Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သ႐ုပ္ေဆာင္ မိုးယုစံ သည္ ၾသဂုတ္ ၂၁ ရက္တြင္ Grand Hantha ေဆး႐ံု၌ သားဦးေလးကို ေအာင္ျမင္စြာ ေမြးဖြားခဲ့သည္။

‘‘မိုးယု တကယ္ေတာ့ေနာက္ သံုးရက္ေနမွ ေမြးမွာပါ။ ဒါေပမဲ့ ေဆးခန္းသြားျပရင္း ဗိုက္ျပေတာ့ ဆရာမက ဒိတ္နီးေနၿပီ။ ေမြး လုိက္ပါဆိုတာနဲ႔ အဲဒီေန႔ပဲ ေဆး႐ံု တက္ၿပီးေမြးလိုက္တာပါ။ ေဒါက္ တာ ေဒၚသင္းသင္းေအာင္က ခဲြ ေမြးေပးတာပါ။ သတ္မွတ္ထားတဲ့ ရက္မဟုတ္ဘဲ အားခ်င္းခဲြေမြး လိုက္တဲ့ ပံုစံျဖစ္သြားတာေပါ့’’ဟု ၎က ေျပာသည္။

သားဦးေလးကို ၾသဂုတ္ ၂၁ ရက္ ည ၁၀ နာရီ ၉ မိနစ္၌ ေမြးဖြားခဲ့ၿပီး ရွစ္ေပါင္ႏွင့္ သံုးေအာင္စ ရွိသည္။

‘‘အေတြ႕အႀကံဳကေတာ့ ေၾကာက္ပါတယ္။ အြန္လိုင္းမွာ ကေလးေမြးတဲ့ ဗီဒီယုိေတြၾကည့္ ဖူးေတာ့ ေၾကာက္တယ္။ ဒါေပမဲ့ လည္း ကေလးကိုေတြ႕ခ်င္ေနၿပီဆုိ ေတာ့ ေၾကာက္တဲ့စိတ္ကိုေဖ်ာက္ၿပီး ခဲြေမြးလိုက္တယ္။ ကေလးမ်က္ႏွာကိုျမင္ေတာ့ ဘယ္လိုႀကီးမွန္းမသိဘူး။ ၀မ္းသာတယ္။ ညီမကို လာျပတုန္းက ခဲြေနတုန္းဆုိေတာ့ ေသခ်ာမသိလိုက္ရဘူး။ ခဲြခန္းကထြက္ၿပီးေတာ့မွ ေသခ်ာျမင္ရတာပါ။ ကေလးရဲ႕ ႏွာေခါင္းက ညီမနဲ႔ အရမ္းတူတယ္’’ဟု မိုးယုစံက ေျပာသည္။

ၾသဂုတ္တြင္ ေမြးဖြားၿပီး တနလၤာသားျဖစ္ေသာေၾကာင့္ Austin ဟု ေပးထားၿပီး ျမန္မာနာမည္ကုိ သံုးလျပည့္၌ မွည့္မည္ျဖစ္သည္။

‘‘သားေလးကို ခ်စ္ၿပီးေတာ့ ဆုေတာင္းေပးၾကတ့ဲသူေတြအား လံုးကို ေက်းဇူးအမ်ားႀကီးတင္ပါ တယ္။ ကေလးကို ခ်စ္ေပးၾကပါ လို႔ ေျပာခ်င္ပါတယ္။ ကေလးက က်န္းမာေရးေကာင္းပါတယ္’’ဟု ေျပာသည္။

ကိုယ္၀န္ေဆာင္ဘ၀ႏွင့္ မိခင္ဘ၀ေျပာင္းလဲမႈမ်ား ႏိႈင္းယွဥ္ျပၿပီး ယခင္ကထက္ ပို၍ ပင္ပန္းသည္ဟု မုိးယုစံက ဆုိသည္။

‘‘ေျပာင္းလဲသြားတာက ေတာ့ ကိုယ္၀န္ရွိတုန္းကေတာ့ ကိုယ္၀န္ကိုပဲ ဂ႐ုစိုက္ရတယ္။ အခုကေတာ့ ကေလးကို ဂ႐ုစိုက္ ရတယ္။ ေဆး႐ံုကဆင္းတာ ႏွစ္ ရက္ပဲရွိေသးတယ္။ အရမ္းပင္ပန္း တယ္။ အိပ္လည္းခဏပဲ။ ကေလးက မိခင္ႏုိ႔ အရမ္းႀကိဳက္ေတာ့ တစ္ညလံုးတိုက္ထားရတယ္။ အရမ္းပင္ပန္းတယ္။ အခုကစ ႀကီးတဲ့အထိပင္ပန္းၿပီေပ့ါ’’ဟု ၎က ေျပာသည္။

မိုးယုစံသည္ ၾသဂုတ္ ၂၅ ရက္တြင္ ေဆး႐ံုမွ က်န္းမာစြာဆင္းၿပီး ယခင္ လက္ခံထားသည့္ ေၾကာ္ျငာတစ္ခုကို ကေလးတစ္လျပည့္ခ်ိန္၌ ႐ိုက္ကူးမည္ဟု ဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
သရုပ်ဆောင် မိုးယုစံ သည် သြဂုတ် ၂၁ ရက်တွင် Grand Hantha ဆေးရုံ၌ သားဦးလေးကို အောင်မြင်စွာ မွေးဖွားခဲ့သည်။

‘‘မိုးယု တကယ်တော့နောက် သုံးရက်နေမှ မွေးမှာပါ။ ဒါပေမဲ့ ဆေးခန်းသွားပြရင်း ဗိုက်ပြတော့ ဆရာမက ဒိတ်နီးနေပြီ။ မွေး လိုက်ပါဆိုတာနဲ့ အဲဒီနေ့ပဲ ဆေးရုံ တက်ပြီးမွေးလိုက်တာပါ။ ဒေါက် တာ ဒေါ်သင်းသင်းအောင်က ခွဲ မွေးပေးတာပါ။ သတ်မှတ်ထားတဲ့ ရက်မဟုတ်ဘဲ အားချင်းခွဲမွေး လိုက်တဲ့ ပုံစံဖြစ်သွားတာပေါ့’’ဟု ၎င်းက ပြောသည်။

သားဦးလေးကို သြဂုတ် ၂၁ ရက် ည ၁၀ နာရီ ၉ မိနစ်၌ မွေးဖွားခဲ့ပြီး ရှစ်ပေါင်နှင့် သုံးအောင်စ ရှိသည်။

‘‘အတွေ့အကြုံကတော့ ကြောက်ပါတယ်။ အွန်လိုင်းမှာ ကလေးမွေးတဲ့ ဗီဒီယိုတွေကြည့် ဖူးတော့ ကြောက်တယ်။ ဒါပေမဲ့ လည်း ကလေးကိုတွေ့ချင်နေပြီဆို တော့ ကြောက်တဲ့စိတ်ကိုဖျောက်ပြီး ခွဲမွေးလိုက်တယ်။ ကလေးမျက်နှာကိုမြင်တော့ ဘယ်လိုကြီးမှန်းမသိဘူး။ ဝမ်းသာတယ်။ ညီမကို လာပြတုန်းက ခွဲနေတုန်းဆိုတော့ သေချာမသိလိုက်ရဘူး။ ခွဲခန်းကထွက်ပြီးတော့မှ သေချာမြင်ရတာပါ။ ကလေးရဲ့ နှာခေါင်းက ညီမနဲ့ အရမ်းတူတယ်’’ဟု မိုးယုစံက ပြောသည်။

သြဂုတ်တွင် မွေးဖွားပြီး တနင်္လာသားဖြစ်သောကြောင့် Austin ဟု ပေးထားပြီး မြန်မာနာမည်ကို သုံးလပြည့်၌ မှည့်မည်ဖြစ်သည်။

‘‘သားလေးကို ချစ်ပြီးတော့ ဆုတောင်းပေးကြတဲ့သူတွေအား လုံးကို ကျေးဇူးအများကြီးတင်ပါ တယ်။ ကလေးကို ချစ်ပေးကြပါ လို့ ပြောချင်ပါတယ်။ ကလေးက ကျန်းမာရေးကောင်းပါတယ်’’ဟု ပြောသည်။

ကိုယ်ဝန်ဆောင်ဘဝနှင့် မိခင်ဘဝပြောင်းလဲမှုများ နှိုင်းယှဉ်ပြပြီး ယခင်ကထက် ပို၍ ပင်ပန်းသည်ဟု မိုးယုစံက ဆိုသည်။

‘‘ပြောင်းလဲသွားတာက တော့ ကိုယ်ဝန်ရှိတုန်းကတော့ ကိုယ်ဝန်ကိုပဲ ဂရုစိုက်ရတယ်။ အခုကတော့ ကလေးကို ဂရုစိုက် ရတယ်။ ဆေးရုံကဆင်းတာ နှစ် ရက်ပဲရှိသေးတယ်။ အရမ်းပင်ပန်း တယ်။ အိပ်လည်းခဏပဲ။ ကလေးက မိခင်နို့ အရမ်းကြိုက်တော့ တစ်ညလုံးတိုက်ထားရတယ်။ အရမ်းပင်ပန်းတယ်။ အခုကစ ကြီးတဲ့အထိပင်ပန်းပြီပေ့ါ’’ဟု ၎င်းက ပြောသည်။

မိုးယုစံသည် သြဂုတ် ၂၅ ရက်တွင် ဆေးရုံမှ ကျန်းမာစွာဆင်းပြီး ယခင် လက်ခံထားသည့် ကြော်ငြာတစ်ခုကို ကလေးတစ်လပြည့်ချိန်၌ ရိုက်ကူးမည်ဟု ဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top