ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ျမန္မာယူ-၁၈ႏွင့္ အင္ တာမီလန္ယူ-၁၈ အသင္းယွဥ္ ၿပိဳင္မည့္ ေျခစမ္းပြဲႏွစ္ပြဲအတြက္ ဧရာဝတီဘဏ္က က်ပ္သိန္းသံုး ေထာင္ ပံ့ပိုးမည္ျဖစ္ေၾကာင္း သ တင္းရရွိသည္။

ၾသဂုတ္ ၁၁ ႏွင့္ ၁၃ ရက္တြင္ ရန္ကုန္ၿမိဳ႕သုဝဏၰကြင္း၌ ယွဥ္ ၿပိဳင္မည့္ အဆိုပါေျခစမ္းပြဲႏွစ္ပြဲ အတြြက္ ကုန္က်စရိတ္ကို ဧရာဝ တီဘဏ္က ပံ့ပိုးမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ေဘာလံုးအဖြဲ႕ခ်ဳပ္ အမႈေဆာင္အရာရွိခ်ဳပ္ ဦးဘုန္း ႏိုင္ေဇာ္ကေျပာသည္။

မူလက ၾသဂုတ္ ၁၁ ရက္ တြင္ ယွဥ္ၿပိဳင္မည့္ ေျခစမ္းပြဲကို ျမန္မာယူ-၂၂ အသင္းႏွင့္ယွဥ္ ၿပိဳင္ရန္ စီစဥ္ထားျခင္းျဖစ္သည္။ သို႔ေသာ္ဆီးဂိမ္းၿပိဳင္ပြဲနီးကပ္ေန ၍ နည္းျပခ်ဳပ္ ဂတ္ဖ႐ိုင္းဒရစ္က ျငင္းပယ္ခဲ့သျဖင့္ အင္တာမီလန္ ယူ-၁၈ အသင္းႏွင့္ ေျခစမ္းပြဲႏွစ္ ပြဲစလံုးကို ျမန္မာယူ-၁၈ အသင္း ႏွင့္သာ ယွဥ္ၿပိဳင္မည္ျဖစ္သည္။

ျမန္မာယူူ-၁၈ ႏွင့္အင္တာမီ လန္ယူ-၁၈ အသင္းတို႔ ယွဥ္ၿပိဳင္ မည့္ေျခစမ္းပြဲႏွစ္ပြဲကို ျပည္တြင္း အခမဲ့႐ုပ္သံလိုင္းမ်ားမွ တိုက္႐ိုက္ ထုတ္လႊင့္ျပသရန္  ညႇိႏႈိင္းေန ေၾကာင္း ဦးဘုန္းႏိုင္ေဇာ္က ဆို သည္။

ျမန္မာယူ-၁၈ အသင္းသည္၂၀၁၇ အာဆီယံေဘာလံုးၿပိဳင္ပြဲ အတြက္ ျပင္ဆင္ေနသည့္ အသင္းျဖစ္ၿပီး ပဏာမကစားသမား ၂၆ ဦး ေရြးခ်ယ္ထားကာ ျပင္သစ္ႏိုင္ ငံသား ရာဘက္ရွ္ဘန္လာဘီက နည္းျပခ်ဳပ္အျဖစ္ တာဝန္ယူ ေဆာင္ရြက္ေနသည္။

ျမန္မာယူ-၁၈ အသင္းသည္ အာဆီယံၿပိဳင္ပြဲမတိုင္မီ ၾသဂုတ္ ၂၇ ရက္တြင္ ထိုင္းႏိုင္ငံဘန္ ေကာက္ၿမိဳ႕၌ ထိုင္းယူ-၁၈ အ သင္းႏွင့္ ေျခစမ္းပြဲကစားရန္ စီစဥ္ ထားသည္။

ၿပိဳင္ပြဲဝင္ ၁၁ သင္းပါဝင္ ယွဥ္ၿပိဳင္မည့္ ၂၀၁၇ အာဆီယံ ေဘာလံုးၿပိဳင္ပြဲကို လာမည့္စက္ တင္ဘာ ၄ မွ ၁၇ ရက္အထိ ရန္ ကုန္ၿမိဳ႕၌ လက္ခံက်င္းပမည္ျဖစ္ ၿပီး အိမ္ရွင္ျမန္မာအသင္းက အုပ္ စု (ခ)  ဗီယက္နမ္၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ ဘ႐ူႏိုင္းအသင္းတို႔ႏွင့္ က်ေရာက္ေနသည္။ အုပ္စု (က) တြင္ ထိုင္း၊ မေလးရွား၊ တီေမာ၊ လာအို၊ စင္ကာပူႏွင့္ ကေမၻာဒီး ယားအသင္းတို႔ ယွဥ္ၿပိဳင္မည္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
မြန်မာယူ-၁၈နှင့် အင် တာမီလန်ယူ-၁၈ အသင်းယှဉ် ပြိုင်မည့် ခြေစမ်းပွဲနှစ်ပွဲအတွက် ဧရာဝတီဘဏ်က ကျပ်သိန်းသုံး ထောင် ပံ့ပိုးမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

သြဂုတ် ၁၁ နှင့် ၁၃ ရက်တွင် ရန်ကုန်မြို့သုဝဏ္ဏကွင်း၌ ယှဉ် ပြိုင်မည့် အဆိုပါခြေစမ်းပွဲနှစ်ပွဲ အတွက် ကုန်ကျစရိတ်ကို ဧရာဝ တီဘဏ်က ပံ့ပိုးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်း နိုင်ဇော်ကပြောသည်။

မူလက သြဂုတ် ၁၁ ရက် တွင် ယှဉ်ပြိုင်မည့် ခြေစမ်းပွဲကို မြန်မာယူ-၂၂ အသင်းနှင့်ယှဉ် ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော်ဆီးဂိမ်းပြိုင်ပွဲနီးကပ်နေ ၍ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ငြင်းပယ်ခဲ့သဖြင့် အင်တာမီလန် ယူ-၁၈ အသင်းနှင့် ခြေစမ်းပွဲနှစ် ပွဲစလုံးကို မြန်မာယူ-၁၈ အသင်း နှင့်သာ ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာယူူ-၁၈ နှင့်အင်တာမီ လန်ယူ-၁၈ အသင်းတို့ ယှဉ်ပြိုင် မည့်ခြေစမ်းပွဲနှစ်ပွဲကို ပြည်တွင်း အခမဲ့ရုပ်သံလိုင်းများမှ တိုက်ရိုက် ထုတ်လွှင့်ပြသရန်  ညှိနှိုင်းနေ ကြောင်း ဦးဘုန်းနိုင်ဇော်က ဆို သည်။

မြန်မာယူ-၁၈ အသင်းသည်၂၀၁၇ အာဆီယံဘောလုံးပြိုင်ပွဲ အတွက် ပြင်ဆင်နေသည့် အသင်းဖြစ်ပြီး ပဏာမကစားသမား ၂၆ ဦး ရွေးချယ်ထားကာ ပြင်သစ်နိုင် ငံသား ရာဘက်ရှ်ဘန်လာဘီက နည်းပြချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည်။

မြန်မာယူ-၁၈ အသင်းသည် အာဆီယံပြိုင်ပွဲမတိုင်မီ သြဂုတ် ၂၇ ရက်တွင် ထိုင်းနိုင်ငံဘန် ကောက်မြို့၌ ထိုင်းယူ-၁၈ အ သင်းနှင့် ခြေစမ်းပွဲကစားရန် စီစဉ် ထားသည်။

ပြိုင်ပွဲဝင် ၁၁ သင်းပါဝင် ယှဉ်ပြိုင်မည့် ၂၀၁၇ အာဆီယံ ဘောလုံးပြိုင်ပွဲကို လာမည့်စက် တင်ဘာ ၄ မှ ၁၇ ရက်အထိ ရန် ကုန်မြို့၌ လက်ခံကျင်းပမည်ဖြစ် ပြီး အိမ်ရှင်မြန်မာအသင်းက အုပ် စု (ခ)  ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းအသင်းတို့နှင့် ကျရောက်နေသည်။ အုပ်စု (က) တွင် ထိုင်း၊ မလေးရှား၊ တီမော၊ လာအို၊ စင်ကာပူနှင့် ကမ္ဘောဒီး ယားအသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top