက်လာသည် ဟူသော် အဆိုပြုချက်ကို ဖတ်ရသောအခါ လောင်နေသည့် မီးတောက်ထဲသို့ ဆီလောင်းထည့်လိုက်သကဲ့သို့ပင် ဖြစ်တော့သည်။

ဒါဝင်သည် သူ၏သီအိုရီနှင့် ပတ်သက်ပြီး ငြင်းခုန်ကြသည့် ပွဲများတွင် ကိုယ်တိုင်ပါဝင်လေ့မရှိပေ။ အကြောင်းမှာ ဘီဂဲလ်သင်္ဘောဖြင့် ခရီးလိုက်ပါစဉ်က၊ လေ့လာစူးစမ်းစဉ်က အမေရိကတွင် အဆိပ်ရှိပိုး အကိုက်ခံရသဖြင့် ရှာဂါရောဂါ(Chaga’ Diseaes) ဖြစ်ခဲ့ဖူးပြီး ခရီးပန်းသည့်ဒဏ်များကြောင့် အတော်ပင် ကျန်းမာရေးချို့တဲ့ရှာသောကြောင့် အပြင်ထွက်လေ့မရှိသည်က တစ်ကြောင်း၊ သူ၏သီအိုရီများနှင့် ပက်သတ်လျှင် အလွန်ရှေ့နေအလိုက်ကောင်းသည်ဟု ပြောကြသည့် သောမက်စ် အိတ်ချ် ဟက်စ်လေ(Thomas H. Huxley) ရှိနေသောကြောင့် တစ်ကြောင်းဖြစ်သည်။

သို့နှင့် ချားလ်စ်ဒါဝင်ကွယ်လွန်သည့် ၁၈၈၂ တွင် သူ၏သီအိုရီများမှာ အမှန်ဖြစ်သည်ဟု အများကလက်ခံယုံကြည်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ အမှန်ဆိုရလျှင် ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီကို စတင်ဖော်ထုတ်သူမှာ ဒါဝင်တစ်ဦးတည်း မဟုတ်ပေ။ ရှေ့တွင်လည်း လက်ဦးက ပြောဆိုနေမှုများ ရှိနေပြီးဖြစ်သည်။ (ထိုသူများထဲတွင် ဒါဝင့်အဖိုးကိုယ်တိုင်ပါဝင်သည်။) သို့သော် မည်သူကမှ လက်မခံခဲ့ပေ။ အကြောင်းမှာ ဒါဝင်ကဲ့သို့ အချက်အလက် သက်သေခိုင်ခိုင်ဖြင့် မတင်ပြနိုင်သောကြောင့်ဖြစ်ပါသည်။


နောက်နှစ် ၂၀ အကြာတွင် ပေါ်ပေါက်လာသည့် ဂရီဂိုမန်ဒဲလ် (Gregor Mendel) ၏ မျိုးရိုးဗီဇ အမွေဆက်ခံခြင်း နိယာမ(Law of Genetic Ingeritance) က ဒါဝင်၏သီအိုရီကို ပိုမိုအားကောင်း ခိုင်မာလာစေသည်ဟု ဆိုရမည်ဖြစ်သည်။ ဒါဝင်၏ သဘာဝရွေးချယ်ခြင်း သီအိုရီကို သိပ္ပံပညာရပ်တော်တော်များများတွင်သာမက နိုင်ငံရေး၊ ဘောဂဗေဒ အစရှိသည့် ဘာသာရပ်များတွင်လည်း အလျဉ်းသင့်သလို အသုံးချကြသေးသည်။ ဘာသာရေးအနေဖြင့်ကြည့်လျှင် ဘာသာမဲ့ဖြစ်သူ ဒါဝင်၏ သီအိုရီကို ဘာသာရေးသမားများ၊ လေးနက်ယုံကြည်သူများက အတော်ပင်စိုးရွံခဲ့ကြသည်ဟုဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရား အယူဝါဒအရ “အရာရာကို ဘုရားသခင်က ဖန်ဆင်းသည်။”ဆိုသည့်ယုံကြည်မှုကို အကြီးအကျယ်ပင် ခြိမ်းခြောက်နေသောကြောင့်ပင် ဖြစ်သည်။

သို့နှင့် ဘဝရပ်တည်ရေးအတွက် ရုန်းကန်ဆဲနှင့် အတော်ဆုံးသာလျှင် ကျန်ရစ်မည်။ ဆိုသည့်စကားမှာ လူသားတို့အတွက် သတိပေးစကားဖြစ်လာခဲ့ကာ သိပ္ပံ၊ မနုဿနှင့် ဇီဝဗေဒ ဆိုင်ရာများတွင် ဒါဝင်၏ သီအိုရီများမှာ မရှိမဖြစ်ဆိုသလိုပင် အသုံးပြုနေရသောကြောင့် ဒါဝင်၏ကျေးဇူးမှာ ခေတ်လူသားတို့အပေါ်တွင် များစွာတင်ရှိနေသည်ဟု ဆိုရတော့မည်ဖြစ်သည်။

Ref:
ဒေါက်တာသန်းထွန်း – ကျော်စွာ ၁၀၀


ဖိုးသူတော် (www.phothutaw.com)
Credit: မြန်မာ့စွယ်စုံကျမ်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top