ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

စစ္ကိုင္းတိုင္းေဒသႀကီး၊ ဝက္လက္ၿမိဳ႕နယ္၊ မင္းက်ီေက်းရြာတြင္ အရက္မူးလာသူတစ္ဦးက (၉)လအရြယ္ ကေလးငယ္တစ္ဦးအား ကိုင္ေပါက္၍ ကန္ေၾကာက္သတ္မွုျဖစ္ပြားေၾကာင္း သိရွိရ သည္။

ျဖစ္စဥ္မွာ ဩဂုတ္လ ၉ ရက္ေန႔ နံနက္ ၆ နာရီအခ်ိန္က မင္းက်ီေက်းရြာေန ေဒၚစိန္ (၅၉)ႏွစ္သည္ ေကာက္စိုက္သမမ်ားအားေစာင့္ေနစဥ္ တူမျဖစ္သူ မၾကဴၾကဴခိုင္ ေရာက္ရွိလာၿပီး ရြာလယ္နတ္စင္ကုန္းဝန္းထဲတြင္ တစ္ရြာတည္းေန ခ်စ္စန္းေမာင္(၂၅)ႏွစ္ အရက္မူးေရာက္ရွိလာကာ မၾကဴၾကဴခိုင္ႏွင့္ ကေလးမ်ားအား လိုက္လံရိုက္ႏွက္ေနသျဖင့္ ၎ထိန္းေနသည့္ ညီမျဖစ္သူ မမီးမီး (၉)လအား ေျမႀကီးေပၚသို႔ခ်ခဲ့ၿပီး ထြက္ေျပးလာသည္။

ထုိသုိ ့ထြက္ေျပးလာစဥ္ ခ်စ္စန္းေမာင္က မမီးမီးအား ေျမႀကီးေပၚမွဆြဲယူ ကိုင္ေပါက္ျခင္း၊ ကန္ေၾကာက္ျခင္းမ်ားျပဳလုပ္ကာ ကေလးအား ေပြ႕ခ်ီထြက္ေျပးသြားေၾကာင္း ေျပာျပသိရွိရ၍ ရြာသူ/သားမ်ားႏွင့္အတူ လိုက္လံရွာေဖြခဲ့ပါသည္။

အေရွ႕ေက်ာင္းတိုက္ဘုန္းႀကီးေက်ာင္းဝန္း အတြင္းရွိ ဆုေတာင္းျပည့္ဘုရားအေရွ႕ဘက္ ဆင္႐ုပ္ေခါင္းႏွင့္ တံခြန္တိုင္ၾကားတြင္ မမီးမီးအား ေမွာက္လ်က္တင္ထားသည္ကိုေတြ႕ရွိသျဖင့္ ၾကည့္ရွုရာ ေသဆုံးေနေသာေၾကာင့္ အေရးယူေပးရန္ တိုင္တန္းခ်က္အရ ခ်စ္စန္းေမာင္အား ဝက္လက္ၿမိဳ႕မရဲစခန္း(ပ)၁၇၀/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမွုဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။

ရဲဇာနည္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: sunthit

#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ မင်းကျီကျေးရွာတွင် အရက်မူးလာသူတစ်ဦးက (၉)လအရွယ် ကလေးငယ်တစ်ဦးအား ကိုင်ပေါက်၍ ကန်ကြောက်သတ်မှုဖြစ်ပွားကြောင်း သိရှိရ သည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၉ ရက်နေ့ နံနက် ၆ နာရီအချိန်က မင်းကျီကျေးရွာနေ ဒေါ်စိန် (၅၉)နှစ်သည် ကောက်စိုက်သမများအားစောင့်နေစဉ် တူမဖြစ်သူ မကြူကြူခိုင် ရောက်ရှိလာပြီး ရွာလယ်နတ်စင်ကုန်းဝန်းထဲတွင် တစ်ရွာတည်းနေ ချစ်စန်းမောင်(၂၅)နှစ် အရက်မူးရောက်ရှိလာကာ မကြူကြူခိုင်နှင့် ကလေးများအား လိုက်လံရိုက်နှက်နေသဖြင့် ၎င်းထိန်းနေသည့် ညီမဖြစ်သူ မမီးမီး (၉)လအား မြေကြီးပေါ်သို့ချခဲ့ပြီး ထွက်ပြေးလာသည်။

ထိုသို့ထွက်ပြေးလာစဉ် ချစ်စန်းမောင်က မမီးမီးအား မြေကြီးပေါ်မှဆွဲယူ ကိုင်ပေါက်ခြင်း၊ ကန်ကြောက်ခြင်းများပြုလုပ်ကာ ကလေးအား ပွေ့ချီထွက်ပြေးသွားကြောင်း ပြောပြသိရှိရ၍ ရွာသူ/သားများနှင့်အတူ လိုက်လံရှာဖွေခဲ့ပါသည်။

အရှေ့ကျောင်းတိုက်ဘုန်းကြီးကျောင်းဝန်း အတွင်းရှိ ဆုတောင်းပြည့်ဘုရားအရှေ့ဘက် ဆင်ရုပ်ခေါင်းနှင့် တံခွန်တိုင်ကြားတွင် မမီးမီးအား မှောက်လျက်တင်ထားသည်ကိုတွေ့ရှိသဖြင့် ကြည့်ရှုရာ သေဆုံးနေသောကြောင့် အရေးယူပေးရန် တိုင်တန်းချက်အရ ချစ်စန်းမောင်အား ဝက်လက်မြို့မရဲစခန်း(ပ)၁၇၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ဖိုးသူတော် (www.phothutaw.com)
Credit: sunthit

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top