ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ဆမ္ေဆာင္းကုမၸဏီဒုဥကၠ႒ လီေဂ်းေယာင္ ဆုိးလ္ၿမိဳ႕ရွိ ဗဟိုေဒသဆုိင္ရာ တရား႐ံုးတြင္ စစ္ေဆးခံရန္ ေရာက္ရွိလာစဥ္ (Ahn Young-joon/Pool/reuters)
ေတာင္ကိုရီးယားႏုိင္ငံ၏ ေနာက္ဆံုးသမၼတကို ျပဳတ္က်ေစခဲ့ေသာ အက်င့္ပ်က္ျခစားမႈအ႐ႈပ္ေတာ္ပံုတြင္ ပါဝင္ခဲ့ျခင္းႏွင့္ ပတ္သက္၍ ဆမ္ေဆာင္းကုမၸဏီအား ဆက္ခံမည့္သူကို ေထာင္ဒဏ္ ၁၂ ႏွစ္ ခ်မွတ္ရန္ အစိုးရေရွ႕ေနမ်ား က ေတာင္းဆိုလိုက္သည္။

ဆမ္ေဆာင္းအီလက္ထရြန္ နစ္ကုမၸဏီႀကီး၏ ဒုတိယဥကၠ႒ လီေဂ်းေယာင္ကုိ ေနာက္ဆံုး႐ံုး တင္စစ္ေဆးရာ၌ အစိုးရေရွ႕ေန မ်ားက ယင္းအ႐ႈပ္ေတာ္ပံုအတြင္း က်ဴးလြန္ခဲ့ေသာ ရာဇဝတ္မႈမ်ားမွ ၎သည္ အက်ိဳးအျမတ္မ်ားစြာ ရရိွခဲ့သည္ဟုေျပာသည္။

မစၥတာလီႏွင့္ အျခားအမႈေဆာင္ အရာရိွေလးဦးတုိ႔သည္ သမၼတပတ္ဂြန္ေဟး၏ ၾသဇာႀကီး မားေသာ လူယံုကုိ ကန္ေဒၚလာသန္းႏွင့္ခ်ီ၍ လာဘ္ေပးခဲ့သည္ဟု စြပ္စဲြခံထားရသည္။

တရားခံသည္ အာဏာရိွသူ မ်ားႏွင့္ ပူးေပါင္း၍ ကုိယ္က်ိဳးရွာ ခဲ့သည္ဟု အစုိးရေရွ႕ေနမ်ားက ေျပာသည္။

မစၥတာလီကုိ ေထာင္ဒဏ္၁၂ ႏွစ္ ခ်မွတ္ရန္ႏွင့္ ၎ႏွင့္အတူ စြပ္စြဲခံထားရသူသံုးဦးကို ေထာင္ဒဏ္ ခုနစ္ႏွစ္မွ ၁၀ ႏွစ္အထိ ခ် မွတ္ရန္ အစိုးရေရွ႕ေနမ်ားက ေတာင္းဆိုထားသည္။

မစၥတာလီ (၄၉)ႏွစ္သည္ ၂၀၁၄ က ဖခင္ျဖစ္သူ ႏွလံုးေရာဂါျဖစ္ပြားၿပီးေနာက္ ကမၻာ့အႀကီးမားဆံုး စမတ္ဖုန္းကုမၸဏီ ဆမ္ ေဆာင္း၏ ဦးေဆာင္သူျဖစ္လာ သည္။

မစၥတာလီအေပၚ စြပ္စြဲထား ျခင္းမ်ားသည္ တရားသျဖင့္ မက် ေၾကာင္းႏွင့္ စြပ္စဲြခံထားရသူမ်ား သည္ ၎တုိ႔လွဴဒါန္းခဲ့ေသာ ေငြ ေၾကးမ်ားအတြက္ အျပန္အလွန္ သေဘာျဖင့္ တစ္စံုတစ္ရာျပန္ရ ရန္ ေတာင္းဆိုခဲ့ျခင္းမရိွဟု လီ၏ ေရွ႕ေနမ်ားက ေျပာသည္။

၎ကုိ ယခုလကုန္ပုိင္းတြင္ ျပစ္ဒဏ္ခ်မွတ္မည္ဟု ေမွ်ာ္လင့္ ရသည္။

—Ref:Reuters

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
ဆမ်ဆောင်းကုမ္ပဏီဒုဥက္ကဋ္ဌ လီဂျေးယောင် ဆိုးလ်မြို့ရှိ ဗဟိုဒေသဆိုင်ရာ တရားရုံးတွင် စစ်ဆေးခံရန် ရောက်ရှိလာစဉ် (Ahn Young-joon/Pool/reuters)တာင်ကိုရီးယားနိုင်ငံ၏ နောက်ဆုံးသမ္မတကို ပြုတ်ကျစေ ခဲ့သော အကျင့်ပျက်ခြစားမှုအရှုပ် တော်ပုံတွင် ပါဝင်ခဲ့ခြင်းနှင့် ပတ် သက်၍ ဆမ်ဆောင်းကုမ္ပဏီအား ဆက်ခံမည့်သူကို ထောင်ဒဏ် ၁၂ နှစ် ချမှတ်ရန် အစိုးရရှေ့နေများ က တောင်းဆိုလိုက်သည်။


ဆမ်ဆောင်းအီလက်ထရွန် နစ်ကုမ္ပဏီကြီး၏ ဒုတိယဥက္ကဋ္ဌ လီဂျေးယောင်ကို နောက်ဆုံးရုံး တင်စစ်ဆေးရာ၌ အစိုးရရှေ့နေ များက ယင်းအရှုပ်တော်ပုံအ တွင်း ကျူးလွန်ခဲ့သော ရာဇဝတ် မှုများမှ ၎င်းသည် အကျိုးအမြတ် များစွာ ရရှိခဲ့သည်ဟုပြောသည်။

မစ္စတာလီနှင့် အခြားအမှု ဆောင် အရာရှိလေးဦးတို့သည် သမ္မတပတ်ဂွန်ဟေး၏ သြဇာကြီး မားသော လူယုံကို ကန်ဒေါ်လာ သန်းနှင့်ချီ၍ လာဘ်ပေးခဲ့သည် ဟု စွပ်စွဲခံထားရသည်။

တရားခံသည် အာဏာရှိသူ များနှင့် ပူးပေါင်း၍ ကိုယ်ကျိုးရှာ ခဲ့သည်ဟု အစိုးရရှေ့နေများက ပြောသည်။

မစ္စတာလီကို ထောင်ဒဏ်၁၂ နှစ် ချမှတ်ရန်နှင့် ၎င်းနှင့်အတူ စွပ်စွဲခံထားရသူသုံးဦးကို ထောင်ဒဏ် ခုနစ်နှစ်မှ ၁၀ နှစ်အထိ ချ မှတ်ရန် အစိုးရရှေ့နေများက တောင်းဆိုထားသည်။

မစ္စတာလီ (၄၉)နှစ်သည် ၂၀၁၄ က ဖခင်ဖြစ်သူ နှလုံးရောဂါဖြစ်ပွားပြီးနောက် ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်းကုမ္ပဏီ ဆမ် ဆောင်း၏ ဦးဆောင်သူဖြစ်လာ သည်။

မစ္စတာလီအပေါ် စွပ်စွဲထား ခြင်းများသည် တရားသဖြင့် မကျ ကြောင်းနှင့် စွပ်စွဲခံထားရသူများ သည် ၎င်းတို့လှူဒါန်းခဲ့သော ငွေ ကြေးများအတွက် အပြန်အလှန် သဘောဖြင့် တစ်စုံတစ်ရာပြန်ရ ရန် တောင်းဆိုခဲ့ခြင်းမရှိဟု လီ၏ ရှေ့နေများက ပြောသည်။

၎င်းကို ယခုလကုန်ပိုင်းတွင် ပြစ်ဒဏ်ချမှတ်မည်ဟု မျှော်လင့် ရသည်။

—Ref:Reuters


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top